အာလ်-အိမရာန် · 193/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
رَّبَّنَا إِنَّنَا سَمِعْنَا مُنَادِيًا يُنَادِي لِلْإِيمَانِ أَنْ آمِنُوا بِرَبِّكُمْ فَآمَنَّا ۚ رَبَّنَا فَاغْفِرْ لَنَا ذُنُوبَنَا وَكَفِّرْ عَنَّا سَيِّئَاتِنَا وَتَوَفَّنَا مَعَ الْأَبْرَارِ ۝١٩٣
Rabbanaaa innanaa sami`naa munaadiyai yunaadee lil eemaani an aaminoo bi Rabbikum fa aamannaa; Rabbanaa faghfir lanaa zunoobanaa wa kaffir `annaa saiyi aatina wa tawaffanaa ma`al abraar
📖 မြန်မာဘာသာ
အို- ကျွန်တော်မျိုးတို့၏အရှင်၊ မုချဧကန်၊ ကျွန်တော်မျိုးတို့သည် ကြွေးကြော်သူတစ်ဦး (၏ ကြွေးကြော်သံကို)ကြားကြပါသည်။ ထိုသူ�ည် (လူခပ်သိမ်းတို့အား) အီမာန်ယုံကြည်ခြင်းတရား ထားရန်အလို့ငှာ(အို-လူအပေါင်းတို့)အသင်တို့ သည် မိမိတို့၏အရှင်မြတ်အား ယုံကြည်ကြကုန်ဟုကြွေးကြော်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်မျိုးတို့သည် (အရှင်မြတ်အား) ယုံကြည်ကြပါပြီ။ အို-ကျွန်တော်မျိုးတို့၏အရှင်၊ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(ကြီးလေးသော) အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ၎င်းပြင်အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(သေးငယ်သော) မကောင်းမှုများကိုလည်း ကျွန်တော်မျိုးတို့ထံမှ ပပျောက်စေ တော်မူပါ။၎င်းပြင် အရှင်မြတ်သည် (မိမိ၏ ကရုဏာတော်အဟုန်ဖြင့်)ကျွန်တော်မျိုးတို့အား သူမွန်သူမြတ်တို့နှင့် အတူတကွ သေဆုံးစေတော်မူပါ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • مُنَادِيًا (မုနာဒိယန်) — ခေါ်ဆိုသူ၊ ဟစ်ကြွေးသူ။ ဤနေရာတွင် တမန်တော် မုဟမ္မဒ် (ဆွ) ကို ရည်ညွှန်းသည်။
  • لِلْإِيمَانِ (လိလ်အီမာန်) — အီမာန် (ယုံကြည်ခြင်း) အတွက်ဟူသော အဓိပ္ပာယ်။
  • فَاغْفِرْ (ဖဂ်ဖိရ်) — ခွင့်လွှတ်ပါ၊ ဖုံးအုပ်ပေးပါ။
  • وَكَفِّرْ (ဝကဖ်ဖိရ်) — ဖျောက်ဖျက်ပေးပါ၊ ဖုံးကွယ်ပေးပါ။
  • سَيِّئَاتِنَا (ဆိုင်ယိအာသိနာ) — ကျွန်ုပ်တို့၏ မကောင်းမှုများ၊ အကုသိုလ်များ။
  • تَوَفَّنَا (တဝဖ်ဖနာ) — ကျွန်ုပ်တို့ကို သေဆုံးစေပါ၊ ရုပ်ခန္ဓာကို ရုပ်သိမ်းပါ။
  • الْأَبْرَارِ (အလ်အဗ်ရာရ်) — သူတော်ကောင်းများ၊ ဖြောင့်မတ်သူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

ဤအာယသ်တော်သည် အီမာန်ရရှိပြီးသော မုအ်မင်န်များ၏ ဒိုအာ (ဆုတောင်း) ကို ဖော်ပြထားခြင်း ဖြစ်သည်။ သူတို့က “အို ကျွန်ုပ်တို့၏ အရှင်သခင်၊ ကျွန်ုပ်တို့သည် အီမာန်သို့ ခေါ်ဆိုသူတစ်ဦးကို ကြားခဲ့ရပါသည်” ဟု လျှောက်ထားကြသည်။ ထိုခေါ်ဆိုသူမှာ တမန်တော် မုဟမ္မဒ် (ဆွ) ဖြစ်ပြီး၊ သူသည် “သင်တို့၏ အရှင်သခင်ကို ယုံကြည်ကြပါ” ဟု အီမာန်၏ အကြောင်းကို ဟစ်ကြွေးခေါ်ဆိုသူ ဖြစ်သည်။ အီမာန်ထက် ကြီးမြတ်သော ခေါ်ဆိုမှု မရှိသောကြောင့်၊ ထိုခေါ်ဆိုမှုသည် အမြင့်မြတ်ဆုံး ဖြစ်သည်။

ထို့နောက် သူတို့က “ကျွန်ုပ်တို့သည် ယုံကြည်ခဲ့ပါပြီ” ဟု ဖြေကြားကြသည်။ ဆိုလိုသည်မှာ တမန်တော်၏ ခေါ်ဆိုမှုကို လက်ခံပြီး၊ အလ္လာဟ်အရှင်မြတ်ကို တစ်ဆူတည်းသော အရှင်အဖြစ် ယုံကြည်ကာ၊ ရှရီအသ် (ဥပဒေသ) ကို လိုက်နာကျင့်သုံးခဲ့ကြသည်။

ထို့နောက် သူတို့က “အို ကျွန်ုပ်တို့၏ အရှင်သခင်၊ ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ၊ ကျွန်ုပ်တို့၏ မကောင်းမှုများကို ဖုံးကွယ်ပေးတော်မူပါ၊ သူတော်ကောင်းများနှင့်အတူ ကျွန်ုပ်တို့ကို သေဆုံးစေတော်မူပါ” ဟု ဆုတောင်းကြသည်။

ဆိုလိုသည်မှာ — အပြစ်များကို ခွင့်လွှတ်ပေးပါ၊ မကောင်းမှုများကို ဖျောက်ဖျက်ပေးပါ၊ အရှက်ကွဲခြင်းနှင့် အပြစ်ဒဏ်ခံရခြင်းမှ ကင်းဝေးစေပါ။ ထို့ပြင် ကျွန်ုပ်တို့၏ အသက်ဇီဝိန်ကို ရုပ်သိမ်းသည့်အခါ သူတော်ကောင်းများ၊ ဖြောင့်မတ်သူများ၊ နဗီတ



📜 အာယာသ် 191-195 — စူရာ အာလ်-အိမရာန်

191الَّذِينَ يَذْكُرُونَ اللَّهَ قِيَامًا وَقُعُودًا وَعَلَىٰ جُنُوبِهِمْ وَيَتَفَكَّرُونَ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ رَبَّنَا مَا خَلَقْتَ هَٰذَا بَاطِلًا سُبْحَانَكَ فَقِنَا عَذَابَ النَّارِ
အကြင် နိသမ္မဉာဏ်ရှင်များသည် အလ္လာဟ်အရှင်မြတ်အား မတ်တတ်ရပ်လျက်လည်းကောင်း၊ ထိုင်လျက်လည်း ကောင်း၊ လဲလျောင်းလျက်လည်းကောင်း (အခါခပ်သိမ်း)အောက်မေ့တသ သတိရကြ၏။ ၎င်းပြင် ထိုသူတို့သည်အာကာသ ကောင်းကင် ဘုံများနှင့် ကမ္ဘာမြေကိုဖန်ဆင်းခြင်းနှင့် စပ်လျဉ်း၍ စဉ်းစားဆင်ခြင်(ကာဤသို့လျှောက်ထား)ကြ၏။ အို-ကျွန်တော်မျိုးတို့၏ အရှင်၊အရှင်မြတ်သည် ဤ(ဖန်ဆင်းထားသောအရာများ)ကို အချည်းနှီး ဖန်ဆင်းထားတော်မူသည်မဟုတ်ပါ၊ အရှင်မြတ်သည်ချို့တဲ့ခြင်းအပေါင်းမှ ကင်းစင်တော်မူပါ၏။ သို့ဖြစ်ပါ၍အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ငရဲမီး၏ပြစ်ဒဏ်မှဖယ်ရှားတော်မူပါ။
192رَبَّنَا إِنَّكَ مَن تُدْخِلِ النَّارَ فَقَدْ أَخْزَيْتَهُ ۖ وَمَا لِلظَّالِمِينَ مِنْ أَنصَارٍ
အို-ကျွန်တော်မျိုးတို့၏အရှင်၊ ဧကန်မုချ အရှင်မြတ်သည် အကြင်မည်သူ့ကိုမဆို ငရဲမီးထဲသို့ ထည့်သွင်းတော်မူပါလျှင် အရှင်မြတ်သည် ထိုသူအား ုချဂုဏ်ရည်သေးသိမ်အောင်ပြုတော်မူချေပြီ။ ၎င်းပြင် မတရားကျူးလွန်သောသူတို့အဖို့ ကူညီ စောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှမ ရှိပါ။
193رَّبَّنَا إِنَّنَا سَمِعْنَا مُنَادِيًا يُنَادِي لِلْإِيمَانِ أَنْ آمِنُوا بِرَبِّكُمْ فَآمَنَّا ۚ رَبَّنَا فَاغْفِرْ لَنَا ذُنُوبَنَا وَكَفِّرْ عَنَّا سَيِّئَاتِنَا وَتَوَفَّنَا مَعَ الْأَبْرَارِ
အို- ကျွန်တော်မျိုးတို့၏အရှင်၊ မုချဧကန်၊ ကျွန်တော်မျိုးတို့သည် ကြွေးကြော်သူတစ်ဦး (၏ ကြွေးကြော်သံကို)ကြားကြပါသည်။ ထိုသူ�ည် (လူခပ်သိမ်းတို့အား) အီမာန်ယုံကြည်ခြင်းတရား ထားရန်အလို့ငှာ(အို-လူအပေါင်းတို့)အသင်တို့ သည် မိမိတို့၏အရှင်မြတ်အား ယုံကြည်ကြကုန်ဟုကြွေးကြော်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်မျိုးတို့သည် (အရှင်မြတ်အား) ယုံကြည်ကြပါပြီ။ အို-ကျွန်တော်မျိုးတို့၏အရှင်၊ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(ကြီးလေးသော) အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ၎င်းပြင်အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(သေးငယ်သော) မကောင်းမှုများကိုလည်း ကျွန်တော်မျိုးတို့ထံမှ ပပျောက်စေ တော်မူပါ။၎င်းပြင် အရှင်မြတ်သည် (မိမိ၏ ကရုဏာတော်အဟုန်ဖြင့်)ကျွန်တော်မျိုးတို့အား သူမွန်သူမြတ်တို့နှင့် အတူတကွ သေဆုံးစေတော်မူပါ။
194رَبَّنَا وَآتِنَا مَا وَعَدتَّنَا عَلَىٰ رُسُلِكَ وَلَا تُخْزِنَا يَوْمَ الْقِيَامَةِ ۗ إِنَّكَ لَا تُخْلِفُ الْمِيعَادَ
အို-ကျွန်တော်မျိုးတို့၏အရှင်၊ ၎င်းပြင် အရှင်မြတ်သည် မိမိ၏ ရစူလ်တမန်တော်များမှ တစ်ဆင့် ကျွန်တော်မျိုးတို့အား ကတိပြုတော်မူသော ကုသိုလ်အကျိုးကိုလည်းကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။ ၎င်းပြင်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကိယာမတ်နေ့တွင်ဂုဏ်ရည် သေးသိမ်အောင် ပြုတော်မမူပါလင့်။ မုချဧကန်အရှင်မြတ်သည် (မိမိထားရှိသော) ကတိတော်ကို (ဘယ်သောအခါမျှ) ဖောက် ဖျက်တော်မူသည် မဟုတ်ပါ။
195فَاسْتَجَابَ لَهُمْ رَبُّهُمْ أَنِّي لَا أُضِيعُ عَمَلَ عَامِلٍ مِّنكُم مِّن ذَكَرٍ أَوْ أُنثَىٰ ۖ بَعْضُكُم مِّن بَعْضٍ ۖ فَالَّذِينَ هَاجَرُوا وَأُخْرِجُوا مِن دِيَارِهِمْ وَأُوذُوا فِي سَبِيلِي وَقَاتَلُوا وَقُتِلُوا لَأُكَفِّرَنَّ عَنْهُمْ سَيِّئَاتِهِمْ وَلَأُدْخِلَنَّهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ثَوَابًا مِّنْ عِندِ اللَّهِ ۗ وَاللَّهُ عِندَهُ حُسْنُ الثَّوَابِ
သို့ဖြစ်ပေရာ ထိုသူတော်စင်တို့၏ လျှောက်ထားပန်ကြားချက်ကို ထိုသူတို့၏ အရှင်မြတ်သည် သဘောတူလက်ခံတော်မူခဲ့လေပြီ။ အကြောင်းသော်ကား ငါအရှင်မြတ်သည်အသင်တို့ အနက်မှ မည်သည့်ကောင်းမှုပြုသောသူ၏ကောင်းမှုကိုမျှ အလဟဿအချည်းနှီး ဖြစ်စေတော်မူသည်မဟုတ်သော ကြောင့်တည်း။ ထိုကောင်းမှုပြုသူသည်ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အသင်တို့ အညမညအချင်းချင်း တစ်ဦး သည်တစ်ဦး၏အစိတ်အပိုင်း(ဖြစ်ပေရာအမိန့်တော်လည်း တမျိုးတစားတည်းပင်)ဖြစ်ချေသည်။ပြီးနောက် အကြင်သူတို့ သည် (မှန်ကန်သော တရားလမ်းစဉ်ကိုလိုက်နာကျင့်မူနိုင်အံ့ သောငှာ မိမိတို့၏နေရင်းဒေသကို)စွန့်လွှတ် ထွက်ခွာခဲ့ကြ ကုန်၏။ ၎င်းပြင် မိမိတို့၏နေအိမ်များမှနှင်ထုတ်ခြင်း လည်းခံ ခဲ့ကြရ၏။ ၎င်းပြင် ငါအရှင်မြတ်၏လမ်းတော်၌ (အမျိုးမျိုး သော)ဒုက္ခပေးခြင်းကိုလည်း ခံခဲ့ကြရ၏။ ၎င်းပြင် (မှန်ကန် သောတရားလမ်းစဉ်၌)စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြ၏။ (များစွာသော သူများသည်)သတ်ဖြတ်ခြင်းကိုလည်းခံခဲ့ကြရ၏။ ငါအရှင်မြတ်သည်ထိုသူတို့၏ မကောင်းမှုဒုစရိုက် တို့ကို မုချဖယ်ရှားတော်မူအံ့။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အားအကြင်ဥယျာဉ်တော်များသို့လည်း ဝင်ရောက်စေတော်မူအံ့။ထိုဥယျာဉ်တော်များ၏ အောက်၌ စမ်းရေချောင်းများ စီးဆင်းလျက်ရှိ၏။ ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှရရှိမည့် ကုသိုလ်အကျိုးပင်ဖြစ်ချေသည်။ အမှန်စင်စစ်အမွန်မြတ်ဆုံး သော အကျိုးဆုလာဘ်သည်ကား အလ္လာဟ်အရှင်မြတ်အထံ တော်၌သာလျှင် ရှိပေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
193အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 193

စူရာ အာလ်-အိမရာန် အာယာသ် 193 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို- ကျွန်တော်မျိုးတို့၏အရှင်၊ မုချဧကန်၊ ကျွန်တော်မျိုးတို့သည် ကြွေးကြော်သူတစ်ဦး (၏ ကြွေးကြော်သံကို)ကြားကြပါသည်။ ထိုသူ�ည် (လူခပ်သိမ်းတို့အား) အီမာန်ယုံကြည်ခြင်းတရား…

စူရာ အာယာသ် 193/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 191–195. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers