وَمَا لَكُمْ أَلَّا تَأْكُلُوا مِمَّا ذُكِرَ اسْمُ اللَّهِ عَلَيْهِ وَقَدْ فَصَّلَ لَكُم مَّا حَرَّمَ عَلَيْكُمْ إِلَّا مَا اضْطُرِرْتُمْ إِلَيْهِ ۗ وَإِنَّ كَثِيرًا لَّيُضِلُّونَ بِأَهْوَائِهِم بِغَيْرِ عِلْمٍ ۗ إِنَّ رَبَّكَ هُوَ أَعْلَمُ بِالْمُعْتَدِينَ ١١٩
🔤 Transliteration
Wa maa lakum allaa taakuloo mimmaa zukirasmul laahi `alaihi wa qad fassala lakum maa harrama `alaikum illaa mad turirtum ilaih; wa inna kaseeral la yudilloona bi ahwaaa`ihim bighairi `ilm; inna Rabbaka Huwa a`lamu bilmu`tadeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် အသင်တို့သည် အကြင်(တိရစ္ဆာန်များ)အနက်မှ စားသုံးခြင်းမပြုကြရန် အသင်တို့၌ မည်သည့်အကြောင်းရှိပါသနည်း။ ထို(တိရစ္ဆာန်များ)၏အပေါ်၌အလ္လာဟ်အလ္လာဟ်အရှင်မြတ်၏ နာမံတော်သည် တသပြီး ဖြစ်ချေသည်။စင်စစ်သော်ကား ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌၊အသင်တို့ မလွှဲမရှောင်သာဖြစ်ကြသည့်အခါမှအပ၊ (စားသုံးခြင်းမပြုကြရန်) မိမိတားမြစ်ထားတော်မူ သည့်(တိရစ္ဆာန်များ)ကို အသေးစိတ်လင်းပြတော်မူပြီး ဖြစ်လေသည်။ ဧကန်စင်စစ်များစွာသော သူတို့သည် မိမိတို့၏ အလိုဆန္ဒများ(ကိုလိုက်စားခြင်း)ကြောင့် တစ်စုံတစ်ရာ သိနားလည်သည်မရှိဘဲ (သူတစ်ပါးတို့အား မှန်ကန်သော တရားလမ်းတော်မှ) ချွတ်ချော်တိမ်းပါးစေကြကုန်သည်။ (အို-နဗီတမန်တော်) အသင့်အား မွေးမြူတော်မူသော အရှင်မြတ်သည် တရားစည်းကမ်းတို့ကို ကျူးကျော်ကုန်သောသူတို့အား၊ ကောင်းစွာသိရှိတော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
وَمَا لَكُمۡ أَلَّا تَأۡكُلُواْ مِمَّا ذُكِرَ ٱسۡمُ ٱللَّهِ عَلَيۡهِ وَقَدۡ فَصَّلَ لَكُم مَّا حَرَّمَ عَلَيۡكُمۡ إِلَّا مَا ٱضۡطُرِرۡتُمۡ إِلَيۡهِۗ وَإِنَّ كَثِيرًا لَّيُضِلُّونَ بِأَهۡوَآئِهِم بِغَيۡرِ عِلۡمٍۚ إِنَّ رَبَّكَ هُوَ أَعۡلَمُ بِٱلۡمُعۡتَدِينَ ١١٩
၎င်းပြင် အသင်တို့သည် အကြင်(တိရစ္ဆာန်များ)အနက်မှ စားသုံးခြင်းမပြုကြရန် အသင်တို့၌ မည်သည့်အကြောင်းရှိပါသနည်း။ ထို(တိရစ္ဆာန်များ)၏အပေါ်၌အလ္လာဟ်အလ္လာဟ်အရှင်မြတ်၏ နာမံတော်သည် တသပြီး ဖြစ်ချေသည်။စင်စစ်သော်ကား ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌၊အသင်တို့ မလွှဲမရှောင်သာဖြစ်ကြသည့်အခါမှအပ၊ (စားသုံးခြင်းမပြုကြရန်) မိမိတားမြစ်ထားတော်မူ သည့်(တိရစ္ဆာန်များ)ကို အသေးစိတ်လင်းပြတော်မူပြီး ဖြစ်လေသည်။ ဧကန်စင်စစ်များစွာသော သူတို့သည် မိမိတို့၏ အလိုဆန္ဒများ(ကိုလိုက်စားခြင်း)ကြောင့် တစ်စုံတစ်ရာ သိနားလည်သည်မရှိဘဲ (သူတစ်ပါးတို့အား မှန်ကန်သော တရားလမ်းတော်မှ) ချွတ်ချော်တိမ်းပါးစေကြကုန်သည်။ (အို-နဗီတမန်တော်) အသင့်အား မွေးမြူတော်မူသော အရှင်မြတ်သည် တရားစည်းကမ်းတို့ကို ကျူးကျော်ကုန်သောသူတို့အား၊ ကောင်းစွာသိရှိတော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 117-121 — စူရာ အလ်-အန်အာမ်
117 إِنَّ رَبَّكَ هُوَ أَعْلَمُ مَن يَضِلُّ عَن سَبِيلِهِ ۖ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည်၊ ထိုအရှင်မြတ်၏ လမ်းတော်မှ မည်သူသည် လွဲချော်မှောက်မှားနေသည်ကို ကောင်းစွာသိရှိတော်မူသာအရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင်လမ်းမှန်ကိုရရှိသူတို့အားလည်း ကောင်းစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူ၏။
118 فَكُلُوا مِمَّا ذُكِرَ اسْمُ اللَّهِ عَلَيْهِ إِن كُنتُم بِآيَاتِهِ مُؤْمِنِينَ
သို့ဖြစ်ပေရာ အသင်တို့သည်အကြင် (တိရစ္ဆာန်)ကို စားသုံးကြလေကုန်။ ထို(တိရစ္ဆာန်) ၏အပေါ်၌ အလ္လာဟ်အရှင်မြတ်၏နာမံတော်သည်၊ တသ (၍လှီးဖြတ်) ပြီးဖြစ်လေသည်။ အကယ်၍ အသင်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်များကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်။
119 وَمَا لَكُمْ أَلَّا تَأْكُلُوا مِمَّا ذُكِرَ اسْمُ اللَّهِ عَلَيْهِ وَقَدْ فَصَّلَ لَكُم مَّا حَرَّمَ عَلَيْكُمْ إِلَّا مَا اضْطُرِرْتُمْ إِلَيْهِ ۗ وَإِنَّ كَثِيرًا لَّيُضِلُّونَ بِأَهْوَائِهِم بِغَيْرِ عِلْمٍ ۗ إِنَّ رَبَّكَ هُوَ أَعْلَمُ بِالْمُعْتَدِينَ
၎င်းပြင် အသင်တို့သည် အကြင်(တိရစ္ဆာန်များ)အနက်မှ စားသုံးခြင်းမပြုကြရန် အသင်တို့၌ မည်သည့်အကြောင်းရှိပါသနည်း။ ထို(တိရစ္ဆာန်များ)၏အပေါ်၌အလ္လာဟ်အလ္လာဟ်အရှင်မြတ်၏ နာမံတော်သည် တသပြီး ဖြစ်ချေသည်။စင်စစ်သော်ကား ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌၊အသင်တို့ မလွှဲမရှောင်သာဖြစ်ကြသည့်အခါမှအပ၊ (စားသုံးခြင်းမပြုကြရန်) မိမိတားမြစ်ထားတော်မူ သည့်(တိရစ္ဆာန်များ)ကို အသေးစိတ်လင်းပြတော်မူပြီး ဖြစ်လေသည်။ ဧကန်စင်စစ်များစွာသော သူတို့သည် မိမိတို့၏ အလိုဆန္ဒများ(ကိုလိုက်စားခြင်း)ကြောင့် တစ်စုံတစ်ရာ သိနားလည်သည်မရှိဘဲ (သူတစ်ပါးတို့အား မှန်ကန်သော တရားလမ်းတော်မှ) ချွတ်ချော်တိမ်းပါးစေကြကုန်သည်။ (အို-နဗီတမန်တော်) အသင့်အား မွေးမြူတော်မူသော အရှင်မြတ်သည် တရားစည်းကမ်းတို့ကို ကျူးကျော်ကုန်သောသူတို့အား၊ ကောင်းစွာသိရှိတော်မူပေသတည်း။
120 وَذَرُوا ظَاهِرَ الْإِثْمِ وَبَاطِنَهُ ۚ إِنَّ الَّذِينَ يَكْسِبُونَ الْإِثْمَ سَيُجْزَوْنَ بِمَا كَانُوا يَقْتَرِفُونَ
အသင်တို့သည် ထင်ရှားသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း၊ ဖုံးအုပ်လျက်ရှိသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း၊(တစ်နည်း)ထင်ရှားစွာပြုသော အပြစ်ကိုလည်းကောင်း၊ လျှို့ဝှက် စွာပြုသောအပြစ်များကိုလည်းကောင်း၊(တစ်နည်း)အပြစ်ထင်ရှား သောဒုစရိုက်များကို လည်းကောင်း၊အပြစ်မထင်ရှားသောဒုစရိုက်များကိုလည်း ကောင်း၊(တစ်နည်း) ကာယဝစီဒုစရိုက်ကိုလည်းကောင်း၊မနော ဒုစရိုက်ကိုလည်းကောင်း၊ စွန့်လွှတ်ကြလေကုန်။ ဧကန်စင်စစ် ပြစ်မှုဒုစရိုက်တို့ကို ဆည်းပူးကြကုန်သောသူတို့သည်မကြာမြင့်မီ၊ မိမိတို့ပြုလုပ်ကျူးလွန်စုဆောင်းခဲ့သည်တို့၏အကျိုးကို ခံစားကြရလတ္တံ့။
121 وَلَا تَأْكُلُوا مِمَّا لَمْ يُذْكَرِ اسْمُ اللَّهِ عَلَيْهِ وَإِنَّهُ لَفِسْقٌ ۗ وَإِنَّ الشَّيَاطِينَ لَيُوحُونَ إِلَىٰ أَوْلِيَائِهِمْ لِيُجَادِلُوكُمْ ۖ وَإِنْ أَطَعْتُمُوهُمْ إِنَّكُمْ لَمُشْرِكُونَ
၎င်းပြင် အသင်တို့သည် အကြင်(တိရစ္ဆာန်များ)အနက်မှစားသုံးခြင်း မပြုကြကုန်လင့်။ ထို(တိရစ္ဆာန် များ)၏အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ နာမံတော်သည် တသခြင်းမရှိခဲ့ချေ။ ဤသည်(ကိုစားသုံးခြင်း)ကား အမိန့်တော်ကို သွေဖည်ခြင်းပင်တည်း။ ထိုမှတစ်ပါး မလွဲဧကန် ‘ရှိုင်တွာန်’တို့သည် အသင်တို့နှင့် အချေအတင် ပြောဆိုငြင်းခုံကြရန် အလို့ငှာ၊ မိမိတို့၏ အဆွေခင်ပွန်းများထံ ပြင်ပ ပယောဂ (ဒွိဟသံသယများ)ကို သွင်းပေးကြလေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အကယ်၍ ၎င်းတို့၏ ပြောစကားကို လိုက်နာကြပါမူ၊မုချစင်စစ် အသင်တို့သည်လည်း အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ကိုးကွယ်သူတို့တွင် အပါအဝင်ဖြစ်ကြလတ္တံ့။ (ရကူ)
ဘာသာပြန် — အလ်-အန်အာမ် 119 စူရာ အလ်-အန်အာမ် အာယာသ် 119 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အသင်တို့သည် အကြင်(တိရစ္ဆာန်များ)အနက်မှ စားသုံးခြင်းမပြုကြရန် အသင်တို့၌ မည်သည့်အကြောင်းရှိပါသနည်း။ ထို(တိရစ္ဆာန်များ)၏အပေါ်၌အလ္လာဟ်အလ္လာဟ်အရှင်မြတ်၏ နာမံတော်သည် တသပြီး ဖြစ်ချေသည်။စင်စစ်သော်ကား…
စူရာ အာယာသ် 119/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 117–121. မြန်မာဘာသာ: ภาษาไทย.