အာလ်-အိမရာန် · 131/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
وَاتَّقُوا النَّارَ الَّتِي أُعِدَّتْ لِلْكَافِرِينَ ۝١٣١
Wattaqun Naaral lateee u`iddat lilkaafireen
📖 မြန်မာဘာသာ
ထိုမှတစ်ပါးတုံ အသင်တို့သည် ကာဖိရ် မယုံကြည် သွေဖယ်ငြင်းပယ်ကြကုန်သော သူတို့ အဖို့ အသင့်ပြင်ဆင်ထားရှိပြီးဖြစ်သော (ငရဲ)မီး ဘေးမှ(လည်း) ကြဉ်ရှောင်ကြလေကုန်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 129-133 — စူရာ အာလ်-အိမရာန်

129وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ يَغْفِرُ لِمَن يَشَاءُ وَيُعَذِّبُ مَن يَشَاءُ ۚ وَاللَّهُ غَفُورٌ رَّحِيمٌ
ထို့ပြင်တဝ အာကာသကောင်းကင်များ၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာများသည်လည်းကောင်း၊ပထဝီမြေ၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသောအရာများချည်းသာ�ည်း။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူကို အပြစ်မှချမ်းသာပေးသနားတော်မူသည်။၎င်းပြင် ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူကိုအပြစ်ပေးတော်မူလေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အပြစ်များမှ အလွန်ချမ်းသာခွင့် ပေးသနားတော်မူထသောအရှင်၊ အစဉ်သနားကြင်နာ ညှာတာတော်မူထသောအရှင် ဖြစ်တော်မူပေသတည်း။
130يَا أَيُّهَا الَّذِينَ آمَنُوا لَا تَأْكُلُوا الرِّبَا أَضْعَافًا مُّضَاعَفَةً ۖ وَاتَّقُوا اللَّهَ لَعَلَّكُمْ تُفْلِحُونَ
အို- မုအ်မင်န် ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသူအပေါင်းတို့။ အသင်တို့သည် ဆထက်တိုးပြီးဖြစ်သော၊ဆပေါင်းများစွာသော အတိုးအညွန့်ကို မစားကြကုန်လင့်။4င်းပြင် အသင်တို့ သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြလေ ကုန်၊ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြ ကုန်အံ့။
131وَاتَّقُوا النَّارَ الَّتِي أُعِدَّتْ لِلْكَافِرِينَ
ထိုမှတစ်ပါးတုံ အသင်တို့သည် ကာဖိရ် မယုံကြည် သွေဖယ်ငြင်းပယ်ကြကုန်သော သူတို့ အဖို့ အသင့်ပြင်ဆင်ထားရှိပြီးဖြစ်သော (ငရဲ)မီး ဘေးမှ(လည်း) ကြဉ်ရှောင်ကြလေကုန်။
132وَأَطِيعُوا اللَّهَ وَالرَّسُولَ لَعَلَّكُمْ تُرْحَمُونَ
ထို့ပြင်တဝ အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်များကို၎င်း၊ ရစူလ် တမန်တော်၏ဩဝါဒများကိုလည်းကောင်း၊ လိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် သနားကြင်နာ ညှာတာ တော်မူခြင်းကို ခံကြရလတ္တံ့။
133۞ وَسَارِعُوا إِلَىٰ مَغْفِرَةٍ مِّن رَّبِّكُمْ وَجَنَّةٍ عَرْضُهَا السَّمَاوَاتُ وَالْأَرْضُ أُعِدَّتْ لِلْمُتَّقِينَ
ထိုပြင်တဝ အသင်တို့သည် မိမိတို့၏ အရှင်မြတ်၏အထံတော်မှဖြစ်သာ အပြစ်မှ ချမ်းသာ ပေးသနားတော်မူရာသို့လည်းကောင်း၊ ဂျန္နတ် အမတ သုခဘုံသို့လည်းကောင်း၊သူ့ထက်ငါသာအောင် လျင်မြန်စွာ ပြေးလာကြကုန်လော့။ ထိုဂျန္နတ် အမတသုခဘုံ၏ အကျယ်အဝန်းကား မိုးကောင်ကင်များနှင့် ပထဝီမြေပြင်(တမျှ) ဖြစ်၏။ ထို ဂျန္နတ် အမတသုခဘုံသည် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင် ကြကုန်သောမွတ္တကီ သူတော်စင်များအဖို့ အသင့်ပြင်ဆင်ထားပြီးဖြစ်လေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
131အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 131

စူရာ အာလ်-အိမရာန် အာယာသ် 131 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါးတုံ အသင်တို့သည် ကာဖိရ် မယုံကြည် သွေဖယ်ငြင်းပယ်ကြကုန်သော သူတို့ အဖို့ အသင့်ပြင်ဆင်ထားရှိပြီးဖြစ်သော (ငရဲ)မီး ဘေးမှ(လည်း)…

စူရာ အာယာသ် 131/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 129–133. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers