ဂါဖီရ် · 29/85
ဘာသာပြန် အသံနိုင်ငံ — စူရာ ဂါဖီရ်
يَا قَوْمِ لَكُمُ الْمُلْكُ الْيَوْمَ ظَاهِرِينَ فِي الْأَرْضِ فَمَن يَنصُرُنَا مِن بَأْسِ اللَّهِ إِن جَاءَنَا ۚ قَالَ فِرْعَوْنُ مَا أُرِيكُمْ إِلَّا مَا أَرَىٰ وَمَا أَهْدِيكُمْ إِلَّا سَبِيلَ الرَّشَادِ ۝٢٩
Yaa qawmi lakumul mulkul yawma zaahireena fil ardi famai yansurunaa mim baasil laahi in jaaa`anaa; qaala Fir`awnu maaa ureekum illaa maaa araa wa maaa ahdeekum illaa sabeelar Rashaad
📖 မြန်မာဘာသာ
အို-ကျွန်ုပ်၏အမျိုးသားတို့၊ ယနေ့ အသင်တို့၌ဩဇာ၊ တိက္ကမ စိုးမိုးအုပ်ချုပ်မှုရှိနေ၍ အသင်တို့သည် တိုင်းပြည်အတွင်း လွှမ်းမိုးကြီးစိုးလျက် ရှိနေကြပေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ အကယ်၍ ယင်းပြစ်ဒဏ်သည် ကျွန်ုပ်တို့၌ ဆိုက်ရောက်လာခဲ့သည်ရှိသော် ကျွန်ုပ်တို့အား မည်သူ လွတ်မြောက်စေပါမည်နည်း။(ထိုအခါ) "ဖစ်ရ်အောင်န်က (အချင်းတို့)ငါသည် မိမိထင်မြင်ယူဆချက်ကိုသာ အသင်တို့အား အကြံပေးခြင်းဖြစ်သည်။ ထိုမှတစ်ပါး ငါသည် အသင်တို့အား သင့်လျော်မှန်ကန်သော နည်းလမ်းမှတစ်ပါး တခြားမည်သည်ကိုမှ ညွှန်ပြသည်မဟုတ်" ဟု ပြောဆိုခဲ့ပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ

  • يَا قَوْمِ — အို ငါ၏လူမျိုးတို့
  • الْمُلْكُ — အာဏာစက်၊ နိုင်ငံတော်အုပ်ချုပ်မှု
  • ظَاهِرِينَ — လွှမ်းမိုးနိုင်သူများအဖြစ်၊ အောင်မြင်သူများအဖြစ်
  • بَأْسِ اللَّهِ — အလ္လာဟ်အရှင်မြတ်၏ ပြင်းထန်သောအပြစ်ဒဏ်
  • مَا أُرِيكُمْ — ငါသည် သင်တို့အား မပြပေ
  • سَبِيلَ الرَّشَادِ — လမ်းမှန်ကို၊ ဖြောင့်မတ်သောလမ်းကို

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

(ဖိရ်အောင်န်၏အမျိုးသားများထဲမှ) ယုံကြည်သူတစ်ဦးက သူ၏လူမျိုးတို့အား ဆုံးမစကားဆိုသည်မှာ — အို ငါ၏လူမျိုးတို့၊ ယနေ့ သင်တို့သည် အီဂျစ်ပြည်တွင် အာဏာစက်ရှိကြပြီး လွှမ်းမိုးနိုင်သူများအဖြစ် ရပ်တည်နေကြသည်။ သို့သော် အကယ်၍ မုစာ (အလိုင်ဟိစ်စလာမ်) ကို သတ်ဖြတ်ခြင်းကြောင့် အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်သည် ငါတို့ထံ ရောက်လာခဲ့လျှင် ထိုအပြစ်ဒဏ်ကို မည်သူက ငါတို့ထံမှ ကာကွယ်ပေးမည်နည်း။ ထိုအခါ ဖိရ်အောင်န်က သူ၏လူမျိုးတို့အား ပြန်လည်ဖြေကြားသည်မှာ — ငါသည် သင်တို့အား ငါကိုယ်တိုင် မြင်ရသောအမြင်နှင့် အကြံဉာဏ်မှတစ်ပါး အခြားတစ်စုံတစ်ရာကို မပြပေ။ ငါသည် မုစာကို သတ်ဖြတ်ရန် အကြံပြုခြင်းသည် ငါ့အတွက်လည်းကောင်း၊ သင်တို့အတွက်လည်းကောင်း အကောင်းဆုံးနှင့် အမှန်ကန်ဆုံးသော အကြံဉာဏ်ဖြစ်သည်ဟု မြင်သည်။ ငါသည် သင်တို့အား ဖြောင့်မတ်သောလမ်း၊ အောင်မြင်မှုလမ်းမှတစ်ပါး အခြားလမ်းသို့ မပို့ဆောင်ပေ။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • ဤအာယသ်တော်သည် အမှန်တရားကို ရဲရဲဝံ့ဝံ့ ပြောဆိုခြင်း၏ အရေးပါမှုကို ဖော်ပြသည်။ ဖိရ်အောင်န်၏ အာဏာစက်ကြီးမားသော်လည်း ယုံကြည်သူသည် အမှန်တရားကို ဖော်ထုတ်ပြောဆိုရန် မကြောက်ရွံ့ခဲ့ပေ။
  • လောကီအာဏာစက်နှင့် အောင်မြင်မှုများသည် လူတစ်ဦးကို အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်မှ မကာကွယ်နိုင်ကြောင်း သွန်သင်ပေးသည်။
  • မှားယွင်းသော ခေါင်းဆောင်များ၏ စကားကို မျက်စိကန်းစွာ လိုက်နာခြင်းသည် ပျက်စီးခြင်းသို့ ရောက်စေနိုင်ကြောင်း သတိပေးသည်။
  • အလ္လာဟ်အရှင်မြတ်သည် ဖိနှိပ်ခံရသူများကို ကယ်တင်ရန် အစီအစဉ်ရှိကြောင်း ယုံကြည်စိတ်ချစေသည်။
  • အစ္စလာမ်သည် အမှ


📜 အာယာသ် 27-31 — စူရာ ဂါဖီရ်

27وَقَالَ مُوسَىٰ إِنِّي عُذْتُ بِرَبِّي وَرَبِّكُم مِّن كُلِّ مُتَكَبِّرٍ لَّا يُؤْمِنُ بِيَوْمِ الْحِسَابِ
သို့ရာတွင် မူစာသည် (ဤသို့) ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် ငါသည် စောကြောမေးမြန်းမည့်နေ့ကို သက်ဝင်ယုံကြည်ခြင်းမရှိသော ဘဝင်မြင့် မာန်မာန ထောင်လွှားသူတိုင်း(၏ဘေးရန်ခပ်သိမ်းတို့)မှ (ကင်းလွတ်အံ့သောငှာ) ငါ့အားလည်းကောင်း၊ အသင်တို့အားလည်းကောင်း၊ (အားလုံးတို့အား)ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ အကာအကွယ်ယူထားပြီး ဖြစ်သည်။
28وَقَالَ رَجُلٌ مُّؤْمِنٌ مِّنْ آلِ فِرْعَوْنَ يَكْتُمُ إِيمَانَهُ أَتَقْتُلُونَ رَجُلًا أَن يَقُولَ رَبِّيَ اللَّهُ وَقَدْ جَاءَكُم بِالْبَيِّنَاتِ مِن رَّبِّكُمْ ۖ وَإِن يَكُ كَاذِبًا فَعَلَيْهِ كَذِبُهُ ۖ وَإِن يَكُ صَادِقًا يُصِبْكُم بَعْضُ الَّذِي يَعِدُكُمْ ۖ إِنَّ اللَّهَ لَا يَهْدِي مَنْ هُوَ مُسْرِفٌ كَذَّابٌ
ထို့ပြင် "ဖစ်ရ်အောင်န်" ၏ ဆွေမျိုးသားချင်းတို့အနက်မှ မိမိ "အီမာန်" ယုံကြည်မှုကို လျှို့ဝှက်၍ ထားရှိလေသော "မုအ်မင်န်"ယောက်ျားတစ်ဦးက (ဤသို့)ပြောဆိုခဲ့လေ၏။ "အသင်တို့သည် လူတစ်ယောက်အား ထိုသူက ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်"ဟု ပြောဆိုမှုကြောင့် သတ်ဖြတ်ကြမည်လော။ အမှန်စင်စစ်သော်ကား ထိုသူသည် အသင်တို့ထံ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေအထောက်အထားများကိုလည်း ယူဆောင်လာခဲ့လေ၏။ စင်စစ်သော်ကား အကယ်၍သာ ထိုသူသည် မုသားဝါဒီဖြစ်မူ ထိုသူ၏မုသားဝါဒသည် ၎င်း၏အပေါ်၌သာ ကျရောက်ပေမည်။ သို့ရာတွင် အကယ်၍ ထိုသူသည် သစ္စာဝါဒီဖြစ်လျှင် အသင်တို့အား ထိုသူ ကြိုတင်ဗျာဒိတ်ပေးလျက်ရှိသည်တို့အနက် (ပြစ်ဒဏ်) တစိတ်တဒေသမှာ အသင်တို့၌ သက်ရောက်မည်ဖြစ်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သော လွန်စွာ မုသားပြောဆိုသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူသည် မဟုတ်ပေ။
29يَا قَوْمِ لَكُمُ الْمُلْكُ الْيَوْمَ ظَاهِرِينَ فِي الْأَرْضِ فَمَن يَنصُرُنَا مِن بَأْسِ اللَّهِ إِن جَاءَنَا ۚ قَالَ فِرْعَوْنُ مَا أُرِيكُمْ إِلَّا مَا أَرَىٰ وَمَا أَهْدِيكُمْ إِلَّا سَبِيلَ الرَّشَادِ
အို-ကျွန်ုပ်၏အမျိုးသားတို့၊ ယနေ့ အသင်တို့၌ဩဇာ၊ တိက္ကမ စိုးမိုးအုပ်ချုပ်မှုရှိနေ၍ အသင်တို့သည် တိုင်းပြည်အတွင်း လွှမ်းမိုးကြီးစိုးလျက် ရှိနေကြပေသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ အကယ်၍ ယင်းပြစ်ဒဏ်သည် ကျွန်ုပ်တို့၌ ဆိုက်ရောက်လာခဲ့သည်ရှိသော် ကျွန်ုပ်တို့အား မည်သူ လွတ်မြောက်စေပါမည်နည်း။(ထိုအခါ) "ဖစ်ရ်အောင်န်က (အချင်းတို့)ငါသည် မိမိထင်မြင်ယူဆချက်ကိုသာ အသင်တို့အား အကြံပေးခြင်းဖြစ်သည်။ ထိုမှတစ်ပါး ငါသည် အသင်တို့အား သင့်လျော်မှန်ကန်သော နည်းလမ်းမှတစ်ပါး တခြားမည်သည်ကိုမှ ညွှန်ပြသည်မဟုတ်" ဟု ပြောဆိုခဲ့ပေသည်။
30وَقَالَ الَّذِي آمَنَ يَا قَوْمِ إِنِّي أَخَافُ عَلَيْكُم مِّثْلَ يَوْمِ الْأَحْزَابِ
ထိုမှတစ်ပါး (ထို)"မုအ်မင်န်"သက်ဝင် ယုံကြည်သူသည် (ဤသို့)ပြောကြားခဲ့ပြန်လေ၏။ အို-ကျွန်ုပ်၏ အမျိုးသားတို့၊ ဧကန်စင်စစ် ကျွန်ုပ်သည် အသင်တို့အပေါ်၌ (ရှေးအထက်ကျော်ကာလက) ဘာသာဝင်အုပ်စုများနည်းတူ(ဆိုးရွားသော)နေ့ (ဆိုက်ရောက်လာမည်)ကို စိုးရိမ်မိ၏။
31مِثْلَ دَأْبِ قَوْمِ نُوحٍ وَعَادٍ وَثَمُودَ وَالَّذِينَ مِن بَعْدِهِمْ ۚ وَمَا اللَّهُ يُرِيدُ ظُلْمًا لِّلْعِبَادِ
(နဗီတမန်တော်)"နူးဟ်"၏ အမျိုးသားတို့၏ အခြေအနေကဲ့သို့လည်းကောင်း၊ "အာဒ်" အမျိုးသားတို့၏ အခြေအနေကဲ့သို့လည်းကောင်း၊ "ဆမူဒ်"အမျိုးသားတို့၏ အခြေအနေကဲ့သို့လည်းကောင်း၊ ထိုသို့သော အမျိုးသားတို့၏ နောက်ရှိခဲ့ဘူးကြသောသူတို့၏ အခြေအနေကဲ့သို့လည်းကောင်း၊ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကျွန်တို့ အပေါ်ဝယ် မည်သို့မျှမတရား ပြုလုပ်တော်မူသည် မဟုတ်ပေ။
ဂါဖီရ်ကုရ်အာန် ညွှန်းကိန်း
85အာယာသ်
MeccanRevelation
29အာယာသ်

ဘာသာပြန် — ဂါဖီရ် 29

စူရာ ဂါဖီရ် အာယာသ် 29 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-ကျွန်ုပ်၏အမျိုးသားတို့၊ ယနေ့ အသင်တို့၌ဩဇာ၊ တိက္ကမ စိုးမိုးအုပ်ချုပ်မှုရှိနေ၍ အသင်တို့သည် တိုင်းပြည်အတွင်း လွှမ်းမိုးကြီးစိုးလျက် ရှိနေကြပေသည်။ သို့ရာတွင်…

စူရာ အာယာသ် 29/85 — စူရာ ဂါဖီရ် غافر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဂါဖီရ် နားထောင်, စူရာ ဂါဖီရ် ဘာသာပြန်, စူရာ ဂါဖီရ် mp3, စူရာ ဂါဖီရ် pdf. အာယာသ် 27–31. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers