أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ فَأْتُوا بِسُورَةٍ مِّثْلِهِ وَادْعُوا مَنِ اسْتَطَعْتُم مِّن دُونِ اللَّهِ إِن كُنتُمْ صَادِقِينَ ٣٨
🔤 Transliteration
Am yaqooloonaf taraahu qul faatoo bisooratim mislihee wad`oo manis tata`tum min doonil laahi in kuntum saadiqeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်း တို့က ထို(နဗီတမန်တော်မုဟမ္မဒ်)သည်ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို လီဆယ်ဖန်တီးခဲ့သည်ဟုပြောဆိုကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား ဤသို့ ပြောကြားပါလေ။ (အချင်းတို့) သို့ဖြစ်လျှင်အသင်တို့သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်ကဏ္ဍ)နှင့်တူသော ကဏ္ဍတစ်ခုကိုပင်(စီကုံးရေးသား၍) ယူဆောင်လာခဲ့ကြလေကုန်။ ၎င်း ပြင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီမှန်ကန်စွာပြောဆိုကြသူများဖြစ်ကြလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် မိမိတို့ခေါ်ယူနိုင်ကြကုန်သော (ကူညီဆောင်မမည့်)သူတို့အားလည်း ခေါ်ယူခဲ့ကြလေကုန်။
🌐 Additional reference in ภาษาไทย
စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက် أَمْ (အမ်): သို့မဟုတ်၊ ထို့ထက်၊ ဤနေရာတွင် ယခင်ဖော်ပြချက်မှ လမ်းလွှဲပြောင်းပေးသော အဓိပ္ပာယ်ဖြင့် လာသည်။ يَقُولُونَ (ယကူလူန): သူတို့ပြောဆိုကြသည်။ افْتَرَاهُ (အိဖ်သရာဟု): သူ(မုဟမ္မဒ်)က လုပ်ကြံဖန်တီးခဲ့သည်၊ ကိုယ်တိုင်စီကုံးဖန်တီးပြီး အလ္လာဟ်အပေါ် စွပ်စွဲခဲ့သည်။ قُلْ (ကုလ်): ပြောလိုက်ပါ။ فَأْتُوا (ဖအ်သူ): သင်တို့လည်း ယူလာကြပါ၊ တင်ပြကြပါ။ بِسُورَةٍ (ဗိစူရသင်း): စူရာဟ်တစ်ခု၊ ကုရ်အာန်၏ အခန်းတစ်ခုကို။ مِّثْلِهِ (မိစ်လိဟိ): ထိုကုရ်အာန်နှင့် တူညီသော၊ အလားတူသော။ وَادْعُوا (ဝဒ်အူ): သင်တို့ ခေါ်ကြပါ၊ အကူအညီတောင်းကြပါ။ مَنِ اسْتَطَعْتُم (မာနိစ်သသွတ်အ်သူမ်): သင်တို့ စွမ်းနိုင်သမျှသော သူများကို။ مِن دُونِ اللَّهِ (မိန်ဒူနိလ္လာဟိ): အလ္လာဟ်အပြင်၊ အလ္လာဟ်ကို ချန်ထားပြီး။ إِن كُنتُمْ صَادِقِينَ (အင်ကုန်သူမ် ဆွာဒိကီန): သင်တို့သည် မှန်ကန်သူများဖြစ်ကြလျှင်။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် မုရှ်ရိကီန်များ (အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်သူများ)က ကုရ်အာန်သည် တမန်တော်မုဟမ္မဒ် (ဆွ) ကိုယ်တိုင် လုပ်ကြံဖန်တီးထားသော စကားဖြစ်သည်ဟု စွပ်စွဲပြောဆိုကြခြင်းကို ပြန်လည်ချေပရန် ဖော်ပြထားသည်။
အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ် (ဆွ)အား ဤသို့ပြောဆိုရန် ညွှန်ကြားတော်မူသည် - အကယ်၍ သင်တို့၏ စွပ်စွဲချက်မှန်ကန်ပြီး ဤကုရ်အာန်သည် လူသားတစ်ဦး၏ လုပ်ကြံဖန်တီးမှုသာဖြစ်လျှင်၊ သင်တို့သည်လည်း ဤကုရ်အာန်နှင့် တူညီသော စူရာဟ်တစ်ခုကို ယူလာကြပါ။ သင်တို့သည် အာရဗီစကားကို ကျွမ်းကျင်သော စကားပြောရှင်များဖြစ်ကြပြီး၊ တမန်တော်မြတ် (ဆွ) သည်လည်း သင်တို့ကဲ့သို့ လူသားတစ်ဦးသာဖြစ်သည်။ ထို့ကြောင့် သင်တို့စွမ်းဆောင်နိုင်လျှင် ကုရ်အာန်နှင့် တူညီသော စူရာဟ်တစ်ခုကို ဖန်တီးပြပါ။
ထို့အပြင် အလ္လာဟ်အပြင် သင်တို့ကိုးကွယ်သော ရုပ်တုများ၊ ဘုရားများ၊ လူသားများ၊ ဂျင်န်များအနက် သင်တို့ကူညီနိုင်သမျှသော သူအားလုံးကို ခေါ်ယူပြီး အကူအညီတောင်းကြပါ။ အကယ်၍ သင်တို့၏ စွပ်စွဲချက်မှာ မှန်ကန်သည်ဆိုလျှင် ဤသို့
أَمۡ يَقُولُونَ ٱفۡتَرَىٰهُۖ قُلۡ فَأۡتُواْ بِسُورَةٍ مِّثۡلِهِۦ وَٱدۡعُواْ مَنِ ٱسۡتَطَعۡتُم مِّن دُونِ ٱللَّهِ إِن كُنتُمۡ صَٰدِقِينَ ٣٨
၎င်း တို့က ထို(နဗီတမန်တော်မုဟမ္မဒ်)သည်ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို လီဆယ်ဖန်တီးခဲ့သည်ဟုပြောဆိုကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား ဤသို့ ပြောကြားပါလေ။ (အချင်းတို့) သို့ဖြစ်လျှင်အသင်တို့သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်ကဏ္ဍ)နှင့်တူသော ကဏ္ဍတစ်ခုကိုပင်(စီကုံးရေးသား၍) ယူဆောင်လာခဲ့ကြလေကုန်။ ၎င်း ပြင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီမှန်ကန်စွာပြောဆိုကြသူများဖြစ်ကြလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် မိမိတို့ခေါ်ယူနိုင်ကြကုန်သော (ကူညီဆောင်မမည့်)သူတို့အားလည်း ခေါ်ယူခဲ့ကြလေကုန်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 36-40 — စူရာ ယူနူစ်
36 وَمَا يَتَّبِعُ أَكْثَرُهُمْ إِلَّا ظَنًّا ۚ إِنَّ الظَّنَّ لَا يُغْنِي مِنَ الْحَقِّ شَيْئًا ۚ إِنَّ اللَّهَ عَلِيمٌ بِمَا يَفْعَلُونَ
စင်စစ် ၎င်း တို့အနက် အများဆုံးသောသူတို့ သည်(မိမိတို့၏) ထင်မြင်ယူဆချက်ကိုသာ လိုက်နာ ကြကုန်၏။အမှန်စင်စစ်သော်ကား ထင်မြင်ချက်သည် အမှန်နှင့်ဆန့်ကျင်၍ အနည်းငယ်စိုးစဉ်းမျှပင်အကျိုးပေးသည်မဟုတ်ပေ။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ၎င်း တို့ပြုမူလျက်ရှိသည်တို့ကိုအကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
37 وَمَا كَانَ هَٰذَا الْقُرْآنُ أَن يُفْتَرَىٰ مِن دُونِ اللَّهِ وَلَٰكِن تَصْدِيقَ الَّذِي بَيْنَ يَدَيْهِ وَتَفْصِيلَ الْكِتَابِ لَا رَيْبَ فِيهِ مِن رَّبِّ الْعَالَمِينَ
စင်စစ်သော်ကား ဤကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်အပြင် (အခြားသူတစ်ဦးဦးက)လီဆယ်ဖန်တီးထားသော ကျမ်းမြတ် မဟုတ်ပေ။ စင်စစ်မှာမူကား(ဤကုရ်အာန်ကျမ်းတော်မြတ်သည်) မိမိအလျင်(ရှိခဲ့ဖူးသောကျမ်းများကို) ခိုင်ခံ့စေသော ကျမ်းဖြစ်၏။ အတည်ပြုသတ်မှတ်ရေး သားထားပြီးဖြစ်သော အမိန့်ပညတ်တော်များကိုအသေးစိတ် ရှင်းလင်းဖော်ပြထားသော ကျမ်းလည်းဖြစ်၏။ဤကုရ်အာန်ကျမ်းတော်မြတ်တွင် ဒွိဟသံသယလည်း လုံးဝမရှိချေ။ စကြဝဠာခပ်သိမ်းကို ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ(ကျရောက်လာသော ကျမ်းတော်မြတ်အမှန်ပင်)ဖြစ်ပေသတည်း။
38 أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ فَأْتُوا بِسُورَةٍ مِّثْلِهِ وَادْعُوا مَنِ اسْتَطَعْتُم مِّن دُونِ اللَّهِ إِن كُنتُمْ صَادِقِينَ
၎င်း တို့က ထို(နဗီတမန်တော်မုဟမ္မဒ်)သည်ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို လီဆယ်ဖန်တီးခဲ့သည်ဟုပြောဆိုကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား ဤသို့ ပြောကြားပါလေ။ (အချင်းတို့) သို့ဖြစ်လျှင်အသင်တို့သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်ကဏ္ဍ)နှင့်တူသော ကဏ္ဍတစ်ခုကိုပင်(စီကုံးရေးသား၍) ယူဆောင်လာခဲ့ကြလေကုန်။ ၎င်း ပြင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီမှန်ကန်စွာပြောဆိုကြသူများဖြစ်ကြလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် မိမိတို့ခေါ်ယူနိုင်ကြကုန်သော (ကူညီဆောင်မမည့်)သူတို့အားလည်း ခေါ်ယူခဲ့ကြလေကုန်။
39 بَلْ كَذَّبُوا بِمَا لَمْ يُحِيطُوا بِعِلْمِهِ وَلَمَّا يَأْتِهِمْ تَأْوِيلُهُ ۚ كَذَٰلِكَ كَذَّبَ الَّذِينَ مِن قَبْلِهِمْ ۖ فَانظُرْ كَيْفَ كَانَ عَاقِبَةُ الظَّالِمِينَ
ထိုသို့အလျဉ်းမဟုတ်၊ စင်စစ်မူကား ၎င်း တို့ သည်မိမိတို့ကိုယ်တိုင် မသိနားမလည်သောအရာကို(စဉ်းစားဆင်ခြင်ခြင်းမပြုဘဲ) မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ ထို့ပြင် တို့ထံ ယင်း၏ အကျိုးသည်လည်းရောက်ခဲ့သည်မရှိချေ။ ဤနည်းနှင်နှင် ၎င်း တို့အလျင် ရှေးအထက်ကျော်ကာရီ၌ရှိခဲ့ကြသောသူတို့ကလည်း မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ဖူးကြလေသည်။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်) မတရားသောသူတို့သည် မည်သို့မည်ပုံ အကျိုးခံစားခဲ့ကြရသည်ကို အသင်သည် ကြည့်ရှုဆင်ခြင်ပါလေ။
40 وَمِنْهُم مَّن يُؤْمِنُ بِهِ وَمِنْهُم مَّن لَّا يُؤْمِنُ بِهِ ۚ وَرَبُّكَ أَعْلَمُ بِالْمُفْسِدِينَ
ထို့ပြင် ၎င်း တို့တွင် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်မည့်သူများလည်းရှိကြမည်။ ထိုနည်းအတူ ၎င်း တို့တွင် ထို(ကုရ်အာန်ကျမ်းတော်မြတ်)ကို မယုံကြည်မည့်သူများလည်း ရှိကြမည်။ စင်စစ်တမူကား အသင့်အားဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ် သော သူတို့အား အသိဆုံးသောအရှင်မြတ်ပင်ဖြစ်တော်မူပေသည်။
ဘာသာပြန် — ယူနူစ် 38 စူရာ ယူနူစ် အာယာသ် 38 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်း တို့က ထို(နဗီတမန်တော်မုဟမ္မဒ်)သည်ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို လီဆယ်ဖန်တီးခဲ့သည်ဟုပြောဆိုကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား ဤသို့ ပြောကြားပါလေ။ (အချင်းတို့)…
စူရာ အာယာသ် 38/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 36–40. မြန်မာဘာသာ: ภาษาไทย.