အလ်-ဟဂ်ျ · 34/78
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဂ်ျ
وَلِكُلِّ أُمَّةٍ جَعَلْنَا مَنسَكًا لِّيَذْكُرُوا اسْمَ اللَّهِ عَلَىٰ مَا رَزَقَهُم مِّن بَهِيمَةِ الْأَنْعَامِ ۗ فَإِلَٰهُكُمْ إِلَٰهٌ وَاحِدٌ فَلَهُ أَسْلِمُوا ۗ وَبَشِّرِ الْمُخْبِتِينَ ۝٣٤
Wa likulli ummatin ja`alnaa mansakal liyazkurus mal laahi `alaa maa razaqahum mim baheematil an`aam; failaahukum ilaahunw Waahidun falahooo aslimoo; wa bashshiril mukhbiteen
📖 မြန်မာဘာသာ
စင်စစ် ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအဖို့ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏နာမတော် ထိုအရှင်မြတ်က မိမိတို့အား အစားအစာအဖြစ် ချီးမြှင့်ပေးသနားတော်မူခဲ့သော အခြေလေးချောင်း တိရစ္ဆာန်များအပေါ်၌ တသကြအံ့သောငှာ ကုရ်ဗာနီပြုခြင်းကို သတ်မှတ်ပြဌာန်းတော်မူခဲ့၏။ စင်စစ်သော်ကား အသင်တို့၏ ကိုးကွယ်ရာအရှင်သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်ပင် ဖြစ်တော်မူ၏။သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်ကိုသာ လိုက်နာကြလေကုန်။ ထို့ပြင်(အို-တမန်တော်)အသင်သည်ကျိုးနွံသောသူတို့အား ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကို ပြောကြားပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • أُمَّة (အုမ္မသ်) — လူမျိုးစု၊ အုပ်စုအဖွဲ့။ ဤနေရာတွင် ယုံကြည်သူ အုပ်စုတစ်စုကို ဆိုလိုသည်။
  • مَنسَك (မန်စက်) — ကိုးကွယ်မှုဆိုင်ရာ ကျင့်ဝတ်၊ အထူးသဖြင့် တိရစ္ဆာန်သတ်ပြီး အလ္လာဟ်အရှင်မြတ်အတွက် ပူဇော်သော ကိုးကွယ်မှု။
  • بَهِيمَةِ الْأَنْعَام (ဗဟီမသിൽ အန်အာမ်) — ကျွဲ၊ နွား၊ သိုး၊ ဆိတ် စသော တိရစ္ဆာန်များ။
  • أَسْلِمُوا (အစ်လီမူ) — မိမိကိုယ်ကို အပ်နှံပါ၊ နာခံပါ။
  • الْمُخْبِتِينَ (အလ်မုခ္ဗိသ်သီန်) — နှိမ့်ချသူများ၊ ကျိုးနွံနာခံသူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် ရှေးယခင်က ယုံကြည်သူ လူမျိုးတိုင်းအတွက် ကိုးကွယ်မှုဆိုင်ရာ ကျင့်ဝတ်တစ်ခုကို သတ်မှတ်ပေးတော်မူခဲ့သည်။ ထိုကျင့်ဝတ်၏ အဓိကအချက်မှာ အရှင်မြတ်ပေးအပ်တော်မူသော ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသော တိရစ္ဆာန်များကို ပူဇော်သတ်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို သတိရဖော်ပြီး ပူဇော်ခြင်းဖြစ်သည်။ ဤသို့ဖြင့် သူတို့သည် အရှင်မြတ်၏ ကျေးဇူးတော်ကို အသိအမှတ်ပြုကြသည်။ ထို့နောက် အရှင်မြတ်သည် လူသားအားလုံးကို ဤသို့ မိန့်ကြားတော်မူသည် — သင်တို့၏ ကိုးကွယ်ရာ (အီလာဟ်) သည် တစ်ဆူတည်းသော အရှင်ဖြစ်သည်။ ထို့ကြောင့် ထိုအရှင်မြတ်တစ်ပါးတည်းအတွက်သာ မိမိကိုယ်ကို အပ်နှံ၍ နာခံကြပါ။ အို—နဗီတမန်တော်၊ နှိမ့်ချကျိုးနွံသူများအား ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကို ပေးပို့လိုက်ပါ။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အစ္စလာမ်သည် လူသားအားလုံးအတွက် လမ်းညွှန်ချက်ဖြစ်သည်။ ရှေးယခင်က လူမျိုးများအတွက်လည်း ကိုးကွယ်မှုဆိုင်ရာ ကျင့်ဝတ်များ ရှိခဲ့ကြသည်။ ဤအချက်က အစ္စလာမ်သည် လူသားမျိုးနွယ်အားလုံးအတွက် ဆက်စပ်လျက်ရှိသော ဘာသာတရားဖြစ်ကြောင်း ဖော်ပြသည်။
  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော ကိုးကွယ်ရာဖြစ်တော်မူသည်။ မည်သည့်အရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်း မပြုရ။
  • မိမိကိုယ်ကို အရှင်မြတ်ထံ အပ်နှံခြင်း (အစ္စလာမ်) သည် စစ်မှန်သော ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို ရရှိစေသည်။

-



📜 အာယာသ် 32-36 — စူရာ အလ်-ဟဂ်ျ

32ذَٰلِكَ وَمَن يُعَظِّمْ شَعَائِرَ اللَّهِ فَإِنَّهَا مِن تَقْوَى الْقُلُوبِ
(အမိန့်တော်သည်)ဤသည်ပင်၊ စင်စစ်မူကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အထိမ်းအမှတ်တော်များကို ရိုသေခန့်ညားပါလျှင် ယင်းရိုသေခန့်ညားမှုသည် စိတ်နှလုံးများမှ ရိုသေလိုက်နာမှုပင်ဖြစ်ပေသည်။
33لَكُمْ فِيهَا مَنَافِعُ إِلَىٰ أَجَلٍ مُّسَمًّى ثُمَّ مَحِلُّهَا إِلَى الْبَيْتِ الْعَتِيقِ
အသင်တို့အဖို့ သတ်မှတ်ထားသော အချိန်ကာလတိုင်အောင် ယင်းအထိမ်းအမှတ်တော်များ (ကုရ်ဗာနီသားကောင်များ) အကျိုးခံစားခွင့်ရှိပေသည်။ ထို့နောက် ယင်းသားကောင်များ(ကိုလှီးဖြတ်ရန်)နေရာကား ရှေးဟောင်းအိမ်တော်၏အနီး၌ပင် ဖြစ်ချေသတည်း။
34وَلِكُلِّ أُمَّةٍ جَعَلْنَا مَنسَكًا لِّيَذْكُرُوا اسْمَ اللَّهِ عَلَىٰ مَا رَزَقَهُم مِّن بَهِيمَةِ الْأَنْعَامِ ۗ فَإِلَٰهُكُمْ إِلَٰهٌ وَاحِدٌ فَلَهُ أَسْلِمُوا ۗ وَبَشِّرِ الْمُخْبِتِينَ
စင်စစ် ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအဖို့ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏နာမတော် ထိုအရှင်မြတ်က မိမိတို့အား အစားအစာအဖြစ် ချီးမြှင့်ပေးသနားတော်မူခဲ့သော အခြေလေးချောင်း တိရစ္ဆာန်များအပေါ်၌ တသကြအံ့သောငှာ ကုရ်ဗာနီပြုခြင်းကို သတ်မှတ်ပြဌာန်းတော်မူခဲ့၏။ စင်စစ်သော်ကား အသင်တို့၏ ကိုးကွယ်ရာအရှင်သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်ပင် ဖြစ်တော်မူ၏။သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်ကိုသာ လိုက်နာကြလေကုန်။ ထို့ပြင်(အို-တမန်တော်)အသင်သည်ကျိုးနွံသောသူတို့အား ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကို ပြောကြားပါလေ။
35الَّذِينَ إِذَا ذُكِرَ اللَّهُ وَجِلَتْ قُلُوبُهُمْ وَالصَّابِرِينَ عَلَىٰ مَا أَصَابَهُمْ وَالْمُقِيمِي الصَّلَاةِ وَمِمَّا رَزَقْنَاهُمْ يُنفِقُونَ
အကြင်(ကျိုးနွံသော)သူတို့အား(၎င်းတို့ ရှေ့ဝယ်)အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ပြောဆိုခဲ့သောအခါ ၎င်းတို့၏ စိတ်နှလုံးများသည် ထိတ်လန့် တုန်လှုပ်၍ သွားကြလေသည်။ ထို့ပြင်(အသင်သည်)မိမိတို့၌ သက်ရောက်သော ဘေးဒုက္ခများနှင့်စပ်လျဉ်း၍ သည်းခံခြင်းတရားထားရှိကြသော သူတို့အားလည်းကောင်း၊ ဆွလာတ်ဝတ်ပြုမှုကို အမြဲမပြတ်ဆောက်တည်ကြသော သူတို့အားလည်းကောင်း၊ မိမိတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူခဲ့သော ပစ္စည်းဥစ္စာများအနက်မှ လှူဒါန်းသုံးစွဲကြသူတို့အားလည်းကောင်း (သတင်းကောင်းကို ပြောကြားပါလေ)။
36وَالْبُدْنَ جَعَلْنَاهَا لَكُم مِّن شَعَائِرِ اللَّهِ لَكُمْ فِيهَا خَيْرٌ ۖ فَاذْكُرُوا اسْمَ اللَّهِ عَلَيْهَا صَوَافَّ ۖ فَإِذَا وَجَبَتْ جُنُوبُهَا فَكُلُوا مِنْهَا وَأَطْعِمُوا الْقَانِعَ وَالْمُعْتَرَّ ۚ كَذَٰلِكَ سَخَّرْنَاهَا لَكُمْ لَعَلَّكُمْ تَشْكُرُونَ
စင်စစ် ငါအရှင်မြတ်သည် ကုရ်ဗာနီကုလားအုတ်များကို အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်၏(သာသနာ့)အထိမ်းအမှတ်များအနက် အထိမ်းအမှတ်တစ်ရပ် ပြုလုပ်တော်မူခဲ့၏။ အသင်တို့အဖို့ ယင်းကုရ်ဗာနီ ကုလားအုတ်များတွင် ကောင်းကျိုးသည်ရှိပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ယင်းကုရ်ဗာနီကုလားအုတ်များအပေါ်ဝယ် (၎င်းတို့အား)စီတန်းရပ်စေလျက် အလ္လာဟ်အရှင်မြတ်၏ နာမံတော်ကို ရွတ်ဆိုတသ(၍ကုရ်ဗာနီပြုလုပ်)ကြလေကုန်။ ထို့နောက် ယင်းကုရ်ဗာနီကုလားအုတ်များသည် ဘေးစောင်းလဲကျသွားကြလေသောအခါ အသင်တို့သည် ၎င်းတို့(၏အသား)အနက်မှ မိမိတို့ကိုယ်တိုင်လည်း စားသုံးကြလေကုန်။ (လက်ဖြန့်တောင်းခံခြင်း မပြုဘဲ) ရောင့်ရဲတင်းတိမ်(မှုဖြင့်သိက္ခာစောင့်စည်း)သူအား လည်းကောင်း၊ (သိက္ခာမစောင့်စည်းနိုင်ဘဲဖွင့်ဟ) တောင်းရမ်းသူအားလည်းကောင်း၊ ကျွေးမွေးကြ လေကုန်။ ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် အသင်တို့ ကျေးဇူးတင်ကြအံ့သောငှာ ယင်းကုရ်ဗာနီကုလားအုတ်များကို အသင်တို့၏လက်အောက်ခံ ဖြစ်စေတော်မူခဲ့ပေသတည်း။
အလ်-ဟဂ်ျကုရ်အာန် ညွှန်းကိန်း
78အာယာသ်
MedinanRevelation
34အာယာသ်

ဘာသာပြန် — အလ်-ဟဂ်ျ 34

စူရာ အလ်-ဟဂ်ျ အာယာသ် 34 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ် ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအဖို့ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏နာမတော် ထိုအရှင်မြတ်က မိမိတို့အား အစားအစာအဖြစ် ချီးမြှင့်ပေးသနားတော်မူခဲ့သော အခြေလေးချောင်း…

စူရာ အာယာသ် 34/78 — စူရာ အလ်-ဟဂ်ျ الحج (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဂ်ျ နားထောင်, စူရာ အလ်-ဟဂ်ျ ဘာသာပြန်, စူရာ အလ်-ဟဂ်ျ mp3, စူရာ အလ်-ဟဂ်ျ pdf. အာယာသ် 32–36. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 29, 2026

Don't forget us in your sincere prayers