အဇ်-ဇုမား · 47/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အဇ်-ဇုမား
وَلَوْ أَنَّ لِلَّذِينَ ظَلَمُوا مَا فِي الْأَرْضِ جَمِيعًا وَمِثْلَهُ مَعَهُ لَافْتَدَوْا بِهِ مِن سُوءِ الْعَذَابِ يَوْمَ الْقِيَامَةِ ۚ وَبَدَا لَهُم مِّنَ اللَّهِ مَا لَمْ يَكُونُوا يَحْتَسِبُونَ ۝٤٧
Wa law anna lillazeena zalamoo maa fil ardi jamee`anw wa mislahoo ma`ahoo laftadaw bihee min sooo`il azaabi Yawmal Qiyaamah; wa badaa lahum minal laahi maa lam yakkoonoo yahtasiboon
📖 မြန်မာဘာသာ
အမှန်စင်စစ်သော်ကား တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်မှုကို ကျူးလွန်ခဲ့ကြကုန်သောသူတို့၌ ကမ္ဘာမြေဝယ်ရှိရှိသမျှသော ပစ္စည်းဥစ္စာအလုံးစုံတို့အပြင် ၎င်းနှင့်အတူ ထိုမျှလောက် နောက်ထပ်ရှိငြားအံ့လည်း အမှန်ပင် ထိုသူတို့သည် ယင်းဥစ္စာပစ္စည်း(အလုံးစုံ) တို့ကို "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ဆိုးရွား ပြင်းထန်လှသော ပြစ်ဒဏ်မှလွတ်မြောက်ရန် လျော်ကြေးပေးကြမည်သာ။ ထို့ပြင် ၎င်းတို့ရှေ့ဝယ် ၎င်းတို့ မထင်မှတ်ခဲ့ကြသော အကြောင်းကိစ္စများသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ထင်ရှားပေါ်လွင်လာခဲ့ပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 45-49 — စူရာ အဇ်-ဇုမား

45وَإِذَا ذُكِرَ اللَّهُ وَحْدَهُ اشْمَأَزَّتْ قُلُوبُ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ ۖ وَإِذَا ذُكِرَ الَّذِينَ مِن دُونِهِ إِذَا هُمْ يَسْتَبْشِرُونَ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းသာလျှင် အောက်မေ့တသ သတိရခြင်းကို ခံရတော်မူသောအခါ"အာခိရတ်"တမလွန်ဘဝကို သက်ဝင်ယုံကြည်ခြင်းမရှိကြသော သူတို့၏စိတ်နှလုံးများသည် စက်ဆုပ်ကြကုန်၏။ သို့ရာတွင် ထိုအရှင်မြတ်မှတစ်ပါး အခြားသူများ အောက်မေ့တသသတိရခြင်း ခံကြရသောအခါ၌မူကား ၎င်းတို့သည် ရုတ်တရက် ဝမ်းမြောက်သွားကြကုန်သတည်း။
46قُلِ اللَّهُمَّ فَاطِرَ السَّمَاوَاتِ وَالْأَرْضِ عَالِمَ الْغَيْبِ وَالشَّهَادَةِ أَنتَ تَحْكُمُ بَيْنَ عِبَادِكَ فِي مَا كَانُوا فِيهِ يَخْتَلِفُونَ
(အို-နဗီတမန်တော်၊) အသင်သည် (ဤသို့)လျှောက်ထား ပန်ကြားပါလေ။ အို-မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော၊ အကွယ်၌ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားသည်ကိုလည်းသိတော်မူသော အလ္လာဟ်အရှင်မြတ်သည်၊ အရှင်မြတ်သည်ပင် မိမိကျွန်တို့၏အကြားဝယ် ၎င်းတို့အချင်းချင်း သဘော ကွဲလွဲလျက်ရှိခဲ့ကြကုန်သော အရေးကိစ္စတို့နှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူမည် ဖြစ်ပါသည်။
47وَلَوْ أَنَّ لِلَّذِينَ ظَلَمُوا مَا فِي الْأَرْضِ جَمِيعًا وَمِثْلَهُ مَعَهُ لَافْتَدَوْا بِهِ مِن سُوءِ الْعَذَابِ يَوْمَ الْقِيَامَةِ ۚ وَبَدَا لَهُم مِّنَ اللَّهِ مَا لَمْ يَكُونُوا يَحْتَسِبُونَ
အမှန်စင်စစ်သော်ကား တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်မှုကို ကျူးလွန်ခဲ့ကြကုန်သောသူတို့၌ ကမ္ဘာမြေဝယ်ရှိရှိသမျှသော ပစ္စည်းဥစ္စာအလုံးစုံတို့အပြင် ၎င်းနှင့်အတူ ထိုမျှလောက် နောက်ထပ်ရှိငြားအံ့လည်း အမှန်ပင် ထိုသူတို့သည် ယင်းဥစ္စာပစ္စည်း(အလုံးစုံ) တို့ကို "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ဆိုးရွား ပြင်းထန်လှသော ပြစ်ဒဏ်မှလွတ်မြောက်ရန် လျော်ကြေးပေးကြမည်သာ။ ထို့ပြင် ၎င်းတို့ရှေ့ဝယ် ၎င်းတို့ မထင်မှတ်ခဲ့ကြသော အကြောင်းကိစ္စများသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ထင်ရှားပေါ်လွင်လာခဲ့ပေမည်။
48وَبَدَا لَهُمْ سَيِّئَاتُ مَا كَسَبُوا وَحَاقَ بِهِم مَّا كَانُوا بِهِ يَسْتَهْزِئُونَ
ထိုမှတစ်ပါး ၎င်းတို့ ဆည်းပူးခဲ့ကြကုန်သော ပြစ်မှုဒုစရိုက်များ၏ အန္တရာယ်များလည်း ၎င်းတို့ရှေ့ဝယ် ပေါ်လွင်ထင်ရှားလာခဲ့ပေမည်။ ထိုမှတစ်ပါး ၎င်းကိုပြက်ချော်သမှုပြုလျှက်ရှိကြကုန်သော ပြစ်ဒဏ်သည်လည်း ၎င်းတို့အား ဝိုင်းဝန်းလျက် ရှိချေအံ့သတည်း။
49فَإِذَا مَسَّ الْإِنسَانَ ضُرٌّ دَعَانَا ثُمَّ إِذَا خَوَّلْنَاهُ نِعْمَةً مِّنَّا قَالَ إِنَّمَا أُوتِيتُهُ عَلَىٰ عِلْمٍ ۚ بَلْ هِيَ فِتْنَةٌ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
အမှန်စင်စစ်သော်ကား မနုဿလူသား၌ ဘေးဒုက္ခတစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့သောအခါ ထိုလူသားသည် ငါအရှင်မြတ်အား ဟစ်ခေါ်တမ်းတ၏။ ထို့နောက် ငါအရှင်မြတ်သည် ၎င်းအား မိမိအထံတော်မှ ကျေးဇူးတော်တစ်စုံတစ်ရာကို ချီးမြှင့်ပေးသနားတော် မူသောအခါ ထိုလူသားက "ငါသည် ဤသည့်ကျေးဇူးတော်ကို (မိမိ)အကြံအစည် တစ်ခုကြောင့်သာလျှင် ရရှိခဲ့ခြင်းဖြစ်သည်"ဟု ပြောဆို၏။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ် ဤသည့် ကျေးဇူးတော်မှာကား စမ်းသပ်မှုတစ်ရပ်ပင်တည်း။ သို့ရာတွင် ထိုလူသားတို့အနက် အများဆုံးသောသူတို့မှာ သိရှိကြသည် မဟုတ်ပေ။
အဇ်-ဇုမားကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MeccanRevelation
47အာယာသ်

ဘာသာပြန် — အဇ်-ဇုမား 47

စူရာ အဇ်-ဇုမား အာယာသ် 47 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်စင်စစ်သော်ကား တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်မှုကို ကျူးလွန်ခဲ့ကြကုန်သောသူတို့၌ ကမ္ဘာမြေဝယ်ရှိရှိသမျှသော ပစ္စည်းဥစ္စာအလုံးစုံတို့အပြင် ၎င်းနှင့်အတူ ထိုမျှလောက် နောက်ထပ်ရှိငြားအံ့လည်း အမှန်ပင် ထိုသူတို့သည်…

စူရာ အာယာသ် 47/75 — စူရာ အဇ်-ဇုမား الزمر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုမား နားထောင်, စူရာ အဇ်-ဇုမား ဘာသာပြန်, စူရာ အဇ်-ဇုမား mp3, စူရာ အဇ်-ဇုမား pdf. အာယာသ် 45–49. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers