အလ်-ဂျာစီယာ · 29/37
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဂျာစီယာ
هَٰذَا كِتَابُنَا يَنطِقُ عَلَيْكُم بِالْحَقِّ ۚ إِنَّا كُنَّا نَسْتَنسِخُ مَا كُنتُمْ تَعْمَلُونَ ۝٢٩
Haazaa kitaabunaa yantiqu `alaikum bilhaqq; innaa kunnaa nastansikhu maa kuntum ta`maloon
📖 မြန်မာဘာသာ
ဤသည် ငါအရှင်မြတ်၏ မှတ်တမ်းစာအုပ်ပင်။ ယင်းမှတ်တမ်းစာအုပ်သည် အသင်တို့နှင့်ပတ်သက်၍ တိကျမှန်ကန်စွာ ပြောပြနေပေသည်။ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့ ကျင့်မူခဲ့ကြသည်ကို ရေးမှတ်စေလျက် ရှိတော်မူခဲ့ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 27-31 — စူရာ အလ်-ဂျာစီယာ

27وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ وَيَوْمَ تَقُومُ السَّاعَةُ يَوْمَئِذٍ يَخْسَرُ الْمُبْطِلُونَ
၎င်းပြင် မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်မှုသည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှု သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ ထိုမှတစ်ပါး "ကိယာမတ်" ရှင်ပြန်ထမည့် အချိန်ကာလ ဆိုက်ရောက်လာမည့်နေ့တွင်မူ အမှားကိုလိုက်စားကြ ကုန်သောသူတို့မှာ ပျက်စီးဆုံးရှုံးကြပေမည်။
28وَتَرَىٰ كُلَّ أُمَّةٍ جَاثِيَةً ۚ كُلُّ أُمَّةٍ تُدْعَىٰ إِلَىٰ كِتَابِهَا الْيَوْمَ تُجْزَوْنَ مَا كُنتُمْ تَعْمَلُونَ
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်("ကိယာမတ်"နေ့တွင်)သာသနာဝင် အုပ်စုတိုင်းအား ဒူးထောက်လျက်ရှိကြမည်ကို တွေ့မြင်ရပေမည်။ သာသနာဝင်အုပ်စုတိုင်းမှ ၎င်းတို့၏မှတ်တမ်းစာအုပ် (ရှိရာ)သို့ ဖိတ်ခေါ်ခြင်းကို ခံကြရပေမည်။ "ယနေ့သော်ကား အသင်တို့သည် မိမိတို့၏ ကျင့်မူချက်များနှင့် စပ်လျဉ်း၍ အစားပေးခြင်းကို ခံကြရပေမည်"။
29هَٰذَا كِتَابُنَا يَنطِقُ عَلَيْكُم بِالْحَقِّ ۚ إِنَّا كُنَّا نَسْتَنسِخُ مَا كُنتُمْ تَعْمَلُونَ
ဤသည် ငါအရှင်မြတ်၏ မှတ်တမ်းစာအုပ်ပင်။ ယင်းမှတ်တမ်းစာအုပ်သည် အသင်တို့နှင့်ပတ်သက်၍ တိကျမှန်ကန်စွာ ပြောပြနေပေသည်။ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့ ကျင့်မူခဲ့ကြသည်ကို ရေးမှတ်စေလျက် ရှိတော်မူခဲ့ပေသတည်း။
30فَأَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَيُدْخِلُهُمْ رَبُّهُمْ فِي رَحْمَتِهِ ۚ ذَٰلِكَ هُوَ الْفَوْزُ الْمُبِينُ
သို့ဖြစ်ပေရာ သက်ဝင်ယုံကြည်၍ ကောင်းမှုများကို ကျင့်မူကြကုန်သောသူတို့အား ၎င်းတို့ကို ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် မိမိကရုဏာတော်တွင်းသို့ ဝင်ရောက်စေတော်မူပေသည်။ ဤသည်ပင်လျှင် ထင်ရှားစွာသော အောင်မြင်မှု ဖြစ်ပေသည်။
31وَأَمَّا الَّذِينَ كَفَرُوا أَفَلَمْ تَكُنْ آيَاتِي تُتْلَىٰ عَلَيْكُمْ فَاسْتَكْبَرْتُمْ وَكُنتُمْ قَوْمًا مُّجْرِمِينَ
သို့ရာတွင် သွေဖည်ငြင်းပယ်ကြကုန်သော သူတို့မှာမူကား (ဤသို့ပြောဆိုခြင်းကိုခံကြရပေမည်)။ ငါအရှင်မြတ်၏ အာယတ်တော်များသည် အသင်တို့ရှေ့ဝယ် ဖတ်ကြားခြင်းခံခဲ့ရသည် မဟုတ်လော။ သို့တစေလည်း အသင်တို့သည် မာနထောင်လွှားခဲ့ကြကုန်၏။ ၎င်းပြင် အသင်တို့သည် ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။ (တစ်နည်း) အမှန်သော်ကား အသင်တို့သည် ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြကုန်၏။
အလ်-ဂျာစီယာကုရ်အာန် ညွှန်းကိန်း
37အာယာသ်
MeccanRevelation
29အာယာသ်

ဘာသာပြန် — အလ်-ဂျာစီယာ 29

စူရာ အလ်-ဂျာစီယာ အာယာသ် 29 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသည် ငါအရှင်မြတ်၏ မှတ်တမ်းစာအုပ်ပင်။ ယင်းမှတ်တမ်းစာအုပ်သည် အသင်တို့နှင့်ပတ်သက်၍ တိကျမှန်ကန်စွာ ပြောပြနေပေသည်။ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့…

စူရာ အာယာသ် 29/37 — စူရာ အလ်-ဂျာစီယာ الجاثية (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဂျာစီယာ နားထောင်, စူရာ အလ်-ဂျာစီယာ ဘာသာပြန်, စူရာ အလ်-ဂျာစီယာ mp3, စူရာ အလ်-ဂျာစီယာ pdf. အာယာသ် 27–31. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers