အက်ရှ်-ရှူရာ · 38/53
ဘာသာပြန် အသံနိုင်ငံ — စူရာ အက်ရှ်-ရှူရာ
وَالَّذِينَ اسْتَجَابُوا لِرَبِّهِمْ وَأَقَامُوا الصَّلَاةَ وَأَمْرُهُمْ شُورَىٰ بَيْنَهُمْ وَمِمَّا رَزَقْنَاهُمْ يُنفِقُونَ ۝٣٨
Wallazeenas tajaaboo li Rabbhim wa aqaamus Salaata wa amruhum shooraa bainahum wa mimmaa razaqnaahum yunfiqoon
📖 မြန်မာဘာသာ
၎င်းပြင် အကြင်သူတို့အဖို့ဖြစ်၏။ ထိုသူတို့ သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(၏ဖိတ်ခေါ်ချက်၊ အမိန့်တော်)ကို နာယူကြကုန်၏။ ထို့ပြင် ၎င်းတို့သည်ဆွလာတ် ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့၏ (အရေးကြီး သော) အမှုကိစ္စတို့မှာ မိမိတို့အချင်းချင်းညှိနှိုင်းတိုင်ပင် ၍ ဆောင်ရွက်ကြရကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူ သောဥစ္စာပစ္စည်းများမှ သုံးစွဲလှူဒါန်းကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
  • အက်စ်တဂျာဗူ (اسْتَجَابُوا) — သူတို့သည် တုံ့ပြန်လက်ခံကြသည်၊ နာခံကြသည်။
  • ရဗ်ဗိဟင်မ် (لِرَبِّهِمْ) — သူတို့၏ အရှင်သခင်အား။
  • အကာမုစ်ဆလာသ (أَقَامُوا الصَّلَاةَ) — ဆွလာသ်ကို တည်ထောင်ကြသည်၊ ဝတ်ပြုကြသည်။
  • ရှူရာ (شُورَى) — အပြန်အလှန် တိုင်ပင်ဆွေးနွေးခြင်း။
  • ရဇကနာဟုမ် (رَزَقْنَاهُمْ) — ငါအရှင်မြတ် သူတို့အား ပေးသနားထားသော ရိက္ခာ။
  • ယွန်ဖိကူန် (يُنفِقُونَ) — သူတို့သည် သုံးစွဲလှူဒါန်းကြသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အီမာန်ယုံကြည်သူများ၏ ဂုဏ်ရည်လက္ခဏာများကို ဖော်ပြထားပါသည်။ သူတို့သည် မိမိတို့၏ အရှင်သခင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်က တောင်းဆိုတော်မူသည့် ယုံကြည်မှုနှင့် နာခံမှုကို လက်ခံကျင့်သုံးကြသူများ ဖြစ်ကြပါသည်။ အရှင်မြတ်က တစ်ဆူတည်းဖြစ်တော်မူကြောင်း ယုံကြည်ရန်၊ ကိုးကွယ်ရန် ဖိတ်ခေါ်တော်မူသည့်အခါ သူတို့သည် ချက်ချင်း တုံ့ပြန်လက်ခံကြပါသည်။ ထို့နောက် ဖရဿ်ဝတ်ဖြစ်သော ဆွလာသ်ကို သတ်မှတ်ထားသည့် အချိန်များတွင် စည်းကမ်းနှင့်အညီ ပြည့်စုံစွာ ဝတ်ပြုကြပါသည်။

ထို့အပြင် သူတို့သည် မိမိတို့အကြား ကိစ္စရပ်များတွင် တစ်ဦးတည်း ဆုံးဖြတ်ခြင်းမပြုဘဲ အပြန်အလှန် တိုင်ပင်ဆွေးနွေးကြပါသည်။ ဤအရည်အချင်းသည် အစ္စလာမ်လူ့အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန် လေးစားမှုကို ထင်ဟပ်စေပါသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ် ပေးသနားတော်မူထားသည့် ဥစ္စာပစ္စည်းများထဲမှ အရှင်မြတ်၏ လမ်းစဉ်တော်အတွက် သုံးစွဲလှူဒါန်းကြပါသည်။ ဤတွင် ဇကာသ်၊ မိသားစုအတွက် သုံးစွဲမှု၊ အခြားလိုအပ်သူများအား ကူညီမှုစသည့် ဝတ္တရားများနှင့် ကောင်းမှုကုသိုလ်အားလုံး ပါဝင်ပါသည်။

  1. ဤအာယသ်တော်မှ ရရှိသည့် အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်၏ ဖိတ်ခေါ်ချက်ကို ချက်ချင်း လက်ခံတုံ့ပြန်ခြင်းသည် အီမာန်၏ အရည်အသွေးကောင်း ဖြစ်ပါသည်။
  • ဆွလာသ်ဝတ်ကို အချိန်မှန် စည်းကမ်းတကျ ပြည့်စုံစွာ ဝတ်ပြုခြင်းသည် မွတ်စ်လင်မ်တစ်ဦး၏ အသက်တာ၏ အဓိကအခြေခံ ဖြစ်ပါသည်။
  • အပြန်အလှန် တိုင်ပင်ဆွေးနွေးခြင်းသည် မွတ်စ်လင်မ်တို့၏ စည်းလုံ


📜 အာယာသ် 36-40 — စူရာ အက်ရှ်-ရှူရာ

36فَمَا أُوتِيتُم مِّن شَيْءٍ فَمَتَاعُ الْحَيَاةِ الدُّنْيَا ۖ وَمَا عِندَ اللَّهِ خَيْرٌ وَأَبْقَىٰ لِلَّذِينَ آمَنُوا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ
မည်သို့ပင်ဖြစ်စေ အသင်တို့ ပေးသနားတော်မူခြင်းခံခဲ့ကြရသော ဥစ္စာပစ္စည်းဟူသမျှတို့သည် လောကီဘဝ၏အသုံးအဆောင်ပစ္စည်းမျှသာ ဖြစ်ကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်ထံတော်၌ ရှိသမျှတို့မှာမူကား အကောင်းဆုံး၊အမြဲဆုံးပင်ဖြစ်ကုန်၏။ (ယင်းတို့မှာ) အကြင်သူတို့အဖို့ဖြစ်၏။ထိုသူတို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌ယုံကြည် ကိုးစား အားထားကြကုန်၏။
37وَالَّذِينَ يَجْتَنِبُونَ كَبَائِرَ الْإِثْمِ وَالْفَوَاحِشَ وَإِذَا مَا غَضِبُوا هُمْ يَغْفِرُونَ
၎င်းပြင် အကြင်သူတို့အဖို့ဖြစ်၏။ ထိုသူတို့ သည်ကြီးလေးသော ပြစ်မှုဒုစရိုက်တို့မှလည်းကောင်း၊ ညစ်ညမ်းသောအမှုကိစ္စတို့မှလည်းကောင်း ကြဉ်ရှောင် ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့သည် မည်သည့်အခါမျိုးမဆို ဒေါသအမျက်ထွက်ကြသည်ရှိသော် ခွင့်လွှတ်လေ့ရှိကြကုန်၏။
38وَالَّذِينَ اسْتَجَابُوا لِرَبِّهِمْ وَأَقَامُوا الصَّلَاةَ وَأَمْرُهُمْ شُورَىٰ بَيْنَهُمْ وَمِمَّا رَزَقْنَاهُمْ يُنفِقُونَ
၎င်းပြင် အကြင်သူတို့အဖို့ဖြစ်၏။ ထိုသူတို့ သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(၏ဖိတ်ခေါ်ချက်၊ အမိန့်တော်)ကို နာယူကြကုန်၏။ ထို့ပြင် ၎င်းတို့သည်ဆွလာတ် ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့၏ (အရေးကြီး သော) အမှုကိစ္စတို့မှာ မိမိတို့အချင်းချင်းညှိနှိုင်းတိုင်ပင် ၍ ဆောင်ရွက်ကြရကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် ငါအရှင်မြတ် ၎င်းတို့အား ချီးမြှင့်ပေးသနားတော်မူ သောဥစ္စာပစ္စည်းများမှ သုံးစွဲလှူဒါန်းကြကုန်၏။
39وَالَّذِينَ إِذَا أَصَابَهُمُ الْبَغْيُ هُمْ يَنتَصِرُونَ
ထိုမှတစ်ပါး အကြင်သူတို့အဖို့ဖြစ်၏။ ထိုသူတို့သည် မတရားသဖြင့်နှိပ်စက်မှုကို ခံကြရသောအခါ ၎င်းတို့သည် မိမိတို့ခံကြရသည်နှင့်အမျှ လက်စားချေ လေ့ရှိကြကုန်သတည်း။
40وَجَزَاءُ سَيِّئَةٍ سَيِّئَةٌ مِّثْلُهَا ۖ فَمَنْ عَفَا وَأَصْلَحَ فَأَجْرُهُ عَلَى اللَّهِ ۚ إِنَّهُ لَا يُحِبُّ الظَّالِمِينَ
စင်စစ်သော်ကား မကောင်းပြုခြင်း၏အစားယင်းမကောင်းပြုခြင်းနှင့် အညီအမျှ မကောင်းပြုခြင်းပင်။ သို့တစေလည်း မည်သူမဆို ခွင့်လွှတ်ခဲ့ပါမူ ၎င်းပြင် (မိမိတို့အချင်းချင်း၏ အရေးကိစ္စများကို ပြေလည်)ကောင်းမွန်အောင် ပြုပြင်ခဲ့ပါမူ ထိုသူအား အကျိုးပေးခြင်းမှာ အလ္လာဟ်အရှင်မြတ်၏တာဝန်ပင်ဖြစ်၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် မတရားသောသူတို့အား နှစ်မြို့တော်မူသည် မဟုတ်ပေ။
အက်ရှ်-ရှူရာကုရ်အာန် ညွှန်းကိန်း
53အာယာသ်
MeccanRevelation
38အာယာသ်

ဘာသာပြန် — အက်ရှ်-ရှူရာ 38

စူရာ အက်ရှ်-ရှူရာ အာယာသ် 38 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အကြင်သူတို့အဖို့ဖြစ်၏။ ထိုသူတို့ သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(၏ဖိတ်ခေါ်ချက်၊ အမိန့်တော်)ကို နာယူကြကုန်၏။ ထို့ပြင် ၎င်းတို့သည်ဆွလာတ် ဝတ်ပြုမှုကို…

စူရာ အာယာသ် 38/53 — စူရာ အက်ရှ်-ရှူရာ الشورى (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အက်ရှ်-ရှူရာ နားထောင်, စူရာ အက်ရှ်-ရှူရာ ဘာသာပြန်, စူရာ အက်ရှ်-ရှူရာ mp3, စူရာ အက်ရှ်-ရှူရာ pdf. အာယာသ် 36–40. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers