ယူစူဖ် · 31/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
فَلَمَّا سَمِعَتْ بِمَكْرِهِنَّ أَرْسَلَتْ إِلَيْهِنَّ وَأَعْتَدَتْ لَهُنَّ مُتَّكَأً وَآتَتْ كُلَّ وَاحِدَةٍ مِّنْهُنَّ سِكِّينًا وَقَالَتِ اخْرُجْ عَلَيْهِنَّ ۖ فَلَمَّا رَأَيْنَهُ أَكْبَرْنَهُ وَقَطَّعْنَ أَيْدِيَهُنَّ وَقُلْنَ حَاشَ لِلَّهِ مَا هَٰذَا بَشَرًا إِنْ هَٰذَا إِلَّا مَلَكٌ كَرِيمٌ ۝٣١
Falammaa sami`at bimak rihinna arsalat ilaihinna wa a`tadat lahunna muttaka anw wa aatat kulla waahidatim min hunna sikkeenanw wa qaala tikh ruj `alaihinna falammaa ra aynahooo akbarnahoo wa qatta`na aydiyahunna wa qulna haasha lillaahi maa haaza basharaa; in haazaaa illaa malakun kareem
📖 မြန်မာဘာသာ
ထို့နောက် ယင်းအဇီဇ်၏ကြင်ရာသည် ထို မိန်းမတို့၏ ဉာဏ်ဆင်မှုကို ကြားသိရလေသော အခါ ၎င်းတို့အား(မိမိတို့အိမ်သို့ ဧည့်ခံကျွေးမွေးရန်) ဖိတ်ခေါ်ခဲ့လေသည်။ ထို့ပြင် ၎င်းတို့အဖို့ (သိုက်မြိုက် တင့်တယ်စွာထိုင်နိုင်ကြရန်)မှီအုံးများကို (ခင်း၍) အဆင့်ဆင့် ပြင်ဆင်ထားခဲ့လေသည်။ ထို့ပြင်ယင်းမိန်းမများအနက် အသီးသီးအား ဓားတစ်ချောင်း စီပေးပြီးနောက်(ယူဆွဖ်အား)အသင်သည် ဤမိန်းမတို့၏ရှေ့သို့ ထွက်ခဲ့လော့ဟု ပြောဆိုခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုမိန်းမတို့သည်ယူဆွဖ်အား တွေ့မြင်ကြသောအခါ၊ ၎င်းနှင့်ပတ်သက်၍ အံ့ချီးမဆုံး ဖြစ်သွားခဲ့ကြကုန်၏။ ၎င်းပြင် ထိုမိန်းမတို့သည် မိမိတို့၏လက်များကို လှီးမိကြကုန်၏။ ထို့နောက် ၎င်းတို့ကအလ္လာဟ်အရှင်မြတ်သည် အပြစ်ကင်းစင်တော်မူ၍ အံ့ချီးမဆုံးနိုင်တော်မူပါဘိတကား။ ဤသူသည် လူသားတစ်ဦးမဖြစ်နိုင်။ ဤသူသည် ကောင်းချီးမင်္ဂလာနှင့်ပြည့်စုံသော ကောင်းကင်စေတမန်သာဖြစ်ပေသတည်းဟု တအံ့တဩ ပြောဆိုကြုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်များ

  • مَكْرِهِنَّ (မကရိဟင်န) — သူတို့၏ လျှို့ဝှက်ကြံစည်မှု၊ သူတို့၏ အတင်းအဖျင်းပြောဆိုမှုနှင့် ကဲ့ရဲ့ရှုတ်ချမှု။
  • مُتَّكَأً (မုတ္တကာအန်) — မှီခိုထိုင်ရန် ခုံများ၊ ကူရှင်များ၊ ထိုင်ခုံများနှင့် ဧည့်ခံကျွေးမွေးရန် အစားအသောက်များ။
  • سِكِّينًا (စိက္ကီနန်) — အစားအသောက်လှီးဖြတ်ရန် ဓားမ။
  • أَكْبَرْنَهُ (အက်ဗရ်နဟု) — သူ့ကို ကြီးမြတ်စွာ ရှုမြင်ခဲ့ကြသည်၊ အလွန်အံ့ဩခဲ့ကြသည်။
  • وَقَطَّعْنَ أَيْدِيَهُنَّ (ဝကသ်သွအ်န အိုင်ဒီယဟုန်န) — မိမိတို့၏ လက်များကို လှီးဖြတ်မိခဲ့ကြသည် (အံ့ဩမှုလွန်ကဲသောကြောင့်)။
  • حَاشَ لِلَّهِ (ဟာရှ လိလ္လာဟ်) — အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသည် (အံ့ဩမှုကို ဖော်ပြသော စကားလုံး)။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အဇီးဇ်၏ ဇနီးသည် မိန်းမများက သူမကို လျှို့ဝှက်ကြံစည်၍ ကဲ့ရဲ့ရှုတ်ချနေကြသည်ကို ကြားသိသောအခါ သူမသည် ထိုမိန်းမများထံသို့ ဖိတ်ကြားစေပြီး သူတို့အတွက် မှီခိုထိုင်ရန် ခုံများ၊ ကူရှင်များနှင့် ဧည့်ခံကျွေးမွေးရန် အစားအသောက်များကို အသင့်ပြင်ဆင်ပေးခဲ့သည်။ ထို့နောက် သူတို့အနက် တစ်ဦးချင်းစီအား အစားအသောက်လှီးဖြတ်ရန် ဓားမတစ်လက်စီ ပေးအပ်ခဲ့သည်။ ထို့နောက် ယူစုဖ် (အလိုင်ဟိစ်စလာမ်) အား “သူတို့ရှေ့သို့ ထွက်လာပါ” ဟု ဆိုခဲ့သည်။ သူတို့သည် ယူစုဖ်ကို မြင်ကြသောအခါ သူ့အား အလွန်ကြီးမြတ်စွာ ရှုမြင်ခဲ့ကြပြီး သူ့အလှအပနှင့် ရုပ်ရည်လက္ခဏာက သူတို့ကို အံ့ဩမှုလွန်ကဲစေခဲ့သည်။ ထို့ကြောင့် သူတို့သည် အစားအသောက်လှီးဖြတ်နေစဉ် မိမိတို့၏ လက်များကို မသိလိုက်မသိဘာသာ လှီးဖြတ်မိခဲ့ကြသည်။ ထို့နောက် သူတို့သည် အံ့ဩမှုနှင့်အတူ “အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသည်။ ဤသူသည် လူသားမဟုတ်ပါ။ ဤသူသည် ဂုဏ်သိက္ခာကြီးမားသော မာလာအိကသ်တစ်ပါးသာ ဖြစ်သည်” ဟု ဆိုခဲ့ကြသည်။ အမှန်မှာ သူသည် လူသားဖြစ်ကြောင်း သူတို့သိကြသော်လည်း သူ့တွင် ရှိသော အလှအပနှင့် ရုပ်ရည်လက္ခဏာသည် လူသားများတ



📜 အာယာသ် 29-33 — စူရာ ယူစူဖ်

29يُوسُفُ أَعْرِضْ عَنْ هَٰذَا ۚ وَاسْتَغْفِرِي لِذَنبِكِ ۖ إِنَّكِ كُنتِ مِنَ الْخَاطِئِينَ
(ထို့နောက် ဆက်လက် ပြောဆိုခဲ့ပြန်သည်မှာ)အို-ယူဆွဖ်၊ အသင်သည် ဤသည်ကိုလျစ်လျူရှုကာ လွှဲရှောင်၍သွားလော့။ ထို့ပြင် (အို-မိန်းမ)သင်သည် မိမိပြစ်မှုကို (ဝန်ချတောင်းပန်၍)လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံလော့။ ဧကန်မလွဲ အသင်မသည် ပြစ်မှုကျူးလွန်သူတစ်ဦး ဖြစ်ချေသတည်း။(ဟုပြောဆိုခဲ့လေ၏။)
30۞ وَقَالَ نِسْوَةٌ فِي الْمَدِينَةِ امْرَأَتُ الْعَزِيزِ تُرَاوِدُ فَتَاهَا عَن نَّفْسِهِ ۖ قَدْ شَغَفَهَا حُبًّا ۖ إِنَّا لَنَرَاهَا فِي ضَلَالٍ مُّبِينٍ
၎င်းပြင် မြို့တွင်း၌ရှိသော အချို့မိန်းမများသည်(မာယာဆင်၍ဤသို့ပြစ်တင်)ပြောဆိုကြကုန်၏။ အဇီဇ်၏ ကြင်ရာသည် မိမိကျွန်ကို ၎င်း၏စိတ်သဘောနှင့် ဆန့်ကျင်ပြီး ချော့မော့မြှူဆွယ်နေလေသည်။ ဧကန်စင်စစ် ထိုကျွန်သည် ၎င်း၏စိတ်နှလုံးကို ချစ်မေတ္တာအားဖြင့်ဖုံးလွှမ်းလျက် ရှိနေပေသည်။ဧကန်အမှန် ကျွန်ုပ်တို့သည် ယင်းအဇီဇ်၏ကြင်ရာအား လွှဲချော်မှောက်မှားမှု၌(ကျဆင်းနေသည်ကို)တွေ့မြင် ကြရပေသတည်း။
31فَلَمَّا سَمِعَتْ بِمَكْرِهِنَّ أَرْسَلَتْ إِلَيْهِنَّ وَأَعْتَدَتْ لَهُنَّ مُتَّكَأً وَآتَتْ كُلَّ وَاحِدَةٍ مِّنْهُنَّ سِكِّينًا وَقَالَتِ اخْرُجْ عَلَيْهِنَّ ۖ فَلَمَّا رَأَيْنَهُ أَكْبَرْنَهُ وَقَطَّعْنَ أَيْدِيَهُنَّ وَقُلْنَ حَاشَ لِلَّهِ مَا هَٰذَا بَشَرًا إِنْ هَٰذَا إِلَّا مَلَكٌ كَرِيمٌ
ထို့နောက် ယင်းအဇီဇ်၏ကြင်ရာသည် ထို မိန်းမတို့၏ ဉာဏ်ဆင်မှုကို ကြားသိရလေသော အခါ ၎င်းတို့အား(မိမိတို့အိမ်သို့ ဧည့်ခံကျွေးမွေးရန်) ဖိတ်ခေါ်ခဲ့လေသည်။ ထို့ပြင် ၎င်းတို့အဖို့ (သိုက်မြိုက် တင့်တယ်စွာထိုင်နိုင်ကြရန်)မှီအုံးများကို (ခင်း၍) အဆင့်ဆင့် ပြင်ဆင်ထားခဲ့လေသည်။ ထို့ပြင်ယင်းမိန်းမများအနက် အသီးသီးအား ဓားတစ်ချောင်း စီပေးပြီးနောက်(ယူဆွဖ်အား)အသင်သည် ဤမိန်းမတို့၏ရှေ့သို့ ထွက်ခဲ့လော့ဟု ပြောဆိုခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုမိန်းမတို့သည်ယူဆွဖ်အား တွေ့မြင်ကြသောအခါ၊ ၎င်းနှင့်ပတ်သက်၍ အံ့ချီးမဆုံး ဖြစ်သွားခဲ့ကြကုန်၏။ ၎င်းပြင် ထိုမိန်းမတို့သည် မိမိတို့၏လက်များကို လှီးမိကြကုန်၏။ ထို့နောက် ၎င်းတို့ကအလ္လာဟ်အရှင်မြတ်သည် အပြစ်ကင်းစင်တော်မူ၍ အံ့ချီးမဆုံးနိုင်တော်မူပါဘိတကား။ ဤသူသည် လူသားတစ်ဦးမဖြစ်နိုင်။ ဤသူသည် ကောင်းချီးမင်္ဂလာနှင့်ပြည့်စုံသော ကောင်းကင်စေတမန်သာဖြစ်ပေသတည်းဟု တအံ့တဩ ပြောဆိုကြုန်၏။
32قَالَتْ فَذَٰلِكُنَّ الَّذِي لُمْتُنَّنِي فِيهِ ۖ وَلَقَدْ رَاوَدتُّهُ عَن نَّفْسِهِ فَاسْتَعْصَمَ ۖ وَلَئِن لَّمْ يَفْعَلْ مَا آمُرُهُ لَيُسْجَنَنَّ وَلَيَكُونًا مِّنَ الصَّاغِرِينَ
(ထိုအခါ) ယင်းမိန်းမက (ဤသို့ပြန်)ပြောခဲ့လေ၏။ ဤသည်ပင် အကြင်သူတည်း၊ အသင်မိန်းမတို့သည် ကျွန်ုပ်အား ထိုသူနှင့်ပက်သက်၍ ကဲ့ရဲ့ပြစ်တင်ခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ကျွန်ုပ်သည်ပင် ၎င်းအား ၎င်း၏စိတ်သဘောနှင့်ဆန့်ကျင်၍ ချော့မော့မြှူဆွယ်ခဲ့လေသည်။ သို့တစေလည်း၎င်းမှာမူကား လုံးဝအပြစ်ကင်းစင်စွာ နေခဲ့လေ၏။ သို့ရာတွင်အကယ်၍သာ ၎င်းသည်(အနာဂတ်တွင်)ကျွန်ုပ် အမိန့်ပေးလျက်ရှိသောအမှုကိစ္စကို မပြုလုပ်ခဲ့ပါလျှင် မလွဲဧကန် ၎င်းသည် အကျဉ်းချထားခြင်းခံရသည့်ပြင် ဂုဏ်အသရေနိမ့်ကျသူတစ်ဦးလည်း ဖြစ်ရလိမ့်မည်သာတည်း။
33قَالَ رَبِّ السِّجْنُ أَحَبُّ إِلَيَّ مِمَّا يَدْعُونَنِي إِلَيْهِ ۖ وَإِلَّا تَصْرِفْ عَنِّي كَيْدَهُنَّ أَصْبُ إِلَيْهِنَّ وَأَكُن مِّنَ الْجَاهِلِينَ
(ထိုအခါ) ယင်းယူဆွဖ်က (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့)လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ထိုမိန်းမတို့သည် ကျွန်တော်မျိုးအား ဖိတ်ခေါ်လျက်ရှိသော ကိစ္စ(ကိုလိုက်နာ ဆောင်ရွက်ရမည်)ထက် ကျွန်တော်မျိုးအဖို့ အကျဉ်းထောင်သည်ပင် သာ၍နှစ်သက်ဖွယ်ရာဖြစ်ပါ၏။ စင်စစ်မှာမူကား အကယ်၍သာ အရှင်မြတ်သည် ထိုမိန်းမတို့၏ ပရိယာယ်မာယာကို ကျွန်တော်မျိုးထံမှ ကွေကွင်းစေတော်မမူခဲ့ပါလျှင်ကျွန်တော်မျိုးသည် ၎င်းတို့ဘက်သို့ယိမ်းညွတ်သွားမိပါလိမ့်မည်။ထိုအခါ ကျွန်တော်မျိုးသည် မသိမိုက်မဲသူတို့တွင် တစ်ဦး အပါအဝင် ဖြစ်သွားပါလိမ့်မည်။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
31အာယာသ်

ဘာသာပြန် — ယူစူဖ် 31

စူရာ ယူစူဖ် အာယာသ် 31 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ယင်းအဇီဇ်၏ကြင်ရာသည် ထို မိန်းမတို့၏ ဉာဏ်ဆင်မှုကို ကြားသိရလေသော အခါ ၎င်းတို့အား(မိမိတို့အိမ်သို့ ဧည့်ခံကျွေးမွေးရန်) ဖိတ်ခေါ်ခဲ့လေသည်။…

စူရာ အာယာသ် 31/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 29–33. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers