وَالَّذِينَ يَقُولُونَ رَبَّنَا هَبْ لَنَا مِنْ أَزْوَاجِنَا وَذُرِّيَّاتِنَا قُرَّةَ أَعْيُنٍ وَاجْعَلْنَا لِلْمُتَّقِينَ إِمَامًا ٧٤
🔤 Transliteration
Wallazeena yaqooloona Rabbanaa hab lanaa min azwaajinaa wa zurriyaatinaa qurrata a`yuninw waj `alnaa lilmuttaqeena Imaamaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး အကြင်သူများပင်။ ထိုသူတို့သည် အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့၏ ဇနီးကြင်ရာများထံမှလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ သားမြေးတို့ထံမှလည်းကောင်း၊ မျက်စိအေးမြကြည်လင်မှုကို ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ‘မွတ္တကီ’ သူတော်စင်များ၏ရှေ့ဆောင်ရှေ့ရပ် ပြုလုပ်တော်မူပါဟု လျှောက်ထား အသနားခံကြကုန်သတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ် هَبْ لَنَا (ဟဗ် လနာ) — ကျွန်ုပ်တို့အား ပေးသနားတော်မူပါ။أَزْوَاجِنَا (အဇ်ဝါဂျိနာ) — ကျွန်ုပ်တို့၏ ဇနီးမယားများ။ذُرِّيَّاتِنَا (ဇုရ်ရိယျာသိနာ) — ကျွန်ုပ်တို့၏ သားသမီးများ၊ အမျိုးအနွယ်များ။قُرَّةَ أَعْيُنٍ (ကုရ်ရသ အအ်ယွန်) — မျက်စိအေးမြစေသော အရာ၊ ဆိုလိုသည်မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်စေသော၊ စိတ်နှလုံး အေးချမ်းစေသော အရာဟု အဓိပ္ပာယ်ရသည်။إِمَامًا (အိမာမန်) — ရှေ့ဆောင်၊ စံပြပုဂ္ဂိုလ်၊ လိုက်နာရာ ခေါင်းဆောင်။၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက် ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်အား ရိုးသားစွာ ယုံကြည်ကိုးကွယ်သော မုအ်မင်န်တို့၏ ဂုဏ်ရည်လက္ခဏာများကို ဖော်ပြထားခြင်း ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းပန်ကြားရာတွင် ဤသို့ လျှောက်ထားကြသည် —
“အို ကျွန်ုပ်တို့၏ အရှင်မြတ်၊ ကျွန်ုပ်တို့၏ ဇနီးမယားများနှင့် သားသမီးအမျိုးအနွယ်များထဲမှ ကျွန်ုပ်တို့၏ မျက်စိကို အေးမြစေသော၊ စိတ်နှလုံးကို ဝမ်းမြောက်စေသော သူများကို ကျွန်ုပ်တို့အား ပေးသနားတော်မူပါ။”
ဆိုလိုသည်မှာ ဇနီးမယားများနှင့် သားသမီးများသည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သော၊ တာဝန်ဝတ္တရားများကို ကျေပွန်သော၊ ဖြောင့်မတ်သော၊ စာရိတ္တကောင်းမွန်သော သူများ ဖြစ်ကြပါစေဟု ဆုတောင်းခြင်း ဖြစ်သည်။ သားသမီးများ ဖြောင့်မတ်ကောင်းမွန်ပါက မိဘများ၏ မျက်စိအေးမြရုံသာမက လောကီဘဝနှင့် နောင်ဘဝတွင်ပါ ကြီးမားသော အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည်။
ထို့နောက် “ကျွန်ုပ်တို့အား မုတ္တကီများ (အလ္လာဟ်ကို ကြောက်ရွံ့သူများ) အတွက် ရှေ့ဆောင်၊ စံပြပုဂ္ဂိုလ်များ ဖြစ်စေတော်မူပါ” ဟု ဆုတောင်းကြသည်။ ဆိုလိုသည်မှာ မိမိတို့သည် ဖြောင့်မတ်သော လမ်းစဉ်တွင် ရှေ့ဆောင်များ ဖြစ်လာပြီး အခြားသူများ — အထူးသဖြင့် အလ္လာဟ်ကို ကြောက်ရွံ့သူများ — မိမိတို့ကို စံပြအဖြစ် လိုက်နာနိုင်ကြပါစေဟု ဆုတောင်းခြင်း ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကို ချီးမြှောက်ခြင်း မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်တွင် ရှေ့ဆောင်ဖြစ်လိုသော
وَٱلَّذِينَ يَقُولُونَ رَبَّنَا هَبۡ لَنَا مِنۡ أَزۡوَٰجِنَا وَذُرِّيَّٰتِنَا قُرَّةَ أَعۡيُنٍ وَٱجۡعَلۡنَا لِلۡمُتَّقِينَ إِمَامًا ٧٤
ထိုမှတစ်ပါး အကြင်သူများပင်။ ထိုသူတို့သည် အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့၏ ဇနီးကြင်ရာများထံမှလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ သားမြေးတို့ထံမှလည်းကောင်း၊ မျက်စိအေးမြကြည်လင်မှုကို ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ‘မွတ္တကီ’ သူတော်စင်များ၏ရှေ့ဆောင်ရှေ့ရပ် ပြုလုပ်တော်မူပါဟု လျှောက်ထား အသနားခံကြကုန်သတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 72-76 — စူရာ အလ်-ဖူရ်ကာန်
72 وَالَّذِينَ لَا يَشْهَدُونَ الزُّورَ وَإِذَا مَرُّوا بِاللَّغْوِ مَرُّوا كِرَامًا
ထို့ပြင် အကြင်သူများပင်။ ထိုသူတို့သည် မလျော်ကန်သောနေရာသို့လည်း သွားရောက်ပါဝင်ကြသည် မဟုတ်ပေ။ (တစ်နည်း) မုသားသက်သေခံကြသည်လည်း မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် အချည်းနှီးသော အမှုကိစ္စ၏အပါးမှ ဖြတ်သန်း၍ သွားကြလေသောအခါ၊ (မျက်နှာအောက်စိုက်၍) ဣန္ဒြေရှိသူများပီပီ ဖြတ်သန်း၍သွားကြကုန်၏။
73 وَالَّذِينَ إِذَا ذُكِّرُوا بِآيَاتِ رَبِّهِمْ لَمْ يَخِرُّوا عَلَيْهَا صُمًّا وَعُمْيَانًا
၎င်းပြင် အကြင်သူများပင်၊ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ အာယတ်တော်များဖြင့် ဆုံးမဩဝါဒပေးခြင်းကို ခံကြရသောအခါ ထိုသူတို့သည် ယင်းအာယတ်တော်များအပေါ်၌ နားပင်းသူများ အဖြစ်လည်းကောင်း၊ မျက်စိကန်းသူများ အဖြစ်လည်းကောင်း၊ ကျလာကြ သည်မဟုတ်ပေ။
74 وَالَّذِينَ يَقُولُونَ رَبَّنَا هَبْ لَنَا مِنْ أَزْوَاجِنَا وَذُرِّيَّاتِنَا قُرَّةَ أَعْيُنٍ وَاجْعَلْنَا لِلْمُتَّقِينَ إِمَامًا
ထိုမှတစ်ပါး အကြင်သူများပင်။ ထိုသူတို့သည် အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့၏ ဇနီးကြင်ရာများထံမှလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ သားမြေးတို့ထံမှလည်းကောင်း၊ မျက်စိအေးမြကြည်လင်မှုကို ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ‘မွတ္တကီ’ သူတော်စင်များ၏ရှေ့ဆောင်ရှေ့ရပ် ပြုလုပ်တော်မူပါဟု လျှောက်ထား အသနားခံကြကုန်သတည်း။
75 أُولَٰئِكَ يُجْزَوْنَ الْغُرْفَةَ بِمَا صَبَرُوا وَيُلَقَّوْنَ فِيهَا تَحِيَّةً وَسَلَامًا
ထို(ဝိသေသဂုဏ်ထူးနှင့် ပြည့်စုံကြကုန်သော ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်၏ကျွန်)တို့မှာကား မိမိတို့ တည်တံ့ကြံ့ခိုင်စွာ ရှိခဲ့ကြသည့်အတွက်ကြောင့် (ဂျန္နတ်သုခဘုံ၏)မြင့်မြတ်သော အဆောင်များကိုပင် အစားပေးချီးမြှင့်ခြင်း ခံကြရပေမည်။ ထိုမှတစ်ပါး ထိုသူတို့သည် ယင်းအဆောင်များ၌("မလာအိကဟ်" ကောင်းကင်တမန်များ၏) နှစ်ထောင်းအားရကြောင်း ထုတ်ဖော်ပြောဆိုခြင်းကို လည်းကောင်း၊ ‘စလာမ်’ မေတ္တာပို့ နှုတ်ခွန်းဆက်သခြင်းကို လည်းကောင်း၊ (တွေ့ကြုံစေခြင်း)ခံကြရပေမည်။
76 خَالِدِينَ فِيهَا ۚ حَسُنَتْ مُسْتَقَرًّا وَمُقَامًا
(၎င်းတို့သည်) ယင်း(‘ဂျန္နတ်’သုခဘုံ၏) မြင့်မြတ်သောအဆောင်များ၌ပင် အမြဲထာဝစဉ် နေထိုင်ကြပေမည်။ ထို(ဂျန္နတ်သုခဘုံ၏)မြင့်မြတ်သော အဆောင်များသည် အလွန်မွန်မြတ်လှစွာသော စခန်းချရာနေရာသည် လည်းကောင်း၊ နေထိုင်ရာနေရာသည် လည်းကောင်း၊ ဖြစ်ပေသည်။
ဘာသာပြန် — အလ်-ဖူရ်ကာန် 74 စူရာ အလ်-ဖူရ်ကာန် အာယာသ် 74 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး အကြင်သူများပင်။ ထိုသူတို့သည် အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့၏ ဇနီးကြင်ရာများထံမှလည်းကောင်း၊…
စူရာ အာယာသ် 74/77 — စူရာ အလ်-ဖူရ်ကာန် الفرقان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖူရ်ကာန် နားထောင်, စူရာ အလ်-ဖူရ်ကာန် ဘာသာပြန်, စူရာ အလ်-ဖူရ်ကာန် mp3, စူရာ အလ်-ဖူရ်ကာန် pdf. အာယာသ် 72–76. မြန်မာဘာသာ: ภาษาไทย.