အလ်-ကစာစ် · 47/88
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကစာစ်
وَلَوْلَا أَن تُصِيبَهُم مُّصِيبَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ فَيَقُولُوا رَبَّنَا لَوْلَا أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ آيَاتِكَ وَنَكُونَ مِنَ الْمُؤْمِنِينَ ۝٤٧
Wa law laaa an tuseebahum museebatum bimaa qaddamat aideehim fa yaqooloo Rabbanaa law laaa arsalta ilainaa Rasoolan fanattabi`a Aayaatika wa nakoona minal mu`mineen
📖 မြန်မာဘာသာ
စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့အပေါ်၌ ၎င်းတို့ကြိုတင်ပို့နှင့်ခဲ့ကြသော(ပြစ်မှုများ)ကြောင့် ဒုက္ခတစ်စုံတစ်ရာ သက်ရောက်လာသောအခါ ၎င်းတို့က အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် အဘယ့်ကြောင့် ကျွန်တော်မျိုးတို့ထံ ရစူလ်တမန်တော်တစ်ပါးပါးကို စေလွှတ်တော်မမူခဲ့ပါသနည်း။ သို့စေလွှတ်တော်မူခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ အမိန့်တော်များကိုလိုက်နာ ကြမည်ဖြစ်ပါသည်။ ထို့ပြင် ကျွန်တော်မျိုးတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူများတွင် အပါအဝင် ဖြစ်ကြပါမည်ဟု မပြောဆိုကြပါလျှင် (ငါအရှင်မြတ်သည် ရစူလ်တမန်တော်ကို စေလွှတ်တော်မူမည် မဟုတ်ပေ)။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်

  • مُّصِيبَةٌ (မုဆီဗဟ်) — ဘေးအန္တရာယ်၊ ပြစ်ဒဏ်၊ ကပ်ဘေး။
  • بِمَا قَدَّمَتْ أَيْدِيهِمْ (ဗိမာ ကဒ္ဒမသ် အီဒီဟိမ်) — သူတို့၏ လက်များက ကြိုတင်ပို့ထားခဲ့သော၊ ဆိုလိုသည်မှာ သူတို့ကိုယ်တိုင် ကျူးလွန်ခဲ့သော ကုဖ်ရ် (မယုံကြည်မှု) နှင့် ပြစ်မှုများကြောင့်။
  • لَوْلَا (လောင်လာ) — ဤနေရာတွင် နှစ်မျိုးဖြင့် လာသည်။ ပထမတစ်ခုမှာ "မ...သော်လည်း" ဟု အဓိပ္ပာယ်ရသော ဝါကျဆက်စပ်သည့် စကားလုံးဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ "အဘယ်ကြောင့် မစေလွှတ်ခဲ့သနည်း" ဟု တောင်းဆိုသည့် အဓိပ္ပာယ်ရသည်။
  • آيَاتِكَ (အာယာသိက) — ကိုယ်တော်ချမှတ်တော်မူသော အာယသ်တော်များ၊ သွန်သင်ချက်များ။
  • الْمُؤْمِنِينَ (မုအ်မီနီန်) — ယုံကြည်သူများ၊ အီမာန်ယုံကြည်မှုကို လက်ခံကျင့်သုံးသူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်က မုရှ်ရိက္ကုန် (အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်သူများ) တို့အား ရဟ်မာသ် (ကရုဏာ) ဖြင့် ဆိုင်းငံ့ပေးထားတော်မူခြင်း၏ ပညာတော်ကို ရှင်းလင်းစွာ ဖော်ပြထားသည်။ အကယ်၍ သူတို့သည် မိမိတို့ကိုယ်တိုင် ကျူးလွန်ခဲ့သော ကုဖ်ရ်နှင့် ပြစ်မှုများကြောင့် ပြစ်ဒဏ်ကို ချက်ချင်းခံခဲ့ရလျှင် သူတို့က "အို ကျွန်ုပ်တို့၏ အရှင်မြတ်၊ အဘယ်ကြောင့် ကျွန်ုပ်တို့ထံသို့ ရစူလ်တမန်တော်တစ်ပါးကို မစေလွှတ်ခဲ့ပါသနည်း။ အကယ်၍ စေလွှတ်ခဲ့ပါလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏ အာယသ်တော်များကို လိုက်နာပြီး ယုံကြည်သူများထဲတွင် ပါဝင်ခဲ့ကြမည်" ဟု ဆင်ခြေပေးကြမည်ဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ ဆင်ခြေကို ဖြတ်တောက်ရန်နှင့် တာဝန်ရှိကြောင်း သက်သေတည်စေရန်အတွက် ရစူလ်တမန်တော်များကို စေလွှတ်တော်မူခဲ့သည်။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်၏ ဉာဏ်ပညာတော်နှင့် တရားမျှတမှုတော်ကို ထင်ရှားစေသည်။ အရှင်မြတ်သည် မည်သူ့ကိုမျှ မတရားစွာ ပြစ်ဒဏ်ပေးတော်မမူဘဲ၊ ရစူလ်တမန်တော်များကို စေလွှတ်၍ သတိပေးပြီးမှသာ တာဝန်ယူစေတော်မူသည်။

**၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှ



📜 အာယာသ် 45-49 — စူရာ အလ်-ကစာစ်

45وَلَٰكِنَّا أَنشَأْنَا قُرُونًا فَتَطَاوَلَ عَلَيْهِمُ الْعُمُرُ ۚ وَمَا كُنتَ ثَاوِيًا فِي أَهْلِ مَدْيَنَ تَتْلُو عَلَيْهِمْ آيَاتِنَا وَلَٰكِنَّا كُنَّا مُرْسِلِينَ
သို့ရာတွင် ငါအရှင်မြတ်သည် မြောက်မြားစွာသော မျိုးဆက်တို့ကို ပေါက်ပွားစေတော်မူခဲ့၏။ ၎င်းတို့အပေါ်၌ နှစ်ပရိစ္ဆေဒလည်း ကြာညောင်းခဲ့၏။ ထိုမှတစ်ပါး(အို-တမန်တော်၊) အသင်သည် မဒ်ယန်မြို့သားတို့တွင် နေထိုင်ကာ ၎င်းတို့ရှေ့ဝယ် ငါ အရှင်မြတ်၏ အာယတ်တော်များကို ဖတ်ကြားလျက် ရှိခဲ့ဖူးသည်လည်း မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် (အသင့်အား ရစူလ်တမန်တော်အဖြစ်) စေလွှတ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူသည်။
46وَمَا كُنتَ بِجَانِبِ الطُّورِ إِذْ نَادَيْنَا وَلَٰكِن رَّحْمَةً مِّن رَّبِّكَ لِتُنذِرَ قَوْمًا مَّا أَتَاهُم مِّن نَّذِيرٍ مِّن قَبْلِكَ لَعَلَّهُمْ يَتَذَكَّرُونَ
၎င်းပြင် ငါအရှင်မြတ်သည်(မူစာအား)ဟစ်ခေါ်တော်မူခဲ့စဉ်အခါတွင် အသင်သည် ‘တွူရ်’ တောင်၏နံဘေး၌ ရှိခဲ့သည်လည်းမဟုတ်ပေ။ သို့ရာ တွင် အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကရုဏာတော်ဖြင့် အကြင်အမျိုးသားတို့အား သတိပေးနှိုးဆော်အံ့သောငှာ(နဗီတမန်တော်အဖြစ် ချီးမြှင့်တော်မူခြင်းကို ခံခဲ့ရလေသည်)။ထို အမျိုးသားတို့ထံ အသင့်အလျင် သတိပေးနှိုးဆော်သူ တစ်ဦးမျှပင် ရောက်ရှိ၍လာခဲ့သည် မဟုတ်ပေ။ သို့မှသာလျှင် ၎င်းတို့သည် တရားရကြပေမည်။
47وَلَوْلَا أَن تُصِيبَهُم مُّصِيبَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ فَيَقُولُوا رَبَّنَا لَوْلَا أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ آيَاتِكَ وَنَكُونَ مِنَ الْمُؤْمِنِينَ
စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့အပေါ်၌ ၎င်းတို့ကြိုတင်ပို့နှင့်ခဲ့ကြသော(ပြစ်မှုများ)ကြောင့် ဒုက္ခတစ်စုံတစ်ရာ သက်ရောက်လာသောအခါ ၎င်းတို့က အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် အဘယ့်ကြောင့် ကျွန်တော်မျိုးတို့ထံ ရစူလ်တမန်တော်တစ်ပါးပါးကို စေလွှတ်တော်မမူခဲ့ပါသနည်း။ သို့စေလွှတ်တော်မူခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည် အရှင်မြတ်၏ အမိန့်တော်များကိုလိုက်နာ ကြမည်ဖြစ်ပါသည်။ ထို့ပြင် ကျွန်တော်မျိုးတို့သည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူများတွင် အပါအဝင် ဖြစ်ကြပါမည်ဟု မပြောဆိုကြပါလျှင် (ငါအရှင်မြတ်သည် ရစူလ်တမန်တော်ကို စေလွှတ်တော်မူမည် မဟုတ်ပေ)။
48فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِندِنَا قَالُوا لَوْلَا أُوتِيَ مِثْلَ مَا أُوتِيَ مُوسَىٰ ۚ أَوَلَمْ يَكْفُرُوا بِمَا أُوتِيَ مُوسَىٰ مِن قَبْلُ ۖ قَالُوا سِحْرَانِ تَظَاهَرَا وَقَالُوا إِنَّا بِكُلٍّ كَافِرُونَ
သို့ရာတွင် ၎င်းတို့ထံသို့ ငါအရှင်မြတ်ထံတော်မှ အမှန်တရားသည် ရောက်ရှိ၍လာသောအခါ ၎င်းတို့က အဘယ် ကြောင့်(ဤရစူလ်တမန်တော်သည်)မူစာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ရသကဲ့သို့သောအရာကို ချီးမြှင့်ပေးသနားတော်မူခြင်း မခံခဲ့ရပါသနည်းဟု ပြောဆိုခဲ့ကြကုန်၏။၎င်းတို့သည် ယခင်က တမန်တော်မူစာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ရသောအရာကို ငြင်းပယ်ခဲ့ကြသည်မဟုတ်လော။ ၎င်းတို့က (တောင်ရာတ်ကျမ်းနှင့် ကုရ်အာန်ကျမ်းမြတ်)နှစ်ခုလုံးပင် အချင်းချင်း တစ်ခုကိုတစ်ခု ရိုင်းပင်းထောက်ခံသော ပဉ္စလက်အတတ်ဖြစ်သည်ဟု ပြောဆိုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည် အားလုံးကိုငြင်းပယ်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။
49قُلْ فَأْتُوا بِكِتَابٍ مِّنْ عِندِ اللَّهِ هُوَ أَهْدَىٰ مِنْهُمَا أَتَّبِعْهُ إِن كُنتُمْ صَادِقِينَ
(အို-နဗီတမန်တော်၊)အသင်သည် (၎င်းတို့အား)(အချင်းတို့၊) အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဤ(တောင်ရာတ်နှင့်ကုရ်အာန်) နှစ်စောင်လုံးထက် ပိုမို၍တရားလမ်းညွှန်ဖြစ်သော ကျမ်းဂန်တစ်စောင်ကို ဆောင်ကြဉ်းခဲ့ကြလေကုန်။ ငါသည် ယင်းကျမ်းဂန်နှင့်အညီ လိုက်နာပါမည်ဟု ပြောကြားပါလေ။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
47အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 47

စူရာ အလ်-ကစာစ် အာယာသ် 47 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား အကယ်၍သာ ၎င်းတို့အပေါ်၌ ၎င်းတို့ကြိုတင်ပို့နှင့်ခဲ့ကြသော(ပြစ်မှုများ)ကြောင့် ဒုက္ခတစ်စုံတစ်ရာ သက်ရောက်လာသောအခါ ၎င်းတို့က အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည်…

စူရာ အာယာသ် 47/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 45–49. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers