အန်-နဟ်လ် · 30/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
۞ وَقِيلَ لِلَّذِينَ اتَّقَوْا مَاذَا أَنزَلَ رَبُّكُمْ ۚ قَالُوا خَيْرًا ۗ لِّلَّذِينَ أَحْسَنُوا فِي هَٰذِهِ الدُّنْيَا حَسَنَةٌ ۚ وَلَدَارُ الْآخِرَةِ خَيْرٌ ۚ وَلَنِعْمَ دَارُ الْمُتَّقِينَ ۝٣٠
Wa qeela lillazeenat taqaw maazaaa anzala Rabbukum; qaaloo khairaa; lillazeena absanoo fee haazihid dunyaa hasanah; wa la Daarul Aakhirati khair; wa lani`ma daarul muttaqeen
📖 မြန်မာဘာသာ
သို့ရာတွင် (ရှရစ်က်စသည်တို့မှ)ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့ကို အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အဘယ်အရာကို ချပေးသနားတော်မူပါသနည်းဟု ပြောဆိုမေးမြန်းခဲ့သော်၊ ၎င်းတို့က အလွန်ကောင်းမွန်သောအရာကို(ချပေးသနားတော်မူပါသည်)ဟုပြောဆိုဖြေကြားကြပေသည်။ ကောင်းမှု ပြုလုပ်သူတို့အဖို့ ဤလောက၌လည်း ကောင်းကျိုးရှိပေသည်။ ထိုမှတစ်ပါး တမလွန်ဘဝ၏ ဗိမာန်သည်ကား အမှန်ပင် အကောင်းဆုံးဖြစ်၏။စင်စစ်သော်ကား သူတော်စင်တို့၏နေရာဌာနသည် အမှန်ပင်ကောင်းမြတ်လှပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • အတ္တက္ကော့ (اتَّقَوْا) — အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ခြင်း၊ အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြင့် မိမိကိုယ်ကို ကာကွယ်သူများ။
  • ဟာစနသွန် (حَسَنَةٌ) — ကောင်းမှုတစ်ခု၊ ကောင်းကျိုးချမ်းသာတစ်ခု။
  • ဒါရုလ်အာခိရဟ် (دَارُ الْآخِرَةِ) — တမလွန်ဘဝ၏ နေအိမ် (ဂျန္နသ်)။
  • နိအ်မဒါရုလ်မုတ္တကီန် (نِعْمَ دَارُ الْمُتَّقِينَ) — မုတ္တကီများ (အရှင်မြတ်ကို ကြောက်ရွံ့သူများ) ၏ နေအိမ်သည် အလွန်ကောင်းမြတ်လှပေစွ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သော မုအ်မင်န်များနှင့် မယုံကြည်သူများအကြား ကွာခြားချက်ကို ဖော်ပြထားပါသည်။ မယုံကြည်သူများကို တမန်တော်မုဟမ္မဒ် (ဆွ) အပေါ် အရှင်မြတ် ချပေးတော်မူသော အရာနှင့်ပတ်သက်၍ မေးမြန်းသောအခါ သူတို့သည် မထီမဲ့မြင်ပြုလျက် ပြန်လည်ဖြေကြားကြသည်။ သို့သော် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သော မုအ်မင်န်များကို ထိုအကြောင်းကို မေးမြန်းသောအခါ သူတို့က “အရှင်မြတ်သည် ကောင်းမှုကြီးကို ချပေးတော်မူခဲ့သည်” ဟု ရိုးသားစွာ ဖြေကြားကြသည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဂုဏ်ကျေးဇူးတော်ကို ရှင်းလင်းဖော်ပြတော်မူသည်။ ဤလောကီဘဝတွင် ကောင်းမှုပြုသူများ — ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ခြင်း၌လည်းကောင်း၊ ဖန်ဆင်းခံသတ္တဝါများနှင့် ဆက်ဆံရေး၌လည်းကောင်း ကောင်းမွန်စွာ ပြုမူသူများ — အတွက် ဤလောကီဘဝတွင်ပင် ကောင်းသော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။ ဥပမာ — အောင်မြင်မှု၊ ရိက္ခာအကျယ်အဝန်း စသည်တို့ဖြစ်သည်။ သို့သော် တမလွန်ဘဝ၏ နေအိမ်သည် ဤလောကီဘဝတွင် ရရှိသော အရာများထက် များစွာသာလွန်ကောင်းမြတ်သည်။ အကြောင်းမှာ ထိုတမလွန်ဘဝတွင် အလ္လာဟ်အရှင်မြတ်သည် မုတ္တကီများအတွက် အသင့်ပြင်ဆင်ထားတော်မူသော ဆုလာဘ်များသည် မည်သည့်မျက်စိဖြင့်မျှ မမြင်ဖူးသော၊ မည်သည့်နားဖြင့်မျှ မကြားဖူးသော၊ မည်သည့်လူသား၏ စိတ်နှလုံးထဲသို့မျှ မဝင်ရောက်ဖူးသော ချမ်းသာသုခများ ဖြစ်သောကြောင့်တည်း။

ထို့ကြောင့် အလ္လာဟ်အရှ



📜 အာယာသ် 28-32 — စူရာ အန်-နဟ်လ်

28الَّذِينَ تَتَوَفَّاهُمُ الْمَلَائِكَةُ ظَالِمِي أَنفُسِهِمْ ۖ فَأَلْقَوُا السَّلَمَ مَا كُنَّا نَعْمَلُ مِن سُوءٍ ۚ بَلَىٰ إِنَّ اللَّهَ عَلِيمٌ بِمَا كُنتُمْ تَعْمَلُونَ
ယင်းကာဖိရ်များသည် မိမိတို့ကိုယ်ကို နှိပ်စက်လျက်ရှိနေခဲ့ကြစဉ် ကောင်းကင်တမန်များသည် ၎င်းတို့၏အသက်များကိုနှုတ်ယူခဲ့ကြသည်။ ထိုအခါ ၎င်းတို့သည် ကျွန်တော်မျိုးတို့ မည်သည့်မကောင်းမှုကိုမျှ ပြုလုပ်လျက်ရှိခဲ့ကြသည်မဟုတ်ဟူ၍(ပြောဆိုကာ)ကျိုးနွံလာကြပေမည်။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား(၎င်းတို့သည် မကောင်းမှုများကိုအမှန်ပင် ပြုလုပ်လျက်ရှိခဲ့ကြကုန်၏) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်လျက် ရှိခဲ့ကြသည်တို့ကိုအကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင်ဖြစ်ပေတော်မူတည်း။
29فَادْخُلُوا أَبْوَابَ جَهَنَّمَ خَالِدِينَ فِيهَا ۖ فَلَبِئْسَ مَثْوَى الْمُتَكَبِّرِينَ
သို့ဖြစ်ပေရာ (ယခုမူ) အသင်တို့သည် ဂျဟန္နမ်ငရဲဘုံ၏ တံခါးပေါက်များသို့ ထိုဂျဟန္နမ်ငရဲဘုံ၌ အမြဲထာဝစဉ်နေထိုင်သူများအဖြစ် ဝင်ကြလေကုန်။ စစ်စစ်မှာမူကား မောက်မာပလွှားသူတို့၏ ပြန်လည်ရာ ဌာနသည် အဘယ်မျှဆိုးရွားလှဘိသနည်း။
30۞ وَقِيلَ لِلَّذِينَ اتَّقَوْا مَاذَا أَنزَلَ رَبُّكُمْ ۚ قَالُوا خَيْرًا ۗ لِّلَّذِينَ أَحْسَنُوا فِي هَٰذِهِ الدُّنْيَا حَسَنَةٌ ۚ وَلَدَارُ الْآخِرَةِ خَيْرٌ ۚ وَلَنِعْمَ دَارُ الْمُتَّقِينَ
သို့ရာတွင် (ရှရစ်က်စသည်တို့မှ)ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့ကို အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အဘယ်အရာကို ချပေးသနားတော်မူပါသနည်းဟု ပြောဆိုမေးမြန်းခဲ့သော်၊ ၎င်းတို့က အလွန်ကောင်းမွန်သောအရာကို(ချပေးသနားတော်မူပါသည်)ဟုပြောဆိုဖြေကြားကြပေသည်။ ကောင်းမှု ပြုလုပ်သူတို့အဖို့ ဤလောက၌လည်း ကောင်းကျိုးရှိပေသည်။ ထိုမှတစ်ပါး တမလွန်ဘဝ၏ ဗိမာန်သည်ကား အမှန်ပင် အကောင်းဆုံးဖြစ်၏။စင်စစ်သော်ကား သူတော်စင်တို့၏နေရာဌာနသည် အမှန်ပင်ကောင်းမြတ်လှပေသည်။
31جَنَّاتُ عَدْنٍ يَدْخُلُونَهَا تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۖ لَهُمْ فِيهَا مَا يَشَاءُونَ ۚ كَذَٰلِكَ يَجْزِي اللَّهُ الْمُتَّقِينَ
(ထိုနေအိမ်များမှာ) အမြဲထာဝရ နေထိုင်ကြရမည့် ဥယျာဉ်များပင်။ ထိုသူတော်စင်တို့သည် ယင်းဥယျာဉ်များတွင် ဝင်ရောက်ကြပေမည်။ ယင်းဥယျာဉ်များအောက်၌ မြစ်ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ၎င်းတို့အဖို့ ယင်းဥယျာဉ်များတွင် ၎င်းတို့အလိုရှိသမျှတို့သည် ရှိချေမည်။အလ္လာဟ်အရှင်မြတ်သည် သူတော်စင်တို့အား ဤအတိုင်းပင်အစားပေးတော်မူ၏။
32الَّذِينَ تَتَوَفَّاهُمُ الْمَلَائِكَةُ طَيِّبِينَ ۙ يَقُولُونَ سَلَامٌ عَلَيْكُمُ ادْخُلُوا الْجَنَّةَ بِمَا كُنتُمْ تَعْمَلُونَ
အကြင်သူ(တော်စင်)တို့အား မလာအိကဟ်ကောင်းကင်တမန်တို့သည် ၎င်းတို့၏အသက်ကို(၎င်းတို့) သန့်ရှင်းစွာရှိနေကြစဉ် နှုတ်ယူကြလေသည်။ (၎င်းပြင်) ထိုမလာအိကဟ် ကောင်းကင်တမန်များက (ထိုသူတော်စင်တို့အားအသက်နုတ်ယူစဉ်အခါ၌ (စလာမွန်အလိုက်ကွန်မ်) ငြိမ်းချမ်းမှုသည် အသင်တို့အပေါ်၌ရှိပါစေသား။ အသင်တို့သည် မိမိတို့ကျင့်မူခဲ့ကြသော(ကောင်းမှုသုစရိုက်များ)ကြောင့်ပင် ဂျန္နတ်အမတသုခဘုံသို့ ဝင်ရောက်ကြလေကုန်ဟု ပြောဆိုကြပေမည်။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
30အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 30

စူရာ အန်-နဟ်လ် အာယာသ် 30 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် (ရှရစ်က်စသည်တို့မှ)ကြဉ်ရှောင်ကြကုန်သော သူတော်စင်တို့ကို အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အဘယ်အရာကို ချပေးသနားတော်မူပါသနည်းဟု ပြောဆိုမေးမြန်းခဲ့သော်၊ ၎င်းတို့က အလွန်ကောင်းမွန်သောအရာကို(ချပေးသနားတော်မူပါသည်)ဟုပြောဆိုဖြေကြားကြပေသည်။…

စူရာ အာယာသ် 30/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 28–32. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers