ဖုစ်စီလာ့ · 25/54
ဘာသာပြန် အသံနိုင်ငံ — စူရာ ဖုစ်စီလာ့
۞ وَقَيَّضْنَا لَهُمْ قُرَنَاءَ فَزَيَّنُوا لَهُم مَّا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَحَقَّ عَلَيْهِمُ الْقَوْلُ فِي أُمَمٍ قَدْ خَلَتْ مِن قَبْلِهِم مِّنَ الْجِنِّ وَالْإِنسِ ۖ إِنَّهُمْ كَانُوا خَاسِرِينَ ۝٢٥
Wa qaiyadnaa lahum quranaaa`a fazaiyanoo lahum maa baina aideehim wa maa khalfahum wa haqqa `alaihimul qawlu feee umamin qad khalat min qablihim minal jinni wal insi innahum kaanoo khaasireen
📖 မြန်မာဘာသာ
အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အဖို့အပေါင်းအဖော်များ ပြုလုပ်တော်မူခဲ့ရာ ထိုအပေါင်းအဖော်တု့ိသည် ၎င်းတို့၏ရှေ့နောက် အပြုအမူများကို ၎င်းတို့အမြင်၌လှပတင့်တယ်အောင် ပြုလုပ်ခဲ့ကြပေသည်။ ထို့ပြင်(အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်သည် ဂျင်(န်)သတ္တဝါများအနက်မှလည်းကောင်း၊ လူသားတို့အနက်မှလည်းကောင်း၊ ရှေးလွန်လေပြီးသော အမျိုးသားတို့နှင့်အတူ ၎င်းတို့နှင့် ပတ်သက်၍လည်း အမှန်ဖြစ်ခဲ့ပြီ။ ဧကန်စင်စစ် ၎င်းတို့(အားလုံး)သည်ဆုံးရှုံး ပျက်စီးသူများပင် ဖြစ်ကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ဤအာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ—
  • ဝကဒိုင်ယဒ်နာ (وَقَيَّيْضْنَا) — ငါအရှင်မြတ်သည် ဖန်ဆင်းပေးအပ်တော်မူခဲ့သည်၊ စီမံခန့်ခွဲပေးတော်မူခဲ့သည်။
  • ကုရနာအ် (قُرَنَاء) — အဖော်အပေါင်းများ၊ ရံဖော်များ (ဤနေရာတွင် ရှိုင်သွာန်များကို ဆိုလိုသည်)။
  • မာ ဗိုင်နာ အိုင်ဒီဟင်မ် (مَا بَيْنَ أَيْدِيهِمْ) — သူတို့၏ ရှေ့တွင်ရှိသောအရာများ (လောကီဘဝ၏ ကိစ္စရပ်များ)။
  • မာ ခလ်ဖဟင်မ် (مَا خَلْفَهُمْ) — သူတို့၏ နောက်တွင်ရှိသောအရာများ (တမလွန်ဘဝ၏ ကိစ္စရပ်များ)။
  • ဟက္ကာ အလိုင်ဟိမုလ်ကောင်လ် (وَحَقَّ عَلَيْهِمُ الْقَوْلُ) — သူတို့အပေါ် ပြစ်ဒဏ်၏ စကားတော် ကျရောက်ထိုက်တန်သွားခဲ့သည်။
  • ခါစိရီန် (خَاسِرِينَ) — ဆုံးရှုံးသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်—

အလ္လာဟ်အရှင်မြတ်သည် ဤမယုံကြည်သူ မတရားသူများအတွက် ရှိုင်သွာန်များထဲမှ အဖော်အပေါင်းများကို စီမံခန့်ခွဲပေးတော်မူခဲ့သည်။ ထိုရှိုင်သွာန်အဖော်များသည် သူတို့၏ ရှေ့တွင်ရှိသော လောကီဘဝ၏ ကိစ္စရပ်များကိုလည်းကောင်း၊ နောက်တွင်ရှိသော တမလွန်ဘဝ၏ ကိစ္စရပ်များကိုလည်းကောင်း လှပစေခဲ့ကြသည်။ ဆိုလိုသည်မှာ လောကီဘဝတွင် မကောင်းမှုနှင့် ပြစ်မှုများကို လှပသောအရာအဖြစ် ထင်မြင်စေခဲ့ပြီး၊ တမလွန်ဘဝနှင့် ပတ်သက်၍ "ရှင်ပြန်ထမြောက်ခြင်းမရှိ၊ စစ်ဆေးမေးမြန်းခြင်းမရှိ" ဟု ပြောဆိုခြင်းဖြင့် သူတို့အား ထိုဘဝကို လုံးဝမေ့လျော့စေခဲ့ကြသည်။ ထို့ကြောင့် သူတို့အပေါ် ပြစ်ဒဏ်၏ စကားတော်သည် ကျရောက်ထိုက်တန်သွားခဲ့ပြီး၊ သူတို့သည် ဂျင်န်နှင့် လူသားများထဲမှ ရှေးယခင်က ကုန်လွန်သွားခဲ့သော အုပ်စုများနှင့်အတူ ပြစ်ဒဏ်ခံရမည့်သူများထဲတွင် ပါဝင်သွားခဲ့ကြသည်။ အမှန်စင်စစ် သူတို့အားလုံးသည် ဆုံးရှုံးသူများ ဖြစ်ကြသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ—
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို စီမံခန့်ခွဲနိုင်တော်မူသော အရှင်ဖြစ်ကြောင်း သိရှိရသည်။ မကောင်းသောအဖော်များသည် လူတစ်ဦးကို လမ်းမှားသို့ ပို့ဆောင်နိုင်ကြောင်း သတိပြုရမည်။
  • မကောင်းသော အပေါင်းအသင်းများနှင့် ရှိုင်သွာန်၏ လှည့်ဖြားမှုများမှ ဝေးဝေးရှောင်ကြရမည်။ ကောင်းသော


📜 အာယာသ် 23-27 — စူရာ ဖုစ်စီလာ့

23وَذَٰلِكُمْ ظَنُّكُمُ الَّذِي ظَنَنتُم بِرَبِّكُمْ أَرْدَاكُمْ فَأَصْبَحْتُم مِّنَ الْخَاسِرِينَ
စင်စစ်သော်ကား အသင်တို့သည် မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်ပတ်သက်၍ ထင်မြင်ယူဆခဲ့ကြသော ထိုထင်မြင်ယူဆချက်သည်ပင်လျှင် အသင်တို့အား ဖျက်ဆီးခဲ့လေ၏။ သို့ဖြစ်ပေရာ အသင်တို့သည်ပျက်စီးဆုံးရှုံးသူများပင် ဖြစ်ခဲ့ကြပေသည်။
24فَإِن يَصْبِرُوا فَالنَّارُ مَثْوًى لَّهُمْ ۖ وَإِن يَسْتَعْتِبُوا فَمَا هُم مِّنَ الْمُعْتَبِينَ
သို့ဖြစ်ရာ အကယ်၍ ၎င်းတို့သည် (ဤသည်ပျက်စီးဆုံးရှုံးမှု အပေါ်၌) သည်းခံနေကြလျှင်လည်း ငရဲမီးသည် ၎င်းတို့၏နေထိုင်ရာဌာနပင်ဖြစ်၏။ ထိုနည်းတူစွာအကယ်၍ ၎င်းတို့သည် နှစ်သက်မှုကို ရယူလိုငြားအံ့လည်း၎င်းတို့သည် နှစ်သက်မှုကို ရရှိ ကြမည်မဟုတ်ပေတကား။
25۞ وَقَيَّضْنَا لَهُمْ قُرَنَاءَ فَزَيَّنُوا لَهُم مَّا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَحَقَّ عَلَيْهِمُ الْقَوْلُ فِي أُمَمٍ قَدْ خَلَتْ مِن قَبْلِهِم مِّنَ الْجِنِّ وَالْإِنسِ ۖ إِنَّهُمْ كَانُوا خَاسِرِينَ
အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အဖို့အပေါင်းအဖော်များ ပြုလုပ်တော်မူခဲ့ရာ ထိုအပေါင်းအဖော်တု့ိသည် ၎င်းတို့၏ရှေ့နောက် အပြုအမူများကို ၎င်းတို့အမြင်၌လှပတင့်တယ်အောင် ပြုလုပ်ခဲ့ကြပေသည်။ ထို့ပြင်(အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်သည် ဂျင်(န်)သတ္တဝါများအနက်မှလည်းကောင်း၊ လူသားတို့အနက်မှလည်းကောင်း၊ ရှေးလွန်လေပြီးသော အမျိုးသားတို့နှင့်အတူ ၎င်းတို့နှင့် ပတ်သက်၍လည်း အမှန်ဖြစ်ခဲ့ပြီ။ ဧကန်စင်စစ် ၎င်းတို့(အားလုံး)သည်ဆုံးရှုံး ပျက်စီးသူများပင် ဖြစ်ကြကုန်၏။
26وَقَالَ الَّذِينَ كَفَرُوا لَا تَسْمَعُوا لِهَٰذَا الْقُرْآنِ وَالْغَوْا فِيهِ لَعَلَّكُمْ تَغْلِبُونَ
စင်စစ်သော်ကား ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့က အသင်တို့သည် ကုရ်အာန်ကို နားပင်မထောင်ကြကုန်လင့်။ ထို့ပြင် အသင်တို့သည် ယင်းကုရ်အာန် (ဖတ်ကြားနေသောအချိန်) စပ်ကြားတွင် ဆူညံကြလေကုန်။ သို့မှသာလျှင်အသင်တို့သည် (မိမိတို့ အသံများဖြင့် မုဟမ္မဒ်၏အသံကို)လွှမ်းမိုး နိုင်ကြမည်။
27فَلَنُذِيقَنَّ الَّذِينَ كَفَرُوا عَذَابًا شَدِيدًا وَلَنَجْزِيَنَّهُمْ أَسْوَأَ الَّذِي كَانُوا يَعْمَلُونَ
သို့ဖြစ်ပေရာ အမှန်စင်စစ် ငါအရှင်မြတ်သည်ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့အား ပြင်းထန်လှစွာသောပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူပေမည်။ ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတု့ိအား ၎င်းတို့ကျင့်မူလျက်ရှိခဲ့ကြသော အဆိုးဆုံးသောကျင့်မူချက်များ၏ မကောင်းကျိုးကိုပေးတော်မူမည်ဖြစ်၏။
ဖုစ်စီလာ့ကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
25အာယာသ်

ဘာသာပြန် — ဖုစ်စီလာ့ 25

စူရာ ဖုစ်စီလာ့ အာယာသ် 25 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အဖို့အပေါင်းအဖော်များ ပြုလုပ်တော်မူခဲ့ရာ ထိုအပေါင်းအဖော်တု့ိသည် ၎င်းတို့၏ရှေ့နောက် အပြုအမူများကို ၎င်းတို့အမြင်၌လှပတင့်တယ်အောင် ပြုလုပ်ခဲ့ကြပေသည်။ ထို့ပြင်(အလ္လာဟ်အရှင်မြတ်၏)…

စူရာ အာယာသ် 25/54 — စူရာ ဖုစ်စီလာ့ فصلت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖုစ်စီလာ့ နားထောင်, စူရာ ဖုစ်စီလာ့ ဘာသာပြန်, စူရာ ဖုစ်စီလာ့ mp3, စူရာ ဖုစ်စီလာ့ pdf. အာယာသ် 23–27. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 24, 2026

Don't forget us in your sincere prayers