အလ်-မာအိဒ · 46/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
وَقَفَّيْنَا عَلَىٰ آثَارِهِم بِعِيسَى ابْنِ مَرْيَمَ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ مِنَ التَّوْرَاةِ ۖ وَآتَيْنَاهُ الْإِنجِيلَ فِيهِ هُدًى وَنُورٌ وَمُصَدِّقًا لِّمَا بَيْنَ يَدَيْهِ مِنَ التَّوْرَاةِ وَهُدًى وَمَوْعِظَةً لِّلْمُتَّقِينَ ۝٤٦
Wa qaffainaa `alaaa aasaaarihim bi `Eesab ni Maryama musaddiqal limaa baina yadihi minat Tawraati wa aatainaahul Injeela feehi hudanw wa noorunw wa musaddiqal limaa baina yadaihi minat Tawraati wa hudanw wa maw`izatal lilmuttaqeen
📖 မြန်မာဘာသာ
၎င်းပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်) များ၏နောက်၌ ထိုနဗီတမန်တော်များ၏လမ်းစဉ်ကို ဖဝါးခြေထပ် လိုက်နာကျင့်သုံးရန်အလို့ငှာ မရ်ယမ်၏သားတော် အီစာအား ၎င်း၏အလျင်ရှိခဲ့သော တောင်ရာတ်ကျမ်းကို (အခိုင်အမာပြုသူ) ထောက်ခံသူအဖြစ်ဖြင့် စေလွှတ်တော်မူခဲ့၏။ ၎င်းပြင် ငါအရှင်သည် ထို (တမန်တော်အီစာ) အား အီန်ဂျီလ်ကျမ်းကို ချီးမြှင့်တော်မူခဲ့၏။ ထိုကျမ်းတွင် တရားဓမ္မလည်းရှိ၏။ အလင်းရောင်လည်းရှိ၏။ ထိုကျမ်းသည် မိမိအလျင်ရှိသော တောင်ရာတ်ကျမ်းကို ထောက်ခံ (အခိုင်အမာပြု) လျက်ရှိသည့်ပြင် ‘မွတ္တကီ’ သူတော်စင်များအဖို့ တရားဓမ္မ အဆုံးအမလည်း ဖြစ်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်

  • وَقَفَّيْنَا (ဝကဖ်ဖိုင်နာ) — နောက်သို့ လိုက်စေခဲ့သည်၊ ဆက်လက်စေလွှတ်ခဲ့သည်။
  • آثَارِهِمْ (အာသာရိဟင်မ်) — သူတို့၏ နောက်လိုက်လမ်းစဉ်များ၊ သူတို့၏ နောက်တော်များ။
  • مُصَدِّقًا (မုဆဒ္ဒိကန်) — ထောက်ခံအတည်ပြုသူ၊ မှန်ကန်ကြောင်း သက်သေခံသူ။
  • مَا بَيْنَ يَدَيْهِ (မာ ဗိုင်န ယဒိုင်ဟိ) — သူ့ရှေ့တွင် ရှိခဲ့သော၊ သူ့အလျင် ကျရောက်ခဲ့သော။
  • الْإِنجِيلَ (အလ်အင်ဂျီးလ်) — အင်ဂျီးလ်ကျမ်းတော် (တမန်တော် အီစာ(အ.စ)ထံ ချပေးခဲ့သော ကျမ်း)။
  • هُدًى (ဟုဒန်) — လမ်းညွှန်မှု၊ လမ်းမှန်ညွှန်ပြချက်။
  • نُورٌ (နူရ်) — အလင်း၊ ဉာဏ်အလင်း၊ ထင်ရှားစေသော အရာ။
  • مَوْعِظَةً (မောင်အိဇသန်) — ဆုံးမဩဝါဒ၊ သတိပေးနှိုးဆော်ချက်။
  • لِّلْمُتَّقِينَ (လိလ်မုတ္တကီးန) — အလ္လာဟ်ကို ကြောက်ရွံ့သော သူများအတွက်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် ရှေးကျသော ဣသရေလ မျိုးနွယ်တို့၏ တမန်တော်များ၏ နောက်တော်တွင် တမန်တော် အီစာ (မာရ်ယမ်၏သား) ကို ဆက်လက်စေလွှတ်တော်မူခဲ့သည်။ တမန်တော် အီစာသည် မိမိအလျင် ကျရောက်ခဲ့သော တောင်ရသ်ကျမ်းတော်ကို ထောက်ခံအတည်ပြုသူအဖြစ် ရောက်ရှိလာခဲ့သည်။ ဆိုလိုသည်မှာ တောင်ရသ်ကျမ်းတော်သည် အလ္လာဟ်အရှင်မြတ်ထံမှ ဖြစ်ကြောင်း သူသည် အတည်ပြုခဲ့ပြီး၊ ယင်းကျမ်းတော်တွင် ပါရှိသော ပညတ်တော်များကို လိုက်နာကျင့်သုံးခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် တမန်တော် အီစာအား အင်ဂျီးလ်ကျမ်းတော်ကို ချပေးသနားတော်မူခဲ့သည်။ ထိုကျမ်းတော်တွင် အမှန်တရားသို့ လမ်းညွှန်မှုနှင့် အမှောင်မိုက်များကို ဖယ်ရှားပေးသော အလင်းရောင် ပါဝင်သည်။ ထိုကျမ်းတော်သည် မိမိအလျင် ကျရောက်ခဲ့သော တောင်ရသ်ကျမ်းတော်ကို ထောက်ခံအတည်ပြုသူလည်း ဖြစ်သည်။ ထို့ပြင် ယင်းအင်ဂျီးလ်ကျမ်းတော်ကို အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သော သူများအတွက် လမ်းညွှန်မှုနှင့် ဆုံးမဩဝါဒအဖြစ် ပြုလုပ်တော်မူခဲ့သည်။

ဤအာယသ်တော်သည် တမန်တော်များ၏ ဆက်နွယ်မှုကို ထင်ရှားစေသည်။ တမန်တော် အီစာသည် တမန်တော် မူဆာ၏ ကျမ်းတော်ကို ဆန့်ကျင်သူ မဟုတ်ဘဲ၊ ထောက်ခံအတည်ပြုသူ ဖြစ



📜 အာယာသ် 44-48 — စူရာ အလ်-မာအိဒ

44إِنَّا أَنزَلْنَا التَّوْرَاةَ فِيهَا هُدًى وَنُورٌ ۚ يَحْكُمُ بِهَا النَّبِيُّونَ الَّذِينَ أَسْلَمُوا لِلَّذِينَ هَادُوا وَالرَّبَّانِيُّونَ وَالْأَحْبَارُ بِمَا اسْتُحْفِظُوا مِن كِتَابِ اللَّهِ وَكَانُوا عَلَيْهِ شُهَدَاءَ ۚ فَلَا تَخْشَوُا النَّاسَ وَاخْشَوْنِ وَلَا تَشْتَرُوا بِآيَاتِي ثَمَنًا قَلِيلًا ۚ وَمَن لَّمْ يَحْكُم بِمَا أَنزَلَ اللَّهُ فَأُولَٰئِكَ هُمُ الْكَافِرُونَ
ဧကန်အမှန် ငါအရှင်မြတ်သည် ‘တောင်ရာတ်’ကျမ်းကို ချပေးသနားတော်မူခဲ့၏။ ယင်းတောင်ရာတ်ကျမ်းမြတ်တွင် တရားဓမ္မ ညွှန်ကြားခြင်းနှင့် ရောင်ခြည်တော်သည်ရှိ၏။ (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်များကို လိုက်နာကြကုန်သော နဗီတမန်တော်များသည် ယဟူဒီများအပေါ်၌ ယင်းတောင်ရာတ်ကျမ်းမြတ်နှင့်အညီ တရားစစ်ဆေး စီရင်လေ့ရှိခဲ့ကြကုန်၏။ ထိုနည်းတူစွာ ယဟူဒီဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်သုခမိန်တို့သည်လည်း) ယင်းတောင်ရာတ်ကျမ်းမြတ်နှင့်အညီ တရားစစ်ဆေး စီရင်လေ့ရှိခဲ့ကြကုန်သည်။ အကြောင်းသော်ကား ၎င်း (ဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်) တို့သည် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော် (နှင့်အညီ လိုက်နာကျင့်သုံးကြရန်) ကို ထိန်းသိမ်းစောင့်ရှောက်ရန် အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရသည့်အပြင် ၎င်းတို့သည် ထိုကျမ်းတော်ကို လိုက်နာကျင့်သုံးကြပါမည်ဟု ဝန်ခံသူများလည်း ဖြစ်ခဲ့ခြင်းကြောင့်ပင်။ သို့ဖြစ်ပေရာ (အို- ယဟူဒီအကြီးအကဲအပေါင်းတို့) အသင်တို့သည် လူတို့အား မကြောက်ရွံ့ကြလေနှင့်။ ငါအရှင်မြတ်ကိုသာ ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်၏ မုက္ခပါဌ်တော်များကို အနည်းငယ်မျှသောအဖိုးအခကြေးငွေဖြင့် ရောင်းစားခြင်းမပြုကြကုန်လင့်။ ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (အမိန့်တော်) အတိုင်း တရားစစ်ဆေး စီရင်ဆုံးဖြတ်ခြင်းကို မပြုခဲ့မူ ထိုကဲ့သို့သောသူများသည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများပင် ဖြစ်ကြပေသတည်း။
45وَكَتَبْنَا عَلَيْهِمْ فِيهَا أَنَّ النَّفْسَ بِالنَّفْسِ وَالْعَيْنَ بِالْعَيْنِ وَالْأَنفَ بِالْأَنفِ وَالْأُذُنَ بِالْأُذُنِ وَالسِّنَّ بِالسِّنِّ وَالْجُرُوحَ قِصَاصٌ ۚ فَمَن تَصَدَّقَ بِهِ فَهُوَ كَفَّارَةٌ لَّهُ ۚ وَمَن لَّمْ يَحْكُم بِمَا أَنزَلَ اللَّهُ فَأُولَٰئِكَ هُمُ الظَّالِمُونَ
၎င်းပြင် ငါအရှင်မြတ်သည် ထို တောင်ရာတ်ကျမ်းမြတ်တွင် ယင်းယဟူဒီတို့အပေါ်၌ အသက်ဇီဝိန်��အစား အသက်ဇီဝိန်ဟူ၍လည်းကောင်း၊ မျက်စိ၏အစား မျက်စိဟူ၍လည်းကောင်း၊ နှာခေါင်း၏အစား နှာခေါင်းဟူ၍လည်းကောင်း နားရွက်အစား နားရွက်ဟူ၍လည်းကောင်း၊ သွား၏အစား သွားဟူ၍လည်းကောင်း၊ (အချို့) ဒဏ်ရာဒဏ်ချက်များ၌လည်း (ထပ်တူထပ်မျှ) လက်စားချေခြင်းပင် ရှိသည်ဟူ၍လည်းကောင်း၊ အမိန့်တော် ချမှတ်ပြဋ္ဌာန်းတော်မူခဲ့လေသည်။ တစ်ဖန် အကြင်သူသည် ယင်းလက်စားချေခြင်းကို ခွင့်လွှတ်ခဲ့လျှင် ထို (ကဲ့သို့) ခွင့်လွှတ်ခြင်းသည်လည်းကောင်း၊ (ခွင့်လွှတ်သူ) ၏အဖို့ အပြစ်များမှလွတ်ကင်းရန် အကြောင်းပင်ဖြစ်ချေသည်။ ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ချမှတ်တော်မူသည့် (အမိန့် တော်) အတိုင်း တရားစစ်ဆေးဆုံးဖြတ်ခြင်းကို မပြုခဲ့ပါလျှင် ထိုကဲ့သို့သောသူများပင် ကျူးလွန်သောသူများ ဖြစ်ကြကုန်သတည်း။
46وَقَفَّيْنَا عَلَىٰ آثَارِهِم بِعِيسَى ابْنِ مَرْيَمَ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ مِنَ التَّوْرَاةِ ۖ وَآتَيْنَاهُ الْإِنجِيلَ فِيهِ هُدًى وَنُورٌ وَمُصَدِّقًا لِّمَا بَيْنَ يَدَيْهِ مِنَ التَّوْرَاةِ وَهُدًى وَمَوْعِظَةً لِّلْمُتَّقِينَ
၎င်းပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်) များ၏နောက်၌ ထိုနဗီတမန်တော်များ၏လမ်းစဉ်ကို ဖဝါးခြေထပ် လိုက်နာကျင့်သုံးရန်အလို့ငှာ မရ်ယမ်၏သားတော် အီစာအား ၎င်း၏အလျင်ရှိခဲ့သော တောင်ရာတ်ကျမ်းကို (အခိုင်အမာပြုသူ) ထောက်ခံသူအဖြစ်ဖြင့် စေလွှတ်တော်မူခဲ့၏။ ၎င်းပြင် ငါအရှင်သည် ထို (တမန်တော်အီစာ) အား အီန်ဂျီလ်ကျမ်းကို ချီးမြှင့်တော်မူခဲ့၏။ ထိုကျမ်းတွင် တရားဓမ္မလည်းရှိ၏။ အလင်းရောင်လည်းရှိ၏။ ထိုကျမ်းသည် မိမိအလျင်ရှိသော တောင်ရာတ်ကျမ်းကို ထောက်ခံ (အခိုင်အမာပြု) လျက်ရှိသည့်ပြင် ‘မွတ္တကီ’ သူတော်စင်များအဖို့ တရားဓမ္မ အဆုံးအမလည်း ဖြစ်၏။
47وَلْيَحْكُمْ أَهْلُ الْإِنجِيلِ بِمَا أَنزَلَ اللَّهُ فِيهِ ۚ وَمَن لَّمْ يَحْكُم بِمَا أَنزَلَ اللَّهُ فَأُولَٰئِكَ هُمُ الْفَاسِقُونَ
ထို့ပြင်တဝ အီန်ဂျီလ်ကျမ်းတော်ကို ရရှိသောသူတို့သည်လည်း ယင်း အီန်ဂျီလ်ကျမ်းတော်တွင် အလ္လာဟ်အရှင်မြတ်က ထုတ်ပြန်ချမှတ်တော်မူသည့်အတိုင်း စီရင်ကြရပေမည်။ စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် အမိန့်တော်အတိုင်း တရားစီရင်ဆုံးဖြတ်ခြင်းမပြုခဲ့သော် ထိုကဲ့သို့သောသူများသည် အမိန့်တော်ကို ကျူးလွန်ဖေါက်ဖျက်သောသူများပင်တည်း။
48وَأَنزَلْنَا إِلَيْكَ الْكِتَابَ بِالْحَقِّ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ مِنَ الْكِتَابِ وَمُهَيْمِنًا عَلَيْهِ ۖ فَاحْكُم بَيْنَهُم بِمَا أَنزَلَ اللَّهُ ۖ وَلَا تَتَّبِعْ أَهْوَاءَهُمْ عَمَّا جَاءَكَ مِنَ الْحَقِّ ۚ لِكُلٍّ جَعَلْنَا مِنكُمْ شِرْعَةً وَمِنْهَاجًا ۚ وَلَوْ شَاءَ اللَّهُ لَجَعَلَكُمْ أُمَّةً وَاحِدَةً وَلَٰكِن لِّيَبْلُوَكُمْ فِي مَا آتَاكُمْ ۖ فَاسْتَبِقُوا الْخَيْرَاتِ ۚ إِلَى اللَّهِ مَرْجِعُكُمْ جَمِيعًا فَيُنَبِّئُكُم بِمَا كُنتُمْ فِيهِ تَخْتَلِفُونَ
၎င်းပြင် (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်ထံသို့ မှန်ကန်သောကျမ်းမြတ် (ကုရ်အာန်) ကို ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ (ယင်း ကုရ်အာန်ကျမ်းတော်မြတ်သည်) ၎င်း၏အလျင်ရှိခဲ့သောကျမ်းများကို ထောက်ခံလျက်ရှိ၏။ ၎င်းပြင် ယင်းကျမ်းများကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ၏။ သို့ဖြစ်ပေရာ (အို- နဗီတမန်တော်) အသင်သည် ထိုသူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (တရားတော်) နှင့်အညီ စီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် မိမိထံရောက်ရှိလာသော မှန်ကန်သောကျမ်းတို့ကိုစွန့်၍ ၎င်းတို့၏ အလိုဆန္ဒများကို မလိုက်လေနှင့်။ ငါအရှင်မြတ်သည် အသင်တို့အနက် အသီးသီးတို့အဖို့ တရားဓမ္မသတ် (နည်းဥပဒေ) တစ်မျိုးနှင့် ထင်ရှားလှစွာသော လမ်းစဉ်တစ်မျိုးကို သတ်မှတ်ပြဋ္ဌာန်းပေးတော်မူခဲ့သည်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါမူ အသင်တို့ (အားလုံး) ကို သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မူခဲ့မည်မှာ ဧကန်မလွဲပင်။ သို့ရာတွင် ထိုအရှင်မြတ်သည် မိမိပြဋ္ဌာန်းပေးသနားတော်မူသည့် (တရားလမ်းစဉ်) နှင့်စပ်လျဉ်း၍ အသင်တို့အား စမ်းသပ်တော်မူခြင်းငှာ (ထိုကဲ့သို့ သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မမူခဲ့ချေ) ။ သို့ဖြစ်ပေရာ အသင်တို့သည် ကောင်းမှုများကို သူ့ထက်ငါသာအောင် လျင်မြန်စွာပြုလုပ်ကြလေကုန်။ အသင်တို့ အားလုံးသည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြမည်ဖြစ်ကုန်၏။ ထိုရောအခါဝယ် ထိုအရှင်မြတ်သည် အသင်တို့ကွဲလွဲခဲ့ကြကုန်သော အကြောင်းအချက်တို့နှင့်စပ်လျဉ်း၍ အသင်တို့အား အသိပေးတော်မူမည်ဖြစ်၏။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
46အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 46

စူရာ အလ်-မာအိဒ အာယာသ် 46 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်) များ၏နောက်၌ ထိုနဗီတမန်တော်များ၏လမ်းစဉ်ကို ဖဝါးခြေထပ် လိုက်နာကျင့်သုံးရန်အလို့ငှာ မရ်ယမ်၏သားတော် အီစာအား ၎င်း၏အလျင်ရှိခဲ့သော…

စူရာ အာယာသ် 46/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 44–48. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers