အာလ်-အိမရာန် · 16/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
الَّذِينَ يَقُولُونَ رَبَّنَا إِنَّنَا آمَنَّا فَاغْفِرْ لَنَا ذُنُوبَنَا وَقِنَا عَذَابَ النَّارِ ۝١٦
Allazeena yaqooloona Rabbanaaa innanaaa aamannaa faghfir lanaa zunoobanaa wa qinaa `azaaban Naar
📖 မြန်မာဘာသာ
အကြင်သူ(တော်စင်)တို့သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့သည် မလွဲဧကန် (အရှင်မြတ်ကို)သက်ဝင်ယုံကြည်ကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူပါ။ ၎င်းပြင်(နောင်တမလွန်ဘဝတွင်) ကျွန်တော်မျိုးတို့အား ငရဲ မီးဘေးမှလည်း ကာကွယ်စောင့်ရှောက်တော်မူပါဟု လျှောက်ထားပန်ကြားကြလေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 14-18 — စူရာ အာလ်-အိမရာန်

14زُيِّنَ لِلنَّاسِ حُبُّ الشَّهَوَاتِ مِنَ النِّسَاءِ وَالْبَنِينَ وَالْقَنَاطِيرِ الْمُقَنطَرَةِ مِنَ الذَّهَبِ وَالْفِضَّةِ وَالْخَيْلِ الْمُسَوَّمَةِ وَالْأَنْعَامِ وَالْحَرْثِ ۗ ذَٰلِكَ مَتَاعُ الْحَيَاةِ الدُّنْيَا ۖ وَاللَّهُ عِندَهُ حُسْنُ الْمَآبِ
လူခပင်းတို့ အဖို့အရာ၊ မိန်းမများကိုလည်းကောင်း၊ သားရတနာများကိုလည်းကောင်း၊ စုဆောင်းသိုမှီးထားသော ရွှေငွေရတနာများကိုလည်းကောင်း၊ သင်ကြားလေ့ကျင့် ရွေးချယ်သတ်မှတ်ထားသော၊ မျိုးမှန်မျိုးကောင်း မြင်းများကိုလည်းကောင်း၊ (နွား၊ သိုး၊ ဆိတ်) ကုလားအုတ် စသည့်တိရိစ္ဆာန်များကိုလည်းကောင်း၊ လယ်ယာဥယျာဉ်များကို လည်းကောင်း၊ ချစ်ခင်စုံမက် နှစ်သက်မြတ်နိုး၊ လှပတင့်တယ်ဤသည်တို့ကား ပစ္စပ္ပုန် လောကီဘဝ၏ အသုံးအဆောင်များသာတည်း။ အမှန်စင်စစ်အားဖြင့် အမြင့်မြတ်ဆုံးသောပြန်လည်ရာ ဌာနသည်ကား အလ္လာဟ်အရှင်မြတ်၏ အထံတော်၌သာလျှင် ရှိပေသတည်း။
15۞ قُلْ أَؤُنَبِّئُكُم بِخَيْرٍ مِّن ذَٰلِكُمْ ۚ لِلَّذِينَ اتَّقَوْا عِندَ رَبِّهِمْ جَنَّاتٌ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَأَزْوَاجٌ مُّطَهَّرَةٌ وَرِضْوَانٌ مِّنَ اللَّهِ ۗ وَاللَّهُ بَصِيرٌ بِالْعِبَادِ
(အို-နဗီတမန်တော်) အသင်သည် (လူသားတို့အား) ပြောကြားပါလေ။ အကျွန်ုပ်သည် အသင်တို့ အားထို (အထက်အဆိုပါ လောကီရတနာစည်းစိမ်များ)ထက် ပိုမိုသင့်မြတ်သောအရာများကို အကြောင်းကြားရပါမည်လော။(အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညား၍ ဒုစရိုက်မှုတို့ကို) ကြဉ်ရှောင်သော သူတော်စင်များအဖို့ ယင်းသူတို့အားမွေးမြူတော် မူသော အရှင်မြတ်အထံတော်၌ ဥယျာဉ်တော်များရှိပေသည်။ ထိုဥယျာဉ်တော်များ၏အောက်မှ စမ်းရေ ချောင်းများသည် (အယဉ်တွေတွေ)စီးဆင်လျက် ရှိပေသည်။ (ယင်းသူတို့သည်) ထိုဥယျာဉ်တော်များ တွင် အမြဲထာဝရ စံနေကြမည့်သူများပင် ဖြစ်ကြ ပေသည်။ (ထို့ပြင် ယင်းသူတို့အဖို့)စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော ဇနီးများလည်း ရှိကြပေသည်။ ထို့ပြင်တဝ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုလည်းရှိပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်(မိမိ၏)ကျွန်များ (၏အခြေအနေအဖြစ်အပျက် အားလုံး တို့ကို)ခွဲခြားသိမြင်တော် မူသောအရှင် ဖြစ်တော်မူပေသတည်း။
16الَّذِينَ يَقُولُونَ رَبَّنَا إِنَّنَا آمَنَّا فَاغْفِرْ لَنَا ذُنُوبَنَا وَقِنَا عَذَابَ النَّارِ
အကြင်သူ(တော်စင်)တို့သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့သည် မလွဲဧကန် (အရှင်မြတ်ကို)သက်ဝင်ယုံကြည်ကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူပါ။ ၎င်းပြင်(နောင်တမလွန်ဘဝတွင်) ကျွန်တော်မျိုးတို့အား ငရဲ မီးဘေးမှလည်း ကာကွယ်စောင့်ရှောက်တော်မူပါဟု လျှောက်ထားပန်ကြားကြလေသည်။
17الصَّابِرِينَ وَالصَّادِقِينَ وَالْقَانِتِينَ وَالْمُنفِقِينَ وَالْمُسْتَغْفِرِينَ بِالْأَسْحَارِ
(အပြစ်များမှကြဉ်ရှောင်သော ထိုသူတော်စင်များသည်) ခန္တီတရားနှင့် ပြည့်စုံသောသူများလည်းကောင်း၊(စိတ်နှလုံးဖြောင့်မတ်မှန်ကန် ငြိမ်သက်တည်ကြည်သော)သစ္စာဝါဒီများလည်းကောင်း၊ (အလ္လာဟ်အရှင်မြတ် ရှေ့တော်မှောက်တွင်) ခယ ရိုကျိုးသူများလည်းကောင်း၊ (အစ္စလာမ်တရားတော်နှင့်အညီ သဒ္ဓါစေတနာထက်သန်စွာ) လှူဒါန်းသုံးစွဲ ပေးကမ်းစွန့်ကြဲသူများလည်းကောင်း၊ ညဉ့်၏နောက်ဆုံးယံ အရုဏ်တက်ချိန်များတွင် (အလ္လာဟ်အရှင်မြတ် အထံတော်တွင် မိမိတို့အပြစ်များမှ) လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားသူများလည်းကောင်း၊ ဖြစ်ကြလေသတည်း။
18شَهِدَ اللَّهُ أَنَّهُ لَا إِلَٰهَ إِلَّا هُوَ وَالْمَلَائِكَةُ وَأُولُو الْعِلْمِ قَائِمًا بِالْقِسْطِ ۚ لَا إِلَٰهَ إِلَّا هُوَ الْعَزِيزُ الْحَكِيمُ
အလ္လာဟ်အရှင်မြတ်သည် မိမိမှတပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်မရှိကြောင်း (မိမိ ကိုယ်တော်တိုင်)သက်သေခံတော်မူ၏။ ထိုနည်းတူစွာ၊ မလာအိကဟ်ကောင်းကင် တမန်များနှင့် ပညာရှင် သုခမိန် အပေါင်းတို့သည်လည်း (မိမိတို့၏ အကျင့်အမူများဖြင့် သက်သေခံခဲ့ ကြလေပြီ)ထိုအရှင်မြတ်သည် တရားမျှတစွာ စီမံအုပ်ချုပ်လျက်ရှိတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် ခဝပ်ကိုးကွယ် ရာ အရှင်ဖြစ်တော်မူ၍ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျင်းမရှိပြီ။ (ထို အရှင်မြတ်သည်) တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော် မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံတရား နှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင်တည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
16အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 16

စူရာ အာလ်-အိမရာန် အာယာသ် 16 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင်သူ(တော်စင်)တို့သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့သည် မလွဲဧကန် (အရှင်မြတ်ကို)သက်ဝင်ယုံကြည်ကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ ပြစ်မှုဒုစရိုက်တို့ကို…

စူရာ အာယာသ် 16/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 14–18. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers