အလ်-အန်အာမ် · 128/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَيَوْمَ يَحْشُرُهُمْ جَمِيعًا يَا مَعْشَرَ الْجِنِّ قَدِ اسْتَكْثَرْتُم مِّنَ الْإِنسِ ۖ وَقَالَ أَوْلِيَاؤُهُم مِّنَ الْإِنسِ رَبَّنَا اسْتَمْتَعَ بَعْضُنَا بِبَعْضٍ وَبَلَغْنَا أَجَلَنَا الَّذِي أَجَّلْتَ لَنَا ۚ قَالَ النَّارُ مَثْوَاكُمْ خَالِدِينَ فِيهَا إِلَّا مَا شَاءَ اللَّهُ ۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ ۝١٢٨
Wa yamwa yahshuruhum jamee`ai yaa ma`sharal jinni qadistaksartum minal insi wa qaala awliyaaa`uhy minal insi Rabbanas tamta`a ba`dunaa biba`dinw wa balaghnaaa ajalannal lazeee ajjalta lanaa; qaalan Naaru maswaakum khaalideena feehaaa illaa maa shaaa`allaah; inna Rabbaka Hakeemun `Aleem
📖 မြန်မာဘာသာ
ထိုမှတစ်ပါး အကြင်နေ့ကို (သတိရကြလေကုန်)ထိုနေ့တွင် (အလ္လာဟ်အရှင်မြတ်သည်) ထိုသူအားလုံး တို့ကိုစုရုံးစေတော်မူအံ့။ (ထို့နောက် အလ္လာဟ်အရှင်မြတ်သည်ဤသို့မိန့်ကြားတော်မူအံ့)။ အို- ဂျင်(န်)ပရိသတ်အပေါင်းတို့၊အသင်တို့သည် လူသတ္တဝါအပေါင်းတို့အား (လမ်းမှားသို့သွေးဆောင် ခြင်းကို) များစွာ ပြုလုပ်ခဲ့ကြကုန်၏။ ထို့နောက်လူသားတို့အနက်မှ ထိုဂျင်(န်)သတ္တဝါတို့၏ မိတ်ဆွေများကလျှောက်ထားကြမည်မှာ အို-ကျွန်တော်မျိုးတို့၏အရှင်၊ ကျွန်တော်မျိုးတို့အနက် အချို့သည်၊ အချို့ထံမှ အကျိုးခံစားခဲ့ကြပါသည်။ ၎င်းနောက် ကျွန်တော်မျိုးတို့သည် မိမိတို့အတွက်အရှင်မြတ် သတ်မှတ်ပိုင်းခြား ထားတော်မူသော အချိန်ကာလ(ဝါ)ကိယာမတ်နေ့သို့ ဆိုက်ရောက်ခဲ့ကြပါပြီ ဟု လျှောက်ထားကြလတ္တံ့။ (ထိုရောကာလ အလ္လာဟ်အရှင်မြတ်သည် ဤသို့)မိန့်ကြားတော်မူအံ့။ အို-မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော ဂျင်(န်)နှင့် လူအပေါင်းတို့) ဂျဟန္နမ်ငရဲဘုံသည်သာလျှင်အသင်တို့ ၏နေရာဌာနဖြစ်သည်။ (အသင်တို့သည်) ထို(ဂျဟန္နမ် ငရဲဘုံ၌ပင် ထာဝစဉ်နေထိုင်ကြရလတ္တံ့။ သို့ရာတွင်အလ္လာဟ်အရှင်မြတ် (ထိုငရဲဘုံးမှထုတ်ရန်) အလိုတော်ရှိတော်မူပါလျှင် (ပြဿနာတစ်ခြားဖြစ်ပေမည်)။ (အို-နဗီတမန်တော်) အသင့်အား မွေးမြူ တော်မူသော အရှင်မြတ်သည်မုချစင်စစ် ဉာဏ် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်၊အရာခပ်သိမ်းတို့ကို၊ အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ယဟ်ရှုရုဟုမ်း (يَحْشُرُهُمْ): သူတို့အား စုရုံးစေတော်မူမည်။
  • ဂျမීအံ (جَمِيعًا): အားလုံးကို။
  • မာအ်ရှရ (مَعْشَر): အစုအဖွဲ့၊ လူတန်းစား။
  • အစ္စတက်စ်သက်စရ်သမ်း (اسْتَكْثَرْتُم): သင်တို့သည် အများအပြား ပြုလုပ်ခဲ့ကြသည် (လမ်းလွဲစေခြင်းကို အများအပြား ပြုလုပ်ခဲ့ကြသည်)။
  • အစ္စတမ်သအာ (اسْتَمْتَعَ): အကျိုးခံစားခဲ့ကြသည်၊ အပြန်အလှန် အကျိုးရယူခဲ့ကြသည်။
  • အဂျလနာ (أَجَلَنَا): ကျွန်ုပ်တို့၏ သတ်မှတ်ကာလ။
  • မַס်ဝွာ (مَثْوَاكُمْ): သင်တို့၏ နေထိုင်ရာဌာန။
  • ခွာလိဒီးန (خَالِدِينَ): အမြဲထာဝရ နေထိုင်သူများအဖြစ်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အလ္လာဟ်အရှင်မြတ်သည် ဂျင်န်များနှင့် လူသားများအားလုံးကို ကိယာမသ်နေ့တွင် စုရုံးစေတော်မူမည့်နေ့ကို သတိရပါ။ ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် ဂျင်န်အုပ်စုအား မိန့်တော်မူမည်မှာ “အို ဂျင်န်အစုအဖွဲ့၊ သင်တို့သည် လူသားများကို အများအပြား လမ်းလွဲစေခဲ့ကြပြီ” ဟူ၍ဖြစ်သည်။ ထိုအခါ ဂျင်န်များကို လိုက်နာခဲ့ကြသော လူသားအပေါင်းအဖော်များက “အို ကျွန်ုပ်တို့၏ အရှင်မြတ်၊ ကျွန်ုပ်တို့သည် အချင်းချင်း အပြန်အလှန် အကျိုးခံစားခဲ့ကြပါသည်။ ဂျင်န်များသည် လူသားများ၏ နာခံမှုနှင့် ကိုးကွယ်မှုကို ရရှိခဲ့ကြပြီး၊ လူသားများကလည်း မိမိတို့၏ စိတ်အလိုဆန္ဒများနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရရှိခဲ့ကြပါသည်။ ယခုအခါ ကိုယ်တော်ချမှတ်တော်မူခဲ့သော ကျွန်ုပ်တို့၏ သတ်မှတ်ကာလသည် ဆိုက်ရောက်လာပါပြီ” ဟု ဖြေကြားကြမည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် “မီးငရဲသည် သင်တို့၏ နေထိုင်ရာဌာနဖြစ်သည်။ သင်တို့သည် ထိုအထဲတွင် အမြဲထာဝရ နေထိုင်ကြရမည်။ သို့သော် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသော ကာလမှတစ်ပါး” ဟု မိန့်တော်မူမည်။ ဧကန်စင်စစ် သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသည်။ အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် လူသားနှင့် ဂ


📜 အာယာသ် 126-130 — စူရာ အလ်-အန်အာမ်

126وَهَٰذَا صِرَاطُ رَبِّكَ مُسْتَقِيمًا ۗ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَذَّكَّرُونَ
အမှန်စင်စစ်သော်ကား ဤ(အစ္စလာမ်သာသနာ တော်) သည်သာလျှင် အသင့်အား မွေးမြူ တော်မူသောအရှင်မြတ်၏ ဖြောင့်မတ်မှန်ကန် သောတရားလမ်းပင် ဖြစ်ချေသည်။ မုချဧကန် ငါအရှင်မြတ်သည်(မိမိ)သက်သေလက္ခဏာတော်များကို နာခံသောသူတို့ အကျိုးငှာ အသေးစိတ် လင်းပြတော်မူပြီး ဖြစ်ချေသတည်း။
127۞ لَهُمْ دَارُ السَّلَامِ عِندَ رَبِّهِمْ ۖ وَهُوَ وَلِيُّهُم بِمَا كَانُوا يَعْمَلُونَ
ထို(တရားရယူသော)သူတို့အဖို့၊ ၎င်းတို့၏ အရှင်မြတ်အထံတော်၌ ချမ်းမြေ့သာယာသော (ဂျန္နတ်အမတသုခ)ဘုံသည် အဆင်သင့်ရှိချေသည်။ ၎င်းပြင် ထိုသူတို့၏ (မွန်မြတ်သော) အပြုအမူတို့ကြောင့် ထိုအရှင်မြတ်သည်ပင်လျှင်၊ ၎င်းတို့၏ အဆွေခင်ပွန်း ဖြစ်တော်မူပေသတည်း။
128وَيَوْمَ يَحْشُرُهُمْ جَمِيعًا يَا مَعْشَرَ الْجِنِّ قَدِ اسْتَكْثَرْتُم مِّنَ الْإِنسِ ۖ وَقَالَ أَوْلِيَاؤُهُم مِّنَ الْإِنسِ رَبَّنَا اسْتَمْتَعَ بَعْضُنَا بِبَعْضٍ وَبَلَغْنَا أَجَلَنَا الَّذِي أَجَّلْتَ لَنَا ۚ قَالَ النَّارُ مَثْوَاكُمْ خَالِدِينَ فِيهَا إِلَّا مَا شَاءَ اللَّهُ ۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ
ထိုမှတစ်ပါး အကြင်နေ့ကို (သတိရကြလေကုန်)ထိုနေ့တွင် (အလ္လာဟ်အရှင်မြတ်သည်) ထိုသူအားလုံး တို့ကိုစုရုံးစေတော်မူအံ့။ (ထို့နောက် အလ္လာဟ်အရှင်မြတ်သည်ဤသို့မိန့်ကြားတော်မူအံ့)။ အို- ဂျင်(န်)ပရိသတ်အပေါင်းတို့၊အသင်တို့သည် လူသတ္တဝါအပေါင်းတို့အား (လမ်းမှားသို့သွေးဆောင် ခြင်းကို) များစွာ ပြုလုပ်ခဲ့ကြကုန်၏။ ထို့နောက်လူသားတို့အနက်မှ ထိုဂျင်(န်)သတ္တဝါတို့၏ မိတ်ဆွေများကလျှောက်ထားကြမည်မှာ အို-ကျွန်တော်မျိုးတို့၏အရှင်၊ ကျွန်တော်မျိုးတို့အနက် အချို့သည်၊ အချို့ထံမှ အကျိုးခံစားခဲ့ကြပါသည်။ ၎င်းနောက် ကျွန်တော်မျိုးတို့သည် မိမိတို့အတွက်အရှင်မြတ် သတ်မှတ်ပိုင်းခြား ထားတော်မူသော အချိန်ကာလ(ဝါ)ကိယာမတ်နေ့သို့ ဆိုက်ရောက်ခဲ့ကြပါပြီ ဟု လျှောက်ထားကြလတ္တံ့။ (ထိုရောကာလ အလ္လာဟ်အရှင်မြတ်သည် ဤသို့)မိန့်ကြားတော်မူအံ့။ အို-မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော ဂျင်(န်)နှင့် လူအပေါင်းတို့) ဂျဟန္နမ်ငရဲဘုံသည်သာလျှင်အသင်တို့ ၏နေရာဌာနဖြစ်သည်။ (အသင်တို့သည်) ထို(ဂျဟန္နမ် ငရဲဘုံ၌ပင် ထာဝစဉ်နေထိုင်ကြရလတ္တံ့။ သို့ရာတွင်အလ္လာဟ်အရှင်မြတ် (ထိုငရဲဘုံးမှထုတ်ရန်) အလိုတော်ရှိတော်မူပါလျှင် (ပြဿနာတစ်ခြားဖြစ်ပေမည်)။ (အို-နဗီတမန်တော်) အသင့်အား မွေးမြူ တော်မူသော အရှင်မြတ်သည်မုချစင်စစ် ဉာဏ် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်၊အရာခပ်သိမ်းတို့ကို၊ အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
129وَكَذَٰلِكَ نُوَلِّي بَعْضَ الظَّالِمِينَ بَعْضًا بِمَا كَانُوا يَكْسِبُونَ
၎င်းအပြင် ငါအရှင်မြတ်သည် ဤနည်းအတိုင်းင် ကျူးကျော်စော်ကားသူများအနက် အချို့ကို အချို့အပေါ်၌၎င်းတို့၏အပြုအမူတို့ကြောင့် ကြီးစို� စေတော်မူအံ့။(တစ်နည်း။)၎င်းပြင် ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင်အချို့မတရားသောသူတို့အား အချို့ မတရားသောသူတို့နှင့်နီးကပ်စေတော်မူအံ့။ (အချို့ မတရားသောသူတို့၏အနီး၌ထားရှိတော်မူအံ့၊)
130يَا مَعْشَرَ الْجِنِّ وَالْإِنسِ أَلَمْ يَأْتِكُمْ رُسُلٌ مِّنكُمْ يَقُصُّونَ عَلَيْكُمْ آيَاتِي وَيُنذِرُونَكُمْ لِقَاءَ يَوْمِكُمْ هَٰذَا ۚ قَالُوا شَهِدْنَا عَلَىٰ أَنفُسِنَا ۖ وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا وَشَهِدُوا عَلَىٰ أَنفُسِهِمْ أَنَّهُمْ كَانُوا كَافِرِينَ
အို-ဂျင်(န်)နှင့်လူသတ္တဝါ အပေါင်းတို့၊ အသင်တို့ထံ အသင်တို့အနက်မှပင် ရစူလ်တမန်တော်များသည်ရောက်ရှိလာကြကာ အသင်တို့အား ငါအုရှင်မြတ်၏ အမိန့်တော်များကို ကြားနာစေခြင်းကိုလည်းကောင်း၊ အသင်တို့အားဤနေ့နှင့် ကြုံကြိုက်ကြရမည့်အကြောင်း သတိပေးနှိုးဆော်ခြင်းကိုလည်းကောင်း၊ ပြုလုပ်လေ့ရှိခဲ့ကြသည် ဟုတ်ပါလော။] (ထိုအခါ) ယင်း ဂျင်(န်)နှင့်လူသားတို့က ကျွန်တော်မျိုးတို့သည်မိမိတို့နှင့်ဆန့်ကျင်၍ပင် သက်သေခံကြပါပြီဟု လျှောက်ထားကြလတ္တံ့။ ၎င်းတို့အား ပစ္စုပ္ပန်မျက်မှောက်ဘဝ၏ အသက်ရှင်ခြင်းသည် လှည့်ဖြား၍ ထားရှိခဲ့လေသည်။ (သို့ဖြစ်ပေရာ၊၎င်းတို့သည် လောကီစည်းစိမ်တို့၌ နစ်မွန်း လျက်ရှိနေခဲ့ကြလေပြီ။) ၎င်းပြင် ထိုသူများသည် (ထိုရှင်ပြန်ထမည့်နေ့တွင်)မိမိတို့ကိုယ်နှင့်ဆန့်ကျင်၍ မိမိတို့ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သောသူများပင်ဖြစ်ခဲ့ကြပါသည်ဟု သက်သေခံကြကုန်အံ့။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
128အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 128

စူရာ အလ်-အန်အာမ် အာယာသ် 128 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး အကြင်နေ့ကို (သတိရကြလေကုန်)ထိုနေ့တွင် (အလ္လာဟ်အရှင်မြတ်သည်) ထိုသူအားလုံး တို့ကိုစုရုံးစေတော်မူအံ့။ (ထို့နောက် အလ္လာဟ်အရှင်မြတ်သည်ဤသို့မိန့်ကြားတော်မူအံ့)။ အို- ဂျင်(န်)ပရိသတ်အပေါင်းတို့၊အသင်တို့သည်…

စူရာ အာယာသ် 128/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 126–130. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers