အလ်-အာ့ကာဖ် · 21/35
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ကာဖ်
۞ وَاذْكُرْ أَخَا عَادٍ إِذْ أَنذَرَ قَوْمَهُ بِالْأَحْقَافِ وَقَدْ خَلَتِ النُّذُرُ مِن بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ أَلَّا تَعْبُدُوا إِلَّا اللَّهَ إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ ۝٢١
Wazkur akhaa `Aad, iz anzara qawmahoo bil Ahqaafi wa qad khalatin nuzuru mim baini yadaihi wa min khalfiheee allaa ta`budooo illal laaha inneee akhaafu `alaikum `azaaba Yawmin `azeem
📖 မြန်မာဘာသာ
၎င်းပြင်(အို-နဗီတမန်တော်)အသင်သည်၏(၎င်းတို့အား)’အာဒ်’အမျိုးသားတို့၏ နောင်တော်(တမန်တော်ဟူဒ်)၏အကြောင်းပြောပြပါလေ။ တစ်ရံရောအခါဝယ် ထိုနောင်တော်သည် မိမိအမျိုးသားတို့အား ‘အဟ်ကာဖ်’ အမည်ရှိ သဲတောင်များ(ရွာ)၌ သတိပေးနှိုးဆော်ခဲ့၏။ ထို့ပြင် ထိုနောင်တော် အလျင်လည်းကောင်း၊ ထိုနောင်တော် နောက်တွင်လည်းကောင်း၊ သတိပေးနှိုးဆော်သူများသည် လွန်လေခဲ့ပြီး ဖြစ်ကြကုန်၏။ (ထိုနောင်တော်က)အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြကုန်လင့်။ ဧကန်စင်စစ် ငါသည် အသင်တို့နှင့်ပတ်သက်၍ ကြီးကျယ်လှစွာသော နေ့၏ပြစ်ဒဏ်ကို စိုးရိမ်သည်ဟူ၍(သတိပေးနှိုးဆော်ခဲ့၏၊)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • الْأَحْقَافِ (အလ်-အာ့ကာဖ်): သဲကန္တာရ ကုန်းမြင့်ဒေသများ၊ သဲတောင်ကြီးများဟု အဓိပ္ပာယ်ရသည်။ အာရေဗျကျွန်းဆွယ်၏ တောင်ဘက်ပိုင်းတွင် တည်ရှိသော အာ့ဒ်လူမျိုးတို့၏ နေထိုင်ရာ ဒေသဖြစ်သည်။
  • خَلَتِ النُّذُرُ (ခိုလသိန်-နုဇုရ်): သတိပေးသူတမန်တော်များ ကုန်လွန်ခဲ့ပြီးဖြစ်သည်၊ ရှေးကာလက ဖြတ်သန်းခဲ့ကြပြီဟု အဓိပ္ပာယ်ရသည်။
  • مِن بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ (မိန်ဗိုင်နိ ယဒိုင်ဟိ ဝမိန်ခိုလ်ဖိဟိ): သူ့ရှေ့မှနှင့် သူ့နောက်မှဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် ဟူဒ်တမန်တော်မတိုင်မီနှင့် သူ့နောက်ကာလများတွင် ရောက်ရှိခဲ့သော တမန်တော်များကို ရည်ညွှန်းသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို-တမန်တော်မုဟမ္မဒ်၊ အသင်သည် အာ့ဒ်လူမျိုးတို့၏ ညီအစ်ကို (သွေးသားတော်စပ်သူ) ဖြစ်သော ဟူဒ်တမန်တော်၏ အဖြစ်အပျက်ကို သတိရပါ။ သူသည် မိမိလူမျိုးတို့အား အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်တော် ကျရောက်မည့်အကြောင်း သတိပေးခဲ့သည်။ ထိုအချိန်တွင် သူတို့သည် အာရေဗျကျွန်းဆွယ် တောင်ဘက်ပိုင်းရှိ သဲကုန်းမြင့်ဒေသ "အလ်-အာ့ကာဖ်" တွင် နေထိုင်လျက်ရှိကြသည်။ ဟူဒ်တမန်တော် မတိုင်မီကာလများတွင်လည်းကောင်း၊ သူ့နောက်ကာလများတွင်လည်းကောင်း တမန်တော်များစွာသည် မိမိတို့လူမျိုးတို့အား အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ မကိုးကွယ်ကြရန် သတိပေးခဲ့ကြပြီး ဖြစ်သည်။ ဟူဒ်တမန်တော်ကလည်း မိမိလူမျိုးတို့အား "အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ကြပါ၊ သူနှင့်တွဲဖက်ဘက်စပ်ကိုးကွယ်ခြင်း မပြုကြပါနှင့်။ ကျွန်ုပ်သည် သင်တို့အပေါ် ကြီးကျယ်လှသော နေ့တစ်နေ့၏ ပြစ်ဒဏ်တော်ကို စိုးရိမ်မိပါသည်" ဟု သတိပေးခဲ့သည်။ ထိုကြီးကျယ်သောနေ့မှာ ကိယာမသ်နေ့ (ရှင်ပြန်ထမြောက်မည့်နေ့) ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူသည်။ ကိုးကွယ်ထိုက်သော အရှင်မှာ သူတစ်ပါးတည်းသာဖြစ်သည်။ ရှိရှိသမျှ တမန်တော်အားလုံးသည် ဤတစ်ဆူတည်းကိုးကွယ်ရေးကိုသာ ဟောကြားခဲ့ကြသည်ကို ဤအာယသ်တော်က


📜 အာယာသ် 19-23 — စူရာ အလ်-အာ့ကာဖ်

19وَلِكُلٍّ دَرَجَاتٌ مِّمَّا عَمِلُوا ۖ وَلِيُوَفِّيَهُمْ أَعْمَالَهُمْ وَهُمْ لَا يُظْلَمُونَ
စင်စစ်သော်ကား (မုအ်မင်န်၊ကာဖိရ်) အသီးသီးတို့၌ ၎င်းတို့ ကျင့်မူခဲ့ကြကုန်သော အကျင့်အမူများအလိုက် အဆင့်အတန်းများ ရှိကြလေ၏။ ၎င်းပြင်(အလ္လာဟ်အရှင်မြတ်သည် ဤသို့အကျိုးပေးတော်မူခဲ့ခြင်းမှာ)ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ အကျင့်အမူများ၏အစားကို အပြည့်အစုံပေးတော်မူအံ့သောငှာ ဖြစ်ပေသည်။ သို့ရာတွင် ၎င်းတို့မှာ(မည်သို့မျှ) မတရားပြုမူခြင်းကို ခံကြရမည် မဟုတ်ပေ။
20وَيَوْمَ يُعْرَضُ الَّذِينَ كَفَرُوا عَلَى النَّارِ أَذْهَبْتُمْ طَيِّبَاتِكُمْ فِي حَيَاتِكُمُ الدُّنْيَا وَاسْتَمْتَعْتُم بِهَا فَالْيَوْمَ تُجْزَوْنَ عَذَابَ الْهُونِ بِمَا كُنتُمْ تَسْتَكْبِرُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَبِمَا كُنتُمْ تَفْسُقُونَ
၎င်းပြင် ကာဖိရ် သွေဖည်ငြင်းပယ်ကြသော သူတို့သည် ငရဲမီး၏ရှေ့သို့ယူလာခြင်းကို ခံကြရသောအခါ (ဤသို့မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်၊) အသင်တို့သည် မိမိတို့၏လောကီဘဝ၌ပင် မိမိတို့၏ ကောင်းမြတ်သောအရာများ(ဝါ)စည်းစိမ်ချမ်းသာများကို ဖြုန်းတီးခဲ့ကြပြီ။ ယင်းစည်းစိမ်ချမ်းသာများဖြင့် အကျိုးလည်းခံစားခဲ့ကြပြီ။ သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့သည် ကမ္ဘာမြေဝယ် မိမိတို့ မတရားသဖြင့် ဘဝင်မြင့်မောက်မာလျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ အမိန့်တော်ကို သွေဖည်လျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ ကျိုးယုတ်ရှက်ရ ဖြစ်စေအံ့သော ပြစ်ဒဏ်ကိုအစားပေးခြင်း ခံကြရကုန်အံ့သတည်း။
21۞ وَاذْكُرْ أَخَا عَادٍ إِذْ أَنذَرَ قَوْمَهُ بِالْأَحْقَافِ وَقَدْ خَلَتِ النُّذُرُ مِن بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ أَلَّا تَعْبُدُوا إِلَّا اللَّهَ إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ
၎င်းပြင်(အို-နဗီတမန်တော်)အသင်သည်၏(၎င်းတို့အား)’အာဒ်’အမျိုးသားတို့၏ နောင်တော်(တမန်တော်ဟူဒ်)၏အကြောင်းပြောပြပါလေ။ တစ်ရံရောအခါဝယ် ထိုနောင်တော်သည် မိမိအမျိုးသားတို့အား ‘အဟ်ကာဖ်’ အမည်ရှိ သဲတောင်များ(ရွာ)၌ သတိပေးနှိုးဆော်ခဲ့၏။ ထို့ပြင် ထိုနောင်တော် အလျင်လည်းကောင်း၊ ထိုနောင်တော် နောက်တွင်လည်းကောင်း၊ သတိပေးနှိုးဆော်သူများသည် လွန်လေခဲ့ပြီး ဖြစ်ကြကုန်၏။ (ထိုနောင်တော်က)အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြကုန်လင့်။ ဧကန်စင်စစ် ငါသည် အသင်တို့နှင့်ပတ်သက်၍ ကြီးကျယ်လှစွာသော နေ့၏ပြစ်ဒဏ်ကို စိုးရိမ်သည်ဟူ၍(သတိပေးနှိုးဆော်ခဲ့၏၊)
22قَالُوا أَجِئْتَنَا لِتَأْفِكَنَا عَنْ آلِهَتِنَا فَأْتِنَا بِمَا تَعِدُنَا إِن كُنتَ مِنَ الصَّادِقِينَ
၎င်းတို့က (ဤသို့) ပြောဆိုခဲ့ကြကုန်၏။ "အသင်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ကိုးကွယ်ရာတို့မှ လွှဲဖယ်ရန် ကျွန်ုပ်တို့ထံ လာခဲ့လေသလော။ သို့ဖြစ်လျှင် အသင်သည် သစ္စာဝါဒီတစ်ဦးဖြစ်ပါမူ အသင်ကျွန်ုပ်တို့အား ခြိမ်းခြောက်လျက်ရှိသော(ပြစ်ဒဏ်)ကို ကျွန်ုပ်တို့ထံ ယူဆောင်ခဲ့လော့"။
23قَالَ إِنَّمَا الْعِلْمُ عِندَ اللَّهِ وَأُبَلِّغُكُم مَّا أُرْسِلْتُ بِهِ وَلَٰكِنِّي أَرَاكُمْ قَوْمًا تَجْهَلُونَ
ထိုနောင်တော်က(ဤသို့)ပြောကြားခဲ့လေ၏။(အပြစ်ဒဏ်နှင့် စပ်လျဉ်း၍ တိကျသော) အသိပညာကား အလ္လာဟ်အရှင်မြတ်အထံတော်၌ သာရှိ၏။ စင်စစ်သော်ကား ငါသည် အသင်တို့ထံ အကြင်အမိန့်တော်များကိုသာ ပို့ဆောင်၏။ငါသည် ယင်းအမိန့်တော်များနှင့်တကွ စေလွှတ်ခြင်းခံခဲ့ရလေ၏။ သို့ရာတွင် ငါသည် အသင်တို့အား အသိပညာကင်းမဲ့သော အမျိုးသားများအဖြစ် တွေ့မြင်ရပေသည်။
အလ်-အာ့ကာဖ်ကုရ်အာန် ညွှန်းကိန်း
35အာယာသ်
MeccanRevelation
21အာယာသ်

ဘာသာပြန် — အလ်-အာ့ကာဖ် 21

စူရာ အလ်-အာ့ကာဖ် အာယာသ် 21 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင်(အို-နဗီတမန်တော်)အသင်သည်၏(၎င်းတို့အား)’အာဒ်’အမျိုးသားတို့၏ နောင်တော်(တမန်တော်ဟူဒ်)၏အကြောင်းပြောပြပါလေ။ တစ်ရံရောအခါဝယ် ထိုနောင်တော်သည် မိမိအမျိုးသားတို့အား ‘အဟ်ကာဖ်’ အမည်ရှိ သဲတောင်များ(ရွာ)၌ သတိပေးနှိုးဆော်ခဲ့၏။ ထို့ပြင်…

စူရာ အာယာသ် 21/35 — စူရာ အလ်-အာ့ကာဖ် الأحقاف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ကာဖ် နားထောင်, စူရာ အလ်-အာ့ကာဖ် ဘာသာပြန်, စူရာ အလ်-အာ့ကာဖ် mp3, စူရာ အလ်-အာ့ကာဖ် pdf. အာယာသ် 19–23. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 24, 2026

Don't forget us in your sincere prayers