ယူစူဖ် · 30/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
۞ وَقَالَ نِسْوَةٌ فِي الْمَدِينَةِ امْرَأَتُ الْعَزِيزِ تُرَاوِدُ فَتَاهَا عَن نَّفْسِهِ ۖ قَدْ شَغَفَهَا حُبًّا ۖ إِنَّا لَنَرَاهَا فِي ضَلَالٍ مُّبِينٍ ۝٣٠
Wa qaala niswatun filma deenatim ra atul`Azeezi turaawidu fataahaa `an nafsihee qad shaghafahaa bubbaa; innaa lana raahaa fee dalaalim mubeen
📖 မြန်မာဘာသာ
၎င်းပြင် မြို့တွင်း၌ရှိသော အချို့မိန်းမများသည်(မာယာဆင်၍ဤသို့ပြစ်တင်)ပြောဆိုကြကုန်၏။ အဇီဇ်၏ ကြင်ရာသည် မိမိကျွန်ကို ၎င်း၏စိတ်သဘောနှင့် ဆန့်ကျင်ပြီး ချော့မော့မြှူဆွယ်နေလေသည်။ ဧကန်စင်စစ် ထိုကျွန်သည် ၎င်း၏စိတ်နှလုံးကို ချစ်မေတ္တာအားဖြင့်ဖုံးလွှမ်းလျက် ရှိနေပေသည်။ဧကန်အမှန် ကျွန်ုပ်တို့သည် ယင်းအဇီဇ်၏ကြင်ရာအား လွှဲချော်မှောက်မှားမှု၌(ကျဆင်းနေသည်ကို)တွေ့မြင် ကြရပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ စကားလုံးအဓိပ္ပာယ်များ
  • နိစ်ဝသွန်း (نِسْوَةٌ): အမျိုးသမီးအုပ်စုတစ်စု။
  • မဒီနာ (الْمَدِينَةِ): မြို့တော်။ ဤနေရာတွင် အီဂျစ်နိုင်ငံရှိ မြို့တစ်မြို့ကို ရည်ညွှန်းသည်။
  • အဇီးဇ် (الْعَزِيزِ): အီဂျစ်ဘုရင်ခံ သို့မဟုတ် မှူးမတ်ကြီး။
  • တုရာဝိဒု (تُرَاوِدُ): ဖြားယောင်းသွေးဆောင်ရန် ကြိုးစားသည်။
  • ဖတာဟာ (فَتَاهَا): သူမ၏ ကျွန်လုလင်။
  • ရှဂဖဟာ (شَغَفَهَا): သူမ၏ နှလုံးသားအလွှာကို ထိုးဖောက်ဝင်ရောက်သည်။
  • ဒလာလင်မုဗီးန် (ضَلَالٍ مُّبِينٍ): ထင်ရှားသော လမ်းမှားမှု။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

မြို့တော်အတွင်းရှိ အမျိုးသမီးအုပ်စုတစ်စုသည် ဤသတင်းကို ကြားသိကြသောအခါ ပြောဆိုကြသည်။ သူတို့က “အဇီးဇ်၏ဇနီးသည် သူမ၏ကျွန်လုလင်ကို သူ့ကိုယ်သူ ဖြားယောင်းသွေးဆောင်ရန် ကြိုးစားနေသည်။ သူ့အပေါ် ချစ်မေတ္တာသည် သူမ၏နှလုံးသားအလွှာအထိ ထိုးဖောက်ဝင်ရောက်သွားပြီဖြစ်သည်။ ဧကန်စင်စစ် သူမသည် ထင်ရှားသော လမ်းမှားမှုတွင် ရှိနေသည်ဟု ကျွန်ုပ်တို့ မြင်ကြသည်” ဟု ဆိုကြသည်။

ဤအာယသ်တော်သည် အဇီးဇ်၏ဇနီးဖြစ်သူ ဇုလိုင်ခာ၏ ယူစုဖ် (အလိုင်ဟိစ်စလာမ်) အပေါ် ချစ်မေတ္တာလွန်ကဲမှုနှင့် သူမအနေဖြင့် ကျွန်လုလင်တစ်ဦးဖြစ်သော ယူစုဖ်ကို ဖြားယောင်းသွေးဆောင်ရန် ကြိုးစားနေမှုကို မြို့တွင်းရှိ အမျိုးသမီးများက ဝေဖန်ပြောဆိုကြသည့် အဖြစ်အပျက်ကို ဖော်ပြထားခြင်းဖြစ်သည်။ သူတို့သည် ဇုလိုင်ခာ၏ လုပ်ရပ်ကို ရှုတ်ချကြပြီး သူမသည် မိမိ၏ကျွန်တစ်ဦးအပေါ် ချစ်မေတ္တာဖြင့် လမ်းမှားသို့ ရောက်ရှိနေသည်ဟု ထင်မြင်ကြသည်။ သို့သော် ဤနေရာတွင် သူတို့၏ ဝေဖန်မှုသည် အပြစ်မှ ကင်းစင်သော ယူစုဖ် (အလိုင်ဟိစ်စလာမ်) ကိုပါ ထိခိုက်စေနိုင်သည့် အနေအထားသို့ ရောက်ရှိနိုင်သည်ကို သတိပြုရမည်။ အမှန်စင်စစ် ယူစုဖ်သည် အလ္လာဟ်အရှင်မြတ်၏ ကာကွယ်စောင့်ရှောက်မှုဖြင့် ထိုသွေးဆောင်မှုမှ ကင်းဝေးခဲ့သူဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏တမန်တော်များနှင့် သန့်ရှင်းသူများကို ကာကွယ်စောင့်ရှောက်တော်မူသည်။ ယူစုဖ် (အလိုင်ဟိစ်စလာမ်) သည် မည်မျှပင် သွေးဆောင်ခံရသော်လည်း အလ္လ


📜 အာယာသ် 28-32 — စူရာ ယူစူဖ်

28فَلَمَّا رَأَىٰ قَمِيصَهُ قُدَّ مِن دُبُرٍ قَالَ إِنَّهُ مِن كَيْدِكُنَّ ۖ إِنَّ كَيْدَكُنَّ عَظِيمٌ
ထို့နောက် (ယင်းမိန်းမ၏ခင်ပွန်းသည်) ထို ယူဆွဖ်၏အင်္ကျီမှာ နောက်မှစုတ်ပြဲ၍နေသည်ကို တွေ့မြင်လတ်သော် ဤသည် အသင်မိန်းမတို့၏ စဉ်းလဲဉာဏ်သာဖြစ်သည်။အသင်တို့၏ စဉ်းလဲဉာဏ်သည် ကြီးမားလှဘိ၏တကားဟုပြောဆိုခဲ့လေသတည်း။
29يُوسُفُ أَعْرِضْ عَنْ هَٰذَا ۚ وَاسْتَغْفِرِي لِذَنبِكِ ۖ إِنَّكِ كُنتِ مِنَ الْخَاطِئِينَ
(ထို့နောက် ဆက်လက် ပြောဆိုခဲ့ပြန်သည်မှာ)အို-ယူဆွဖ်၊ အသင်သည် ဤသည်ကိုလျစ်လျူရှုကာ လွှဲရှောင်၍သွားလော့။ ထို့ပြင် (အို-မိန်းမ)သင်သည် မိမိပြစ်မှုကို (ဝန်ချတောင်းပန်၍)လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံလော့။ ဧကန်မလွဲ အသင်မသည် ပြစ်မှုကျူးလွန်သူတစ်ဦး ဖြစ်ချေသတည်း။(ဟုပြောဆိုခဲ့လေ၏။)
30۞ وَقَالَ نِسْوَةٌ فِي الْمَدِينَةِ امْرَأَتُ الْعَزِيزِ تُرَاوِدُ فَتَاهَا عَن نَّفْسِهِ ۖ قَدْ شَغَفَهَا حُبًّا ۖ إِنَّا لَنَرَاهَا فِي ضَلَالٍ مُّبِينٍ
၎င်းပြင် မြို့တွင်း၌ရှိသော အချို့မိန်းမများသည်(မာယာဆင်၍ဤသို့ပြစ်တင်)ပြောဆိုကြကုန်၏။ အဇီဇ်၏ ကြင်ရာသည် မိမိကျွန်ကို ၎င်း၏စိတ်သဘောနှင့် ဆန့်ကျင်ပြီး ချော့မော့မြှူဆွယ်နေလေသည်။ ဧကန်စင်စစ် ထိုကျွန်သည် ၎င်း၏စိတ်နှလုံးကို ချစ်မေတ္တာအားဖြင့်ဖုံးလွှမ်းလျက် ရှိနေပေသည်။ဧကန်အမှန် ကျွန်ုပ်တို့သည် ယင်းအဇီဇ်၏ကြင်ရာအား လွှဲချော်မှောက်မှားမှု၌(ကျဆင်းနေသည်ကို)တွေ့မြင် ကြရပေသတည်း။
31فَلَمَّا سَمِعَتْ بِمَكْرِهِنَّ أَرْسَلَتْ إِلَيْهِنَّ وَأَعْتَدَتْ لَهُنَّ مُتَّكَأً وَآتَتْ كُلَّ وَاحِدَةٍ مِّنْهُنَّ سِكِّينًا وَقَالَتِ اخْرُجْ عَلَيْهِنَّ ۖ فَلَمَّا رَأَيْنَهُ أَكْبَرْنَهُ وَقَطَّعْنَ أَيْدِيَهُنَّ وَقُلْنَ حَاشَ لِلَّهِ مَا هَٰذَا بَشَرًا إِنْ هَٰذَا إِلَّا مَلَكٌ كَرِيمٌ
ထို့နောက် ယင်းအဇီဇ်၏ကြင်ရာသည် ထို မိန်းမတို့၏ ဉာဏ်ဆင်မှုကို ကြားသိရလေသော အခါ ၎င်းတို့အား(မိမိတို့အိမ်သို့ ဧည့်ခံကျွေးမွေးရန်) ဖိတ်ခေါ်ခဲ့လေသည်။ ထို့ပြင် ၎င်းတို့အဖို့ (သိုက်မြိုက် တင့်တယ်စွာထိုင်နိုင်ကြရန်)မှီအုံးများကို (ခင်း၍) အဆင့်ဆင့် ပြင်ဆင်ထားခဲ့လေသည်။ ထို့ပြင်ယင်းမိန်းမများအနက် အသီးသီးအား ဓားတစ်ချောင်း စီပေးပြီးနောက်(ယူဆွဖ်အား)အသင်သည် ဤမိန်းမတို့၏ရှေ့သို့ ထွက်ခဲ့လော့ဟု ပြောဆိုခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုမိန်းမတို့သည်ယူဆွဖ်အား တွေ့မြင်ကြသောအခါ၊ ၎င်းနှင့်ပတ်သက်၍ အံ့ချီးမဆုံး ဖြစ်သွားခဲ့ကြကုန်၏။ ၎င်းပြင် ထိုမိန်းမတို့သည် မိမိတို့၏လက်များကို လှီးမိကြကုန်၏။ ထို့နောက် ၎င်းတို့ကအလ္လာဟ်အရှင်မြတ်သည် အပြစ်ကင်းစင်တော်မူ၍ အံ့ချီးမဆုံးနိုင်တော်မူပါဘိတကား။ ဤသူသည် လူသားတစ်ဦးမဖြစ်နိုင်။ ဤသူသည် ကောင်းချီးမင်္ဂလာနှင့်ပြည့်စုံသော ကောင်းကင်စေတမန်သာဖြစ်ပေသတည်းဟု တအံ့တဩ ပြောဆိုကြုန်၏။
32قَالَتْ فَذَٰلِكُنَّ الَّذِي لُمْتُنَّنِي فِيهِ ۖ وَلَقَدْ رَاوَدتُّهُ عَن نَّفْسِهِ فَاسْتَعْصَمَ ۖ وَلَئِن لَّمْ يَفْعَلْ مَا آمُرُهُ لَيُسْجَنَنَّ وَلَيَكُونًا مِّنَ الصَّاغِرِينَ
(ထိုအခါ) ယင်းမိန်းမက (ဤသို့ပြန်)ပြောခဲ့လေ၏။ ဤသည်ပင် အကြင်သူတည်း၊ အသင်မိန်းမတို့သည် ကျွန်ုပ်အား ထိုသူနှင့်ပက်သက်၍ ကဲ့ရဲ့ပြစ်တင်ခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ကျွန်ုပ်သည်ပင် ၎င်းအား ၎င်း၏စိတ်သဘောနှင့်ဆန့်ကျင်၍ ချော့မော့မြှူဆွယ်ခဲ့လေသည်။ သို့တစေလည်း၎င်းမှာမူကား လုံးဝအပြစ်ကင်းစင်စွာ နေခဲ့လေ၏။ သို့ရာတွင်အကယ်၍သာ ၎င်းသည်(အနာဂတ်တွင်)ကျွန်ုပ် အမိန့်ပေးလျက်ရှိသောအမှုကိစ္စကို မပြုလုပ်ခဲ့ပါလျှင် မလွဲဧကန် ၎င်းသည် အကျဉ်းချထားခြင်းခံရသည့်ပြင် ဂုဏ်အသရေနိမ့်ကျသူတစ်ဦးလည်း ဖြစ်ရလိမ့်မည်သာတည်း။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
30အာယာသ်

ဘာသာပြန် — ယူစူဖ် 30

စူရာ ယူစူဖ် အာယာသ် 30 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် မြို့တွင်း၌ရှိသော အချို့မိန်းမများသည်(မာယာဆင်၍ဤသို့ပြစ်တင်)ပြောဆိုကြကုန်၏။ အဇီဇ်၏ ကြင်ရာသည် မိမိကျွန်ကို ၎င်း၏စိတ်သဘောနှင့် ဆန့်ကျင်ပြီး ချော့မော့မြှူဆွယ်နေလေသည်။ ဧကန်စင်စစ်…

စူရာ အာယာသ် 30/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 28–32. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers