အလ်-ဂျာစီယာ · 16/37
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဂျာစီယာ
وَلَقَدْ آتَيْنَا بَنِي إِسْرَائِيلَ الْكِتَابَ وَالْحُكْمَ وَالنُّبُوَّةَ وَرَزَقْنَاهُم مِّنَ الطَّيِّبَاتِ وَفَضَّلْنَاهُمْ عَلَى الْعَالَمِينَ ۝١٦
Wa laqad aatainaa Baneee Israaa`eelal Kitaaba walhukma wan Nubuwwata wa razaqnaahum minat taiyibaati wa faddalnaahum;alal `aalameen
📖 မြန်မာဘာသာ
၎င်းပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အစ္စရာအီလီအမျိုးသားတို့အား ကျမ်းဂန်ကိုလည်းကောင်း၊ စီရင်ဆုံးဖြတ်မှုကိုလည်းကောင်း၊ နဗီတမန်တော်အဖြစ် ကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား သန့်ပြန့်စင်ကြယ်သော အစားအစာကို စားနပ်ရိက္ခာအဖြစ် ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ၎င်းတို့အား ငါအရှင်မြတ်သည် ကမ္ဘာသူကမ္ဘာသားတို့ထက် ထူးကဲစေတော်မူခဲ့၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 14-18 — စူရာ အလ်-ဂျာစီယာ

14قُل لِّلَّذِينَ آمَنُوا يَغْفِرُوا لِلَّذِينَ لَا يَرْجُونَ أَيَّامَ اللَّهِ لِيَجْزِيَ قَوْمًا بِمَا كَانُوا يَكْسِبُونَ
(အို-နဗီတမန်တော်) အသင်သည် "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် ပြုလုပ်တော်မူအံ့သော ကိစ္စများကို ယုံကြည်(စိုးရိမ်)ခြင်း မရှိကြသောသူတို့အား ခွင့်လွှတ်ကြရန် ပြောကြားပါလေ။ ထိုမှသာလျှင် ထိုအရှင်မြတ်သည် လူမျိုးတစ်မျိုးအား ၎င်းတို့ ရှာဖွေဆည်း ပူးခဲ့ကြသည် များနှင့်စပ်လျဉ်း၍ အစားပေးတော်မူအံ့။
15مَنْ عَمِلَ صَالِحًا فَلِنَفْسِهِ ۖ وَمَنْ أَسَاءَ فَعَلَيْهَا ۖ ثُمَّ إِلَىٰ رَبِّكُمْ تُرْجَعُونَ
မည်သူမဆို ကောင်းမှုပြုခဲ့လျှင် ၎င်း၏အကျိုးငှာဖြစ်ပေမည်။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုပြုခဲ့သော် ၎င်း၏အပေါ်၌သာ သက်ရောက်ပေမည်။ ထို့နောက် အသင်တို့အားလုံးတို့မှာ ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်သွားကြရမည်။
16وَلَقَدْ آتَيْنَا بَنِي إِسْرَائِيلَ الْكِتَابَ وَالْحُكْمَ وَالنُّبُوَّةَ وَرَزَقْنَاهُم مِّنَ الطَّيِّبَاتِ وَفَضَّلْنَاهُمْ عَلَى الْعَالَمِينَ
၎င်းပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အစ္စရာအီလီအမျိုးသားတို့အား ကျမ်းဂန်ကိုလည်းကောင်း၊ စီရင်ဆုံးဖြတ်မှုကိုလည်းကောင်း၊ နဗီတမန်တော်အဖြစ် ကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား သန့်ပြန့်စင်ကြယ်သော အစားအစာကို စားနပ်ရိက္ခာအဖြစ် ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ၎င်းတို့အား ငါအရှင်မြတ်သည် ကမ္ဘာသူကမ္ဘာသားတို့ထက် ထူးကဲစေတော်မူခဲ့၏။
17وَآتَيْنَاهُم بَيِّنَاتٍ مِّنَ الْأَمْرِ ۖ فَمَا اخْتَلَفُوا إِلَّا مِن بَعْدِ مَا جَاءَهُمُ الْعِلْمُ بَغْيًا بَيْنَهُمْ ۚ إِنَّ رَبَّكَ يَقْضِي بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အားသာသနာ့အရေးနှင့်စပ်လျဉ်း၍ ထင်ရှားစွာသော သက်သေသာဓကများကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ပါလျက်၎င်းတို့သည် မိမိတို့ထံ အသိပညာ ရောက်လာပြီးနောက်သော်မှပင် မိမိတို့အချင်းချင်း တုပြိုင်သောအားဖြင့် ကွဲလွဲခဲ့ကြကုန်၏။ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့၏အကြားဝယ် "ကိယာမတ်" ရှင်ပြန်ထမည့်နေ့တွင် ၎င်းတို့ ကွဲပြားလျက်ရှိခဲ့ကြသော အရေးကိစ္စနှင့်စပ်လျဉ်း ၍ စီရင်ဆုံးဖြတ်တော်မူပေမည်။
18ثُمَّ جَعَلْنَاكَ عَلَىٰ شَرِيعَةٍ مِّنَ الْأَمْرِ فَاتَّبِعْهَا وَلَا تَتَّبِعْ أَهْوَاءَ الَّذِينَ لَا يَعْلَمُونَ
ထို့နောက် (အို-နဗီတမန်တော်) ထိုအရှင်မြတ်သည် အသင့်အား သာသနာ့အရေးနှင့်စပ်လျဉ်း၍ အထူးလမ်းစဉ်တစ်ရပ်ပေါ်၌ ရပ်တည်စေတော်မူခဲ့၏။ သို့ဖြစ်ပေရာ အသင်သည် ထိုလမ်းစဉ်ကိုသာ လိုက်ပါလေ။ အသင်သည် အသိပညာကင်းမဲ့သောသူတို့၏ အလိုဆန္ဒများကို မလိုက်ပါလေနှင့်။
အလ်-ဂျာစီယာကုရ်အာန် ညွှန်းကိန်း
37အာယာသ်
MeccanRevelation
16အာယာသ်

ဘာသာပြန် — အလ်-ဂျာစီယာ 16

စူရာ အလ်-ဂျာစီယာ အာယာသ် 16 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အစ္စရာအီလီအမျိုးသားတို့အား ကျမ်းဂန်ကိုလည်းကောင်း၊ စီရင်ဆုံးဖြတ်မှုကိုလည်းကောင်း၊ နဗီတမန်တော်အဖြစ် ကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင်…

စူရာ အာယာသ် 16/37 — စူရာ အလ်-ဂျာစီယာ الجاثية (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဂျာစီယာ နားထောင်, စူရာ အလ်-ဂျာစီယာ ဘာသာပြန်, စူရာ အလ်-ဂျာစီယာ mp3, စူရာ အလ်-ဂျာစီယာ pdf. အာယာသ် 14–18. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers