အာလ်-အိမရာန် · 100/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
يَا أَيُّهَا الَّذِينَ آمَنُوا إِن تُطِيعُوا فَرِيقًا مِّنَ الَّذِينَ أُوتُوا الْكِتَابَ يَرُدُّوكُم بَعْدَ إِيمَانِكُمْ كَافِرِينَ ۝١٠٠
Yaaa ayyuhal lazeena aamanoo in tutee`oo fareeqam minal lazeena ootul Kitaaba yaruddookum ba`da eemaanikum kaafireen
📖 မြန်မာဘာသာ
အို-မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အကယ်၍ အသင်တို့သည် (အထက်)ကျမ်းဂန်ရရှိသူ တို့အနက် လူတစ်စု(၏စကား)ကို လိုက်နာကြပါမူ ယင်းသူတို့သည် အသင်တို့အား အသင်တို့ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြပြီးနောက်ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သောသူများအဖြစ်သို့ပြန်လည်ရောက်ရှိစေကြကုန်အံ့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 98-102 — စူရာ အာလ်-အိမရာန်

98قُلْ يَا أَهْلَ الْكِتَابِ لِمَ تَكْفُرُونَ بِآيَاتِ اللَّهِ وَاللَّهُ شَهِيدٌ عَلَىٰ مَا تَعْمَلُونَ
အသင်သည် (ထိုအထက်ကျမ်းဂန်ရရှိသူတို့အား ဤသို့)ပြောကြားပါလေ။ အို-ကျမ်းဂန်ရရှိသူ အပေါင်းတို့အသင်တို့သည် အလ္လာဟ်အရှင်မြတ် ၏အမိန့်တော်များကိုအဘယ်ကြောင့် ငြင်းပယ်ကြပါသနည်း။ စင်စစ်တမူကားအလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှသော ကိစ္စအဝဝကိုဒိဋ္ဌမျက်မြင် အသိသက်သေပင် ဖြစ်တော်မူသည်။
99قُلْ يَا أَهْلَ الْكِتَابِ لِمَ تَصُدُّونَ عَن سَبِيلِ اللَّهِ مَنْ آمَنَ تَبْغُونَهَا عِوَجًا وَأَنتُمْ شُهَدَاءُ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
(အို-နဗီတမန်တော်) အသင်သည် (ယင်းအထက်ကျမ်းဂန်ရရှိသူတို့အား ဤသို့)ပြောကြားပါလေ။ အိုကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိသူတို့အား အလ္လာဟ်အရှင်မြတ်၏ တရားလမ်းတော်မှ ထိုတရားလမ်း တော်၌ ကွေ့ကောက်မှုကို ရှာဖွေစူးစမ်း(ဖန်တည်း)ကာ အဘယ်ကြောင့် ပိတ်ပင်တားဆီးကြပါသနည်း။စင်စစ်တမူကား (အလ္လာဟ်အရှင်မြတ်၏ တရားလမ်းစဉ် မှန်ကန်ကြောင်းနှင့်စပ်လျဉ်း၍) အသင်တို့ ကိုယ်တိုင်ပင်လျှင်အသိသက်သေများဖြစ်ကြကုန်၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စအရပ်ရပ်တို့ကိုမေ့လျော့ လျစ်လျူရှုတော်မူမည့် အရှင်လည်းမဟုတ်ချေ။
100يَا أَيُّهَا الَّذِينَ آمَنُوا إِن تُطِيعُوا فَرِيقًا مِّنَ الَّذِينَ أُوتُوا الْكِتَابَ يَرُدُّوكُم بَعْدَ إِيمَانِكُمْ كَافِرِينَ
အို-မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အကယ်၍ အသင်တို့သည် (အထက်)ကျမ်းဂန်ရရှိသူ တို့အနက် လူတစ်စု(၏စကား)ကို လိုက်နာကြပါမူ ယင်းသူတို့သည် အသင်တို့အား အသင်တို့ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြပြီးနောက်ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သောသူများအဖြစ်သို့ပြန်လည်ရောက်ရှိစေကြကုန်အံ့။
101وَكَيْفَ تَكْفُرُونَ وَأَنتُمْ تُتْلَىٰ عَلَيْكُمْ آيَاتُ اللَّهِ وَفِيكُمْ رَسُولُهُ ۗ وَمَن يَعْتَصِم بِاللَّهِ فَقَدْ هُدِيَ إِلَىٰ صِرَاطٍ مُّسْتَقِيمٍ
၎င်းပြင် အသင်တို့သည် မည်သည့်နည်းဖြင့်မယုံမကြည် သွေဖည် ငြင်းပယ်နိုင်ကြအံ့နည်း။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များလည်းအသင်တို့ရှေ့ဝယ် ဖတ်ကြားလျက်ရှိ၏။ ထိုမှတစ်ပါး ထို(အလ္လာဟ်)အရှင်မြတ်၏ ရစူလ် တမန်တော် [မုဟမ္မဒ်(ဆွ)]သည်လည်း အသင်တို့အတွင်း၌ ရှိနေလေပြီ။ စင်စစ်သော်ကားမည်သူမဆို အလ္လာဟ်အရှင်မြတ်ကို မြဲမြံစွာ ဖက်ကိုင်၍ ထားပါလျှင် ထိုသူသည် ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်သို့ဧကန်မလွဲ ညွှန်ကြားပြသခြင်း ခံရလတ္တံ့။
102يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ حَقَّ تُقَاتِهِ وَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسْلِمُونَ
အို-(မုအ်မင်န်) ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေအပ်သည့်အတိုင်း ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် မုစ်လင်မ်များအဖြစ်မှတပါး အခြားအဖြစ်နှင့် မသေဆုံးကြကုန်လင့်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
100အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 100

စူရာ အာလ်-အိမရာန် အာယာသ် 100 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အကယ်၍ အသင်တို့သည် (အထက်)ကျမ်းဂန်ရရှိသူ တို့အနက် လူတစ်စု(၏စကား)ကို လိုက်နာကြပါမူ ယင်းသူတို့သည် အသင်တို့အား…

စူရာ အာယာသ် 100/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 98–102. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers