အလ်-မာအိဒ · 54/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
يَا أَيُّهَا الَّذِينَ آمَنُوا مَن يَرْتَدَّ مِنكُمْ عَن دِينِهِ فَسَوْفَ يَأْتِي اللَّهُ بِقَوْمٍ يُحِبُّهُمْ وَيُحِبُّونَهُ أَذِلَّةٍ عَلَى الْمُؤْمِنِينَ أَعِزَّةٍ عَلَى الْكَافِرِينَ يُجَاهِدُونَ فِي سَبِيلِ اللَّهِ وَلَا يَخَافُونَ لَوْمَةَ لَائِمٍ ۚ ذَٰلِكَ فَضْلُ اللَّهِ يُؤْتِيهِ مَن يَشَاءُ ۚ وَاللَّهُ وَاسِعٌ عَلِيمٌ ۝٥٤
Yaa aiyuhal lazeena aamanoo mai yartadda minkum `an deenihee fasawfa yaatil laahu biqawminy yuhibbuhum wa yuhibboonahoo azillatin `alal mu`mineena a`izzatin `alal kaafireena yujaahidoona fee sabeelil laahi wa laa yakhaafoona lawmata laaa`im; zaalika fadlul laahi yu`teehi mai yashaaa`; wallaahu Waasi`un `Aleem
📖 မြန်မာဘာသာ
အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့အနက်မှ မည်သူမဆို (မိမိ သက်ဝင်ယုံကြည်လျက်ရှိသော အစ္စလာမ်) သာသနာ�ော်မှ လှည့်၍ ပြန်ထွက်သွားပါလျှင် အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီကာလအတွင်း အကြင်လူမျိုးတစ်မျိုးကို ဖန်ဆင်းတော်မူအံ့။ ယင်းလူမျိုးကို ထိုအရှင်မြတ်သည် ချစ်ကြည်တော်မူအံ့။ ထိုနည်းအတူ ၎င်းတို့သည်လည်း အလ္လာဟ်အရှင်မြတ်အား ချစ်ကြည်မြတ်နိုးကြကုန်အံ့။ (ယင်းသူတို့သည်) ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ နိဝါတတရား ထားရှိသူများဖြစ်ကြအံ့။ ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့အဖို့ကား ပြင်းထန်တင်းမာသောသူများပင် ဖြစ်ကြအံ့။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း (တိုက်ခိုက်) ဆောင်ရွက်ကြအံ့။ ၎င်းပြင် ထိုသူတို့သည် မည်သည့် ပြစ်တင်ကဲ့ရဲ့သောသူ တစ်ဦးတစ်ယောက်၏ ပြစ်တင်ကဲ့ရဲ့ပုတ်ခတ်ခြင်းမျှလည်း စိုးရိမ်ကြမည်မဟုတ်ပေ။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ပင်တည်း။ ထိုအရှင်မြတ်သည် ထိုကျေးဇူးတော်ကို မိမိအလိုရှိတော်မူသောသူအား ချီးမြှင့်ပေးသနားတော်မူလေသတည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00

📜 အာယာသ် 52-56 — စူရာ အလ်-မာအိဒ

52فَتَرَى الَّذِينَ فِي قُلُوبِهِم مَّرَضٌ يُسَارِعُونَ فِيهِمْ يَقُولُونَ نَخْشَىٰ أَن تُصِيبَنَا دَائِرَةٌ ۚ فَعَسَى اللَّهُ أَن يَأْتِيَ بِالْفَتْحِ أَوْ أَمْرٍ مِّنْ عِندِهِ فَيُصْبِحُوا عَلَىٰ مَا أَسَرُّوا فِي أَنفُسِهِمْ نَادِمِينَ
ထို့ကြောင့်ပင် အသင်သည် စိတ်နှလုံးများတွင် ဝေဒနာစွဲကပ်လျက်ရှိသောသူတို့အား ထို (ယဟူဒီနှင့် ခရစ်ယာန်) တို့ထံ အပြေးအလွှားသွားကြသည်ကို တွေ့မြင်ရလေသည်။ ထိုသူတို့က “ကျွန်ုပ်တို့သည် မိမိတို့၌ (မတော်တဆ) ဘေးဒုက္ခ အန္တရာယ်တစ်စုံတစ်ရာ ဆိုက်ရောက်လာမည်ကို စိုးရိမ်ကြသည်” ဟု ပြောဆိုကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီ (မွတ်စ်လင်မ်တို့အား) အောင်မြင်ခြင်းတရားကို ပေးသနားတော်မူအံ့။ သို့တည်းမဟုတ် အထူးအကြောင်းတစ်ရပ်ရပ်ကို (ဖြစ်စေတော်မူအံ့။) ထိုအခါ ယင်းသူတို့သည် မိမိတို့စိတ်တွင်း၌ လျှို့ဝှက် ထိမ်ချန်ထားရှိခဲ့ကြသော အကြောင်းများနှင့်စပ်လျဉ်း၍ ဝမ်းနည်းပူဆွေးကြရလတ္တံ့။
53وَيَقُولُ الَّذِينَ آمَنُوا أَهَٰؤُلَاءِ الَّذِينَ أَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ ۙ إِنَّهُمْ لَمَعَكُمْ ۚ حَبِطَتْ أَعْمَالُهُمْ فَأَصْبَحُوا خَاسِرِينَ
၎င်းပြင် ‘အီမာန်’ သက်ဝင်ယုံကြည်သောသူများက (မုနာဖစ်က်များနှင့်စပ်လျဉ်း၍) အလ္လာဟ်အရှင်မြတ်အား အထူးတလည်တိုင်တည်၍ “မုချဧကန် ၎င်းတို့သည် အသင်တို့နှင့်အတူပင် ရှိကြပါသည်ဟု ပြောဆိုသောသူများမှာ ဤသူများပင်လော” ဟု ပြောဆိုကြမည်။ ၎င်းတို့၏အပြုအမူများသည် အချည်းနှီးဖြစ်ခဲ့ချေပြီ။ သို့ဖြစ်ပေရာ ၎င်းတို့သည် နစ်နာဆုံးရှုံးသူများပင် ဖြစ်ခဲ့ကြချေပြီ။
54يَا أَيُّهَا الَّذِينَ آمَنُوا مَن يَرْتَدَّ مِنكُمْ عَن دِينِهِ فَسَوْفَ يَأْتِي اللَّهُ بِقَوْمٍ يُحِبُّهُمْ وَيُحِبُّونَهُ أَذِلَّةٍ عَلَى الْمُؤْمِنِينَ أَعِزَّةٍ عَلَى الْكَافِرِينَ يُجَاهِدُونَ فِي سَبِيلِ اللَّهِ وَلَا يَخَافُونَ لَوْمَةَ لَائِمٍ ۚ ذَٰلِكَ فَضْلُ اللَّهِ يُؤْتِيهِ مَن يَشَاءُ ۚ وَاللَّهُ وَاسِعٌ عَلِيمٌ
အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့အနက်မှ မည်သူမဆို (မိမိ သက်ဝင်ယုံကြည်လျက်ရှိသော အစ္စလာမ်) သာသနာ�ော်မှ လှည့်၍ ပြန်ထွက်သွားပါလျှင် အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီကာလအတွင်း အကြင်လူမျိုးတစ်မျိုးကို ဖန်ဆင်းတော်မူအံ့။ ယင်းလူမျိုးကို ထိုအရှင်မြတ်သည် ချစ်ကြည်တော်မူအံ့။ ထိုနည်းအတူ ၎င်းတို့သည်လည်း အလ္လာဟ်အရှင်မြတ်အား ချစ်ကြည်မြတ်နိုးကြကုန်အံ့။ (ယင်းသူတို့သည်) ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ နိဝါတတရား ထားရှိသူများဖြစ်ကြအံ့။ ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့အဖို့ကား ပြင်းထန်တင်းမာသောသူများပင် ဖြစ်ကြအံ့။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း (တိုက်ခိုက်) ဆောင်ရွက်ကြအံ့။ ၎င်းပြင် ထိုသူတို့သည် မည်သည့် ပြစ်တင်ကဲ့ရဲ့သောသူ တစ်ဦးတစ်ယောက်၏ ပြစ်တင်ကဲ့ရဲ့ပုတ်ခတ်ခြင်းမျှလည်း စိုးရိမ်ကြမည်မဟုတ်ပေ။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ပင်တည်း။ ထိုအရှင်မြတ်သည် ထိုကျေးဇူးတော်ကို မိမိအလိုရှိတော်မူသောသူအား ချီးမြှင့်ပေးသနားတော်မူလေသတည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
55إِنَّمَا وَلِيُّكُمُ اللَّهُ وَرَسُولُهُ وَالَّذِينَ آمَنُوا الَّذِينَ يُقِيمُونَ الصَّلَاةَ وَيُؤْتُونَ الزَّكَاةَ وَهُمْ رَاكِعُونَ
အမှန်စင်စစ် အသင်တို့၏ ကလျာဏမိတ်သဟာယ အဆွေခင်ပွန်းကား အလ္လာဟ်အရှင်မြတ်သာလျှင်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ် တမန်တော်မြတ်သာလျှင်လည်းကောင်း၊ အကြင် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သောသူတို့သာလျှင်လည်းကောင်း ဖြစ်ကြကုန်၏။ ထို (‘မုအ်မင်န်’ သက်ဝင်ယုံကြည်သော) သူတို့သည် ကျိုးနွံသူများအဖြစ်နှင့် ဆွလာသ်ဝတ်ပြုကြ၏။ ‘ဇကာတ်’ တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြ၏။ ထိုသူများသည် ကျိုးနွံသူများဖြစ်ကြ၏။
56وَمَن يَتَوَلَّ اللَّهَ وَرَسُولَهُ وَالَّذِينَ آمَنُوا فَإِنَّ حِزْبَ اللَّهِ هُمُ الْغَالِبُونَ
အမှန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကိုလည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သော သူတို့ကိုလည်းကောင်း၊ ကလျာဏ မိတ်သဟာယ အဆွေခင်ပွန်းများ ပြုလုပ်ကြပါလျှင် (ထိုသို့သောသူများသည် အလ္လာဟ်အရှင်မြတ်၏ ဘက်တော်သားများဖြစ်ကြ၏) ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်ဘက်တော်သားများသည်သာလျှင် အောင်မြင်သောသူများ ဖြစ်ကြပေသတည်း။ (ရကူ)
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
54အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 54

စူရာ အလ်-မာအိဒ အာယာသ် 54 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့အနက်မှ မည်သူမဆို (မိမိ သက်ဝင်ယုံကြည်လျက်ရှိသော အစ္စလာမ်) သာသနာ�ော်မှ လှည့်၍ ပြန်ထွက်သွားပါလျှင်…

စူရာ အာယာသ် 54/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 52–56. မြန်မာဘာသာ: ภาษาไทย.

ကုရ်အာန်ကျမ်း

Wednesday, September 30, 2026

Don't forget us in your sincere prayers