အာလ်-အိမရာန် · 146/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
وَكَأَيِّن مِّن نَّبِيٍّ قَاتَلَ مَعَهُ رِبِّيُّونَ كَثِيرٌ فَمَا وَهَنُوا لِمَا أَصَابَهُمْ فِي سَبِيلِ اللَّهِ وَمَا ضَعُفُوا وَمَا اسْتَكَانُوا ۗ وَاللَّهُ يُحِبُّ الصَّابِرِينَ ۝١٤٦
Wa ka aiyim min Nabiyyin qaatala ma`ahoo ribbiyyoona kaseerun famaa wahanoo limaaa Asaabahum fee sabeelil laahi wa maa da`ufoo wa mas takaanoo; wallaahu yuhibbus saabireen
📖 မြန်မာဘာသာ
၎င်းပြင် မြောက်မြားစွာသော နဗီတမန်တော်များနှင့် အတူတကွ အလ္လာဟ်အရှင်မြတ်အား ကြည်ညိုမြတ်နိုးကြကုန်သော သူတော်ကောင်းများ သည် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြလေသည်။ သို့ပါလျက် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိတို့၌ဆိုက်ရောက်ခဲ့သော ဘေးအန္တရာယ်ဆင်းရဲဒုက္ခများကြောင့် စိတ်အား လျော့ခြင်းသည်လည်းကောင်း၊ အင်အားလျော့နည်းခြင်းသည်လည်းကောင်း၊ကြို့ငဲ့ နိမ့်ကျခြင်းသည်လည်းကောင်း၊ မရှိခဲ့ကြချေ။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ဇွဲသတ္တိနှင့်ပြည့်စုံ၍) ခန္တီတရားထားရှိသူတို့ကို ချစ်ကြည်မြတ်နိုးတော်မူပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • وَكَأَيِّن (ဝကအီယင်): “မည်မျှပင်” သို့မဟုတ် “အများအပြား” ဟု အဓိပ္ပာယ်ရသည်။
  • رِبِّيُّونَ (ရိဗ္ဗီယူန): “ရိဗ္ဗီ” ဟူသော ဝေါဟာရ၏ အများကိန်းဖြစ်ပြီး “အလွန်များပြားသော အုပ်စုများ”၊ “လူအုပ်ကြီးများ” ဟု အဓိပ္ပာယ်ရသည်။
  • وَهَنُوا (ဝဟနူ): “အားနည်းသွားသည်”၊ “ကြောက်ရွံ့သွားသည်” ဟု အဓိပ္ပာယ်ရသည်။
  • ضَعُفُوا (ဒအုဖူ): “အားနည်းသည်”၊ “စွမ်းရည်ချို့တဲ့သည်” ဟု အဓိပ္ပာယ်ရသည်။
  • اسْتَكَانُوا (ဣစ္တကာနူ): “ရှုံးနိမ့်လက်အောက်ခံသည်”၊ “နှိမ့်ချသွားသည်” ဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်တော်တွင် တိုက်ပွဲဝင်ခဲ့ကြသော တမန်တော်များစွာ ရှိခဲ့ကြသည်။ ထိုတမန်တော်များနှင့်အတူ သူတို့၏ နောက်လိုက်သားများထဲမှ များပြားလှသော အုပ်စုကြီးများလည်း တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်တော်တွင် ဒဏ်ရာရခြင်း၊ သေဆုံးခြင်းစသော ဘေးဒုက္ခများ ကြုံတွေ့ခဲ့ရသောအခါ အားနည်းသွားခြင်း မရှိကြပေ။ ရန်သူများကို ရင်ဆိုင်တိုက်ခိုက်ရာတွင် စွမ်းရည်ချို့တဲ့သွားခြင်း မရှိကြပေ။ ရန်သူများရှေ့တွင် လက်အောက်ခံသွားခြင်း၊ နှိမ့်ချသွားခြင်း မရှိကြပေ။ ထိုသူတို့သည် ဇွဲလုံ့လဖြင့် ခံနိုင်ရည်ရှိရှိ ရပ်တည်ခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည် ခံနိုင်ရည်ရှိသူများကို ချစ်မြတ်နိုးတော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးလာစေရန် ဆွဲဆောင်မှုများ:
  • အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်တော်တွင် ကြုံတွေ့ရသော ဘေးဒုက္ခများကို ခံနိုင်ရည်ရှိခြင်းသည် အရှင်မြတ်၏ ချစ်မြတ်နိုးခြင်းကို ခံစားရစေသော ဂုဏ်ကျေးဇူးတစ်ခု ဖြစ်သည်။
  • တမန်တော်များနှင့် သူတို့၏ နောက်လိုက်သားများသည် အခက်အခဲများကြားတွင် ဇွဲလုံ့လ မလျှော့ဘဲ ရပ်တည်ခဲ့ကြသည့် စံပြပုံရိပ်များကို ဤအာယသ်တော်က ဖော်ပြပေးသည်။
  • ခံနိုင်ရည်ရှိခြင်း (ဆွဗ်ရ်) သည် အစ္စလာမ်သာသနာ၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်ပြီး မည်သည့်အခက်အခဲကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်သော စွမ်းအားကို ပ


📜 အာယာသ် 144-148 — စူရာ အာလ်-အိမရာန်

144وَمَا مُحَمَّدٌ إِلَّا رَسُولٌ قَدْ خَلَتْ مِن قَبْلِهِ الرُّسُلُ ۚ أَفَإِن مَّاتَ أَوْ قُتِلَ انقَلَبْتُمْ عَلَىٰ أَعْقَابِكُمْ ۚ وَمَن يَنقَلِبْ عَلَىٰ عَقِبَيْهِ فَلَن يَضُرَّ اللَّهَ شَيْئًا ۗ وَسَيَجْزِي اللَّهُ الشَّاكِرِينَ
အမှန်သော်ကား [တမန်တော် မုဟမ္မဒ်(ဆွ)]သည် ရစူလ် တမန်တော်တစ်ပါးမျှသာ ဖြစ်သည်။ ထို (ရစူလ်တမန်တော်) မုဟမ္မဒ်(ဆွ)၏ အလျင် (အခြား) ရစူလ် တမန်တော်များ(လည်း) မလွဲဧကန် လွန်လေခဲ့ကြချေပြီ။ သို့ဖြစ်ပေရာအကယ်၍သာ ထို (ရစူလ်တမန်တော်) မုဟမ္မဒ်(ဆွ)သည်(လည်း)ကွယ်လွန်သေဆုံးခဲ့လျှင် သော်လည်းကောင်း၊ သို့တည်းမဟုတ် သတ်ဖြတ် ခြင်းခံခဲ့ရလျှင်သော်လည်းကောင်း၊အသငတို့သည် (စစ်မြေပြင်မှဖြစ်စေ၊ အစ္စလာမ်သာသနာတော်မှ ဖြစ်စေ) မိမိတို့ခြေဖနှောင့်ဘက်သို့ ပြန်လှည့်၍ဆုတ်ခွာသွား ကြမည်လော။ အမှန်စင်စစ်သော်ကားမည်သူမဆို မိမိ ခြေမနှောင့်ဘက်သို့ ပြန်လှည့်၍ ဆုတ်ခွာသွားပါမူ ထိုသူသည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှအလျင်း ဆုံးရှုံးနစ်နာ စေနိုင်မည်မဟုတ်ချေ။ ထို့ပြင်တဝအလ္လာဟ်အရှင်မြတ်သည် ကျေးဇူး တော်များကို သိတတ်သောသူတို့အား မကြာမီ အကျိုး ကျေးဇူး ပေးသနားတော်မူအံ့။
145وَمَا كَانَ لِنَفْسٍ أَن تَمُوتَ إِلَّا بِإِذْنِ اللَّهِ كِتَابًا مُّؤَجَّلًا ۗ وَمَن يُرِدْ ثَوَابَ الدُّنْيَا نُؤْتِهِ مِنْهَا وَمَن يُرِدْ ثَوَابَ الْآخِرَةِ نُؤْتِهِ مِنْهَا ۚ وَسَنَجْزِي الشَّاكِرِينَ
ထိုမှတစ်ပါး မည်သူတစ်ဦးတစ်ယောက်၌မျှအလ္လာဟ်အရှင်မြတ်၏ အမိန့်တော်မရှိဘဲလျက် သေဆုံးနိုင်ခွင့်မရှိချေ။ (လူတိုင်းအဖို့သေဆုံးရန်အတွက်) တ်မှတ်ထားသော အချိန်တစ်ချိန်သည် ရေးသားပြီးဖြစ်၏။ တဖန်မည်သူမဆို လောကီအကျိုးကို အလိုရှိ ခဲ့ပါမူ၊ ငါအရှင်မြတ်သည်(အလိုတော်ရှိပါလျှင်) ထိုသူအား လောကီအကျိုးကို ပေးသနားတော်မူအံ့။ ထိုနည်းတူစွာ မည်သူမဆို နောင်တမလွန်ဘဝ၏အကျိုးကျေးဇူးကို အလိုရှိခဲ့ပါလျှင်၊ ငါအရှင်မြတ်သည် ထိုသူအား နောင်တမလွန်ဘဝ၏ အကျိုးကို ပေးသနားတော်မူအံ့။၎င်းပြင် ငါအရှင်မြတ်သည် ကျေးဇူးသိတတ်သော သူတို့အားမကြာမီ အကျိုးပေးဆပ်တော်မူအံ့။
146وَكَأَيِّن مِّن نَّبِيٍّ قَاتَلَ مَعَهُ رِبِّيُّونَ كَثِيرٌ فَمَا وَهَنُوا لِمَا أَصَابَهُمْ فِي سَبِيلِ اللَّهِ وَمَا ضَعُفُوا وَمَا اسْتَكَانُوا ۗ وَاللَّهُ يُحِبُّ الصَّابِرِينَ
၎င်းပြင် မြောက်မြားစွာသော နဗီတမန်တော်များနှင့် အတူတကွ အလ္လာဟ်အရှင်မြတ်အား ကြည်ညိုမြတ်နိုးကြကုန်သော သူတော်ကောင်းများ သည် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြလေသည်။ သို့ပါလျက် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိတို့၌ဆိုက်ရောက်ခဲ့သော ဘေးအန္တရာယ်ဆင်းရဲဒုက္ခများကြောင့် စိတ်အား လျော့ခြင်းသည်လည်းကောင်း၊ အင်အားလျော့နည်းခြင်းသည်လည်းကောင်း၊ကြို့ငဲ့ နိမ့်ကျခြင်းသည်လည်းကောင်း၊ မရှိခဲ့ကြချေ။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် (ဇွဲသတ္တိနှင့်ပြည့်စုံ၍) ခန္တီတရားထားရှိသူတို့ကို ချစ်ကြည်မြတ်နိုးတော်မူပေသည်။
147وَمَا كَانَ قَوْلَهُمْ إِلَّا أَن قَالُوا رَبَّنَا اغْفِرْ لَنَا ذُنُوبَنَا وَإِسْرَافَنَا فِي أَمْرِنَا وَثَبِّتْ أَقْدَامَنَا وَانصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ
၎င်းပြင် ထိုသူတို့သည် (ယင်းကဲ့သို့ ဘေးအတန်တန်၊ ရန်အဖုံဖုံ၊ ဆင်းရဲဒုက္ခ အမျိုးမျိုး ရောက်နေကြသောအခါတစ်စုံတစ်ရာ ငြီးငြူခြင်း မပြုဘဲ) ဤသို့သာလျှင် လျှောက်ထားကြကုန်သည်။အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ အပြစ်များကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့၏ အရေးကိစ္စတွင် ကျွန်တော်မျိုးတို့၏ အလွန်အကျွန် ပြုမူခဲ့ခြင်းများကိုလည်းကောင်း၊ ချမ်းသာခွင့်ပေးသနားတော်မူပါ။ ထိုမှတပါး အသျှင်မြတ်သည်ကျွန်တော်မျိုး တို့၏ခြေများကို (ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်အပေါ်၌) တည်တံ့ခိုင်မြဲစေတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ကာဖိရ် ယုံကြည်ခြင်းသဒ္ဓါတရားကင်းမဲ့သော သူတို့အပေါ်၌ အောင်မြင် ခြင်းကို ပေးသနားတော်မူပါ
148فَآتَاهُمُ اللَّهُ ثَوَابَ الدُّنْيَا وَحُسْنَ ثَوَابِ الْآخِرَةِ ۗ وَاللَّهُ يُحِبُّ الْمُحْسِنِينَ
သို့ဖြစ်ပေရာ၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား လောကီအကျိုး(ဖြစ်သောအောင်မြင်မှု)ကိုလည်းကောင်း၊ နောင်တမလွန်ဘဝ၏ ကောင်းမြတ်သော အကျိုးကျေးဇူးကိုလည်းကောင်း ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်သော အကျင့်အမူ ကျင့်မူသော သူတို့အား ချစ်ကြည်တော်မူလေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
146အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 146

စူရာ အာလ်-အိမရာန် အာယာသ် 146 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် မြောက်မြားစွာသော နဗီတမန်တော်များနှင့် အတူတကွ အလ္လာဟ်အရှင်မြတ်အား ကြည်ညိုမြတ်နိုးကြကုန်သော သူတော်ကောင်းများ သည် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ကြလေသည်။ သို့ပါလျက်…

စူရာ အာယာသ် 146/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 144–148. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers