အလ်-အန်ဖာလ် · 12/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
إِذْ يُوحِي رَبُّكَ إِلَى الْمَلَائِكَةِ أَنِّي مَعَكُمْ فَثَبِّتُوا الَّذِينَ آمَنُوا ۚ سَأُلْقِي فِي قُلُوبِ الَّذِينَ كَفَرُوا الرُّعْبَ فَاضْرِبُوا فَوْقَ الْأَعْنَاقِ وَاضْرِبُوا مِنْهُمْ كُلَّ بَنَانٍ ۝١٢
Iz yoohee Rabbuka ilal malaaa`ikati annee ma`akum fasabbitul lazeena aamanoo; sa ulqee fee quloobil lazeena kafarur ru`ba fadriboo fawqal a`naaqi wadriboo minhum kulla banaan
📖 မြန်မာဘာသာ
(ပြန်လည်၍ သတိရရှိပါလေ) တစ်ရံရောအခါအသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်မလာအိကဟ်ကောင်းကင်စေတမန်များထံ(ဤသို့) ဝဟ်ယ်အမိန့်တော် ချမှတ်တော်မူခဲ့လေသည်။ ငါအရှင်မြတ်သည်ဧကန်စင်စစ် အသင်တို့ နှင့်အတူရှိတော်မူ၏။ သို့ဖြစ်ပေရာအသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား (ကြံ့ခိုင်စွာ) တည်မြဲစေကြလေကုန်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ

  • إِذْ — အခါတွင်၊ သောအခါ၌။
  • يُوحِي — ဗျာဒိတ်ပေးသည်၊ အမိန့်ပေးသည်။
  • الْمَلَائِكَةِ — ကောင်းကင်တမန်များ။
  • فَثَبِّتُوا — ခိုင်မာအောင် ပြုလုပ်ပေးကြပါ၊ တည်ကြည်စေကြပါ။
  • الرُّعْبَ — ကြောက်ရွံ့ထိတ်လန့်မှု၊ ရင်ထဲ၌ ဖြစ်ပေါ်သော ကြောက်လန့်မှု။
  • فَوْقَ الْأَعْنَاقِ — လည်ပင်းများ၏ အထက်၊ ဆိုလိုသည်မှာ ဦးခေါင်းများ။
  • بَنَانٍ — လက်ချောင်းများ၊ ခြေချောင်းများ၊ လက်ဖျားခြေဖျားများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်)၊ အသင်တို့အား ဗဒရ်စစ်ပွဲတွင် ကူညီရန် စေလွှတ်တော်မူခဲ့သော ကောင်းကင်တမန်များထံ အလ္လာဟ်အရှင်မြတ်က ဗျာဒိတ်ပေးတော်မူခဲ့သည့် အချိန်ကို သတိရပါ။ အရှင်မြတ်က ကောင်းကင်တမန်များအား “ငါအရှင်မြတ်သည် သင်တို့နှင့်အတူ ရှိတော်မူသည်၊ သင်တို့အား အောင်မြင်မှုနှင့် အကူအညီဖြင့် ထောက်ပံ့တော်မူမည်” ဟု မိန့်တော်မူပြီး၊ ယုံကြည်သူများကို စိတ်ဓာတ်ခိုင်မာအောင်၊ ရဲစွမ်းသတ္တိရှိအောင် အားပေးကြရန် မိန့်တော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က ကာဖိရ်များ၏ နှလုံးသားများထဲသို့ ပြင်းထန်သော ကြောက်ရွံ့ထိတ်လန့်မှုကို ထည့်သွင်းတော်မူမည်ဟု မိန့်တော်မူသည်။ ထို့ကြောင့် အို ယုံကြည်သူတို့၊ ကာဖိရ်များ၏ ဦးခေါင်းများကို ရိုက်ကြပါ၊ သူတို့၏ လက်ချောင်း၊ ခြေချောင်းများကို ရိုက်ကြပါ။ ဤသို့ဖြင့် သူတို့သည် ဓားဖြင့် မတိုက်ခိုက်နိုင်တော့ဘဲ၊ ခြေဖြင့် မထွက်ပြေးနိုင်တော့ပေ။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ယုံကြည်သူကျွန်များကို မည်သည့်အခါမျှ စွန့်ပစ်တော်မမူကြောင်း ဤအာယသ်တော်က ထင်ရှားစွာ ဖော်ပြသည်။ အရှင်မြတ်သည် ကောင်းကင်တမန်များကိုပင် စေလွှတ်၍ ယုံကြည်သူများကို အားပေးကူညီစေတော်မူခဲ့သည်။
  • ယုံကြည်သူများအချင်းချင်း ခိုင်မာစွာ ရပ်တည်ပေးခြင်း၊ စိတ်ဓာတ်ခွန်အားပေးခြင်းသည် အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသော လုပ်ရပ်ဖြစ်သည်။ ကောင်းကင်တမန်များပင် ယုံကြည်သူများကို အားပေးကြရန် အမိန့်ခံခဲ့ရသည်။
  • အလ္လာဟ


📜 အာယာသ် 10-14 — စူရာ အလ်-အန်ဖာလ်

10وَمَا جَعَلَهُ اللَّهُ إِلَّا بُشْرَىٰ وَلِتَطْمَئِنَّ بِهِ قُلُوبُكُمْ ۚ وَمَا النَّصْرُ إِلَّا مِنْ عِندِ اللَّهِ ۚ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ထို(ကဲ့သို့မလာအိကဟ်များကို စေလွှတ်တော်မူ၍ ကူညီတော်မူမည်ဟု)ကတိပေးတော်မူခြင်းမှာ အသင်တို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း အဖြစ်သာလည်းကောင်း၊ အသင်တို့၏ စိတ်နှလုံးများသည် ထိုသတင်း (ကိုကြားသိရခြင်းအား)ဖြင့် နှစ်သိမ့်ခြင်းငှာလည်း ကောင်း၊ ပြုတော်မူခဲ့လေသည်။ အမှန်သော်ကားအောင်မြင်မှုသည် အလ္လာဟ်အရှင်မြတ် အထံတော်မှ သာလျှင်ဖြစ်၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။(ရကူ)
11إِذْ يُغَشِّيكُمُ النُّعَاسَ أَمَنَةً مِّنْهُ وَيُنَزِّلُ عَلَيْكُم مِّنَ السَّمَاءِ مَاءً لِّيُطَهِّرَكُم بِهِ وَيُذْهِبَ عَنكُمْ رِجْزَ الشَّيْطَانِ وَلِيَرْبِطَ عَلَىٰ قُلُوبِكُمْ وَيُثَبِّتَ بِهِ الْأَقْدَامَ
(ပြန်လည်၍သတိရရှိကြလေကုန်)။ အခါ တစ်ပါး၌ ထိုအရှင်မြတ်သည် မိမိအထံတော်မှ အသင်တို့အပေါ်၌အမောအပန်းပြေစေခြင်းငှာ ငိုက်မျည်းခြင်းကို ဖုံးလွှမ်းစေတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အပေါ်ဝယ် မိုးကောင်းကင်မှ(မိုး)ရေကို ထို(မိုးရေ)ဖြင့် အသင်တို့အား သန့်ရှင်းစင်ကြယ် စိမ့်သောငှာလည်းကောင်း၊ အသင်တို့(၏စိတ်နှလုံးတွင်း)မှ ရှိုင်တွာန်မိစ္ဆာကောင်၏ အကြံပေးချက်ကို ပပျောက်စိမ့်သောငှာလည်းကောင်း၊ အသင်တို့၏စိတ်နှလုံးများ ကြံ့ခိုင်စိမ့်သောငှာလည်းကောင်း၊ (အသင်တို့၏)ခြေများကို ထို(မိုးရေ)ဖြင့် မြဲမြံခိုင်မြဲစိမ့်သော ငှာလည်းကောင်း၊ ရွာသွန်းစေလျက်ရှိတော်မူခဲ့ချေသတည်း။
12إِذْ يُوحِي رَبُّكَ إِلَى الْمَلَائِكَةِ أَنِّي مَعَكُمْ فَثَبِّتُوا الَّذِينَ آمَنُوا ۚ سَأُلْقِي فِي قُلُوبِ الَّذِينَ كَفَرُوا الرُّعْبَ فَاضْرِبُوا فَوْقَ الْأَعْنَاقِ وَاضْرِبُوا مِنْهُمْ كُلَّ بَنَانٍ
(ပြန်လည်၍ သတိရရှိပါလေ) တစ်ရံရောအခါအသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်မလာအိကဟ်ကောင်းကင်စေတမန်များထံ(ဤသို့) ဝဟ်ယ်အမိန့်တော် ချမှတ်တော်မူခဲ့လေသည်။ ငါအရှင်မြတ်သည်ဧကန်စင်စစ် အသင်တို့ နှင့်အတူရှိတော်မူ၏။ သို့ဖြစ်ပေရာအသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား (ကြံ့ခိုင်စွာ) တည်မြဲစေကြလေကုန်။
13ذَٰلِكَ بِأَنَّهُمْ شَاقُّوا اللَّهَ وَرَسُولَهُ ۚ وَمَن يُشَاقِقِ اللَّهَ وَرَسُولَهُ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ
ဤ(အမိန့်တော်)သည်ကား ယင်း(မုရှ်ရစ်က်)တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ အရှင်မြတ်၏ရစူလ်တမန်တော်အား လည်းကောင်း ဆန့်ကျင်ခဲ့ကြသောကြောင့်(ချမှတ်တော်မူသော အမိန့်တော်)ပင်တည်း။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ်တမန်တော်အားလည်းကောင်း၊ ဆန့်ကျင်ပါမူ အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ်ပြင်းထန်စွာ ပြစ်ဒဏ် စီရင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
14ذَٰلِكُمْ فَذُوقُوهُ وَأَنَّ لِلْكَافِرِينَ عَذَابَ النَّارِ
သို့ဖြစ်ပေရာ အသင်တို့သည် ဤသည့် (ပြစ်ဒဏ်)ကို မြည်းစမ်းကြလေကုန်။ ၎င်းပြင် ဧကန် မလွဲ ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်ကုန် သောသူတို့ခံစားအံ့သောငှာဂျဟန္နမ်ငရဲဘုံ၏ပြစ်ဒဏ်သည် အဆင်သင့်ရှိသည် (ကိုလည်းကောင်းစွာ မှတ်ယူကြလေကုန်။)
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
12အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 12

စူရာ အလ်-အန်ဖာလ် အာယာသ် 12 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ပြန်လည်၍ သတိရရှိပါလေ) တစ်ရံရောအခါအသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်မလာအိကဟ်ကောင်းကင်စေတမန်များထံ(ဤသို့) ဝဟ်ယ်အမိန့်တော် ချမှတ်တော်မူခဲ့လေသည်။ ငါအရှင်မြတ်သည်ဧကန်စင်စစ် အသင်တို့ နှင့်အတူရှိတော်မူ၏။ သို့ဖြစ်ပေရာအသင်တို့သည်…

စူရာ အာယာသ် 12/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 10–14. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers