ဖုစ်စီလာ့ · 24/54
ဘာသာပြန် အသံနိုင်ငံ — စူရာ ဖုစ်စီလာ့
فَإِن يَصْبِرُوا فَالنَّارُ مَثْوًى لَّهُمْ ۖ وَإِن يَسْتَعْتِبُوا فَمَا هُم مِّنَ الْمُعْتَبِينَ ۝٢٤
Fa-iny yasbiroo fan Naaru maswal lahum wa iny-yasta`tiboo famaa hum minal mu`tabeen
📖 မြန်မာဘာသာ
သို့ဖြစ်ရာ အကယ်၍ ၎င်းတို့သည် (ဤသည်ပျက်စီးဆုံးရှုံးမှု အပေါ်၌) သည်းခံနေကြလျှင်လည်း ငရဲမီးသည် ၎င်းတို့၏နေထိုင်ရာဌာနပင်ဖြစ်၏။ ထိုနည်းတူစွာအကယ်၍ ၎င်းတို့သည် နှစ်သက်မှုကို ရယူလိုငြားအံ့လည်း၎င်းတို့သည် နှစ်သက်မှုကို ရရှိ ကြမည်မဟုတ်ပေတကား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 22-26 — စူရာ ဖုစ်စီလာ့

22وَمَا كُنتُمْ تَسْتَتِرُونَ أَن يَشْهَدَ عَلَيْكُمْ سَمْعُكُمْ وَلَا أَبْصَارُكُمْ وَلَا جُلُودُكُمْ وَلَٰكِن ظَنَنتُمْ أَنَّ اللَّهَ لَا يَعْلَمُ كَثِيرًا مِّمَّا تَعْمَلُونَ
စင်စစ်သော်ကား မိမိတု့ိ၏ နားများသည်လည်းကောင်း၊ မိမိတို့၏မျက်စိများသည်လည်းကောင်း၊ မိမိတို့၏(အသား)အရေများသည်လည်းကောင်း၊ မိမိတို့နှင့်ဆန့်ကျင်၍သက်သေခံကြမည်ကို စိုးရိမ်ကာ သက်သေမခံနိုင်ကြရန် အသင်တို့ ဖုံးကွယ်နိုင်ကြ သည်မဟုတ်ပေ။ သို့ရာတွင် အသင်တို့သည်မိမိတို့ကျင့်မူကြသည်တို့အနက် များစွာတို့ကို အလ္လာဟ်အရှင်မြတ် သိတော်မူသည်မဟုတ်ဟု ထင်မှတ်ခဲ့ကြကုန်၏။
23وَذَٰلِكُمْ ظَنُّكُمُ الَّذِي ظَنَنتُم بِرَبِّكُمْ أَرْدَاكُمْ فَأَصْبَحْتُم مِّنَ الْخَاسِرِينَ
စင်စစ်သော်ကား အသင်တို့သည် မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်ပတ်သက်၍ ထင်မြင်ယူဆခဲ့ကြသော ထိုထင်မြင်ယူဆချက်သည်ပင်လျှင် အသင်တို့အား ဖျက်ဆီးခဲ့လေ၏။ သို့ဖြစ်ပေရာ အသင်တို့သည်ပျက်စီးဆုံးရှုံးသူများပင် ဖြစ်ခဲ့ကြပေသည်။
24فَإِن يَصْبِرُوا فَالنَّارُ مَثْوًى لَّهُمْ ۖ وَإِن يَسْتَعْتِبُوا فَمَا هُم مِّنَ الْمُعْتَبِينَ
သို့ဖြစ်ရာ အကယ်၍ ၎င်းတို့သည် (ဤသည်ပျက်စီးဆုံးရှုံးမှု အပေါ်၌) သည်းခံနေကြလျှင်လည်း ငရဲမီးသည် ၎င်းတို့၏နေထိုင်ရာဌာနပင်ဖြစ်၏။ ထိုနည်းတူစွာအကယ်၍ ၎င်းတို့သည် နှစ်သက်မှုကို ရယူလိုငြားအံ့လည်း၎င်းတို့သည် နှစ်သက်မှုကို ရရှိ ကြမည်မဟုတ်ပေတကား။
25۞ وَقَيَّضْنَا لَهُمْ قُرَنَاءَ فَزَيَّنُوا لَهُم مَّا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَحَقَّ عَلَيْهِمُ الْقَوْلُ فِي أُمَمٍ قَدْ خَلَتْ مِن قَبْلِهِم مِّنَ الْجِنِّ وَالْإِنسِ ۖ إِنَّهُمْ كَانُوا خَاسِرِينَ
အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အဖို့အပေါင်းအဖော်များ ပြုလုပ်တော်မူခဲ့ရာ ထိုအပေါင်းအဖော်တု့ိသည် ၎င်းတို့၏ရှေ့နောက် အပြုအမူများကို ၎င်းတို့အမြင်၌လှပတင့်တယ်အောင် ပြုလုပ်ခဲ့ကြပေသည်။ ထို့ပြင်(အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်သည် ဂျင်(န်)သတ္တဝါများအနက်မှလည်းကောင်း၊ လူသားတို့အနက်မှလည်းကောင်း၊ ရှေးလွန်လေပြီးသော အမျိုးသားတို့နှင့်အတူ ၎င်းတို့နှင့် ပတ်သက်၍လည်း အမှန်ဖြစ်ခဲ့ပြီ။ ဧကန်စင်စစ် ၎င်းတို့(အားလုံး)သည်ဆုံးရှုံး ပျက်စီးသူများပင် ဖြစ်ကြကုန်၏။
26وَقَالَ الَّذِينَ كَفَرُوا لَا تَسْمَعُوا لِهَٰذَا الْقُرْآنِ وَالْغَوْا فِيهِ لَعَلَّكُمْ تَغْلِبُونَ
စင်စစ်သော်ကား ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့က အသင်တို့သည် ကုရ်အာန်ကို နားပင်မထောင်ကြကုန်လင့်။ ထို့ပြင် အသင်တို့သည် ယင်းကုရ်အာန် (ဖတ်ကြားနေသောအချိန်) စပ်ကြားတွင် ဆူညံကြလေကုန်။ သို့မှသာလျှင်အသင်တို့သည် (မိမိတို့ အသံများဖြင့် မုဟမ္မဒ်၏အသံကို)လွှမ်းမိုး နိုင်ကြမည်။
ဖုစ်စီလာ့ကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
24အာယာသ်

ဘာသာပြန် — ဖုစ်စီလာ့ 24

စူရာ ဖုစ်စီလာ့ အာယာသ် 24 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ရာ အကယ်၍ ၎င်းတို့သည် (ဤသည်ပျက်စီးဆုံးရှုံးမှု အပေါ်၌) သည်းခံနေကြလျှင်လည်း ငရဲမီးသည် ၎င်းတို့၏နေထိုင်ရာဌာနပင်ဖြစ်၏။ ထိုနည်းတူစွာအကယ်၍ ၎င်းတို့သည်…

စူရာ အာယာသ် 24/54 — စူရာ ဖုစ်စီလာ့ فصلت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖုစ်စီလာ့ နားထောင်, စူရာ ဖုစ်စီလာ့ ဘာသာပြန်, စူရာ ဖုစ်စီလာ့ mp3, စူရာ ဖုစ်စီလာ့ pdf. အာယာသ် 22–26. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers