لِّكُلِّ أُمَّةٍ جَعَلْنَا مَنسَكًا هُمْ نَاسِكُوهُ ۖ فَلَا يُنَازِعُنَّكَ فِي الْأَمْرِ ۚ وَادْعُ إِلَىٰ رَبِّكَ ۖ إِنَّكَ لَعَلَىٰ هُدًى مُّسْتَقِيمٍ ٦٧
🔤 Transliteration
Likulli ummatin ja`alnaa mansakan hum naasikoohu falaa yunaazi `unnaka fil amr; wad`u ilaa Rabbika innaka la `alaa hudam mustaqeem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအဖို့ (ကိုးကွယ်ဆည်းကပ်ရန်) ပညတ်တရားတစ်ခုကို သတ်မှတ်ပြဋ္ဌာန်း၍ ပေးတော်မူခဲ့ရာ ၎င်းတို့သည် ယင်းပညတ်တရားနှင့်အညီ ကိုးကွယ်ဆည်းကပ် လိုက်နာသူများ ဖြစ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ (ဤသူတို့သည်) ယင်းအရေးကိစ္စ၌ အသင်နှင့် ငြင်းခုံခြင်းကို မပြုကြရချေ။ ၎င်းပြင် အသင်သည်(လည်း)မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ (၎င်းတို့အား)ဖိတ်ခေါ်လျက်ရှိပါလေ။ ဧကန်မလွဲ အသင်သည် ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ပေါ်၌ တည်ရှိပေသည်။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: أُمَّةٍ (အုမ္မသ်) : လူမျိုးတစ်မျိုး၊ လူ့အဖွဲ့အစည်းတစ်ခု၊ သို့မဟုတ် ဘာသာဝင်အုပ်စုတစ်စု။مَنسَكًا (မန်စကန်) : ကိုးကွယ်မှုနည်းစနစ်၊ ရှရီအသ်ဥပဒေ၊ သို့မဟုတ် ကိုးကွယ်ဆည်းကပ်ပုံနည်းလမ်း။نَاسِكُوهُ (နာစိကူဟု) : ထိုနည်းစနစ်ကို လိုက်နာကျင့်သုံးသူများ။فَلَا يُنَازِعُنَّكَ (ဖလာ ယုနာဇိအုန္နက) : သူတို့သည် သင့်အား အငြင်းအခုံ မလုပ်ကြပါစေနှင့်။هُدًى مُّسْتَقِيمٍ (ဟုဒန် မုစ်သကီမ်) : ဖြောင့်မတ်သော လမ်းညွှန်မှု၊ မှန်ကန်သော လမ်းစဉ်။အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: အလ္လာဟ်အရှင်မြတ်သည် လူမျိုးတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းအတွက် ကိုးကွယ်ဆည်းကပ်မှုဆိုင်ရာ နည်းစနစ်တစ်ခုကို သတ်မှတ်ပေးတော်မူခဲ့သည်။ ထိုသူတို့သည် မိမိတို့၏ နည်းစနစ်အတိုင်း ကျင့်သုံးဆောင်ရွက်ကြသည်။ ထို့ကြောင့် မုရှ်ရိကူန် (အလ္လာဟ်နှင့်တွဲဖက်ကိုးကွယ်သူများ) နှင့် အခြားဘာသာဝင်များသည် တမန်တော်မုဟမ္မဒ် (ဆွ) အား ရှရီအသ်ဥပဒေနှင့် ကိုးကွယ်မှုဆိုင်ရာ ကိစ္စများတွင် အငြင်းအခုံ မလုပ်ကြရပါ။ အကြောင်းမှာ တမန်တော်မြတ် (ဆွ) သည် သူတို့ထက် အမှန်တရားနှင့် ပိုမိုနီးစပ်သူဖြစ်ပြီး၊ သူတို့သည် အမှားလမ်းစဉ်တွင် ရှိနေကြသောကြောင့် ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ် (ဆွ) အား လူသားအားလုံးကို အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ဆည်းကပ်ရန်၊ ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်ထားရှိရန် ဖိတ်ခေါ်ရန် အမိန့်ပေးတော်မူခဲ့သည်။ အမှန်စင်စစ် တမန်တော်မြတ် (ဆွ) သည် လမ်းကွေးလမ်းကောက်မရှိသော၊ ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ပေါ်တွင် ရပ်တည်နေသည်။
ဤအာယသ်တော်သည် ကိုးကွယ်မှုဆိုင်ရာ နည်းစနစ်များနှင့် ပတ်သက်၍ မုရှ်ရိကူန်များ၏ ကန့်ကွက်ပြောဆိုမှုများကို ဖြေရှင်းပေးခြင်းဖြစ်သည်။ သူတို့က "သင်တို့သည် မိမိတို့သတ်သော တိရစ္ဆာန်ကို စားကြသည်၊ သို့သော် အလ္လာဟ်အရှင်မြတ် သတ်တော်မူသော တိရစ္ဆာန် (အလိုအလျောက်သေသော တိရစ္ဆာန်) ကို မစားကြ" ဟု ပြောဆိုကြသောအခါ ဤအာယသ်တော် ကျရောက်လာခဲ
لِّكُلِّ أُمَّةٍ جَعَلۡنَا مَنسَكًا هُمۡ نَاسِكُوهُۖ فَلَا يُنَٰزِعُنَّكَ فِي ٱلۡأَمۡرِۚ وَٱدۡعُ إِلَىٰ رَبِّكَۖ إِنَّكَ لَعَلَىٰ هُدًى مُّسۡتَقِيمٍ ٦٧
ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအဖို့ (ကိုးကွယ်ဆည်းကပ်ရန်) ပညတ်တရားတစ်ခုကို သတ်မှတ်ပြဋ္ဌာန်း၍ ပေးတော်မူခဲ့ရာ ၎င်းတို့သည် ယင်းပညတ်တရားနှင့်အညီ ကိုးကွယ်ဆည်းကပ် လိုက်နာသူများ ဖြစ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ (ဤသူတို့သည်) ယင်းအရေးကိစ္စ၌ အသင်နှင့် ငြင်းခုံခြင်းကို မပြုကြရချေ။ ၎င်းပြင် အသင်သည်(လည်း)မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ (၎င်းတို့အား)ဖိတ်ခေါ်လျက်ရှိပါလေ။ ဧကန်မလွဲ အသင်သည် ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ပေါ်၌ တည်ရှိပေသည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 65-69 — စူရာ အလ်-ဟဂ်ျ
65 أَلَمْ تَرَ أَنَّ اللَّهَ سَخَّرَ لَكُم مَّا فِي الْأَرْضِ وَالْفُلْكَ تَجْرِي فِي الْبَحْرِ بِأَمْرِهِ وَيُمْسِكُ السَّمَاءَ أَن تَقَعَ عَلَى الْأَرْضِ إِلَّا بِإِذْنِهِ ۗ إِنَّ اللَّهَ بِالنَّاسِ لَرَءُوفٌ رَّحِيمٌ
အသင်သည် မသိမမြင်လေသလော။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ ပထဝီမြေဝယ်ရှိသည်တို့ကို နိုင်နင်းစေတော်မူခဲ့၏။ (အသုံး၀င်စေတော်မူခဲ့၏)။ ထိုနည်းတူစွာ (ထိုအရှင်မြတ်သည်) သင်္ဘော(စသည်တို့)ကိုလည်း (အသင်တို့အဖို့ နိုင်နင်းစေတော်မူခဲ့၏။) ယင်းသင်္ဘော ထိုအရှင်မြတ်၏ အမိန့်တော်နှင့် သမုဒ္ဒရာပင်လယ်၌ သွားလာလှုပ်ရှားလျက်ရှိပေသည်။ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်ကို ပထဝီမြေပေါ်သို့ ပြိုကျမသွားရန် တားဆီး(ထိန်းသိမ်း)၍ ထားတော်မူသည်။ (သို့ရာတွင် အချိန်တန်၍) မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်သည် လူသားတို့အပေါ်ဝယ် အလွန်နူးညံ့သိမ်မွေ့တော်မူသော၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
66 وَهُوَ الَّذِي أَحْيَاكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يُحْيِيكُمْ ۗ إِنَّ الْإِنسَانَ لَكَفُورٌ
ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား အသက်ရှင်ခြင်းကို ချီးမြှင့်တော်မူခဲ့သောအရှင် ဖြစ်တော်မူသည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသက်သေစေတော်မူမည်။ ထို့နောက်တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသက်ရှင်စေတော်မူမည်ဖြစ်သည်။ ဧကန်မလွဲ လူသားသည် အလွန်တရာကျေးဇူးကန်သူ အမှန်ပင် ဖြစ်ချေသတည်း။
67 لِّكُلِّ أُمَّةٍ جَعَلْنَا مَنسَكًا هُمْ نَاسِكُوهُ ۖ فَلَا يُنَازِعُنَّكَ فِي الْأَمْرِ ۚ وَادْعُ إِلَىٰ رَبِّكَ ۖ إِنَّكَ لَعَلَىٰ هُدًى مُّسْتَقِيمٍ
ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအဖို့ (ကိုးကွယ်ဆည်းကပ်ရန်) ပညတ်တရားတစ်ခုကို သတ်မှတ်ပြဋ္ဌာန်း၍ ပေးတော်မူခဲ့ရာ ၎င်းတို့သည် ယင်းပညတ်တရားနှင့်အညီ ကိုးကွယ်ဆည်းကပ် လိုက်နာသူများ ဖြစ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ (ဤသူတို့သည်) ယင်းအရေးကိစ္စ၌ အသင်နှင့် ငြင်းခုံခြင်းကို မပြုကြရချေ။ ၎င်းပြင် အသင်သည်(လည်း)မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ (၎င်းတို့အား)ဖိတ်ခေါ်လျက်ရှိပါလေ။ ဧကန်မလွဲ အသင်သည် ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ပေါ်၌ တည်ရှိပေသည်။
68 وَإِن جَادَلُوكَ فَقُلِ اللَّهُ أَعْلَمُ بِمَا تَعْمَلُونَ
အကယ်၍ ၎င်းတို့သည် အသင်နှင့် အငြင်းအခုံပြုခဲ့ကြသည်ရှိသော် အသင်သည်(၎င်းတို့အား ဤ သို့)ပြောဆိုပြန်ကြားပါလေ။ (အချင်းတို့၊ ဧကန်စင်စစ်) အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏အပြုအမူတို့ကို ကောင်းစွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
69 اللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ الْقِيَامَةِ فِيمَا كُنتُمْ فِيهِ تَخْتَلِفُونَ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကြားဝယ် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ကွဲလွဲလျက်ရှိခဲ့ကြသော အရေးကိစ္စများနှင့်စပ်လျဉ်း၍ (လက်တွေ့)စီရင်ဆုံး ဖြတ်တော်မူအံ့သတည်း။
ဘာသာပြန် — အလ်-ဟဂ်ျ 67 စူရာ အလ်-ဟဂ်ျ အာယာသ် 67 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအဖို့ (ကိုးကွယ်ဆည်းကပ်ရန်) ပညတ်တရားတစ်ခုကို သတ်မှတ်ပြဋ္ဌာန်း၍ ပေးတော်မူခဲ့ရာ ၎င်းတို့သည် ယင်းပညတ်တရားနှင့်အညီ ကိုးကွယ်ဆည်းကပ် လိုက်နာသူများ…
စူရာ အာယာသ် 67/78 — စူရာ အလ်-ဟဂ်ျ الحج (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဂ်ျ နားထောင်, စူရာ အလ်-ဟဂ်ျ ဘာသာပြန်, စူရာ အလ်-ဟဂ်ျ mp3, စူရာ အလ်-ဟဂ်ျ pdf. အာယာသ် 65–69. မြန်မာဘာသာ: ภาษาไทย.