ယူနူစ် · 101/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
قُلِ انظُرُوا مَاذَا فِي السَّمَاوَاتِ وَالْأَرْضِ ۚ وَمَا تُغْنِي الْآيَاتُ وَالنُّذُرُ عَن قَوْمٍ لَّا يُؤْمِنُونَ ۝١٠١
Qulin zuroo maazaa fissamaawaati wal ard; wa maa tughnil Aayaatu wannuzuru `an qawmil laa yu`minoon
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အသင်တို့သည် မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌ လည်းကောင်း၊အဘယ်ကဲ့သို့သောအရာများရှိကြသည်ကို ကြည့်ရှုကြလေကုန်။စင်စစ်မူကား မယုံကြည်(လို)သောသူတို့အား သက်သေလက္ခဏာများသည်လည်းကောင်း၊ သတိပေး နှိုးဆော် ချက်များသည်လည်းကောင်း၊ အကျိုးပေးသည်မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 99-103 — စူရာ ယူနူစ်

99وَلَوْ شَاءَ رَبُّكَ لَآمَنَ مَن فِي الْأَرْضِ كُلُّهُمْ جَمِيعًا ۚ أَفَأَنتَ تُكْرِهُ النَّاسَ حَتَّىٰ يَكُونُوا مُؤْمِنِينَ
စင်စစ်သော်ကား အကယ်၍ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကမ္ဘာမြေဝယ် ရှိရှိသမျှသော သူခပ်သိမ်းတို့သည် တစ်ပြိုင်နက် အီမာန်သက်ဝင်ယုံကြမည်သာ ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် လူတို့အား မုအ်မင်န်သက်ဝင်ယုံကြည်သူများဖြစ်လာကြရန် အတင်းအကျပ် ပြုလုပ်နိုင်ပါသလော။
100وَمَا كَانَ لِنَفْسٍ أَن تُؤْمِنَ إِلَّا بِإِذْنِ اللَّهِ ۚ وَيَجْعَلُ الرِّجْسَ عَلَى الَّذِينَ لَا يَعْقِلُونَ
အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏အလိုတော်မရှိလျှင် မည်သူတစ်ဦးတစ်ယောက်မျှပင် အီမာန်သက်ဝင်ယုံကြည်နိုင်သည်မရှိချေ။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် အသိဉာဏ်ကို အသုံးမပြုသော သူတို့အပေါ်၌သာလျှင် မစင်ကြယ်မှုကို သက်ရောက်စေတော်မူချေသတည်း။
101قُلِ انظُرُوا مَاذَا فِي السَّمَاوَاتِ وَالْأَرْضِ ۚ وَمَا تُغْنِي الْآيَاتُ وَالنُّذُرُ عَن قَوْمٍ لَّا يُؤْمِنُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အသင်တို့သည် မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌ လည်းကောင်း၊အဘယ်ကဲ့သို့သောအရာများရှိကြသည်ကို ကြည့်ရှုကြလေကုန်။စင်စစ်မူကား မယုံကြည်(လို)သောသူတို့အား သက်သေလက္ခဏာများသည်လည်းကောင်း၊ သတိပေး နှိုးဆော် ချက်များသည်လည်းကောင်း၊ အကျိုးပေးသည်မဟုတ်ချေ။
102فَهَلْ يَنتَظِرُونَ إِلَّا مِثْلَ أَيَّامِ الَّذِينَ خَلَوْا مِن قَبْلِهِمْ ۚ قُلْ فَانتَظِرُوا إِنِّي مَعَكُم مِّنَ الْمُنتَظِرِينَ
သို့ပါလျက် ၎င်း တို့သည် မိမိတို့အလျင် လွန်လေပြီးခဲ့ကြသောသူတို့၏ ဘေးအန္တရာယ်များ ကဲ့သို့သော ဘေးအန္တရာယ်ကိုသာ မျှော်လင့်လျက် ရှိကြလေသလော။ (အိုနဗီတမန်တော်)အသင်သည် (၎င်း တို့အား အချင်းတို့) ဤသို့ဖြစ်လျှင် အသင်တို့သည် မျှော်လင့်ကြလေကုန်။ ငါသည်လည်း အသင်တို့ နှင့်အတူ မျှော်လင့်သူတို့အနက် တစ်ဦးအပါအဝင် ဖြစ်သည်ဟု ပြောကြားပါလေ။
103ثُمَّ نُنَجِّي رُسُلَنَا وَالَّذِينَ آمَنُوا ۚ كَذَٰلِكَ حَقًّا عَلَيْنَا نُنجِ الْمُؤْمِنِينَ
ထိုနောက် ငါအရှင်မြတ်သည် မိမိရစူလ် တမန်တော်များအားလည်းကောင်း၊ အီမာန်သက်ဝင်ယုံကြည်ခဲ့ကြကုန်သောသူတို့အားလည်းကောင်း၊ ကယ်ဆယ်တော်မူလေ့ရှိခဲ့သည်။ဤနည်းအတိုင်းပင် ငါအရှင်မြတ်အပေါ်၌ (ကယ်ဆယ်ရန်)တာဝန်တော် ရှိ၏။ ငါအရှင်မြတ်သည် မုအ်မင်န်သက်ဝင် ယုံကြည်သူတို့အား ကယ်ဆယ်တော်မူပေမည်။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
101အာယာသ်

ဘာသာပြန် — ယူနူစ် 101

စူရာ ယူနူစ် အာယာသ် 101 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (၎င်း တို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အသင်တို့သည် မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌ လည်းကောင်း၊အဘယ်ကဲ့သို့သောအရာများရှိကြသည်ကို…

စူရာ အာယာသ် 101/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 99–103. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers