အလ်-အာ့ဇာ့ဗ် · 48/73
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ဇာ့ဗ်
وَلَا تُطِعِ الْكَافِرِينَ وَالْمُنَافِقِينَ وَدَعْ أَذَاهُمْ وَتَوَكَّلْ عَلَى اللَّهِ ۚ وَكَفَىٰ بِاللَّهِ وَكِيلًا ۝٤٨
Wa laa tuti`il kaafireena walmunaafiqeena wa da`azaahum wa tawakkal `alallaah; wa kafaa billaahi Wakeelaa
📖 မြန်မာဘာသာ
ထို့ပြင် အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်ကြကုန်သောသူတို့၏ ပြောဆိုချက်ကိုလည်းကောင်း၊ မုနာဖစ်က် အယောင်ဆောင်မုစ်လင်မ်တို့၏ ပြောဆိုချက်ကိုလည်းကောင်း၊ မလိုက်နာလေနှင့်။ ထို့ပြင် အသင်သည် ၎င်းတို့၏ထိပါးပြောဆိုမှုကို လျစ်လျူရှု၍ အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံ လွှဲအပ်ထားပါလေ။ စင်စစ်မှာမူကား အလ္လာဟ်အရှင် မြတ်သည်ပင်လျှင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသောအရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 46-50 — စူရာ အလ်-အာ့ဇာ့ဗ်

46وَدَاعِيًا إِلَى اللَّهِ بِإِذْنِهِ وَسِرَاجًا مُّنِيرًا
ထို့ပြင် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ထိုအရှင်မြတ်၏ အမိန့်တော်နှင့် ဖိတ်ခေါ်သူအဖြစ်လည်းကောင်း၊ လင်းဝင်းတောက်ပသော မီးရှုးမီးတိုင် (သူရိယ)အဖြစ်လည်းကောင်း၊(စေလွှတ်တော်မူ၏)။
47وَبَشِّرِ الْمُؤْمِنِينَ بِأَنَّ لَهُم مِّنَ اللَّهِ فَضْلًا كَبِيرًا
းး 47| ထိုမှတစ်ပါး အသင်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ၎င်းတို့အပေါ်၌ အလ္လာဟ်အရှင်မြတ် ထံတော်မှ ကြီးကျယ်လှစွာသောကျေးဇူးတော်ရှိကြောင်း သတင်းကောင်းပြောကြားပါလေ။
48وَلَا تُطِعِ الْكَافِرِينَ وَالْمُنَافِقِينَ وَدَعْ أَذَاهُمْ وَتَوَكَّلْ عَلَى اللَّهِ ۚ وَكَفَىٰ بِاللَّهِ وَكِيلًا
ထို့ပြင် အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်ကြကုန်သောသူတို့၏ ပြောဆိုချက်ကိုလည်းကောင်း၊ မုနာဖစ်က် အယောင်ဆောင်မုစ်လင်မ်တို့၏ ပြောဆိုချက်ကိုလည်းကောင်း၊ မလိုက်နာလေနှင့်။ ထို့ပြင် အသင်သည် ၎င်းတို့၏ထိပါးပြောဆိုမှုကို လျစ်လျူရှု၍ အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံ လွှဲအပ်ထားပါလေ။ စင်စစ်မှာမူကား အလ္လာဟ်အရှင် မြတ်သည်ပင်လျှင် ကိစ္စအဝဝကို ပြီးစီးအောင် ဆောင်ရွက်ပေးတော်မူသောအရှင်မြတ်အဖြစ် လုံလောက်တော်မူပေသတည်း။
49يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نَكَحْتُمُ الْمُؤْمِنَاتِ ثُمَّ طَلَّقْتُمُوهُنَّ مِن قَبْلِ أَن تَمَسُّوهُنَّ فَمَا لَكُمْ عَلَيْهِنَّ مِنْ عِدَّةٍ تَعْتَدُّونَهَا ۖ فَمَتِّعُوهُنَّ وَسَرِّحُوهُنَّ سَرَاحًا جَمِيلًا
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် မုအ်မင်န် သက်ဝင် ယုံကြည်သူ အမျိုးသမီးများနှင့် ‘နီကာဟ်’ ပြု ထိမ်းမြားခဲ့ပြီးနောက်၎င်းတို့အား ထိတွေ့ခြင်းမပြုကြသေးမီ အသင်တို့သည် တွလာက်ပေး ကွာရှင်းခဲ့ကြလျှင်၊ အသင်တို့နှင့်ပတ်သက်၍၎င်းတို့အပေါ်၌မည်သည့် အစ်ဒ္ဒတ် ရက်ဆိုင်းငံ့ခြင်းကိုမျှပင်အသင်တို့ ရေတွက်ကြရန် မရှိတော့ပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့အား အကျိုးကျေးဇူး ခံစားစေပြီး ကောင်းမွန်စွာစွန့်လွှတ်ကြလေကုန်။
50يَا أَيُّهَا النَّبِيُّ إِنَّا أَحْلَلْنَا لَكَ أَزْوَاجَكَ اللَّاتِي آتَيْتَ أُجُورَهُنَّ وَمَا مَلَكَتْ يَمِينُكَ مِمَّا أَفَاءَ اللَّهُ عَلَيْكَ وَبَنَاتِ عَمِّكَ وَبَنَاتِ عَمَّاتِكَ وَبَنَاتِ خَالِكَ وَبَنَاتِ خَالَاتِكَ اللَّاتِي هَاجَرْنَ مَعَكَ وَامْرَأَةً مُّؤْمِنَةً إِن وَهَبَتْ نَفْسَهَا لِلنَّبِيِّ إِنْ أَرَادَ النَّبِيُّ أَن يَسْتَنكِحَهَا خَالِصَةً لَّكَ مِن دُونِ الْمُؤْمِنِينَ ۗ قَدْ عَلِمْنَا مَا فَرَضْنَا عَلَيْهِمْ فِي أَزْوَاجِهِمْ وَمَا مَلَكَتْ أَيْمَانُهُمْ لِكَيْلَا يَكُونَ عَلَيْكَ حَرَجٌ ۗ وَكَانَ اللَّهُ غَفُورًا رَّحِيمًا
အို-နဗီတမန်တော်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင် မဟရ် ထိမ်းမြားကြေးပေးခဲ့သော အသင်၏ကြင်ရာများကိုလည်းကောင်း၊ အသင့်အား အလ္လာဟ်အရှင်မြတ်က လက်ရပစ္စည်းအဖြစ် ချီးမြှင့်တော်မူခဲ့၍ အသင်ပိုင်ဆိုင်ခဲ့သော ကျွန်မများကိုလည်းကောင်း၊ အသင်နှင့်အတူ ရွှေ့ပြောင်းခဲ့ကြလေသော အသင့်ဘကြီး၊ ဘထွေး၏သမီးများကို လည်းကောင်း၊ အသင့်မိကြီး၊ မိထွေးများ၏သမီးများကိုလည်း ကောင်း၊အသင့်ဦး၊ ဦးရီးများ၏သမီးများကိုလည်းကောင်း၊ အသင့်အရီးကြီး၊ အရီးလေးများ၏ သမီးများကိုလည်း ကောင်း၊အသင့်အဖို့ ဟလာလ်တရားဝင် ပြုလုပ်တော် မူ၏။ထိုနည်းတူစွာ မုအ်မင်န် သက်ဝင်ယုံကြည် သောအမျိုးသမီးတစ်ဦးသည် မိမိကိုယ်ကို အကယ်၍နဗီတမန်တော်မြတ်အား (မဟရ် ထိမ်းမြားကြေးမယူဘဲ)သက်သက်ပေးအပ်ခဲ့၍ ထိုနဗီတမန်တော်မြတ်သည် လည်းထိုအမျိုးသမီးနှင့် ထိမ်းမြားရန် ရည်စူးခဲ့ပါလျှင်ထိုအမျိုးသမီးအားလည်း (တရားဝင်ပြုလုပ်တော်မူ၏။ဤခွင့်ပြုချက်မှာ) အခြား မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အဖို့ မဟုတ်ဘဲ သက်သက် အသင်၏ အဖို့အထူး(ခွင့်ပြုခြင်းပင်)ဖြစ်၏။ ငါအရှင်မြတ်သည် ထိုမုအ်မင်န်သက်ဝင် ယုံကြည်သူတို့အပေါ်၌ ၎င်းတို့၏ဇနီးမိန်းမများ၊ ၎င်းတို့၏ ကျွန်မများနှင့်ပတ်သက်၍ ထုတ်ပြန်သတ်မှတ် တော်မူခဲ့သော အမိန့်ပညတ်တော်များကို ဧကန်စင်စစ် ငါအရှင်မြတ်သည် သိရှိတော်မူ၏။ (အသင့်အဖို့ ယင်း အထူးအမိန့်တော်ထုတ်ပြန်တော်မူခြင်းမှာ) အသင့်အပေါ်၌ ကျပ်တည်းမှု တစ်စုံတစ်ရာမရှိရန်(ထုတ်ပြန်တော်မူခြင်း)ပင် ဖြစ်ပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော၊ အလွန်တရာ သနားကြင်နာ ညှာတာတော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အလ်-အာ့ဇာ့ဗ်ကုရ်အာန် ညွှန်းကိန်း
73အာယာသ်
MedinanRevelation
48အာယာသ်

ဘာသာပြန် — အလ်-အာ့ဇာ့ဗ် 48

စူရာ အလ်-အာ့ဇာ့ဗ် အာယာသ် 48 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်ကြကုန်သောသူတို့၏ ပြောဆိုချက်ကိုလည်းကောင်း၊ မုနာဖစ်က် အယောင်ဆောင်မုစ်လင်မ်တို့၏ ပြောဆိုချက်ကိုလည်းကောင်း၊ မလိုက်နာလေနှင့်။ ထို့ပြင် အသင်သည်…

စူရာ အာယာသ် 48/73 — စူရာ အလ်-အာ့ဇာ့ဗ် الأحزاب (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ဇာ့ဗ် နားထောင်, စူရာ အလ်-အာ့ဇာ့ဗ် ဘာသာပြန်, စူရာ အလ်-အာ့ဇာ့ဗ် mp3, စူရာ အလ်-အာ့ဇာ့ဗ် pdf. အာယာသ် 46–50. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers