အလ်-ကစာစ် · 31/88
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကစာစ်
وَأَنْ أَلْقِ عَصَاكَ ۖ فَلَمَّا رَآهَا تَهْتَزُّ كَأَنَّهَا جَانٌّ وَلَّىٰ مُدْبِرًا وَلَمْ يُعَقِّبْ ۚ يَا مُوسَىٰ أَقْبِلْ وَلَا تَخَفْ ۖ إِنَّكَ مِنَ الْآمِنِينَ ۝٣١
Wa an alqi `asaaka falam maa ra aahaa tahtazzu ka annnahaa jaaannunw wallaa mudbiranw wa lam yu`aqqib; yaa Moosaa aqbil wa laa takhaf innaka minal aamineen
📖 မြန်မာဘာသာ
ထိုမှတစ်ပါး အသင်သည် မိမိတောင်ဝှေးကိုပစ်ချပါလေ။ တစ်ဖန် ထိုမူစာသည် ယင်းတောင်ဝှေးမှာ မြွေဖြစ်ဘိသကဲ့သို့ တွန့်လိမ်လှုပ်ရှားလျက်ရှိသည်ကို တွေ့မြင်ခဲ့လေသော်၊ ပြန်လှည့်၍ပင် မကြည့်တော့ဘဲ နောက်သို့လှည့်၍ ထွက်သွားခဲ့လေ၏။ (ထိုအခါ အလ္လာဟ်အရှင်မြတ် အထံတော်မှ ဤသို့ အမိန့်တော်လာရှိခဲ့၏)။ အို-မူစာ၊ အသင်သည် ရှေ့သို့လာခဲ့ပါလေ။ ၎င်းပြင် အသင်သည် ကြောက်ရွံ့ စိုးရိမ်ခြင်းမရှိပါလေနှင့်။ ဧကန်မလွဲ အသင်သည် ဘေးအန္တရာယ် ကင်းရှင်းသူတစ်ဦး ဖြစ်ပါသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • သင်းဝါဒ် (ဂျာန်): ဤနေရာတွင် မြွေငယ်ကလေးကို ဆိုလိုသည်။ အလွန်လျင်မြန်စွာ လှုပ်ရှားသော မြွေငယ်ကို ရည်ညွှန်းသည်။
  • ဝလ္လာ မုဒ်ဗိရန်: နောက်သို့လှည့်၍ ထွက်ပြေးလွှားသွားသည်။
  • လမ် ယုအက်ကိဗ်: နောက်သို့ ပြန်မကြည့်၊ လှည့်မကြည့်ဘဲ ဆက်လက်ထွက်ပြေးသည်။
  • အက်ဗိလ်: ရှေ့သို့ ချဉ်းကပ်လာပါ၊ ပြန်လာပါ။
  • မိနလ် အာမိနီန်: လုံခြုံသူများထဲမှ ဖြစ်သည်။ ဘေးအန္တရာယ်မှ ကင်းလွတ်လုံခြုံသူဟု ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

တမန်တော် မူဆာ (အလိုင်ဟိစ်စလာမ်) သည် တူရ်တောင်၏ ဘေးရှိ မြင့်မြတ်သော ချိုင့်ဝှမ်းဒေသ၊ သစ်ပင်တစ်ပင်အနီးတွင် မီးကို တွေ့မြင်သောအခါ အလ္လာဟ်အရှင်မြတ်က သူ့အား ခေါ်တော်မူပြီး မိန့်တော်မူခဲ့သည်။ ထိုအခါ အရှင်မြတ်က “အို မူဆာ၊ သင်၏ တောင်ဝှေးကို ပစ်ချလော့” ဟု မိန့်တော်မူသည်။ တမန်တော် မူဆာသည် အရှင်မြတ်၏ အမိန့်တော်ကို နာခံပြီး တောင်ဝှေးကို ပစ်ချလိုက်ရာ ထိုတောင်ဝှေးသည် လျင်မြန်စွာ လှုပ်ရှားနေသော မြွေငယ်ကလေးကဲ့သို့ ဖြစ်သွားသည်။ တမန်တော် မူဆာသည် ထိုအရာကို မြင်သောအခါ အလွန်ကြောက်ရွံ့ထိတ်လန့်သွားပြီး နောက်သို့လှည့်၍ ထွက်ပြေးလွှားသွားသည်။ သူသည် နောက်သို့ လှည့်မကြည့်ဘဲ ဆက်လက်ထွက်ပြေးနေခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က သူ့အား ပြန်ခေါ်တော်မူပြီး “အို မူဆာ၊ ငါ့ထံ ပြန်လာလော့။ မကြောက်ရွံ့လေနှင့်။ ဧကန်စင်စစ် သင်သည် လုံခြုံသူများထဲမှ ဖြစ်သည်” ဟု မိန့်တော်မူသည်။ ဆိုလိုသည်မှာ သင်သည် ထိုမြွေမှလည်းကောင်း၊ အခြားကြောက်ရွံ့ဖွယ်ရာများမှလည်းကောင်း ဘေးကင်းလုံခြုံသူဖြစ်သည် ဟု ဆိုလိုသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်များကို အမြဲတမ်း စောင့်ရှောက်ကာကွယ်တော်မူသည်။ ကြောက်ရွံ့ထိတ်လန့်စရာ အခြေအနေများတွင် လုံခြုံမှုနှင့် စိတ်ငြိမ်းချမ်းမှုကို ပေးသနားတော်မူသည်။
  • အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံခြင်းသည် အမှန်တကယ် ယုံကြည်သူ၏ လက္ခဏာဖြစ်သည်။ တမန်တော် မူဆ


📜 အာယာသ် 29-33 — စူရာ အလ်-ကစာစ်

29۞ فَلَمَّا قَضَىٰ مُوسَى الْأَجَلَ وَسَارَ بِأَهْلِهِ آنَسَ مِن جَانِبِ الطُّورِ نَارًا قَالَ لِأَهْلِهِ امْكُثُوا إِنِّي آنَسْتُ نَارًا لَّعَلِّي آتِيكُم مِّنْهَا بِخَبَرٍ أَوْ جَذْوَةٍ مِّنَ النَّارِ لَعَلَّكُمْ تَصْطَلُونَ
ထို့နောက် မူစာသည် ကန့်သတ်၍ထားခဲ့သော ကာလအပိုင်းအခြားကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး၊ မိမိအိမ်သူအိမ်သားတို့နှင့်အတူ (ခရီး)သွားခဲ့လေရာ၊မူစာသည် `တွူရ်` မည်သော တောင်ရှိရာဘက်တွင် မီးရောင်တစ်ခုကို တွေ့မြင်ခဲ့လေသည်။ (ထိုအခါ) ထိုမူစာက မိမိအိမ်သူအိမ် သားတို့အား "အသင်တို့သည်(ဤနေရာ၌ပင်) စောင့်ဆိုင်း၍ နေရစ်ကြလေကုန်။ ဧကန်အမှန် ကျွန်ုပ် မီးရောင်တစ်ခုကို တွေ့မြင်ရလေပြီ။ ငါသည် ထိုမီးရှိရာမှ တစ်စုံတစ်ရာ သတင်းကိုသော်လည်းကောင်း၊ မီးစ(မီးခဲ)တစ်ခုခုကိုသော်လည်းကောင်း၊ အသင်တို့ မီးလှုံနိုင်ကြရန် ယူဆောင်၍လာနိုင်မည် ဖြစ်သည်"ဟု ပြေကြားလေ၏။
30فَلَمَّا أَتَاهَا نُودِيَ مِن شَاطِئِ الْوَادِ الْأَيْمَنِ فِي الْبُقْعَةِ الْمُبَارَكَةِ مِنَ الشَّجَرَةِ أَن يَا مُوسَىٰ إِنِّي أَنَا اللَّهُ رَبُّ الْعَالَمِينَ
ထို့နောက် မူစာသည် ယင်းမီးရှိရာသို့ ရောက်ရှိလတ်သော် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသောနေရာ၌ လက်ယာဘက်ဖြစ်သော တောင်ကြားအရပ်၏အစွန်းရှိ သစ်ပင်(တစ်ပင်)မှ (ဤသို့) အသံကြားခဲ့ရလေ၏။ ‘အို-မူစာ၊ ဧကန်မလွဲ ငါအရှင်မြတ်သည် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်’။
31وَأَنْ أَلْقِ عَصَاكَ ۖ فَلَمَّا رَآهَا تَهْتَزُّ كَأَنَّهَا جَانٌّ وَلَّىٰ مُدْبِرًا وَلَمْ يُعَقِّبْ ۚ يَا مُوسَىٰ أَقْبِلْ وَلَا تَخَفْ ۖ إِنَّكَ مِنَ الْآمِنِينَ
ထိုမှတစ်ပါး အသင်သည် မိမိတောင်ဝှေးကိုပစ်ချပါလေ။ တစ်ဖန် ထိုမူစာသည် ယင်းတောင်ဝှေးမှာ မြွေဖြစ်ဘိသကဲ့သို့ တွန့်လိမ်လှုပ်ရှားလျက်ရှိသည်ကို တွေ့မြင်ခဲ့လေသော်၊ ပြန်လှည့်၍ပင် မကြည့်တော့ဘဲ နောက်သို့လှည့်၍ ထွက်သွားခဲ့လေ၏။ (ထိုအခါ အလ္လာဟ်အရှင်မြတ် အထံတော်မှ ဤသို့ အမိန့်တော်လာရှိခဲ့၏)။ အို-မူစာ၊ အသင်သည် ရှေ့သို့လာခဲ့ပါလေ။ ၎င်းပြင် အသင်သည် ကြောက်ရွံ့ စိုးရိမ်ခြင်းမရှိပါလေနှင့်။ ဧကန်မလွဲ အသင်သည် ဘေးအန္တရာယ် ကင်းရှင်းသူတစ်ဦး ဖြစ်ပါသည်။
32اسْلُكْ يَدَكَ فِي جَيْبِكَ تَخْرُجْ بَيْضَاءَ مِنْ غَيْرِ سُوءٍ وَاضْمُمْ إِلَيْكَ جَنَاحَكَ مِنَ الرَّهْبِ ۖ فَذَانِكَ بُرْهَانَانِ مِن رَّبِّكَ إِلَىٰ فِرْعَوْنَ وَمَلَئِهِ ۚ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ
အသင်သည် မိမိလက်ကို မိမိရင်ကြားသို့ထည့်သွင်းပါလေ။ (ထိုအခါ) ထိုလက်မှာ အပြစ်အနာအဆာကင်းရှင်းစွာ လင်းဝင်းတောက်ပလျက် ထွက်၍ လာပေမည်။၎င်းပြင် အသင်သည် ကြောက်ရွံ့စိုးရိမ်မှု ကင်းအံ့သောငှာ မိမိလက်ကို မိမိကိုယ်နှင့် (ရင်နှင့်လည်းကောင်း၊ ချိုင်းနှင့်လည်းကောင်း၊) (ပြန်၍)ပူးကပ်ထားပါလေ။ ဤနှစ်ခုသည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ဖစ်ရ်အောင်န်၏ထံသို့လည်းကောင်း၊ ထိုဖစ်ရ်အောင်န်၏မှူးမတ်တို့ထံသို့လည်းကောင်း၊ (ဆောင်ကြဉ်းရန်)ထင်ရှားစွာ သောသာဓကနှစ်ရပ်ပင် ဖြစ်ကြပေသည်။ ဧကန်မလွဲ ၎င်းတို့မှာ အမိန့်တော်ကို သွေဖည်ကြကုန်သော အမျိုးသားများပင် ဖြစ်ကြကုန်သတည်း။
33قَالَ رَبِّ إِنِّي قَتَلْتُ مِنْهُمْ نَفْسًا فَأَخَافُ أَن يَقْتُلُونِ
ထိုမူစာသည် (ဤသို့) လျှောက်ထား ပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုးသည် ၎င်းတို့အနက် လူတစ်ယောက်အား သတ်ဖြတ်မိခဲ့သည် ဖြစ်ရကား၊၎င်းတို့သည် ကျွန်တော်မျိုးအား သတ်ဖြတ်ကြမည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
31အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 31

စူရာ အလ်-ကစာစ် အာယာသ် 31 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး အသင်သည် မိမိတောင်ဝှေးကိုပစ်ချပါလေ။ တစ်ဖန် ထိုမူစာသည် ယင်းတောင်ဝှေးမှာ မြွေဖြစ်ဘိသကဲ့သို့ တွန့်လိမ်လှုပ်ရှားလျက်ရှိသည်ကို တွေ့မြင်ခဲ့လေသော်၊ ပြန်လှည့်၍ပင်…

စူရာ အာယာသ် 31/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 29–33. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers