အဇ်-ဇုမား · 6/75
ဘာသာပြန် အသံနိုင်ငံ — အဇ်-ဇုမား
خَلَقَكُم مِّن نَّفْسٍ وَاحِدَةٍ ثُمَّ جَعَلَ مِنْهَا زَوْجَهَا وَأَنزَلَ لَكُم مِّنَ الْأَنْعَامِ ثَمَانِيَةَ أَزْوَاجٍ ۚ يَخْلُقُكُمْ فِي بُطُونِ أُمَّهَاتِكُمْ خَلْقًا مِّن بَعْدِ خَلْقٍ فِي ظُلُمَاتٍ ثَلَاثٍ ۚ ذَٰلِكُمُ اللَّهُ رَبُّكُمْ لَهُ الْمُلْكُ ۖ لَا إِلَٰهَ إِلَّا هُوَ ۖ فَأَنَّىٰ تُصْرَفُونَ ۝٦
Khalaqakum min nafsinw waahidatin summa ja`ala minhaa zawjahaa wa anzala lakum minal-an`aami samaani yata azwaaj; yakhuluqukum fee butooni ummahaatikum khalqam mim ba`di khalqin fee zulumaatin salaas; zaalikumul laahu Rabbukum lahul mulk; laaa ilaaha illaa Huwa fa annaa tusrafoon
📖 မြန်မာဘာသာ
ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် ယင်း(တစ်ခုတည်းသော)အသက်ဇီဝိန်မှပင် ၎င်း၏ကြင်ရာကြင်ဖက်ကို ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ အကျိုးငှာ ခြေလေးချောင်းတိရစ္ဆာန်များမှ(အထီးအမစုံတွဲ)ရှစ်မျိုးကို ချပေးတော်မူခဲ့၏။ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏ မိခင်များ၏ဝမ်းဗိုက်တွင် အမိုက်မှောင်သုံးထပ်အတွင်းဝယ် ဖန်ဆင်းမှု တစ်မျိုးပြီးတစ်မျိုးသို့(ပြောင်းလွှဲ၍) ဖန်ဆင်းတော်မူ၏။ ထို(အရှင်မြတ်) သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ စိုးမိုးအုပ်ချုပ်မှုသည် ထိုအရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြကုန်သနည်း။

🎧 နားထောင်


📜 အာယာသ် 4-8 — အဇ်-ဇုမား

4لَّوْ أَرَادَ اللَّهُ أَن يَتَّخِذَ وَلَدًا لَّاصْطَفَىٰ مِمَّا يَخْلُقُ مَا يَشَاءُ ۚ سُبْحَانَهُ ۖ هُوَ اللَّهُ الْوَاحِدُ الْقَهَّارُ
အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် သားတော်တစ်ပါးပါး ရွေးချယ်ပြုလုပ်တော်မူရန် ရည်စူးတော်မူခဲ့ပါလျှင်၊ အမှန်ပင် ထိုအရှင်မြတ်သည် မိမိဖန်ဆင်းတော်မူခဲ့သော အဖန်ဆင်းခံတို့အနက်မှ မိမိအလိုရှိတော်မူသောသူအား ရွေးချယ်တော်မူခဲ့မည်သာ။ ထိုအရှင်မြတ်သည် (သားသမီးအလိုရှိခြင်းမှ)သန့်ရှင်းစင်ကြယ်တော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် တစ်ဆူတည်းသော၊ လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
5خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۖ يُكَوِّرُ اللَّيْلَ عَلَى النَّهَارِ وَيُكَوِّرُ النَّهَارَ عَلَى اللَّيْلِ ۖ وَسَخَّرَ الشَّمْسَ وَالْقَمَرَ ۖ كُلٌّ يَجْرِي لِأَجَلٍ مُّسَمًّى ۗ أَلَا هُوَ الْعَزِيزُ الْغَفَّارُ
ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ကျနသေချာစွာ ဖန်ဆင်းတော်မူခဲ့၏။ ထိုအရှင်မြတ်သည် ညဉ့်ကိုနေ့၏အပေါ်၌ ဖုံးအုပ်လွှမ်းခြုံတော်မူ၏။ ထိုနည်းတူစွာ နေ့ကိုညဉ့်၏အပေါ်၌ ဖုံးအုပ်လွှမ်းခြုံတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် နေကိုလည်းကောင်း၊ လကိုလည်းကောင်း၊ မလွှဲမရှောင်သာ အမိန့်တော်ကို လိုက်နာစေတော်မူခဲ့ရာ (ယင်းနေသည်လည်းကောင်း၊ လသည်လည်းကောင်း၊) သတ်မှတ်ပြီးဖြစ်သောအချိန် ကာလတိုင်အောင် အသီးသီး လှုပ်ရှားသွားလာလျက်ပင် ရှိကြပေမည်။ သတိပြုကြလေကုန်၊ ထိုအရှင်မြတ်သည် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင် ဖြစ်တော်မူ၏။
6خَلَقَكُم مِّن نَّفْسٍ وَاحِدَةٍ ثُمَّ جَعَلَ مِنْهَا زَوْجَهَا وَأَنزَلَ لَكُم مِّنَ الْأَنْعَامِ ثَمَانِيَةَ أَزْوَاجٍ ۚ يَخْلُقُكُمْ فِي بُطُونِ أُمَّهَاتِكُمْ خَلْقًا مِّن بَعْدِ خَلْقٍ فِي ظُلُمَاتٍ ثَلَاثٍ ۚ ذَٰلِكُمُ اللَّهُ رَبُّكُمْ لَهُ الْمُلْكُ ۖ لَا إِلَٰهَ إِلَّا هُوَ ۖ فَأَنَّىٰ تُصْرَفُونَ
ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် ယင်း(တစ်ခုတည်းသော)အသက်ဇီဝိန်မှပင် ၎င်း၏ကြင်ရာကြင်ဖက်ကို ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ အကျိုးငှာ ခြေလေးချောင်းတိရစ္ဆာန်များမှ(အထီးအမစုံတွဲ)ရှစ်မျိုးကို ချပေးတော်မူခဲ့၏။ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏ မိခင်များ၏ဝမ်းဗိုက်တွင် အမိုက်မှောင်သုံးထပ်အတွင်းဝယ် ဖန်ဆင်းမှု တစ်မျိုးပြီးတစ်မျိုးသို့(ပြောင်းလွှဲ၍) ဖန်ဆင်းတော်မူ၏။ ထို(အရှင်မြတ်) သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ စိုးမိုးအုပ်ချုပ်မှုသည် ထိုအရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြကုန်သနည်း။
7إِن تَكْفُرُوا فَإِنَّ اللَّهَ غَنِيٌّ عَنكُمْ ۖ وَلَا يَرْضَىٰ لِعِبَادِهِ الْكُفْرَ ۖ وَإِن تَشْكُرُوا يَرْضَهُ لَكُمْ ۗ وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۗ ثُمَّ إِلَىٰ رَبِّكُم مَّرْجِعُكُمْ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
အကယ်၍ အသင်တို့သည် သွေဖည်ငြင်းပယ်ကြလျှင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား လိုလားတောင်းတခြင်း၊ မှီခိုအားထားခြင်း ကင်းရှင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ စင်စစ် ထိုအရှင်မြတ်သည် မိမိကျွန်များနှင့်ပတ်သက်၍ သွေဖည်ငြင်းပယ်မှုကို နှစ်မြို့တော်မူသည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ အသင်တို့သည် ကျေးဇူးသိတတ်ကြလျှင် အသင်တို့နှင့်ပတ်သက်၍ ယင်းကျေးဇူးသိတတ်ခြင်းကို နှစ်သက်တော်မူ၏။ စင်စစ်သော်ကား မည်သည့် ဝန်ထမ်းတစ်ဦးတစ်ယောက်မျှပင် သူတစ်ပါး၏ဝန်ထုပ်ကို ထမ်းဆောင်မည်မဟုတ်ပေ။ ထို့နောက် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံသို့ပင် ပြန်လည်သွားကြရပေမည်။ ထိုအခါ အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက်ရှိခဲ့သမျှသော ကိစ္စများကို အသင်တို့အား ထုတ်ဖော် ပြသတော်မူပေမည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ ရှိသမျှတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
8۞ وَإِذَا مَسَّ الْإِنسَانَ ضُرٌّ دَعَا رَبَّهُ مُنِيبًا إِلَيْهِ ثُمَّ إِذَا خَوَّلَهُ نِعْمَةً مِّنْهُ نَسِيَ مَا كَانَ يَدْعُو إِلَيْهِ مِن قَبْلُ وَجَعَلَ لِلَّهِ أَندَادًا لِّيُضِلَّ عَن سَبِيلِهِ ۚ قُلْ تَمَتَّعْ بِكُفْرِكَ قَلِيلًا ۖ إِنَّكَ مِنْ أَصْحَابِ النَّارِ
စင်စစ်သော်ကား (မုရှ်ရစ်က်) လူသား၌ ဘေးအန္တရာယ် တစ်စုံတစ်ရာ ဆိုက်ရောက်ခဲ့သောအခါ ထိုလူသားမှာ ၎င်းဖန်ဆင်းမွေးမြူတော်မူသောအရှင် မြတ်ဘက်သို့ စိတ်ရောကိုယ်လှည့်၍ ထိုအရှင်မြတ်အား ဟစ်ခေါ်(တသ)လေ၏။ထို့နောက် ၎င်းအား ထိုအရှင်မြတ်သည် မိမိအထံတော်မှ ကျေးဇူးတော်တစ်စုံတစ်ရာကို ချီးမြှင့်တော်မူသောအခါ ၎င်းမှာ ယခင်က ထိုအရှင်မြတ်အား မိမိဟစ်ခေါ်(တသ)လျက်ရှိခဲ့သည်ကို မေ့လျော့သွား၏။ ထိုမှတစ်ပါး၊ ၎င်းသည် (သူ တစ်ပါးတို့အား) ထိုအရှင်မြတ်၏လမ်းတော်မှ လွဲချော် တိမ်းပါးစေရန် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူများကို ပြုလုပ်သတ်မှတ်လေ၏။(အို-နဗီတမန်တော်) အသင်သည် (ထိုလူသားအား ဤသို့)ပြောကြားပါလေ။ အသင်သည် မိမိ၏သွေဖည်မှုဖြင့်(နေ့ရက်)အနည်းငယ်မျှ အကျိုးကျေးဇူး ခံစားလေလော့။ ဧကန်မလွဲ အသင်သည် ငရဲသားတို့တွင် အပါအဝင် ဖြစ်ပေသတည်း။
အဇ်-ဇုမားကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MeccanRevelation
6အာယာသ်

ဘာသာပြန် — အဇ်-ဇုမား 6

စူရာ အဇ်-ဇုမား အာယာသ် 6 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် ယင်း(တစ်ခုတည်းသော)အသက်ဇီဝိန်မှပင် ၎င်း၏ကြင်ရာကြင်ဖက်ကို ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး…

စူရာ အာယာသ် 6/75 — အဇ်-ဇုမား الزمر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အဇ်-ဇုမား နားထောင်, အဇ်-ဇုမား ဘာသာပြန်, အဇ်-ဇုမား mp3, အဇ်-ဇုမား pdf. အာယာသ် 4–8. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers