အလ်-အန်အာမ် · 33/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
قَدْ نَعْلَمُ إِنَّهُ لَيَحْزُنُكَ الَّذِي يَقُولُونَ ۖ فَإِنَّهُمْ لَا يُكَذِّبُونَكَ وَلَٰكِنَّ الظَّالِمِينَ بِآيَاتِ اللَّهِ يَجْحَدُونَ ۝٣٣
Qad na`lamu innahoo layahzunukal lazee yaqooloona fa innahum laa yukazziboonaka wa laakinnaz zaalimeena bi Aayaatil laahi yajhadoon
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်)၎င်းတို့ပြေ�ဆိုသော စကားသည် ဧကန်စင်စစ် အသင့်အား စိတ်ဒုက္ခ ရောက်စေသည်ကိုငါအရှင်မြတ်သည်(ကောင်းစွာ) သိတော်မူသည်။ အမှန်စင်စစ် ယင်းသူတို့သည် အသင့်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြသည် မဟုတ်ချေ။ သို့ရာတွင် မတော်မတရားပြုမူသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေ လက္ခဏာတော်များကိုသာ ငြင်းပယ်နေကြသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ခက်ခဲသောစကားလုံးများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

  • قَدْ نَعْلَمُ (ကဒ် နအ်လမု) — ငါအရှင်မြတ်သည် အမှန်ပင် သိရှိတော်မူ၏။ "قَدْ" သည် သိရှိမှုကို အတည်ပြုခိုင်မာစေသော စကားလုံးဖြစ်သည်။
  • لَيَحْزُنُكَ (လယဟ်ဇုနုက) — သင့်ကို ဝမ်းနည်းစေသည်။ "حُزْن" သည် စိတ်နှလုံးထဲ၌ ဖြစ်ပေါ်သော ဝမ်းနည်းကြေကွဲမှုကို ဆိုလိုသည်။
  • الَّذِي يَقُولُونَ (အလ္လဇီ ယကူလူန) — သူတို့ပြောဆိုနေသောစကား။ ဤနေရာတွင် သင့်ကို မဟုတ်မမှန်စွပ်စွဲပြောဆိုခြင်းကို ရည်ညွှန်းသည်။
  • لَا يُكَذِّبُونَكَ (လာ ယုကဇ်ဇိဗူနက) — သူတို့သည် သင့်ကို မဟုတ်မမှန်သူဟု မယူဆကြပါ။ အမှန်တရားကို ငြင်းပယ်ခြင်းမဟုတ်ဘဲ၊ သင့်ကိုယ်တိုင်ကို မဟုတ်မှန်သူဟု မထင်မြင်ကြခြင်းကို ဆိုလိုသည်။
  • الظَّالِمِينَ (အဇ်ဇွာလိမီန) — မတရားသူများ၊ ကိုယ်ကိုကိုယ် မတရားကျူးလွန်သူများ။
  • بِآيَاتِ اللَّهِ (ဗိအာယာတိလ္လာဟ်) — အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများ၊ ကုရ်အာန်ကျမ်းတော်မြတ်၏ အာယသ်တော်များ။
  • يَجْحَدُونَ (ယဂျ်ဟဒူန) — ငြင်းပယ်ကြသည်၊ ဖုံးကွယ်ကြသည်။ သိရှိပါလျက် လျှို့ဝှက်ငြင်းဆိုခြင်းကို ဆိုလိုသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား နှစ်သိမ့်စေတော်မူလျက် မိန့်တော်မူသည်။ အရှင်မြတ်သည် သူတို့၏ မဟုတ်မမှန်စွပ်စွဲပြောဆိုမှုများက သင့်အား ဝမ်းနည်းစေသည်ကို အမှန်ပင် သိရှိတော်မူသည်။ သို့သော် သူတို့သည် သင့်ကို လိမ်လည်သူ၊ မဟုတ်မမှန်သူဟု စိတ်ထဲမှ အမှန်တကယ် မယူဆကြပါ။ အကြောင်းမှာ သူတို့သည် သင့်၏ ရိုးသားမှုနှင့် ယုံကြည်စိတ်ချရမှုကို ကောင်းစွာ သိရှိထားကြသောကြောင့် ဖြစ်သည်။ သို့သော် ထိုမတရားသူများသည် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများကို သိရှိပါလျက် ဇွဲဖြင့် ငြင်းပယ်ဖုံးကွယ်ကြခြင်းသာ ဖြစ်သည်။ သူတို့၏ ငြင်းပယ်မှုသည် သင့်ကိုယ်ရေးကိုယ်တာကို မယုံကြည်ခြင်းမဟုတ်ဘဲ၊ အရှင်မြတ်၏ အာယသ်တော်များကို မတရားစွာ ငြင်းဆိုခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် စိတ်မပျက်ပါနှင့်၊ ဇွဲရှိရှိ ဆက်လက်လုပ်ဆောင်ပါ။

**၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့



📜 အာယာသ် 31-35 — စူရာ အလ်-အန်အာမ်

31قَدْ خَسِرَ الَّذِينَ كَذَّبُوا بِلِقَاءِ اللَّهِ ۖ حَتَّىٰ إِذَا جَاءَتْهُمُ السَّاعَةُ بَغْتَةً قَالُوا يَا حَسْرَتَنَا عَلَىٰ مَا فَرَّطْنَا فِيهَا وَهُمْ يَحْمِلُونَ أَوْزَارَهُمْ عَلَىٰ ظُهُورِهِمْ ۚ أَلَا سَاءَ مَا يَزِرُونَ
အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံကြမည်ကိုမဟုတ်မမှန်ဟု ပြောဆိုကြကုန်သော သူတို့သည် ဧကန်စင်စစ်ဆုံးရှုံးပျက်စီးကြလေပြီ။ (ဤသို့ မဟုတ်မမှန် ပြောဆိုခြင်းသည်ရက် အနည်းငယ်သာဖြစ်မည်) နောက်ဆုံးတွင် ၎င်းတို့ထံထိုကန့်သတ်ပြီးဖြစ်သော အချိန်ကာလ (ကိယာမတ်ခေါ် ရှင်ပြန်ထမည့်နေ့)သည် ရုတ်တရက်ရှောင်တခင် ရောက်ရှိလာသောအခါ (ထိုသူတို့၏ မဟုတ်မမှန် ပြောဆိုခြင်းသည်ရပ်သွားပေမည်။ ၎င်းပြင်) ထိုသူတို့က ဪ ငါတို့သည်ဤအချိန်နှင့် စပ်လျဉ်း၍ ပေါ့လျော့ ပျက်ကွက်ခဲ့ကြသည်မှာဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရလေခြင်း ဟု ညည်းငြူမြည်တမ်းကြမည်။ ထို့ပြင် ၎င်းတို့သည် (ထိုနေ့တွင်) မိမိတို့(၏ အပြစ်များ)၏ ဝန်ထုပ်များကို မိမိတို့၏ ကျောက်ကုန်းများထက်ဝယ်သည်ပိုးလျှက်ရှိကြမည်။ ၎င်းတို့ သည်ပိုးလျှက်ရှိကြသောအရာများမှာ ဆိုးရွား လှသည်ဟု မှတ်ယူကြလေကုန်။
32وَمَا الْحَيَاةُ الدُّنْيَا إِلَّا لَعِبٌ وَلَهْوٌ ۖ وَلَلدَّارُ الْآخِرَةُ خَيْرٌ لِّلَّذِينَ يَتَّقُونَ ۗ أَفَلَا تَعْقِلُونَ
စင်စစ်သော်ကား မျက်မှောက်လောကီဘဝ၏အသက်တာသည် (စိတ်ပြေလက်ပျောက်) ကစားခုန်စားမှုသာဖြစ်၏။ သို့ရာတွင် နောင်တမလွန်ဘဝ၏ ဘုံဗိမာန်သည်ကား(နောင်တမလွန်ဘဝ၌ရှိသောဘုံဗိမာန်သည်ကား)ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်သော သူတို့အဖို့ အလွန်ကောင်းပေသည်။အသင် တို့သည် (ဤမျှပင်) နားမလည်ကြလေသလော။
33قَدْ نَعْلَمُ إِنَّهُ لَيَحْزُنُكَ الَّذِي يَقُولُونَ ۖ فَإِنَّهُمْ لَا يُكَذِّبُونَكَ وَلَٰكِنَّ الظَّالِمِينَ بِآيَاتِ اللَّهِ يَجْحَدُونَ
(အို-နဗီတမန်တော်)၎င်းတို့ပြေ�ဆိုသော စကားသည် ဧကန်စင်စစ် အသင့်အား စိတ်ဒုက္ခ ရောက်စေသည်ကိုငါအရှင်မြတ်သည်(ကောင်းစွာ) သိတော်မူသည်။ အမှန်စင်စစ် ယင်းသူတို့သည် အသင့်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြသည် မဟုတ်ချေ။ သို့ရာတွင် မတော်မတရားပြုမူသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေ လက္ခဏာတော်များကိုသာ ငြင်းပယ်နေကြသည်။
34وَلَقَدْ كُذِّبَتْ رُسُلٌ مِّن قَبْلِكَ فَصَبَرُوا عَلَىٰ مَا كُذِّبُوا وَأُوذُوا حَتَّىٰ أَتَاهُمْ نَصْرُنَا ۚ وَلَا مُبَدِّلَ لِكَلِمَاتِ اللَّهِ ۚ وَلَقَدْ جَاءَكَ مِن نَّبَإِ الْمُرْسَلِينَ
၎င်းပြင် မချွတ်ဧကန် အသင့်အလျင် မြောက်မြားစွာသော ရစူလ်တမန်တော်များသည် မဟုတ်မမှန်ဟုငြင်းပယ်ခြင်း ခံခဲ့ကြရလေပြီ။ သို့ရာတွင် ထိုရစူလ်တမန်တော်တို့သည် မိမိတို့အား မဟုတ်မမှန်ဟု ငြင်းပယ်ခြင်းကိုခံခဲ့ကြရခြင်း အပေါ်၌လည်းကောင်း၊ ဒုက္ခပေးခြင်းကို ခံခဲ့ကြရခြင်းအပေါ်၌လည်းကောင်း၊ သည်းခံခဲ့ကြလေသည်။ နောက်ဆုံးတွင် ငါအရှင်မြတ်၏အကူအညီသည် ထိုရစူလ်တမန်တော်များထံသို့ ရောက်ရှိလာခဲ့လေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်များကို မည်သူမျှပြောင်းလဲနိုင်သည်မဟုတ်ချေ။ စင်စစ်ဧကန် ရစူလ်တမန်တော်တို့၏ အချို့အကြောင်းသတင်းများသည် အသင့်ထံရောက်ရှိလာခဲ့ပြီးဖြစ်၏။
35وَإِن كَانَ كَبُرَ عَلَيْكَ إِعْرَاضُهُمْ فَإِنِ اسْتَطَعْتَ أَن تَبْتَغِيَ نَفَقًا فِي الْأَرْضِ أَوْ سُلَّمًا فِي السَّمَاءِ فَتَأْتِيَهُم بِآيَةٍ ۚ وَلَوْ شَاءَ اللَّهُ لَجَمَعَهُمْ عَلَى الْهُدَىٰ ۚ فَلَا تَكُونَنَّ مِنَ الْجَاهِلِينَ
သို့ရာတွင် (အို-နဗီတမန်တော်) အကယ်၍ ၎င်းတို့၏ လွှဲဖယ်တိမ်းရှောင်သွားခြင်းသည် အသင့် အပေါ်ဝယ်ရင်လေးဖွယ်ဖြစ်နေပါလျှင်၊ အသင်သည် တတ်စွမ်းနိုင်ပါကမြေအောက်တွင် လိုဏ်ခေါင်းတခုခု ကိုဖြစ်စေ၊ မိုးပေါ်သို့(တက်နိုင်ရန်) လှေကားတခုခု ကိုဖြစ်စေ၊ ရှာဖွေပြီးလျှင် ၎င်းတို့အဖို့ တန်ခိုးပြာဋိဟာ တစ်ရပ်ရပ်ကိုယူဆောင်ခဲ့ပါလေ။ စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိပါမူ၊ ၎င်းတို့အားလုံးကို တရားလမ်းမှန်ပေါ်၌ တစ်စည်းတစ်လုံးတည်း တည်ရှိစေတော်မူအံ့။ သို့ဖြစ်ပေရာ အသင်သည် အသိဉာဏ်ကင်းမဲ့သောသူတို့တွင် အပါအဝင်မဖြစ်ပါလေနှင့်။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
33အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 33

စူရာ အလ်-အန်အာမ် အာယာသ် 33 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်)၎င်းတို့ပြေ�ဆိုသော စကားသည် ဧကန်စင်စစ် အသင့်အား စိတ်ဒုက္ခ ရောက်စေသည်ကိုငါအရှင်မြတ်သည်(ကောင်းစွာ) သိတော်မူသည်။ အမှန်စင်စစ် ယင်းသူတို့သည် အသင့်အား…

စူရာ အာယာသ် 33/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 31–35. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 22, 2026

Don't forget us in your sincere prayers