အလ်-အန်ဖာလ် · 13/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
ذَٰلِكَ بِأَنَّهُمْ شَاقُّوا اللَّهَ وَرَسُولَهُ ۚ وَمَن يُشَاقِقِ اللَّهَ وَرَسُولَهُ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ ۝١٣
Zaalika bi annahum shaaaqqul laaha wa Rasoolah; wa mai yushaqiqil laaha wa Rasoolahoo fa innal laaha shadeedul `iqaab
📖 မြန်မာဘာသာ
ဤ(အမိန့်တော်)သည်ကား ယင်း(မုရှ်ရစ်က်)တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ အရှင်မြတ်၏ရစူလ်တမန်တော်အား လည်းကောင်း ဆန့်ကျင်ခဲ့ကြသောကြောင့်(ချမှတ်တော်မူသော အမိန့်တော်)ပင်တည်း။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ်တမန်တော်အားလည်းကောင်း၊ ဆန့်ကျင်ပါမူ အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ်ပြင်းထန်စွာ ပြစ်ဒဏ် စီရင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • ذَٰلِكَ (ဇာလိက): ထို(ပြစ်ဒဏ်)သည်၊ ထိုအဖြစ်အပျက်သည်။
  • شَاقُّوا (ရှာက်ကွ): သူတို့သည် ဆန့်ကျင်ခဲ့ကြသည်၊ ကွဲလွဲခဲ့ကြသည်၊ ရန်ဘက်ပြုခဲ့ကြသည်။ ဤဝေါဟာရ၏ မူရင်းအမြစ်မှာ المشاقّة (အလ်မရှာက်ကာ) ဖြစ်ပြီး "ဆန့်ကျင်ဘက်ဖြစ်ခြင်း၊ ကွဲပြားခြင်း၊ ရန်ဘက်ပြုခြင်း" ဟု အဓိပ္ပာယ်ရသည်။
  • يُشَاقِقِ (ယုရှာက်ကိက): မည်သူမဆို ဆန့်ကျင်ဘက်ပြုလျှင်၊ ရန်ဘက်ပြုလျှင်။
  • شَدِيدُ الْعِقَابِ (ရှဒီးဒုလ် အိကဗ်): ပြစ်ဒဏ်ပေးရာတွင် အလွန်ပြင်းထန်တော်မူသောအရှင်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ဗဒ်ရ်စစ်ပွဲတွင် ကာဖိရ်များ(မယုံကြည်သူများ) ကြုံတွေ့ခဲ့ရသော ရှုံးနိမ့်မှု၊ သတ်ဖြတ်ခံရမှု၊ ဖမ်းဆီးခံရမှုတို့၏ အကြောင်းရင်းကို ရှင်းလင်းဖော်ပြထားခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ပြစ်ဒဏ်များ ကျရောက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ကို ဆန့်ကျင်ဘက်ပြုခဲ့ကြခြင်း၊ အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာရန် ငြင်းပယ်ခဲ့ကြခြင်း၊ တားမြစ်ထားသည့်အရာများမှ ရှောင်ကြဉ်ရန် ငြင်းဆန်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ယေဘုယျသဘောတရားတစ်ခုကို ရှင်းလင်းတော်မူသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ကို ဆန့်ကျင်ဘက်ပြုလျှင်၊ သူတို့၏ အမိန့်တော်များကို ဖီဆန်လျှင်၊ သူတို့၏ လမ်းစဉ်မှ ခွဲထွက်လျှင် အလ္လာဟ်အရှင်မြတ်သည် အလွန်ပြင်းထန်စွာ ပြစ်ဒဏ်ပေးတော်မူမည့်အရှင် ဖြစ်တော်မူသည်။ ဤပြစ်ဒဏ်သည် လောကီဘဝတွင် ရှုံးနိမ့်ခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းဖြင့် ဖြစ်စေ၊ နောင်တမလွန်ဘဝတွင် ငရဲမီး၏ ပြစ်ဒဏ်ဖြင့် ဖြစ်စေ ကျရောက်မည် ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

၁။ အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်ကို လိုက်နာခြင်း၏ အရေးပါမှု: အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ကို နာခံလိုက်နာခြင်းသည် လောကီနှင့် နောင်တမလွန်ဘ



📜 အာယာသ် 11-15 — စူရာ အလ်-အန်ဖာလ်

11إِذْ يُغَشِّيكُمُ النُّعَاسَ أَمَنَةً مِّنْهُ وَيُنَزِّلُ عَلَيْكُم مِّنَ السَّمَاءِ مَاءً لِّيُطَهِّرَكُم بِهِ وَيُذْهِبَ عَنكُمْ رِجْزَ الشَّيْطَانِ وَلِيَرْبِطَ عَلَىٰ قُلُوبِكُمْ وَيُثَبِّتَ بِهِ الْأَقْدَامَ
(ပြန်လည်၍သတိရရှိကြလေကုန်)။ အခါ တစ်ပါး၌ ထိုအရှင်မြတ်သည် မိမိအထံတော်မှ အသင်တို့အပေါ်၌အမောအပန်းပြေစေခြင်းငှာ ငိုက်မျည်းခြင်းကို ဖုံးလွှမ်းစေတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အပေါ်ဝယ် မိုးကောင်းကင်မှ(မိုး)ရေကို ထို(မိုးရေ)ဖြင့် အသင်တို့အား သန့်ရှင်းစင်ကြယ် စိမ့်သောငှာလည်းကောင်း၊ အသင်တို့(၏စိတ်နှလုံးတွင်း)မှ ရှိုင်တွာန်မိစ္ဆာကောင်၏ အကြံပေးချက်ကို ပပျောက်စိမ့်သောငှာလည်းကောင်း၊ အသင်တို့၏စိတ်နှလုံးများ ကြံ့ခိုင်စိမ့်သောငှာလည်းကောင်း၊ (အသင်တို့၏)ခြေများကို ထို(မိုးရေ)ဖြင့် မြဲမြံခိုင်မြဲစိမ့်သော ငှာလည်းကောင်း၊ ရွာသွန်းစေလျက်ရှိတော်မူခဲ့ချေသတည်း။
12إِذْ يُوحِي رَبُّكَ إِلَى الْمَلَائِكَةِ أَنِّي مَعَكُمْ فَثَبِّتُوا الَّذِينَ آمَنُوا ۚ سَأُلْقِي فِي قُلُوبِ الَّذِينَ كَفَرُوا الرُّعْبَ فَاضْرِبُوا فَوْقَ الْأَعْنَاقِ وَاضْرِبُوا مِنْهُمْ كُلَّ بَنَانٍ
(ပြန်လည်၍ သတိရရှိပါလေ) တစ်ရံရောအခါအသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်မလာအိကဟ်ကောင်းကင်စေတမန်များထံ(ဤသို့) ဝဟ်ယ်အမိန့်တော် ချမှတ်တော်မူခဲ့လေသည်။ ငါအရှင်မြတ်သည်ဧကန်စင်စစ် အသင်တို့ နှင့်အတူရှိတော်မူ၏။ သို့ဖြစ်ပေရာအသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား (ကြံ့ခိုင်စွာ) တည်မြဲစေကြလေကုန်။
13ذَٰلِكَ بِأَنَّهُمْ شَاقُّوا اللَّهَ وَرَسُولَهُ ۚ وَمَن يُشَاقِقِ اللَّهَ وَرَسُولَهُ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ
ဤ(အမိန့်တော်)သည်ကား ယင်း(မုရှ်ရစ်က်)တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ အရှင်မြတ်၏ရစူလ်တမန်တော်အား လည်းကောင်း ဆန့်ကျင်ခဲ့ကြသောကြောင့်(ချမှတ်တော်မူသော အမိန့်တော်)ပင်တည်း။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ်တမန်တော်အားလည်းကောင်း၊ ဆန့်ကျင်ပါမူ အလ္လာဟ်အရှင်မြတ်သည် အမှန်စင်စစ်ပြင်းထန်စွာ ပြစ်ဒဏ် စီရင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
14ذَٰلِكُمْ فَذُوقُوهُ وَأَنَّ لِلْكَافِرِينَ عَذَابَ النَّارِ
သို့ဖြစ်ပေရာ အသင်တို့သည် ဤသည့် (ပြစ်ဒဏ်)ကို မြည်းစမ်းကြလေကုန်။ ၎င်းပြင် ဧကန် မလွဲ ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်ကုန် သောသူတို့ခံစားအံ့သောငှာဂျဟန္နမ်ငရဲဘုံ၏ပြစ်ဒဏ်သည် အဆင်သင့်ရှိသည် (ကိုလည်းကောင်းစွာ မှတ်ယူကြလေကုန်။)
15يَا أَيُّهَا الَّذِينَ آمَنُوا إِذَا لَقِيتُمُ الَّذِينَ كَفَرُوا زَحْفًا فَلَا تُوَلُّوهُمُ الْأَدْبَارَ
အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့အား (စစ်တပ်ကြီးဖွဲ့လျက်)(တနည်း)စစ်ပွဲ၌ ၊စစ်မြေပြင်၌တွေ့ဆုံကြသောအခါ 4င်းတို့အား ကျောခိုင်း၍ မသွားကြကုန်လင့်။(ဝါ) ထွက်မပြေးကြကုန်လင့်။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
13အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 13

စူရာ အလ်-အန်ဖာလ် အာယာသ် 13 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤ(အမိန့်တော်)သည်ကား ယင်း(မုရှ်ရစ်က်)တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ အရှင်မြတ်၏ရစူလ်တမန်တော်အား လည်းကောင်း ဆန့်ကျင်ခဲ့ကြသောကြောင့်(ချမှတ်တော်မူသော အမိန့်တော်)ပင်တည်း။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ်တမန်တော်အားလည်းကောင်း၊…

စူရာ အာယာသ် 13/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 11–15. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers