وَكَيْفَ تَكْفُرُونَ وَأَنتُمْ تُتْلَىٰ عَلَيْكُمْ آيَاتُ اللَّهِ وَفِيكُمْ رَسُولُهُ ۗ وَمَن يَعْتَصِم بِاللَّهِ فَقَدْ هُدِيَ إِلَىٰ صِرَاطٍ مُّسْتَقِيمٍ ١٠١
🔤 Transliteration
Wa kaifa takfuroona wa antum tutlaa `alaikum Aayaatul laahi wa feekum Rasooluh; wa mai ya`tasim baillaahi faqad hudiya ilaa Siraatim Mustaqeem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် အသင်တို့သည် မည်သည့်နည်းဖြင့်မယုံမကြည် သွေဖည် ငြင်းပယ်နိုင်ကြအံ့နည်း။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များလည်းအသင်တို့ရှေ့ဝယ် ဖတ်ကြားလျက်ရှိ၏။ ထိုမှတစ်ပါး ထို(အလ္လာဟ်)အရှင်မြတ်၏ ရစူလ် တမန်တော် [မုဟမ္မဒ်(ဆွ)]သည်လည်း အသင်တို့အတွင်း၌ ရှိနေလေပြီ။ စင်စစ်သော်ကားမည်သူမဆို အလ္လာဟ်အရှင်မြတ်ကို မြဲမြံစွာ ဖက်ကိုင်၍ ထားပါလျှင် ထိုသူသည် ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်သို့ဧကန်မလွဲ ညွှန်ကြားပြသခြင်း ခံရလတ္တံ့။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
ကသ်ဖရူန (تَكْفُرُونَ ) — သင်တို့သည် ကုဖ်ရ် (မယုံကြည်မှု၊ ငြင်းပယ်မှု) ကို ပြုလုပ်ကြသည်။ တုတ်လာ (تُتْلَىٰ ) — ဖတ်ရွတ်ခြင်းခံရသည်။ အာယာသုလ္လာဟ် (آيَاتُ اللَّهِ ) — အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များ (ကုရ်အာန်ကျမ်းတော်မြတ်၏ အာယသ်များ)။ ရဆူလုဟူ (رَسُولُهُ ) — အရှင်မြတ်၏ ရဆူလ် (တမန်တော်) မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်)။ ယအ်သွိမ် (يَعْتَصِم ) — ခိုလှုံသည်၊ မှီခိုအားထားသည်၊ ဆုပ်ကိုင်ထားသည်။ ဆွိရာသွင်မုစ်သနကီမ် (صِرَاطٍ مُّسْتَقِيمٍ ) — ဖြောင့်မတ်သော လမ်းစဉ်တော်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အို မုအ်မင်န်တို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို မည်သို့ ငြင်းပယ်နိုင်ကြမည်နည်း။ အကြောင်းမှာ သင်တို့ထံတွင် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို ဖတ်ရွတ်ခြင်းခံနေရပြီး၊ သင်တို့အကြားတွင် အရှင်မြတ်၏ ရဆူလ်တော် (မုဟမ္မဒ် ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ကိုယ်တိုင် ရှိနေသည်ဖြစ်ပါလျက်၊ ဤသို့ ကုဖ်ရ်ကို မည်သို့ ပြုလုပ်နိုင်ကြမည်နည်း။ ဤအခြေအနေသည် ကုဖ်ရ်ကို အလွန်အမင်း အံ့ဩဖွယ်ရာနှင့် ကဲ့ရဲ့ရှုတ်ချဖွယ်ရာ ဖြစ်စေပါသည်။ အကြောင်းမှာ ယုံကြည်မှုတွင် တည်ကြည်စေရန် အကြီးမားဆုံး အကြောင်းရင်းနှစ်ရပ်ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်နှင့် ရဆူလ်တော်တို့သည် သူတို့ထံတွင် ရှိနေသောကြောင့် ဖြစ်သည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိမိကိုယ်ကို ခိုလှုံမှီခိုသူများအတွက် လမ်းညွှန်ချက်ကို ရှင်းလင်းစွာ ဖော်ပြထားတော်မူသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို ခိုလှုံပြီး အရှင်မြတ်၏ ကျမ်းတော်မြတ်ကုရ်အာန်နှင့် ရဆူလ်တော်၏ စွန္နသ်တော်ကို ဆုပ်ကိုင်ထားအံ့၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှုကို ရရှိပြီး ဖြောင့်မတ်သော လမ်းစဉ်တော်သို့ ရောက်ရှိပြီး ဖြစ်သည်။ ထိုလမ်းစဉ်တော်သည် အလွန်ရှင်းလင်းပြီး မည်သည့် ကွေးကောက်မှုမျှ မရှိသော လမ်းစဉ်တော်ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များကို လမ်းညွှန်ရန် နည်းလမ်းနှစ်ရပ်ကို ချန်ထားတော်မူသည်။ ၎င်းတို့မှာ က
وَكَيۡفَ تَكۡفُرُونَ وَأَنتُمۡ تُتۡلَىٰ عَلَيۡكُمۡ ءَايَٰتُ ٱللَّهِ وَفِيكُمۡ رَسُولُهُۥۗ وَمَن يَعۡتَصِم بِٱللَّهِ فَقَدۡ هُدِيَ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ١٠١
၎င်းပြင် အသင်တို့သည် မည်သည့်နည်းဖြင့်မယုံမကြည် သွေဖည် ငြင်းပယ်နိုင်ကြအံ့နည်း။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များလည်းအသင်တို့ရှေ့ဝယ် ဖတ်ကြားလျက်ရှိ၏။ ထိုမှတစ်ပါး ထို(အလ္လာဟ်)အရှင်မြတ်၏ ရစူလ် တမန်တော် [မုဟမ္မဒ်(ဆွ)]သည်လည်း အသင်တို့အတွင်း၌ ရှိနေလေပြီ။ စင်စစ်သော်ကားမည်သူမဆို အလ္လာဟ်အရှင်မြတ်ကို မြဲမြံစွာ ဖက်ကိုင်၍ ထားပါလျှင် ထိုသူသည် ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်သို့ဧကန်မလွဲ ညွှန်ကြားပြသခြင်း ခံရလတ္တံ့။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 99-103 — စူရာ အာလ်-အိမရာန်
99 قُلْ يَا أَهْلَ الْكِتَابِ لِمَ تَصُدُّونَ عَن سَبِيلِ اللَّهِ مَنْ آمَنَ تَبْغُونَهَا عِوَجًا وَأَنتُمْ شُهَدَاءُ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
(အို-နဗီတမန်တော်) အသင်သည် (ယင်းအထက်ကျမ်းဂန်ရရှိသူတို့အား ဤသို့)ပြောကြားပါလေ။ အိုကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိသူတို့အား အလ္လာဟ်အရှင်မြတ်၏ တရားလမ်းတော်မှ ထိုတရားလမ်း တော်၌ ကွေ့ကောက်မှုကို ရှာဖွေစူးစမ်း(ဖန်တည်း)ကာ အဘယ်ကြောင့် ပိတ်ပင်တားဆီးကြပါသနည်း။စင်စစ်တမူကား (အလ္လာဟ်အရှင်မြတ်၏ တရားလမ်းစဉ် မှန်ကန်ကြောင်းနှင့်စပ်လျဉ်း၍) အသင်တို့ ကိုယ်တိုင်ပင်လျှင်အသိသက်သေများဖြစ်ကြကုန်၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကိုမေ့လျော့ လျစ်လျူရှုတော်မူမည့် အရှင်လည်းမဟုတ်ချေ။
100 يَا أَيُّهَا الَّذِينَ آمَنُوا إِن تُطِيعُوا فَرِيقًا مِّنَ الَّذِينَ أُوتُوا الْكِتَابَ يَرُدُّوكُم بَعْدَ إِيمَانِكُمْ كَافِرِينَ
အို-မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အကယ်၍ အသင်တို့သည် (အထက်)ကျမ်းဂန်ရရှိသူ တို့အနက် လူတစ်စု(၏စကား)ကို လိုက်နာကြပါမူ ယင်းသူတို့သည် အသင်တို့အား အသင်တို့ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြပြီးနောက်ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သောသူများအဖြစ်သို့ပြန်လည်ရောက်ရှိစေကြကုန်အံ့။
101 وَكَيْفَ تَكْفُرُونَ وَأَنتُمْ تُتْلَىٰ عَلَيْكُمْ آيَاتُ اللَّهِ وَفِيكُمْ رَسُولُهُ ۗ وَمَن يَعْتَصِم بِاللَّهِ فَقَدْ هُدِيَ إِلَىٰ صِرَاطٍ مُّسْتَقِيمٍ
၎င်းပြင် အသင်တို့သည် မည်သည့်နည်းဖြင့်မယုံမကြည် သွေဖည် ငြင်းပယ်နိုင်ကြအံ့နည်း။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များလည်းအသင်တို့ရှေ့ဝယ် ဖတ်ကြားလျက်ရှိ၏။ ထိုမှတစ်ပါး ထို(အလ္လာဟ်)အရှင်မြတ်၏ ရစူလ် တမန်တော် [မုဟမ္မဒ်(ဆွ)]သည်လည်း အသင်တို့အတွင်း၌ ရှိနေလေပြီ။ စင်စစ်သော်ကားမည်သူမဆို အလ္လာဟ်အရှင်မြတ်ကို မြဲမြံစွာ ဖက်ကိုင်၍ ထားပါလျှင် ထိုသူသည် ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်သို့ဧကန်မလွဲ ညွှန်ကြားပြသခြင်း ခံရလတ္တံ့။
102 يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ حَقَّ تُقَاتِهِ وَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسْلِمُونَ
အို-(မုအ်မင်န်) ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေအပ်သည့်အတိုင်း ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် မုစ်လင်မ်များအဖြစ်မှတပါး အခြားအဖြစ်နှင့် မသေဆုံးကြကုန်လင့်။
103 وَاعْتَصِمُوا بِحَبْلِ اللَّهِ جَمِيعًا وَلَا تَفَرَّقُوا ۚ وَاذْكُرُوا نِعْمَتَ اللَّهِ عَلَيْكُمْ إِذْ كُنتُمْ أَعْدَاءً فَأَلَّفَ بَيْنَ قُلُوبِكُمْ فَأَصْبَحْتُم بِنِعْمَتِهِ إِخْوَانًا وَكُنتُمْ عَلَىٰ شَفَا حُفْرَةٍ مِّنَ النَّارِ فَأَنقَذَكُم مِّنْهَا ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَهْتَدُونَ
ထို့ပြင်တဝ အသင်တို့သည် တစ်စည်းတစ်လုံးတည်း အလ္လာဟ်အရှင်မြတ်၏ကြိုးကို စွဲမြဲစွာ ကိုင်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် အချင်းချင်း သွေးမကွဲကြကုန်လင့်။ တဖန် အသင်တို့သည် မိမိတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ် ပြုတော်မူသော ကျေးဇူးတော်ကိုလည်း ပြန်လည်၍သတိရကြကုန်လော့။ အခါတပါး၌ အသင်တို့သည် (မိမိတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး) ရန်သူများပင် ဖြစ်ခဲ့ကြပေရာထို(အလ္လာဟ်)အရှင်မြတ်သည် အသင်တို့၏ စိတ်နှလုံးများကိုချစ်ခင်ညီညွတ်စေတော်မူခဲ့၏။ သို့ဖြစ်၍အသင်တို့သည် (ယခုအခါ) ထိုအရှင်မြတ် ၏ ကျေးဇူးတော်ဖြင့် (မိမိတို့ အချင်းချင်း)ညီရင်းအစ်ကိုများပင်ဖြစ်ခဲ့ကြချေပြီ။ ၎င်းပြင် အသင်တို့သည်ဂျဟန္နမ် ငရဲမီး၏ နှုတ်ခမ်းသို့ (လုံးဝ) ရောက်ရှိခဲ့ကြပေရာထို အရှင်မြတ်သည် အသင်တို့အား (အစ္စလာမ် သာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်တော်မူခြင်း အားဖြင့်) ယင်းငရဲမီးမှကယ်ဆယ်တော်မူခဲ့လေပြီ။ ဤသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဒေသနာတော်များကို ထင်ရှားစေတော်မူ၏။သို့မှသာလျှင် အသင်တို့သည် တရားလမ်းမှန်ကို ရရှိကြပေမည်။
ဘာသာပြန် — အာလ်-အိမရာန် 101 စူရာ အာလ်-အိမရာန် အာယာသ် 101 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အသင်တို့သည် မည်သည့်နည်းဖြင့်မယုံမကြည် သွေဖည် ငြင်းပယ်နိုင်ကြအံ့နည်း။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များလည်းအသင်တို့ရှေ့ဝယ် ဖတ်ကြားလျက်ရှိ၏။ ထိုမှတစ်ပါး…
စူရာ အာယာသ် 101/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 99–103. မြန်မာဘာသာ: ภาษาไทย.