وَيَوْمَ يُعْرَضُ الَّذِينَ كَفَرُوا عَلَى النَّارِ أَذْهَبْتُمْ طَيِّبَاتِكُمْ فِي حَيَاتِكُمُ الدُّنْيَا وَاسْتَمْتَعْتُم بِهَا فَالْيَوْمَ تُجْزَوْنَ عَذَابَ الْهُونِ بِمَا كُنتُمْ تَسْتَكْبِرُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَبِمَا كُنتُمْ تَفْسُقُونَ ٢٠
🔤 Transliteration
Wa Yawma yu`radul lazeena kafaroo `alan Naai azhabtum taiyibaatikum fee hayaatikumud dunyaa wastam ta`tum bihaa fal Yawma tujzawna `azaabal hooni bimaa kuntum tastakbiroona fil ardi bighairil haqqi wa bimaa kuntum tafsuqoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် ကာဖိရ် သွေဖည်ငြင်းပယ်ကြသော သူတို့သည် ငရဲမီး၏ရှေ့သို့ယူလာခြင်းကို ခံကြရသောအခါ (ဤသို့မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်၊) အသင်တို့သည် မိမိတို့၏လောကီဘဝ၌ပင် မိမိတို့၏ ကောင်းမြတ်သောအရာများ(ဝါ)စည်းစိမ်ချမ်းသာများကို ဖြုန်းတီးခဲ့ကြပြီ။ ယင်းစည်းစိမ်ချမ်းသာများဖြင့် အကျိုးလည်းခံစားခဲ့ကြပြီ။ သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့သည် ကမ္ဘာမြေဝယ် မိမိတို့ မတရားသဖြင့် ဘဝင်မြင့်မောက်မာလျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ အမိန့်တော်ကို သွေဖည်လျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ ကျိုးယုတ်ရှက်ရ ဖြစ်စေအံ့သော ပြစ်ဒဏ်ကိုအစားပေးခြင်း ခံကြရကုန်အံ့သတည်း။
🌐 Additional reference in ภาษาไทย
၁။ ဝေါဟာရအနက်ဖွင့်ဆိုချက်များ
يُعْرَضُ (ယူအ်ရဒ်) — ထုတ်ဆောင်၍ပြသခြင်း၊ ရှေ့မှောက်သို့တင်ပြခြင်း။ طَيِّبَاتِكُمْ (သွိုင်ယိဗာသိကွမ်) — သင်တို့၏ကောင်းမြတ်သောအရာများ၊ နှစ်သက်ဖွယ်ရာများ။ عَذَابَ الْهُونِ (အဇာဗလ်ဟူန်) — ဂုဏ်အသရေပျက်ပြားစေသော၊ အရှက်ရစေသော ပြစ်ဒဏ်။ تَسْتَكْبِرُونَ (တစ်စ်သက်ဗိရူန) — မာန်မာနထောင်လွှားခြင်း။ تَفْسُقُونَ (တဖ်စုကူန) — အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို ချိုးဖောက်ကျူးလွန်ခြင်း။ ၂။ အာယသ်တော်၏အနက်ဖွင့်ဆိုချက်
ထိုနေ့တွင် ကာဖိရ်များ (အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်သူများ) ကို ငရဲမီးရှေ့မှောက်သို့ ထုတ်ဆောင်၍ ပြသခြင်းခံရမည့်နေ့ကို သတိရပါ။ ထိုအခါ သူတို့အား ကဲ့ရဲ့ပြစ်တင်သည့်အနေဖြင့် ဤသို့ပြောဆိုခြင်းခံရမည် — "သင်တို့သည် လောကီဘဝတွင် သင်တို့၏ကောင်းမြတ်သောအရာများ၊ နှစ်သက်ဖွယ်ရာများကို အသုံးပြုကုန်ခဲ့ကြပြီ။ ထိုအရာများဖြင့် သင်တို့သည် အပြည့်အဝခံစားခဲ့ကြပြီ။ သို့သော် ယနေ့တွင်မူ သင်တို့သည် ဂုဏ်အသရေပျက်ပြားစေသော၊ အရှက်ရစေသော ပြစ်ဒဏ်ကို အကျိုးပေးခြင်းခံရမည်။ အကြောင်းမှာ သင်တို့သည် မြေပြင်ပေါ်တွင် တရားမျှတမှုမရှိဘဲ မာန်မာနထောင်လွှားခဲ့ကြသောကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို ချိုးဖောက်ကျူးလွန်ခဲ့ကြသောကြောင့်လည်းကောင်း ဖြစ်သည်။"
ရှင်းလင်းစွာဆိုရသော် ကာဖိရ်များသည် လောကီဘဝတွင် သူတို့၏အချိန်၊ ခွန်အား၊ ဥစ္စာဓနနှင့် ကောင်းမြတ်သောအခွင့်အလမ်းများကို ယုံကြည်ခြင်းနှင့် ကောင်းမှုကုသိုလ်အတွက် အသုံးမပြုဘဲ ကာမဂုဏ်ခံစားမှုတွင်သာ အသုံးပြုကုန်ခဲ့ကြသည်။ ထို့ကြောင့် နောင်တမှာ သူတို့အတွက် အကျိုးမရှိတော့ဘဲ ဂုဏ်အသရေပျက်ပြားစေသော ပြစ်ဒဏ်ကို ခံစားကြရမည်ဖြစ်သည်။ ဤပြစ်ဒဏ်သည် သူတို့၏ မာန်မာနထောင်လွှားမှုနှင့် အမိန့်တော်ချိုးဖောက်မှုတို့၏ အကျိုးဆက်ပင်ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
အစ္စလာမ်သည် လောကီဘဝကို လုံးဝစွန့်လွှတ်ရန် သွန်သင်သည်မဟုတ်ဘဲ၊ လောကီအရာများကို အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသောနည်းလမ်းဖြင့် အသုံးပြုရန် သွန်သင်သည်။ က
وَيَوۡمَ يُعۡرَضُ ٱلَّذِينَ كَفَرُواْ عَلَى ٱلنَّارِ أَذۡهَبۡتُمۡ طَيِّبَٰتِكُمۡ فِي حَيَاتِكُمُ ٱلدُّنۡيَا وَٱسۡتَمۡتَعۡتُم بِهَا فَٱلۡيَوۡمَ تُجۡزَوۡنَ عَذَابَ ٱلۡهُونِ بِمَا كُنتُمۡ تَسۡتَكۡبِرُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَبِمَا كُنتُمۡ تَفۡسُقُونَ ٢٠
၎င်းပြင် ကာဖိရ် သွေဖည်ငြင်းပယ်ကြသော သူတို့သည် ငရဲမီး၏ရှေ့သို့ယူလာခြင်းကို ခံကြရသောအခါ (ဤသို့မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်၊) အသင်တို့သည် မိမိတို့၏လောကီဘဝ၌ပင် မိမိတို့၏ ကောင်းမြတ်သောအရာများ(ဝါ)စည်းစိမ်ချမ်းသာများကို ဖြုန်းတီးခဲ့ကြပြီ။ ယင်းစည်းစိမ်ချမ်းသာများဖြင့် အကျိုးလည်းခံစားခဲ့ကြပြီ။ သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့သည် ကမ္ဘာမြေဝယ် မိမိတို့ မတရားသဖြင့် ဘဝင်မြင့်မောက်မာလျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ အမိန့်တော်ကို သွေဖည်လျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ ကျိုးယုတ်ရှက်ရ ဖြစ်စေအံ့သော ပြစ်ဒဏ်ကိုအစားပေးခြင်း ခံကြရကုန်အံ့သတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 18-22 — စူရာ အလ်-အာ့ကာဖ်
18 أُولَٰئِكَ الَّذِينَ حَقَّ عَلَيْهِمُ الْقَوْلُ فِي أُمَمٍ قَدْ خَلَتْ مِن قَبْلِهِم مِّنَ الْجِنِّ وَالْإِنسِ ۖ إِنَّهُمْ كَانُوا خَاسِرِينَ
ထိုသူတို့ကား အကြင်သူတို့ပင်၊ ဂျင်န်အမျိုးသားတို့ အနက်မှလည်းကောင်း၊ လူသားတို့အနက်မှလည်းကောင်း၊ လွန်လေပြီးဖြစ်သော အမျိုးသားတို့နှင့်အတူ ၎င်းတို့နှင့်ပတ်သက်သော အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်မှာ အမှန်ဖြစ်ခဲ့လေပြီ။ �ကန်မလွဲ ၎င်းတို့မှာ ဆုံးရှုံးသူများပင် ဖြစ်ကြကုန်၏။
19 وَلِكُلٍّ دَرَجَاتٌ مِّمَّا عَمِلُوا ۖ وَلِيُوَفِّيَهُمْ أَعْمَالَهُمْ وَهُمْ لَا يُظْلَمُونَ
စင်စစ်သော်ကား (မုအ်မင်န်၊ကာဖိရ်) အသီးသီးတို့၌ ၎င်းတို့ ကျင့်မူခဲ့ကြကုန်သော အကျင့်အမူများအလိုက် အဆင့်အတန်းများ ရှိကြလေ၏။ ၎င်းပြင်(အလ္လာဟ်အရှင်မြတ်သည် ဤသို့အကျိုးပေးတော်မူခဲ့ခြင်းမှာ)ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ အကျင့်အမူများ၏အစားကို အပြည့်အစုံပေးတော်မူအံ့သောငှာ ဖြစ်ပေသည်။ သို့ရာတွင် ၎င်းတို့မှာ(မည်သို့မျှ) မတရားပြုမူခြင်းကို ခံကြရမည် မဟုတ်ပေ။
20 وَيَوْمَ يُعْرَضُ الَّذِينَ كَفَرُوا عَلَى النَّارِ أَذْهَبْتُمْ طَيِّبَاتِكُمْ فِي حَيَاتِكُمُ الدُّنْيَا وَاسْتَمْتَعْتُم بِهَا فَالْيَوْمَ تُجْزَوْنَ عَذَابَ الْهُونِ بِمَا كُنتُمْ تَسْتَكْبِرُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَبِمَا كُنتُمْ تَفْسُقُونَ
၎င်းပြင် ကာဖိရ် သွေဖည်ငြင်းပယ်ကြသော သူတို့သည် ငရဲမီး၏ရှေ့သို့ယူလာခြင်းကို ခံကြရသောအခါ (ဤသို့မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်၊) အသင်တို့သည် မိမိတို့၏လောကီဘဝ၌ပင် မိမိတို့၏ ကောင်းမြတ်သောအရာများ(ဝါ)စည်းစိမ်ချမ်းသာများကို ဖြုန်းတီးခဲ့ကြပြီ။ ယင်းစည်းစိမ်ချမ်းသာများဖြင့် အကျိုးလည်းခံစားခဲ့ကြပြီ။ သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့သည် ကမ္ဘာမြေဝယ် မိမိတို့ မတရားသဖြင့် ဘဝင်မြင့်မောက်မာလျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ အမိန့်တော်ကို သွေဖည်လျက် ရှိခဲ့ကြသောကြောင့်လည်းကောင်း၊ ကျိုးယုတ်ရှက်ရ ဖြစ်စေအံ့သော ပြစ်ဒဏ်ကိုအစားပေးခြင်း ခံကြရကုန်အံ့သတည်း။
21 ۞ وَاذْكُرْ أَخَا عَادٍ إِذْ أَنذَرَ قَوْمَهُ بِالْأَحْقَافِ وَقَدْ خَلَتِ النُّذُرُ مِن بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ أَلَّا تَعْبُدُوا إِلَّا اللَّهَ إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ
၎င်းပြင်(အို-နဗီတမန်တော်)အသင်သည်၏(၎င်းတို့အား)’အာဒ်’အမျိုးသားတို့၏ နောင်တော်(တမန်တော်ဟူဒ်)၏အကြောင်းပြောပြပါလေ။ တစ်ရံရောအခါဝယ် ထိုနောင်တော်သည် မိမိအမျိုးသားတို့အား ‘အဟ်ကာဖ်’ အမည်ရှိ သဲတောင်များ(ရွာ)၌ သတိပေးနှိုးဆော်ခဲ့၏။ ထို့ပြင် ထိုနောင်တော် အလျင်လည်းကောင်း၊ ထိုနောင်တော် နောက်တွင်လည်းကောင်း၊ သတိပေးနှိုးဆော်သူများသည် လွန်လေခဲ့ပြီး ဖြစ်ကြကုန်၏။ (ထိုနောင်တော်က)အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ရာကိုမျှ ဆည်းကပ်ကိုးကွယ်ခြင်း မပြုကြကုန်လင့်။ ဧကန်စင်စစ် ငါသည် အသင်တို့နှင့်ပတ်သက်၍ ကြီးကျယ်လှစွာသော နေ့၏ပြစ်ဒဏ်ကို စိုးရိမ်သည်ဟူ၍(သတိပေးနှိုးဆော်ခဲ့၏၊)
22 قَالُوا أَجِئْتَنَا لِتَأْفِكَنَا عَنْ آلِهَتِنَا فَأْتِنَا بِمَا تَعِدُنَا إِن كُنتَ مِنَ الصَّادِقِينَ
၎င်းတို့က (ဤသို့) ပြောဆိုခဲ့ကြကုန်၏။ "အသင်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ကိုးကွယ်ရာတို့မှ လွှဲဖယ်ရန် ကျွန်ုပ်တို့ထံ လာခဲ့လေသလော။ သို့ဖြစ်လျှင် အသင်သည် သစ္စာဝါဒီတစ်ဦးဖြစ်ပါမူ အသင်ကျွန်ုပ်တို့အား ခြိမ်းခြောက်လျက်ရှိသော(ပြစ်ဒဏ်)ကို ကျွန်ုပ်တို့ထံ ယူဆောင်ခဲ့လော့"။
ဘာသာပြန် — အလ်-အာ့ကာဖ် 20 စူရာ အလ်-အာ့ကာဖ် အာယာသ် 20 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ကာဖိရ် သွေဖည်ငြင်းပယ်ကြသော သူတို့သည် ငရဲမီး၏ရှေ့သို့ယူလာခြင်းကို ခံကြရသောအခါ (ဤသို့မိန့်ကြားတော်မူခြင်းကို ခံကြရပေမည်၊) အသင်တို့သည် မိမိတို့၏လောကီဘဝ၌ပင်…
စူရာ အာယာသ် 20/35 — စူရာ အလ်-အာ့ကာဖ် الأحقاف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ကာဖ် နားထောင်, စူရာ အလ်-အာ့ကာဖ် ဘာသာပြန်, စူရာ အလ်-အာ့ကာဖ် mp3, စူရာ အလ်-အာ့ကာဖ် pdf. အာယာသ် 18–22. မြန်မာဘာသာ: ภาษาไทย.