اسْلُكْ يَدَكَ فِي جَيْبِكَ تَخْرُجْ بَيْضَاءَ مِنْ غَيْرِ سُوءٍ وَاضْمُمْ إِلَيْكَ جَنَاحَكَ مِنَ الرَّهْبِ ۖ فَذَانِكَ بُرْهَانَانِ مِن رَّبِّكَ إِلَىٰ فِرْعَوْنَ وَمَلَئِهِ ۚ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ ٣٢
🔤 Transliteration
Usluk yadaka fee jaibika takhruj baidaaa`a min ghairi sooo`inw wadmum ilaika janaahaka minar rahbi fazaanika burhaanaani mir Rabbika ilaa Fiw`awna wa mala`ih; innahum kaanoo qawman faasiqeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အသင်သည် မိမိလက်ကို မိမိရင်ကြားသို့ထည့်သွင်းပါလေ။ (ထိုအခါ) ထိုလက်မှာ အပြစ်အနာအဆာကင်းရှင်းစွာ လင်းဝင်းတောက်ပလျက် ထွက်၍ လာပေမည်။၎င်းပြင် အသင်သည် ကြောက်ရွံ့စိုးရိမ်မှု ကင်းအံ့သောငှာ မိမိလက်ကို မိမိကိုယ်နှင့် (ရင်နှင့်လည်းကောင်း၊ ချိုင်းနှင့်လည်းကောင်း၊) (ပြန်၍)ပူးကပ်ထားပါလေ။ ဤနှစ်ခုသည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ဖစ်ရ်အောင်န်၏ထံသို့လည်းကောင်း၊ ထိုဖစ်ရ်အောင်န်၏မှူးမတ်တို့ထံသို့လည်းကောင်း၊ (ဆောင်ကြဉ်းရန်)ထင်ရှားစွာ သောသာဓကနှစ်ရပ်ပင် ဖြစ်ကြပေသည်။ ဧကန်မလွဲ ၎င်းတို့မှာ အမိန့်တော်ကို သွေဖည်ကြကုန်သော အမျိုးသားများပင် ဖြစ်ကြကုန်သတည်း။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: اسْلُكْ (အစ်စ်လုခ်): ထည့်လော့၊ သွင်းလော့။ جَيْبِكَ (ဂျိုင်ဗိက): သင့်အင်္ကျီ၏ လည်ပင်းဘက် အပေါက်ဝ (အင်္ကျီအိတ်ကပ် သို့မဟုတ် ရင်ဘတ်အပေါက်)။ تَخْرُجْ (တခ်ျရုဂျ်): ထွက်လာလိမ့်မည်။ بَيْضَاءَ (ဗိုင်ဒါအ်): ဖြူဖွေးသော၊ ဖြူစင်တောက်ပသော။ سُوءٍ (ဆူအ်): အနာရောဂါ၊ ဆိုးကျိုး၊ ချို့ယွင်းမှု (ဤနေရာတွင် အနာကဲ့သို့ အင်္ကျီဝါရောဂါကို ရည်ညွှန်းသည်)။ وَاضْمُمْ (ဝါဒ်ဒွမ်မွမ်): ကပ်လိုက်လော့၊ သိမ်းထားလော့။ جَنَاحَكَ (ဂျနာဟက): သင့်လက်မောင်း၊ သင့်တောင်ပံ (ဤနေရာတွင် လက်ကို ရည်ညွှန်းသည်)။ الرَّهْبِ (အရ်ရဟ်ဗ်): ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း။ بُرْهَانَانِ (ဗုရ်ဟာနာနိ): သက်သေအထောက်အထား နှစ်ခု၊ အံ့ဖွယ်သရဲ နှစ်ခု။ مَلَئِهِ (မလအိဟိ): သူ၏ အကြီးအကဲများ၊ မှူးမတ်များ။ فَاسِقِينَ (ဖာစိကီးန): အမိန့်တော်ကို ချိုးဖောက်သူများ၊ လမ်းလွဲသူများ။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: အို မူစာ၊ သင်၏လက်ကို သင့်အင်္ကျီ၏ လည်ပင်းဘက် အပေါက်ထဲသို့ ထည့်လိုက်ပါ။ ထိုအခါ ထိုလက်သည် မည်သည့် အနာရောဂါမှ မရှိဘဲ နှင်းကဲ့သို့ ဖြူဖွေးတောက်ပနေသော အခြေအနေဖြင့် ထွက်လာလိမ့်မည်။ ဤသည်မှာ အင်္ကျီဝါရောဂါ သို့မဟုတ် အခြားမည်သည့်ရောဂါမျှ မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ဖြင့် ဖြစ်ပေါ်လာသော အံ့ဖွယ်သရဲတစ်ခု ဖြစ်သည်။
ထို့နောက် သင်၏လက်ကို သင့်ရင်ဘတ်ပေါ်သို့ ကပ်ထားလိုက်ပါ။ သင်သည် ထိုလက်၏ တောက်ပမှုကို မြင်ရသောအခါ ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်ပါက ထိုလက်ကို ပြန်လည်ကပ်ထားခြင်းဖြင့် သင်၏ ကြောက်ရွံ့မှု ပျောက်ကွယ်သွားမည် ဖြစ်သည်။ မူစာ (အလိုင်ဟိစ်စလာမ်) သည် ထိုသို့ပြုလုပ်သောအခါ သူ၏ ကြောက်ရွံ့မှု ငြိမ်းအေးသွားခဲ့သည်။
ဤအံ့ဖွယ်သရဲ နှစ်ခုမှာ တုတ်တောင်ဝှေးသည် မြွေကြီးအဖြစ် ပြောင်းလဲခြင်းနှင့် လက်သည် အလင်းရောင်တောက်ပနေခြင်း တို့ဖြစ်သည်။ ဤနှစ်ခုသည် သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ဖိရ်အောင်န်နှင့် သူ၏ မှူးမတ်အကြီးအကဲများထံသို့ ပေးအပ်သော သက်သ
ٱسۡلُكۡ يَدَكَ فِي جَيۡبِكَ تَخۡرُجۡ بَيۡضَآءَ مِنۡ غَيۡرِ سُوٓءٍ وَٱضۡمُمۡ إِلَيۡكَ جَنَاحَكَ مِنَ ٱلرَّهۡبِۖ فَذَٰنِكَ بُرۡهَٰنَانِ مِن رَّبِّكَ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦٓۚ إِنَّهُمۡ كَانُواْ قَوۡمًا فَٰسِقِينَ ٣٢
အသင်သည် မိမိလက်ကို မိမိရင်ကြားသို့ထည့်သွင်းပါလေ။ (ထိုအခါ) ထိုလက်မှာ အပြစ်အနာအဆာကင်းရှင်းစွာ လင်းဝင်းတောက်ပလျက် ထွက်၍ လာပေမည်။၎င်းပြင် အသင်သည် ကြောက်ရွံ့စိုးရိမ်မှု ကင်းအံ့သောငှာ မိမိလက်ကို မိမိကိုယ်နှင့် (ရင်နှင့်လည်းကောင်း၊ ချိုင်းနှင့်လည်းကောင်း၊) (ပြန်၍)ပူးကပ်ထားပါလေ။ ဤနှစ်ခုသည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ဖစ်ရ်အောင်န်၏ထံသို့လည်းကောင်း၊ ထိုဖစ်ရ်အောင်န်၏မှူးမတ်တို့ထံသို့လည်းကောင်း၊ (ဆောင်ကြဉ်းရန်)ထင်ရှားစွာ သောသာဓကနှစ်ရပ်ပင် ဖြစ်ကြပေသည်။ ဧကန်မလွဲ ၎င်းတို့မှာ အမိန့်တော်ကို သွေဖည်ကြကုန်သော အမျိုးသားများပင် ဖြစ်ကြကုန်သတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 30-34 — စူရာ အလ်-ကစာစ်
30 فَلَمَّا أَتَاهَا نُودِيَ مِن شَاطِئِ الْوَادِ الْأَيْمَنِ فِي الْبُقْعَةِ الْمُبَارَكَةِ مِنَ الشَّجَرَةِ أَن يَا مُوسَىٰ إِنِّي أَنَا اللَّهُ رَبُّ الْعَالَمِينَ
ထို့နောက် မူစာသည် ယင်းမီးရှိရာသို့ ရောက်ရှိလတ်သော် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသောနေရာ၌ လက်ယာဘက်ဖြစ်သော တောင်ကြားအရပ်၏အစွန်းရှိ သစ်ပင်(တစ်ပင်)မှ (ဤသို့) အသံကြားခဲ့ရလေ၏။ ‘အို-မူစာ၊ ဧကန်မလွဲ ငါအရှင်မြတ်သည် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်’။
31 وَأَنْ أَلْقِ عَصَاكَ ۖ فَلَمَّا رَآهَا تَهْتَزُّ كَأَنَّهَا جَانٌّ وَلَّىٰ مُدْبِرًا وَلَمْ يُعَقِّبْ ۚ يَا مُوسَىٰ أَقْبِلْ وَلَا تَخَفْ ۖ إِنَّكَ مِنَ الْآمِنِينَ
ထိုမှတစ်ပါး အသင်သည် မိမိတောင်ဝှေးကိုပစ်ချပါလေ။ တစ်ဖန် ထိုမူစာသည် ယင်းတောင်ဝှေးမှာ မြွေဖြစ်ဘိသကဲ့သို့ တွန့်လိမ်လှုပ်ရှားလျက်ရှိသည်ကို တွေ့မြင်ခဲ့လေသော်၊ ပြန်လှည့်၍ပင် မကြည့်တော့ဘဲ နောက်သို့လှည့်၍ ထွက်သွားခဲ့လေ၏။ (ထိုအခါ အလ္လာဟ်အရှင်မြတ် အထံတော်မှ ဤသို့ အမိန့်တော်လာရှိခဲ့၏)။ အို-မူစာ၊ အသင်သည် ရှေ့သို့လာခဲ့ပါလေ။ ၎င်းပြင် အသင်သည် ကြောက်ရွံ့ စိုးရိမ်ခြင်းမရှိပါလေနှင့်။ ဧကန်မလွဲ အသင်သည် ဘေးအန္တရာယ် ကင်းရှင်းသူတစ်ဦး ဖြစ်ပါသည်။
32 اسْلُكْ يَدَكَ فِي جَيْبِكَ تَخْرُجْ بَيْضَاءَ مِنْ غَيْرِ سُوءٍ وَاضْمُمْ إِلَيْكَ جَنَاحَكَ مِنَ الرَّهْبِ ۖ فَذَانِكَ بُرْهَانَانِ مِن رَّبِّكَ إِلَىٰ فِرْعَوْنَ وَمَلَئِهِ ۚ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ
အသင်သည် မိမိလက်ကို မိမိရင်ကြားသို့ထည့်သွင်းပါလေ။ (ထိုအခါ) ထိုလက်မှာ အပြစ်အနာအဆာကင်းရှင်းစွာ လင်းဝင်းတောက်ပလျက် ထွက်၍ လာပေမည်။၎င်းပြင် အသင်သည် ကြောက်ရွံ့စိုးရိမ်မှု ကင်းအံ့သောငှာ မိမိလက်ကို မိမိကိုယ်နှင့် (ရင်နှင့်လည်းကောင်း၊ ချိုင်းနှင့်လည်းကောင်း၊) (ပြန်၍)ပူးကပ်ထားပါလေ။ ဤနှစ်ခုသည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ဖစ်ရ်အောင်န်၏ထံသို့လည်းကောင်း၊ ထိုဖစ်ရ်အောင်န်၏မှူးမတ်တို့ထံသို့လည်းကောင်း၊ (ဆောင်ကြဉ်းရန်)ထင်ရှားစွာ သောသာဓကနှစ်ရပ်ပင် ဖြစ်ကြပေသည်။ ဧကန်မလွဲ ၎င်းတို့မှာ အမိန့်တော်ကို သွေဖည်ကြကုန်သော အမျိုးသားများပင် ဖြစ်ကြကုန်သတည်း။
33 قَالَ رَبِّ إِنِّي قَتَلْتُ مِنْهُمْ نَفْسًا فَأَخَافُ أَن يَقْتُلُونِ
ထိုမူစာသည် (ဤသို့) လျှောက်ထား ပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုးသည် ၎င်းတို့အနက် လူတစ်ယောက်အား သတ်ဖြတ်မိခဲ့သည် ဖြစ်ရကား၊၎င်းတို့သည် ကျွန်တော်မျိုးအား သတ်ဖြတ်ကြမည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။
34 وَأَخِي هَارُونُ هُوَ أَفْصَحُ مِنِّي لِسَانًا فَأَرْسِلْهُ مَعِيَ رِدْءًا يُصَدِّقُنِي ۖ إِنِّي أَخَافُ أَن يُكَذِّبُونِ
စင်စစ် ကျွန်တော်မျိုး၏နောင်တော် ဟာရူန်မှာမူကား၊ ၎င်းမှာ စကားပြောဆိုရာ၌ ကျွန်တော်မျိုး ထက်ပို၍ပင် စကားပီသ အာစလျှာစကောင်းသူ ဖြစ်ပါ၏။ အရှင်မြတ်သည် ထိုနောင်တော်အားလည်း ကျွန်တော်မျိုးနှင့်အတူ ကျွန်တော်မျိုးအား ထောက်ခံ(ပြောဆိုနိုင်ရန်) ကူညီရိုင်းပင်းသူအဖြစ် စေလွှတ်တော်မူပါ။ ဧကန်မလွဲ ကျွန်တော်မျိုးသည် မိမိအား ၎င်းတို့က မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြမည်ကို စိုးရိမ်မိပါသည်။
ဘာသာပြန် — အလ်-ကစာစ် 32 စူရာ အလ်-ကစာစ် အာယာသ် 32 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်သည် မိမိလက်ကို မိမိရင်ကြားသို့ထည့်သွင်းပါလေ။ (ထိုအခါ) ထိုလက်မှာ အပြစ်အနာအဆာကင်းရှင်းစွာ လင်းဝင်းတောက်ပလျက် ထွက်၍ လာပေမည်။၎င်းပြင် အသင်သည်…
စူရာ အာယာသ် 32/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 30–34. မြန်မာဘာသာ: ภาษาไทย.