အလ်-ကစာစ် · 48/88
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကစာစ်
فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِندِنَا قَالُوا لَوْلَا أُوتِيَ مِثْلَ مَا أُوتِيَ مُوسَىٰ ۚ أَوَلَمْ يَكْفُرُوا بِمَا أُوتِيَ مُوسَىٰ مِن قَبْلُ ۖ قَالُوا سِحْرَانِ تَظَاهَرَا وَقَالُوا إِنَّا بِكُلٍّ كَافِرُونَ ۝٤٨
Falammaa jaaa`ahumul haqqu min `indinaa qaaloo law laa ootiya misla maaa ootiyaa Moosaa; awalam yakfuroo bimaaa ootiya Moosaa min qablu qaaloo sihraani tazaaharaa wa qaalooo innaa bikullin kaafiroon
📖 မြန်မာဘာသာ
သို့ရာတွင် ၎င်းတို့ထံသို့ ငါအရှင်မြတ်ထံတော်မှ အမှန်တရားသည် ရောက်ရှိ၍လာသောအခါ ၎င်းတို့က အဘယ် ကြောင့်(ဤရစူလ်တမန်တော်သည်)မူစာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ရသကဲ့သို့သောအရာကို ချီးမြှင့်ပေးသနားတော်မူခြင်း မခံခဲ့ရပါသနည်းဟု ပြောဆိုခဲ့ကြကုန်၏။၎င်းတို့သည် ယခင်က တမန်တော်မူစာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ရသောအရာကို ငြင်းပယ်ခဲ့ကြသည်မဟုတ်လော။ ၎င်းတို့က (တောင်ရာတ်ကျမ်းနှင့် ကုရ်အာန်ကျမ်းမြတ်)နှစ်ခုလုံးပင် အချင်းချင်း တစ်ခုကိုတစ်ခု ရိုင်းပင်းထောက်ခံသော ပဉ္စလက်အတတ်ဖြစ်သည်ဟု ပြောဆိုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည် အားလုံးကိုငြင်းပယ်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်

  • အလ်-ဟက္က် (الْحَقُّ) — အမှန်တရား၊ ဤနေရာတွင် ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော်မုဟမ္မဒ် (ဆွ) ကို ရည်ညွှန်းသည်။
  • လောင်လာ (لَوْلَا) — “အဘယ့်ကြောင့် မဖြစ်သနည်း”၊ “မပေးအပ်ခဲ့ဘူးလား” ဟူသော အနက်ဖြင့် တောင်းဆိုမှုကို ဖော်ပြသည်။
  • မိသလ မာ ဥးတိယ မူစာ (مِثْلَ مَا أُوتِيَ مُوسَىٰ) — တမန်တော်မူစာကို ပေးအပ်ခဲ့သည့် အံ့ဖွယ်နိမိတ်များနှင့် တူညီသော အရာများ။
  • သိဟ်ရာနိ (سِحْرَانِ) — မှော်အတတ်နှစ်ခု၊ ဤနေရာတွင် တောင်ရာသ်နှင့် ကုရ်အာန်ကို ရည်ညွှန်းသည်။
  • တဇာဟရာ (تَظَاهَرَا) — အချင်းချင်း ကူညီထောက်ပံ့ကြသည်။
  • ကုလ်လင် (كُلٍّ) — အရာတိုင်း၊ ဤနေရာတွင် ကျမ်းနှစ်စောင်လုံးကို ရည်ညွှန်းသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ငါအရှင်မြတ်ထံတော်မှ အမှန်တရား (ကုရ်အာန်နှင့် တမန်တော်မုဟမ္မဒ်) သည် သူတို့ထံ ရောက်ရှိလာသောအခါ မakkah မှ ကာဖိရ်များက “တမန်တော်မူစာကို ပေးအပ်ခဲ့သည့် အံ့ဖွယ်နိမိတ်များကဲ့သို့ ဤတမန်တော်ကိုလည်း အဘယ့်ကြောင့် မပေးအပ်ခဲ့သနည်း” ဟု ဆိုကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က “သင်တို့သည် ရှေးယခင်က တမန်တော်မူစာကို ပေးအပ်ခဲ့သည့် အရာများကို မငြင်းပယ်ခဲ့ကြဘူးလား” ဟု မေးခွန်းထုတ်တော်မူသည်။ အမှန်စင်စစ် ရှေးကာလက သူတို့သည် တမန်တော်မူစာ၏ အံ့ဖွယ်နိမိတ်များကို ငြင်းပယ်ခဲ့ကြပြီး “တောင်ရာသ်နှင့် ကုရ်အာန်သည် မှော်အတတ်နှစ်ခုဖြစ်ပြီး အချင်းချင်း ကူညီထောက်ပံ့ကြသည်” ဟု ဆိုကာ “ကျွန်ုပ်တို့သည် ထိုကျမ်းနှစ်စောင်လုံးကို ငြင်းပယ်သူများဖြစ်သည်” ဟု ပြောဆိုခဲ့ကြသည်။

ဤအာယသ်တော်သည် မakkah မှ ကာဖိရ်များသည် တမန်တော်မုဟမ္မဒ် (ဆွ) ထံသို့ ရောက်ရှိလာသော အမှန်တရားကို လက်မခံဘဲ အကြောင်းပြချက်များ ရှာဖွေကာ တမန်တော်မူစာကို ပေးအပ်ခဲ့သည့် အံ့ဖွယ်နိမိတ်များကဲ့သို့ ပေးအပ်ရန် တောင်းဆိုခဲ့ကြသည်ကို ဖော်ပြသည်။ သို့သော် အလ္လာဟ်အရှင်မြတ်က သူတို့၏ ရှေးဘိုးဘေးများသည်လည်း တမန်တော်မူစာ၏ အံ့ဖွယ်နိမိတ်များကို ငြင်းပယ်ခဲ့ကြကြောင်း၊ တောင်ရာသ်နှင့် ကုရ်အာန်ကို မှော်အတတ်နှစ်ခုဟု စွပ်စွဲခဲ့



📜 အာယာသ် 46-50 — စူရာ အလ်-ကစာစ်

46وَمَا كُنتَ بِجَانِبِ الطُّورِ إِذْ نَادَيْنَا وَلَٰكِن رَّحْمَةً مِّن رَّبِّكَ لِتُنذِرَ قَوْمًا مَّا أَتَاهُم مِّن نَّذِيرٍ مِّن قَبْلِكَ لَعَلَّهُمْ يَتَذَكَّرُونَ
၎င်းပြင် ငါအရှင်မြတ်သည်(မူစာအား)ဟစ်ခေါ်တော်မူခဲ့စဉ်အခါတွင် အသင်သည် ‘တွူရ်’ တောင်၏နံဘေး၌ ရှိခဲ့သည်လည်းမဟုတ်ပေ။ သို့ရာ တွင် အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကရုဏာတော်ဖြင့် အကြင်အမျိုးသားတို့အား သတိပေးနှိုးဆော်အံ့သောငှာ(နဗီတမန်တော်အဖြစ် ချီးမြှင့်တော်မူခြင်းကို ခံခဲ့ရလေသည်)။ထို အမျိုးသားတို့ထံ အသင့်အလျင် သတိပေးနှိုးဆော်သူ တစ်ဦးမျှပင် ရောက်ရှိ၍လာခဲ့သည် မဟုတ်ပေ။ သို့မှသာလျှင် ၎င်းတို့သည် တရားရကြပေမည်။
47وَلَوْلَا أَن تُصِيبَهُم مُّصِيبَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ فَيَقُولُوا رَبَّنَا لَوْلَا أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ آيَاتِكَ وَنَكُونَ مِنَ الْمُؤْمِنِينَ
စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့အပေါ်၌ ၎င်းတို့ကြိုတင်ပို့နှင့်ခဲ့ကြသော(ပြစ်မှုများ)ကြောင့် ဒုက္ခတစ်စုံတစ်ရာ သက်ရောက်လာသောအခါ ၎င်းတို့က အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် အဘယ့်ကြောင့် ကျွန်တော်မျိုးတို့ထံ ရစူလ်တမန်တော်တစ်ပါးပါးကို စေလွှတ်တော်မမူခဲ့ပါသနည်း။ သို့စေလွှတ်တော်မူခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ အမိန့်တော်များကိုလိုက်နာ ကြမည်ဖြစ်ပါသည်။ ထို့ပြင် ကျွန်တော်မျိုးတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူများတွင် အပါအဝင် ဖြစ်ကြပါမည်ဟု မပြောဆိုကြပါလျှင် (ငါအရှင်မြတ်သည် ရစူလ်တမန်တော်ကို စေလွှတ်တော်မူမည် မဟုတ်ပေ)။
48فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِندِنَا قَالُوا لَوْلَا أُوتِيَ مِثْلَ مَا أُوتِيَ مُوسَىٰ ۚ أَوَلَمْ يَكْفُرُوا بِمَا أُوتِيَ مُوسَىٰ مِن قَبْلُ ۖ قَالُوا سِحْرَانِ تَظَاهَرَا وَقَالُوا إِنَّا بِكُلٍّ كَافِرُونَ
သို့ရာတွင် ၎င်းတို့ထံသို့ ငါအရှင်မြတ်ထံတော်မှ အမှန်တရားသည် ရောက်ရှိ၍လာသောအခါ ၎င်းတို့က အဘယ် ကြောင့်(ဤရစူလ်တမန်တော်သည်)မူစာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ရသကဲ့သို့သောအရာကို ချီးမြှင့်ပေးသနားတော်မူခြင်း မခံခဲ့ရပါသနည်းဟု ပြောဆိုခဲ့ကြကုန်၏။၎င်းတို့သည် ယခင်က တမန်တော်မူစာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ရသောအရာကို ငြင်းပယ်ခဲ့ကြသည်မဟုတ်လော။ ၎င်းတို့က (တောင်ရာတ်ကျမ်းနှင့် ကုရ်အာန်ကျမ်းမြတ်)နှစ်ခုလုံးပင် အချင်းချင်း တစ်ခုကိုတစ်ခု ရိုင်းပင်းထောက်ခံသော ပဉ္စလက်အတတ်ဖြစ်သည်ဟု ပြောဆိုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည် အားလုံးကိုငြင်းပယ်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။
49قُلْ فَأْتُوا بِكِتَابٍ مِّنْ عِندِ اللَّهِ هُوَ أَهْدَىٰ مِنْهُمَا أَتَّبِعْهُ إِن كُنتُمْ صَادِقِينَ
(အို-နဗီတမန်တော်၊)အသင်သည် (၎င်းတို့အား)(အချင်းတို့၊) အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဤ(တောင်ရာတ်နှင့်ကုရ်အာန်) နှစ်စောင်လုံးထက် ပိုမို၍တရားလမ်းညွှန်ဖြစ်သော ကျမ်းဂန်တစ်စောင်ကို ဆောင်ကြဉ်းခဲ့ကြလေကုန်။ ငါသည် ယင်းကျမ်းဂန်နှင့်အညီ လိုက်နာပါမည်ဟု ပြောကြားပါလေ။
50فَإِن لَّمْ يَسْتَجِيبُوا لَكَ فَاعْلَمْ أَنَّمَا يَتَّبِعُونَ أَهْوَاءَهُمْ ۚ وَمَنْ أَضَلُّ مِمَّنِ اتَّبَعَ هَوَاهُ بِغَيْرِ هُدًى مِّنَ اللَّهِ ۚ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင်၏ပြောကြားချက်ကို သဘောမတူခဲ့ကြပါလျှင် ၎င်းတို့သည် မိမိတို့၏စိတ်အလိုဆန္ဒများကို လိုက်စားသူများသာလျှင် ဖြစ်ကြသည်ဟူ၍သာ အသင်သည် မှတ်ယူပါလေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အထံတော်မှ တရားလမ်းညွှန်ခြင်း တစ်စုံတစ်ရာမျှ မရှိဘဲလျက် မိမိ၏စိတ်အလိုဆန္ဒကိုသာ လိုက်စားသောသူထက် ပိုမို၍လမ်းလွဲမှားသောသူဟူ၍ကား မည်သူရှိပါအံ့နည်း။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကျူးကျော်စော်ကားသော အမျိုးသားတို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူသည် မဟုတ်ပေ။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
48အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 48

စူရာ အလ်-ကစာစ် အာယာသ် 48 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် ၎င်းတို့ထံသို့ ငါအရှင်မြတ်ထံတော်မှ အမှန်တရားသည် ရောက်ရှိ၍လာသောအခါ ၎င်းတို့က အဘယ် ကြောင့်(ဤရစူလ်တမန်တော်သည်)မူစာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ရသကဲ့သို့သောအရာကို…

စူရာ အာယာသ် 48/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 46–50. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers