အလ်-အာအ်ရာဖ် · 161/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
وَإِذْ قِيلَ لَهُمُ اسْكُنُوا هَٰذِهِ الْقَرْيَةَ وَكُلُوا مِنْهَا حَيْثُ شِئْتُمْ وَقُولُوا حِطَّةٌ وَادْخُلُوا الْبَابَ سُجَّدًا نَّغْفِرْ لَكُمْ خَطِيئَاتِكُمْ ۚ سَنَزِيدُ الْمُحْسِنِينَ ۝١٦١
Wa iz qeela lahumuskunoo haazihil qaryata wa kuloo minhaa haisu shi`tum wa qooloo hittatunw wadkhulul baaba sujjadan naghfir lakum khateee`aatikum; sanazeedul muhsineen
📖 မြန်မာဘာသာ
၎င်းပြင် (ပြန်လည်အောက်မေ့ သတိရကြလေကုန်) တစ်ရံရောအခါ ထို(နဗီတမန်တော်မူစာ၏) အမျိုးသားတို့ထံ (ဤသို့) အမိန့်တော်ကျရောက်ခဲ့လေသည်။ အသင်တို့သည်ဤမြို့၌နေထိုင်ကြကာ ထိုမြို့တွင် မိမိတို့နှစ်သက်ရာနေရာများမှ စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် ဟစ်တ်တွတွန် (ကျွန်တော်မျိုးတို့အား အပြစ်မှချမ်းသာခွင့် ပေးသနားတော်မူပါ)ဟု ရွတ်ဆိုကာ (ငါအရှင်မြတ်အား ခယ ရိုကျိုးသောအားဖြင့်) မြို့၏တံခါးပေါက်သို့ ဝပ်တွား၍ ဝင်ကြလေကုန်။(အသင်တို့သည် ဤ အမိန့်တော်အတိုင်း လိုက်နာကြပါမူဧကန်စင်စစ်) ငါအသျှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏မှားယွင်းမှုများကို ခွင့်လွှတ်တော်မူသည့်ပြင် (အသင်တို့အနက်)ကောင်းမှု ပြုသူတို့ကိုမူကား ဆထက်တိုး၍ပင် ချီးမြှင့်တော်မူအံ့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အဓိပ္ပာယ်ရှင်းလင်းချက်
  • ဟိတ္တဟ် (حِطَّةٌ) — ဤစကားလုံးသည် “ကျွန်ုပ်တို့၏အပြစ်များကို ဖျက်ပစ်တော်မူပါ” ဟု အနက်ရှိသော ဒုအာ (ဆုတောင်း) စကားဖြစ်သည်။
  • ဆူဂျူဒန် (سُجَّدًا) — ဦးချရှိခိုးသူများအဖြစ်၊ နှိမ့်ချသူများအဖြစ် ဟု အနက်ရှိသည်။
  • သွဗ်သွသွဗ် (تَوْبَة) — အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရန် ပြန်လည်လှည့်လာခြင်း။
  1. အာယသ်၏အနက်ဖွင့်ဆိုချက်

(အို—တမန်တော်မုဟမ္မဒ်) အစ္စရာအီလ်သားတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့် သူတို့၏တမန်တော် မူစာ (အလိုင်ဟိစ်စလာမ်) ကို ဆန့်ကျင်ဖီဆန်ခဲ့ကြသည့်အကြောင်းကို သတိရပါလေ။ အရှင်မြတ်သည် သူတို့အား “ဤရွာ (ဗိုင်သွလ်မုကဒ္ဒသ်) တွင် နေထိုင်ကြလော့။ ထိုရွာမှ သစ်သီးဝလံများ၊ ကောက်ပဲသီးနှံများ၊ အသီးအပင်များကို သင်တို့အလိုရှိသည့်နေရာတိုင်း၊ အလိုရှိသည့်အချိန်တိုင်းတွင် စားသုံးကြလော့။ ‘ကျွန်ုပ်တို့၏အပြစ်များကို ဖျက်ပစ်တော်မူပါ’ ဟု ဆိုကြလော့။ ထို့နောက် မြို့တံခါးကို အရှင်မြတ်အား နှိမ့်ချဦးချသူများအဖြစ် ဝင်ကြလော့။ သင်တို့ ထိုသို့ပြုလုပ်ကြလျှင် ငါအရှင်မြတ်သည် သင်တို့၏အပြစ်များကို ခွင့်လွှတ်တော်မူမည်။ ထို့အပြင် ကောင်းမှုပြုသူများအား လောကီနှင့်လောကုတ္တရာ ကောင်းကျိုးနှစ်ရပ်စလုံးမှ ပို၍တိုးပွားစေတော်မူမည်” ဟု မိန့်တော်မူခဲ့သည်။

  1. ဤအာယသ်မှ ရရှိသော အကျိုးကျေးဇူးများ
  • အရှင်မြတ်သည် မိမိကျေးကျွန်များအား အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ရရန် အခွင့်အလမ်းများစွာ ဖွင့်ပေးထားတော်မူသည်။ စိတ်ရင်းမှန်ဖြင့် ဒုအာပြုခြင်း၊ နှိမ့်ချခြင်းဖြင့် အပြစ်များ ဖျက်ပစ်ခံရနိုင်သည်။
  • အစ္စလာမ်သည် နောင်တရခြင်း (တောင်ဗာ) ကို အလွန်အရေးကြီးသော တံခါးအဖြစ် ဖွင့်ထားသည်။ မည်သည့်အချိန်မဆို အရှင်မြတ်ထံ ပြန်လှည့်လာနိုင်သည်။
  • ကောင်းမှုပြုသူများအတွက် အရှင်မြတ်သည် ခွင့်လွှတ်ခြင်းတစ်ခုတည်းမဟုတ်၊ ထပ်ဆောင်း၍ ဆုလာဘ်များ တိုးပွားစေတော်မူသည်။ ဤအချက်သည် အစ္စလာမ်၏ ကရုဏာတော်နှင့် ရက်ရောမှုကို ဖော်ပြသည်။
  • အရှင်မြတ်သည် မိမိအမိန့်တော်များကို လိုက်နာသူများအား လောကီဘဝတွင်ရော လောကုတ္တရာဘဝတွင်ပါ


📜 အာယာသ် 159-163 — စူရာ အလ်-အာအ်ရာဖ်

159وَمِن قَوْمِ مُوسَىٰ أُمَّةٌ يَهْدُونَ بِالْحَقِّ وَبِهِ يَعْدِلُونَ
၎င်းပြင် (နဗီတမန်တော်)မူစာ၏ အမျိုးသားတို့တွင် လူတစ်စုရှိသည်။ ၎င်းတို့သည် (သူတစ်ပါးတို့အားလည်း)မှန်ကန်သော တရားဓမ္မနှင့်အညီ လမ်းညွှန်ကြလေသည်။ ထိုပြင် မိမိတို့ကိုယ်တိုင်လည်း ထိုမှန်ကန်သော တရားဓမ္မနှင့်အညီစီရင်ဆုံးဖြတ် ကြကုန်သတည်း။
160وَقَطَّعْنَاهُمُ اثْنَتَيْ عَشْرَةَ أَسْبَاطًا أُمَمًا ۚ وَأَوْحَيْنَا إِلَىٰ مُوسَىٰ إِذِ اسْتَسْقَاهُ قَوْمُهُ أَنِ اضْرِب بِّعَصَاكَ الْحَجَرَ ۖ فَانبَجَسَتْ مِنْهُ اثْنَتَا عَشْرَةَ عَيْنًا ۖ قَدْ عَلِمَ كُلُّ أُنَاسٍ مَّشْرَبَهُمْ ۚ وَظَلَّلْنَا عَلَيْهِمُ الْغَمَامَ وَأَنزَلْنَا عَلَيْهِمُ الْمَنَّ وَالسَّلْوَىٰ ۖ كُلُوا مِن طَيِّبَاتِ مَا رَزَقْنَاكُمْ ۚ وَمَا ظَلَمُونَا وَلَٰكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ
ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား မျိုးနွယ်ဆယ့်နှစ်သွယ်ခွဲ၍ အုပ်စုအသီးသီးသီး ပြုလုပ်ပေးတော်မူခဲ့လေသည်။ ၎င်းပြင် (နဗီတမန်တော်)မူစာ၏ထံသို့ ထို(နဗီတမန်တော်)မူစာ၏ အမျိုးသားတို့က (သောက်သုံးရန်)ရေကိုတောင်းကြသောအခါ၊ ငါအရှင်မြတ်သည် မူစာထံသို့ (အိုမူစာ)အသင်သည် မိမိလှင်ကန်ဖြင့် ကျောက်တုံးကို ရိုက်ခတ်လော့ ဟူ၍ အမိန့်တော်ထုတ်ပြန်တော်မူခဲ့လေသည်။ သို့(အမိန့်တော်နှင့်အညီ နဗီတမန်တော်မူစာသည် ကျောက်တုံးကို)ရိုက်ခတ်လေသည်။ ထိုကျောက်တုံးမှ စမ်းရေချောင်း(ထိုအခါ ယင်းမျိုးနွယ်တို့သည် မိမိတို့ သောက်သုံးရာဌာနကိုအသီးသီး (ကောင်းမွန်စွာ) မှတ်သား၍ထားခဲ့ကြလေသည်။ထိုမှတပါး ငါအရှင်မြတ်သည် ယင်းအမျိုးသားတို့အပေါ်၌မိုးတိမ်များကို အရိပ်အာဝါသပြု၍ ပေးတော်မူခဲ့၏။ ထို့ပြင်ငါအရှင်မြတ်သည်(မွတ်သိပ်ဆာလောင်ခြင်းမှကင်းစိမ့်သောငှာ)မန္န (ဟူသောစားဖွယ်)ကိုလည်းကောင်း၊ စလ်ဝါ (ခေါ်ငုံးသတ္တဝါ)ကိုလည်းကောင်း၊ ထိုသူတို့အပေါ်၌ ချပေးသနားတော်မူခဲ့၏။ အသင်တို့သည် ငါအသျှင်မြတ် ပေးသနား တော်မူသည့်ကောင်းမြတ်သန့်စင်သော စားသုံးဖွယ် များကိုစားသုံးကြလေကုန်။ အမှန်သော်ကား ၎င်းတို့ သည် ငါအရှင်မြတ်အားညှဉ်းပန်းနှိပ်စက်ခဲ့ကြသည် မဟုတ်ပေ။ စင်စစ်သော်ကား ၎င်းတို့သည် မိမိတို့ကိုယ်ကို မိမိတို့သာလျှင် နှိပ်စက်ညှဉ်းပန်းခဲ့ကြလေသတည်း။
161وَإِذْ قِيلَ لَهُمُ اسْكُنُوا هَٰذِهِ الْقَرْيَةَ وَكُلُوا مِنْهَا حَيْثُ شِئْتُمْ وَقُولُوا حِطَّةٌ وَادْخُلُوا الْبَابَ سُجَّدًا نَّغْفِرْ لَكُمْ خَطِيئَاتِكُمْ ۚ سَنَزِيدُ الْمُحْسِنِينَ
၎င်းပြင် (ပြန်လည်အောက်မေ့ သတိရကြလေကုန်) တစ်ရံရောအခါ ထို(နဗီတမန်တော်မူစာ၏) အမျိုးသားတို့ထံ (ဤသို့) အမိန့်တော်ကျရောက်ခဲ့လေသည်။ အသင်တို့သည်ဤမြို့၌နေထိုင်ကြကာ ထိုမြို့တွင် မိမိတို့နှစ်သက်ရာနေရာများမှ စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် ဟစ်တ်တွတွန် (ကျွန်တော်မျိုးတို့အား အပြစ်မှချမ်းသာခွင့် ပေးသနားတော်မူပါ)ဟု ရွတ်ဆိုကာ (ငါအရှင်မြတ်အား ခယ ရိုကျိုးသောအားဖြင့်) မြို့၏တံခါးပေါက်သို့ ဝပ်တွား၍ ဝင်ကြလေကုန်။(အသင်တို့သည် ဤ အမိန့်တော်အတိုင်း လိုက်နာကြပါမူဧကန်စင်စစ်) ငါအသျှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏မှားယွင်းမှုများကို ခွင့်လွှတ်တော်မူသည့်ပြင် (အသင်တို့အနက်)ကောင်းမှု ပြုသူတို့ကိုမူကား ဆထက်တိုး၍ပင် ချီးမြှင့်တော်မူအံ့။
162فَبَدَّلَ الَّذِينَ ظَلَمُوا مِنْهُمْ قَوْلًا غَيْرَ الَّذِي قِيلَ لَهُمْ فَأَرْسَلْنَا عَلَيْهِمْ رِجْزًا مِّنَ السَّمَاءِ بِمَا كَانُوا يَظْلِمُونَ
သို့ရာတွင် ထို(အမျိုးသား)တို့အနက် (မတရား)ကျူးလွန်(လေ့ရှိ)သူတို့သည် မိမိတို့အား မိန့်ကြား တော်မူသောစကားရပ်ကို အခြား(မလျော်ကန်သော) စကားဖြင့် ပြောင်းလဲ(၍ ပြောဆို)ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည်ထို(အမျိုးသား) တို့အပေါ်၌ (၎င်းတို့သည် မိမိတို့ကိုယ်ကို) နှိပ်စက်ညှဉ်းပန်းလေ့ရှိခဲ့ကြသည့်အတွက် ရောဂန္တရကပ်ကိုမိုးကောင်းကင်မှ သက်ရောက်စေတော်မူခဲ့လေသတည်း။(ရကူ)
163وَاسْأَلْهُمْ عَنِ الْقَرْيَةِ الَّتِي كَانَتْ حَاضِرَةَ الْبَحْرِ إِذْ يَعْدُونَ فِي السَّبْتِ إِذْ تَأْتِيهِمْ حِيتَانُهُمْ يَوْمَ سَبْتِهِمْ شُرَّعًا وَيَوْمَ لَا يَسْبِتُونَ ۙ لَا تَأْتِيهِمْ ۚ كَذَٰلِكَ نَبْلُوهُم بِمَا كَانُوا يَفْسُقُونَ
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်၎င်းတို့အား သမုဒ္ဒရာပင်လယ်ဆိပ်ကမ်းရှိ မြို့ရွာ(နေလူတို့)နှင့်ပတ်သက်၍ မေးမြန်းပါလေ။ အကြင် အခါဝယ် ထိုသူတို့သည်စဗ်တ် နေ့နှင့်စပ်လျဉ်း၍ စည်းကမ်းကို ကျူးလွန်ကြလေသည်။အကြင်အခါဝယ် ၎င်းတို့၏ (သမုဒ္ဒရာမှ) ငါးများသည် ၎င်းတို့ထံသို့ ၎င်းတို့၏ စဗ်တ်နေ့တွင် (ရေပေါ်သို့) ထွက်ပြူ၍လာကြလေသည်။ သို့ရာတွင် စဗ်တ် မဟုတ်သောနေ့တွင်မူထိုငါးများသည် ၎င်းတို့ ထံသို့လာကြသည်မရှိချေ။ ထိုကဲ့သို့ပင်ငါအရှင်မြတ် သည် ၎င်းတို့အား ၎င်းတို့ ဖီဆန်လေ့ရှိခဲ့ကြသည့်အတွက် စမ်းသပ်တော်မူခဲ့လေသတည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
161အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 161

စူရာ အလ်-အာအ်ရာဖ် အာယာသ် 161 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (ပြန်လည်အောက်မေ့ သတိရကြလေကုန်) တစ်ရံရောအခါ ထို(နဗီတမန်တော်မူစာ၏) အမျိုးသားတို့ထံ (ဤသို့) အမိန့်တော်ကျရောက်ခဲ့လေသည်။ အသင်တို့သည်ဤမြို့၌နေထိုင်ကြကာ ထိုမြို့တွင်…

စူရာ အာယာသ် 161/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 159–163. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers