အလ်-မာအိဒ · 53/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
وَيَقُولُ الَّذِينَ آمَنُوا أَهَٰؤُلَاءِ الَّذِينَ أَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ ۙ إِنَّهُمْ لَمَعَكُمْ ۚ حَبِطَتْ أَعْمَالُهُمْ فَأَصْبَحُوا خَاسِرِينَ ۝٥٣
Wa yaqoolul lazeena aamanooo ahaaa`ulaaa`il lazeena aqsamoo billaahi jahda aimaanihim innahum lama`akum; habitat a`maaluhum fa asbahoo khaasireen
📖 မြန်မာဘာသာ
၎င်းပြင် ‘အီမာန်’ သက်ဝင်ယုံကြည်သောသူများက (မုနာဖစ်က်များနှင့်စပ်လျဉ်း၍) အလ္လာဟ်အရှင်မြတ်အား အထူးတလည်တိုင်တည်၍ “မုချဧကန် ၎င်းတို့သည် အသင်တို့နှင့်အတူပင် ရှိကြပါသည်ဟု ပြောဆိုသောသူများမှာ ဤသူများပင်လော” ဟု ပြောဆိုကြမည်။ ၎င်းတို့၏အပြုအမူများသည် အချည်းနှီးဖြစ်ခဲ့ချေပြီ။ သို့ဖြစ်ပေရာ ၎င်းတို့သည် နစ်နာဆုံးရှုံးသူများပင် ဖြစ်ခဲ့ကြချေပြီ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါ ရှင်းလင်းချက်
  • وَيَقُولُ الَّذِينَ آمَنُوا: အီမာန်ယုံကြည်သူများက ပြောဆိုကြသည်။
  • أَهَٰؤُلَاءِ: ဤသူများသည် (အံ့ဩဖွယ် မေးခွန်းဖြင့်)။
  • أَقْسَمُوا بِاللَّهِ: အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ကျိန်ဆိုကြသည်။
  • جَهْدَ أَيْمَانِهِمْ: မိမိတို့၏ ကျိန်ဆိုမှုများကို အလေးအနက် ခိုင်မာစွာ ပြုလုပ်ကြသည်။
  • إِنَّهُمْ لَمَعَكُمْ: ဧကန်အမှန် သူတို့သည် သင်တို့နှင့်အတူ ရှိကြသည်။
  • حَبِطَتْ: အကျိုးမဲ့ပျက်စီးသွားသည်။
  • خَاسِرِينَ: ဆုံးရှုံးသူများ ဖြစ်သွားကြသည်။
  1. အာယသ်၏ အဓိပ္ပာယ် ရှင်းလင်းချက်

အီမာန်ယုံကြည်သူများသည် မုနာဖိကူန်များ၏ အခြေအနေကို တွေ့မြင်ရသောအခါ အံ့ဩစွာဖြင့် ဤသို့ပြောဆိုကြသည်။ “ဤသူများသည် အလ္လာဟ်အရှင်မြတ်ကို အလေးအနက် ကျိန်ဆိုကာ ‘ကျွန်ုပ်တို့သည် မုအ်မင်န်များနှင့်အတူ ရှိကြသည်၊ သူတို့ကို ကူညီမည်၊ သူတို့နှင့် ချစ်ကြည်ရင်းနှီးမည်’ ဟု ပြောဆိုခဲ့ကြသူများ ဖြစ်ကြသည်တကား” ဟု ဆိုကြသည်။ သို့သော် ထိုမုနာဖိကူန်များ၏ လျှို့ဝှက်ထားသော အကြောင်းရင်းများ ပေါ်လွင်လာသောအခါ သူတို့၏ ကောင်းမှုဟု ထင်ရသော လုပ်ရပ်များသည် အကျိုးမဲ့ပျက်စီးသွားကာ လောကီဘဝတွင်လည်း အရှက်ကွဲခြင်းဖြင့် ဆုံးရှုံးကြရပြီး နောင်ဘဝတွင်လည်း ပြင်းထန်သော ပြစ်ဒဏ်ခံရမည့် ဆုံးရှုံးသူများ ဖြစ်သွားကြသည်။ အကြောင်းမှာ သူတို့၏ လုပ်ရပ်များသည် စစ်မှန်သော အီမာန်အပေါ် အခြေမခံသောကြောင့် မည်သည့်အကျိုးကိုမျှ မရရှိကြပေ။

  1. ဤအာယသ်မှ ရရှိသော အကျိုးကျေးဇူးများ
  • အီမာန်သည် စကားဖြင့်သာ ပြောဆိုရုံမဟုတ်ဘဲ စိတ်နှလုံးအတွင်း စစ်မှန်စွာ ယုံကြည်ရမည် ဖြစ်ကြောင်း သိရှိရသည်။
  • မုနာဖိကူန်များ၏ လက္ခဏာများကို သိရှိခြင်းဖြင့် အီမာန်ကို ကာကွယ်နိုင်သည်။
  • စစ်မှန်သော အီမာန်မရှိဘဲ ပြုလုပ်သော ကောင်းမှုများသည် အကျိုးမဲ့ဖြစ်ကြောင်း သတိပေးချက် ရရှိသည်။
  • အလ္လာဟ်အရှင်မြတ်သည် လျှို့ဝှက်အကြောင်းရင်းများကို ဖော်ထုတ်တော်မူကြောင်း ယုံကြည်စိတ်ချရသည်။
  • စစ်မှန်သော အီမာန်နှင့် လုပ်ရပ်များဖြင့် လောကီနှင့် နောင်ဘဝ နှစ်ဌာနစုံတွင် အောင်မြင်မှု ရရှိနိုင်ကြောင်း လမ်းညွှန်ချက် ရရှိသည်။
  • အစ္စလာမ်သည် စစ်မှန်မှုနှင့် ရိုးသားမှုကို အလေးထားသော ဘာသာဖြစ်ကြောင်း နားလ


📜 အာယာသ် 51-55 — စူရာ အလ်-မာအိဒ

51۞ يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا الْيَهُودَ وَالنَّصَارَىٰ أَوْلِيَاءَ ۘ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ وَمَن يَتَوَلَّهُم مِّنكُمْ فَإِنَّهُ مِنْهُمْ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
အို- ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် ယဟူဒီတို့အားလည်းကောင်း၊ ခရစ်ယာန်တို့အားလည်းကောင်း မိတ်သဟာယ အဆွေခင်ပွန်းများ မပြုကြကုန်လင့်။ ၎င်း (ယဟူဒီနှင့်ခရစ်ယာန်) တို့သည် (အသင်တို့ကိုဆန့်ကျင်ရာတွင်) အချင်းချင်း တစ်ဦးကိုတစ်ဦး ယိုင်းပင်းကူညီသော အဆွေခင်ပွန်းများပင် ဖြစ်ကြပေသည်။ အမှန်သော်ကား အသင်တို့အနက် မည်သူမဆို ထိုသူတို့အား ‘ကလျာဏ’ အဆွေခင်ပွန်းပြုလုပ်သည်ရှိသော် ထိုသူသည် ဧကန်မုချ ၎င်းတို့တွင် (အပါအဝင်) ဖြစ်၏။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် မတရားကျူလွန်သူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည်မဟုတ်ပေ။
52فَتَرَى الَّذِينَ فِي قُلُوبِهِم مَّرَضٌ يُسَارِعُونَ فِيهِمْ يَقُولُونَ نَخْشَىٰ أَن تُصِيبَنَا دَائِرَةٌ ۚ فَعَسَى اللَّهُ أَن يَأْتِيَ بِالْفَتْحِ أَوْ أَمْرٍ مِّنْ عِندِهِ فَيُصْبِحُوا عَلَىٰ مَا أَسَرُّوا فِي أَنفُسِهِمْ نَادِمِينَ
ထို့ကြောင့်ပင် အသင်သည် စိတ်နှလုံးများတွင် ဝေဒနာစွဲကပ်လျက်ရှိသောသူတို့အား ထို (ယဟူဒီနှင့် ခရစ်ယာန်) တို့ထံ အပြေးအလွှားသွားကြသည်ကို တွေ့မြင်ရလေသည်။ ထိုသူတို့က “ကျွန်ုပ်တို့သည် မိမိတို့၌ (မတော်တဆ) ဘေးဒုက္ခ အန္တရာယ်တစ်စုံတစ်ရာ ဆိုက်ရောက်လာမည်ကို စိုးရိမ်ကြသည်” ဟု ပြောဆိုကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီ (မွတ်စ်လင်မ်တို့အား) အောင်မြင်ခြင်းတရားကို ပေးသနားတော်မူအံ့။ သို့တည်းမဟုတ် အထူးအကြောင်းတစ်ရပ်ရပ်ကို (ဖြစ်စေတော်မူအံ့။) ထိုအခါ ယင်းသူတို့သည် မိမိတို့စိတ်တွင်း၌ လျှို့ဝှက် ထိမ်ချန်ထားရှိခဲ့ကြသော အကြောင်းများနှင့်စပ်လျဉ်း၍ ဝမ်းနည်းပူဆွေးကြရလတ္တံ့။
53وَيَقُولُ الَّذِينَ آمَنُوا أَهَٰؤُلَاءِ الَّذِينَ أَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ ۙ إِنَّهُمْ لَمَعَكُمْ ۚ حَبِطَتْ أَعْمَالُهُمْ فَأَصْبَحُوا خَاسِرِينَ
၎င်းပြင် ‘အီမာန်’ သက်ဝင်ယုံကြည်သောသူများက (မုနာဖစ်က်များနှင့်စပ်လျဉ်း၍) အလ္လာဟ်အရှင်မြတ်အား အထူးတလည်တိုင်တည်၍ “မုချဧကန် ၎င်းတို့သည် အသင်တို့နှင့်အတူပင် ရှိကြပါသည်ဟု ပြောဆိုသောသူများမှာ ဤသူများပင်လော” ဟု ပြောဆိုကြမည်။ ၎င်းတို့၏အပြုအမူများသည် အချည်းနှီးဖြစ်ခဲ့ချေပြီ။ သို့ဖြစ်ပေရာ ၎င်းတို့သည် နစ်နာဆုံးရှုံးသူများပင် ဖြစ်ခဲ့ကြချေပြီ။
54يَا أَيُّهَا الَّذِينَ آمَنُوا مَن يَرْتَدَّ مِنكُمْ عَن دِينِهِ فَسَوْفَ يَأْتِي اللَّهُ بِقَوْمٍ يُحِبُّهُمْ وَيُحِبُّونَهُ أَذِلَّةٍ عَلَى الْمُؤْمِنِينَ أَعِزَّةٍ عَلَى الْكَافِرِينَ يُجَاهِدُونَ فِي سَبِيلِ اللَّهِ وَلَا يَخَافُونَ لَوْمَةَ لَائِمٍ ۚ ذَٰلِكَ فَضْلُ اللَّهِ يُؤْتِيهِ مَن يَشَاءُ ۚ وَاللَّهُ وَاسِعٌ عَلِيمٌ
အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့အနက်မှ မည်သူမဆို (မိမိ သက်ဝင်ယုံကြည်လျက်ရှိသော အစ္စလာမ်) သာသနာ�ော်မှ လှည့်၍ ပြန်ထွက်သွားပါလျှင် အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီကာလအတွင်း အကြင်လူမျိုးတစ်မျိုးကို ဖန်ဆင်းတော်မူအံ့။ ယင်းလူမျိုးကို ထိုအရှင်မြတ်သည် ချစ်ကြည်တော်မူအံ့။ ထိုနည်းအတူ ၎င်းတို့သည်လည်း အလ္လာဟ်အရှင်မြတ်အား ချစ်ကြည်မြတ်နိုးကြကုန်အံ့။ (ယင်းသူတို့သည်) ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ နိဝါတတရား ထားရှိသူများဖြစ်ကြအံ့။ ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့အဖို့ကား ပြင်းထန်တင်းမာသောသူများပင် ဖြစ်ကြအံ့။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း (တိုက်ခိုက်) ဆောင်ရွက်ကြအံ့။ ၎င်းပြင် ထိုသူတို့သည် မည်သည့် ပြစ်တင်ကဲ့ရဲ့သောသူ တစ်ဦးတစ်ယောက်၏ ပြစ်တင်ကဲ့ရဲ့ပုတ်ခတ်ခြင်းမျှလည်း စိုးရိမ်ကြမည်မဟုတ်ပေ။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ပင်တည်း။ ထိုအရှင်မြတ်သည် ထိုကျေးဇူးတော်ကို မိမိအလိုရှိတော်မူသောသူအား ချီးမြှင့်ပေးသနားတော်မူလေသတည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
55إِنَّمَا وَلِيُّكُمُ اللَّهُ وَرَسُولُهُ وَالَّذِينَ آمَنُوا الَّذِينَ يُقِيمُونَ الصَّلَاةَ وَيُؤْتُونَ الزَّكَاةَ وَهُمْ رَاكِعُونَ
အမှန်စင်စစ် အသင်တို့၏ ကလျာဏမိတ်သဟာယ အဆွေခင်ပွန်းကား အလ္လာဟ်အရှင်မြတ်သာလျှင်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ် တမန်တော်မြတ်သာလျှင်လည်းကောင်း၊ အကြင် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့သာလျှင်လည်းကောင်း ဖြစ်ကြကုန်၏။ ထို (‘မုအ်မင်န်’ သက်ဝင်ယုံကြည်သော) သူတို့သည် ကျိုးနွံသူများအဖြစ်နှင့် ဆွလာသ်ဝတ်ပြုကြ၏။ ‘ဇကာတ်’ တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြ၏။ ထိုသူများသည် ကျိုးနွံသူများဖြစ်ကြ၏။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
53အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 53

စူရာ အလ်-မာအိဒ အာယာသ် 53 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ‘အီမာန်’ သက်ဝင်ယုံကြည်သောသူများက (မုနာဖစ်က်များနှင့်စပ်လျဉ်း၍) အလ္လာဟ်အရှင်မြတ်အား အထူးတလည်တိုင်တည်၍ “မုချဧကန် ၎င်းတို့သည် အသင်တို့နှင့်အတူပင် ရှိကြပါသည်ဟု…

စူရာ အာယာသ် 53/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 51–55. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers