وَقَالَ الَّذِينَ كَفَرُوا رَبَّنَا أَرِنَا اللَّذَيْنِ أَضَلَّانَا مِنَ الْجِنِّ وَالْإِنسِ نَجْعَلْهُمَا تَحْتَ أَقْدَامِنَا لِيَكُونَا مِنَ الْأَسْفَلِينَ ٢٩
🔤 Transliteration
Wa qaalal lazeena kafaroo Rabbanaaa arinal lazaini adal laanaa minal jinni wal insi naj`alhumaa tahta aqdaaminaa liyakoonaa minal asfaleen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုအခါ ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့က လျှောက်ထားကြပေမည်။ အို-ကျွန်တော်မျိုး တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဂျင်(န်) သတ္တဝါတို့အနက်မှလည်းကောင်း၊ လူသားတို့အနက်မှလည်းကောင်း၊ ကျွန်တော်မျိုးတို့အား လမ်းလွဲစေခဲ့ကြသူနှစ်ဦးလုံးကို အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား ပြတော်မူပါ။ ၎င်းတို့သည် ဂုဏ်အသရေအညံ့ဆုံးသောသူများ (ငရဲမီးတွင်) အောက်ဆုံး၌ ရှိသူများဖြစ်ကြစေရန် ၎င်းတို့နှစ်ဦးအား ကျွန်တော် မျိုးသည် မိမိတု့ိ၏ခြေများအောက်တွင် ထားရှိကြပါမည်။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: ရဗ္ဗနာ (رَبَّنَا ): အို ကျွန်ုပ်တို့၏ အရှင်သခင်။ အရိနာ (أَرِنَا ): ကျွန်ုပ်တို့အား ပြသပေးတော်မူပါ။ အလ္လဇိုင်နိ (اللَّذَيْنِ ): ထိုနှစ်ဦး။ အဒ္လ်လာနာ (أَضَلَّانَا ): ကျွန်ုပ်တို့အား လမ်းလွဲစေခဲ့ကြသော နှစ်ဦး။ ဂျင်္နိ ဝလ်အင်စိ (الْجِنِّ وَالْإِنسِ ): ဂျင်န်နှင့် လူသားတို့အနက်မှ။ နဂျ်အလ်ဟုမာ (نَجْعَلْهُمَا ): ကျွန်ုပ်တို့သည် ထိုနှစ်ဦးကို ပြုလုပ်ကြမည်။ တဲဟ်တာ အပ်က်ဒါမိနာ (تَحْتَ أَقْدَامِنَا ): ကျွန်ုပ်တို့၏ ခြေဖဝါးများအောက်၌။ လိယကူနာ (لِيَكُونَا ): ထိုနှစ်ဦး ဖြစ်ကြရန်အတွက်။ မင်နလ်အက်စ်ဖလီန (مِنَ الْأَسْفَلِينَ ): အောက်ဆုံးအဆင့်တွင် ရှိသူများအနက်မှ။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တော်များကို ငြင်းပယ်ခဲ့ကြသော ကာဖိရ်များသည် ငရဲမီးထဲတွင် ရှိနေစဉ် ဤသို့ ဆုတောင်းပြောဆိုကြမည်: “အို ကျွန်ုပ်တို့၏ အရှင်သခင်၊ ကျွန်ုပ်တို့အား လမ်းလွဲစေခဲ့ကြသော ဂျင်န်နှင့် လူသားတို့အနက်မှ ထိုနှစ်ဦးကို ကျွန်ုပ်တို့အား ပြသပေးတော်မူပါ။ ကျွန်ုပ်တို့သည် ထိုနှစ်ဦးကို ကျွန်ုပ်တို့၏ ခြေဖဝါးများအောက်၌ ထားရှိကြမည်။ သို့မှသာ ထိုနှစ်ဦးသည် ငရဲ၏ အောက်ဆုံးအဆင့်တွင် ရှိသူများ ဖြစ်ကြမည်။”
ဤနေရာတွင် ကာဖိရ်များက ရည်ညွှန်းပြောဆိုကြသည့် ထိုနှစ်ဦးမှာ အစ္စလာမ်ပညာရှင်များ၏ ဖော်ပြချက်အရ အီဗ်လီးစ် (ရှိုင်တွာန်) နှင့် လူသားတို့အနက်မှ ကာဖိရ်ဖြစ်မှုနှင့် အပြစ်ပြုမှုကို စတင်လမ်းပြခဲ့သူဖြစ်သည်။ အချို့ပညာရှင်များက ဂျင်န်ရှိုင်တွာန်များနှင့် လူသားရှိုင်တွာန်များ—ငရဲသို့ ဖိတ်ခေါ်သူများ၊ လမ်းလွဲမှုနှင့် ပြစ်ဒဏ်ဆီသို့ ဦးဆောင်သူများ—ကို ရည်ညွှန်းသည်ဟု ဆိုကြသည်။
ကာဖိရ်များသည် ငရဲမီးထဲတွင် ဤသို့ ဆုတောင်းခြင်းမှာ သူတို့အား လမ်းလွဲစေခဲ့ကြသော ခေါင်းဆောင်များအပေါ် ဒေါသထွက်ခြင်း၊ ကလဲ့စားချေလိုခြင်းနှင့် သူတို့ထက် ပို၍ နိမ့်ကျသော အဆင့်တွင် ထိုသူများကို မြင်တွေ့လိုခြင်းတို့ကြောင့် ဖြစ်သည်။ သူတို့သည် ထိုနှစ်ဦးကို မ
وَقَالَ ٱلَّذِينَ كَفَرُواْ رَبَّنَآ أَرِنَا ٱلَّذَيۡنِ أَضَلَّانَا مِنَ ٱلۡجِنِّ وَٱلۡإِنسِ نَجۡعَلۡهُمَا تَحۡتَ أَقۡدَامِنَا لِيَكُونَا مِنَ ٱلۡأَسۡفَلِينَ ٢٩
ထိုအခါ ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့က လျှောက်ထားကြပေမည်။ အို-ကျွန်တော်မျိုး တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဂျင်(န်) သတ္တဝါတို့အနက်မှလည်းကောင်း၊ လူသားတို့အနက်မှလည်းကောင်း၊ ကျွန်တော်မျိုးတို့အား လမ်းလွဲစေခဲ့ကြသူနှစ်ဦးလုံးကို အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား ပြတော်မူပါ။ ၎င်းတို့သည် ဂုဏ်အသရေအညံ့ဆုံးသောသူများ (ငရဲမီးတွင်) အောက်ဆုံး၌ ရှိသူများဖြစ်ကြစေရန် ၎င်းတို့နှစ်ဦးအား ကျွန်တော် မျိုးသည် မိမိတု့ိ၏ခြေများအောက်တွင် ထားရှိကြပါမည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 27-31 — စူရာ ဖုစ်စီလာ့
27 فَلَنُذِيقَنَّ الَّذِينَ كَفَرُوا عَذَابًا شَدِيدًا وَلَنَجْزِيَنَّهُمْ أَسْوَأَ الَّذِي كَانُوا يَعْمَلُونَ
သို့ဖြစ်ပေရာ အမှန်စင်စစ် ငါအရှင်မြတ်သည်ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့အား ပြင်းထန်လှစွာသောပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူပေမည်။ ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ၎င်းတု့ိအား ၎င်းတို့ကျင့်မူလျက်ရှိခဲ့ကြသော အဆိုးဆုံးသောကျင့်မူချက်များ၏ မကောင်းကျိုးကိုပေးတော်မူမည်ဖြစ်၏။
28 ذَٰلِكَ جَزَاءُ أَعْدَاءِ اللَّهِ النَّارُ ۖ لَهُمْ فِيهَا دَارُ الْخُلْدِ ۖ جَزَاءً بِمَا كَانُوا بِآيَاتِنَا يَجْحَدُونَ
ထိုသည်(ဝါ)ငရဲမီးသည် အလ္လာဟ်အရှင်မြတ်၏ရန်သူတို့၏ဆိုးကျိုးပင် ၎င်းတို့အဖို့ ငရဲမီး၌ အစဉ်ထာဝရနေထိုင်ရာဌာနသည် ရှိပေသည်။ (ဤသည်) ငါအရှင်မြတ်၏အာယတ်တော်များကို ၎င်းတို့ ငြင်းပယ်လေ့ရှိခဲ့ကြသောကြောင့်အစားပေးခြင်းပင် ဖြစ်ပေသည်။
29 وَقَالَ الَّذِينَ كَفَرُوا رَبَّنَا أَرِنَا اللَّذَيْنِ أَضَلَّانَا مِنَ الْجِنِّ وَالْإِنسِ نَجْعَلْهُمَا تَحْتَ أَقْدَامِنَا لِيَكُونَا مِنَ الْأَسْفَلِينَ
ထိုအခါ ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့က လျှောက်ထားကြပေမည်။ အို-ကျွန်တော်မျိုး တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဂျင်(န်) သတ္တဝါတို့အနက်မှလည်းကောင်း၊ လူသားတို့အနက်မှလည်းကောင်း၊ ကျွန်တော်မျိုးတို့အား လမ်းလွဲစေခဲ့ကြသူနှစ်ဦးလုံးကို အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား ပြတော်မူပါ။ ၎င်းတို့သည် ဂုဏ်အသရေအညံ့ဆုံးသောသူများ (ငရဲမီးတွင်) အောက်ဆုံး၌ ရှိသူများဖြစ်ကြစေရန် ၎င်းတို့နှစ်ဦးအား ကျွန်တော် မျိုးသည် မိမိတု့ိ၏ခြေများအောက်တွင် ထားရှိကြပါမည်။
30 إِنَّ الَّذِينَ قَالُوا رَبُّنَا اللَّهُ ثُمَّ اسْتَقَامُوا تَتَنَزَّلُ عَلَيْهِمُ الْمَلَائِكَةُ أَلَّا تَخَافُوا وَلَا تَحْزَنُوا وَأَبْشِرُوا بِالْجَنَّةِ الَّتِي كُنتُمْ تُوعَدُونَ
ဧကန်အမှန် အကြင်သူတို့သည် ကျွန်တော် မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည် ဟု ပြောခဲ့ ဆိုခဲ့ကြပြီးနောက်(ယင်းယုံကြည်ချက်ပေါ်၌ပင်) ဖြောင့်မတ်ကြံ့ခိုင်စွာ တည်ရှိနေခဲ့ကြကုန်၏။ မလာအိကဟ် ကောင်းကင်တမန်များသည်ထိုသူတို့ထံ ဆင်းသက်လာ၍ ဤသို့ပြောဆို နှစ်သိမ့်စေကြပေမည်။ အသင်တို့သည် စိုးရိမ်ခြင်းလည်း မရှိကြကုန်လင့်။ ပူဆွေးခြင်းလည်း မရှိကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည်မိမိတို့ကတိပေးခြင်းခံခဲ့ကြသောဂျန္နတ်သုခဘုံရရှိသည့်အတွက်ဝမ်းမြောက် ကြလေကုန်။
31 نَحْنُ أَوْلِيَاؤُكُمْ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ ۖ وَلَكُمْ فِيهَا مَا تَشْتَهِي أَنفُسُكُمْ وَلَكُمْ فِيهَا مَا تَدَّعُونَ
ကျွန်ုပ်တို့သည် လောကီဘဝ၌တွင်လည်း အသင်တို့၏အဆွေခင်ပွန်းများပင် ဖြစ်ခဲ့ကြကုန်၏။ ထိုနည်းတူစွာအာခိရတ် တမလွန်ဘဝ၌လည်း အဆွေခင်ပွန်းများဖြစ်ကြမည်။ ထို့ပြင် အသင်တို့အဖို့ ယင်းဂျန္နတ် သုခဘုံ၌ အသင်တို့အလိုဆန္ဒရှိသော အရာဟူသမျှ ရှိကြမည့်ပြင် အသင်တို့အဖို့ယင်းဂျန္နတ်သုခဘုံ၌ အသင်တို့တောင်းဆိုသော အရာဟူသမျှတို့သည်လည်း ရှိကြ ပေမည်။
ဘာသာပြန် — ဖုစ်စီလာ့ 29 စူရာ ဖုစ်စီလာ့ အာယာသ် 29 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအခါ ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့က လျှောက်ထားကြပေမည်။ အို-ကျွန်တော်မျိုး တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဂျင်(န်) သတ္တဝါတို့အနက်မှလည်းကောင်း၊…
စူရာ အာယာသ် 29/54 — စူရာ ဖုစ်စီလာ့ فصلت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖုစ်စီလာ့ နားထောင်, စူရာ ဖုစ်စီလာ့ ဘာသာပြန်, စူရာ ဖုစ်စီလာ့ mp3, စူရာ ဖုစ်စီလာ့ pdf. အာယာသ် 27–31. မြန်မာဘာသာ: ภาษาไทย.