အလ်-အန်အာမ် · 6/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
أَلَمْ يَرَوْا كَمْ أَهْلَكْنَا مِن قَبْلِهِم مِّن قَرْنٍ مَّكَّنَّاهُمْ فِي الْأَرْضِ مَا لَمْ نُمَكِّن لَّكُمْ وَأَرْسَلْنَا السَّمَاءَ عَلَيْهِم مِّدْرَارًا وَجَعَلْنَا الْأَنْهَارَ تَجْرِي مِن تَحْتِهِمْ فَأَهْلَكْنَاهُم بِذُنُوبِهِمْ وَأَنشَأْنَا مِن بَعْدِهِمْ قَرْنًا آخَرِينَ ۝٦
Alam yaraw kam ahlaknaa min qablihim min qarnim makkannaahum fil ardi maa lam numakkil lakum wa arsalnas samaaa`a `alaihim midraaranw wa ja`alnal anhaara tajree min tahtihim fa ahlak naahum bizunoobihim wa anshaanaa mim ba`dihim qarnan aakhareen
📖 မြန်မာဘာသာ
ငါအရှင်မြတ်သည် ၎င်းတို့အလျင် အဘယ်မျှလောက်သော လူမျိုးတို့ကို ပျက်စီးစေတော်မူခဲ့သည်ကို ထိုသူတို့သည် မမြင်ခဲ့ကြသလော။ ငါအရှင်မြတ်သည် ထိုလူမျိုးတို့အား ကမ္ဘာမြေပြင်ဝယ် အခြေစိုက် တည်မြဲစေတော်မူခဲ့သည့်နည်းမျိုးဖြင့် အသင်တို့အား အခြေစိုက် တည်မြဲစေတော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင်တဝ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးကို သည်းထန်စွာ ရွာသွန်းစေတော်မူခဲ့၏။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူတို့၏ဥယျာဉ်များ၊ အိမ်များအောက်မှစမ်းချောင်းများကိုလည်း စီးဆင်းစေတော်မူခဲ့၏။ ထို့နောက်ငါအရှင်မြတ်သည် ယင်းသူတို့အား ယင်းသူတို့၏ပြစ်မှုဒုစရိုက်များကြောင့် ပျက်စီးစေတော်မူခဲ့လေသည်။ ၎င်းပြင်ငါအ�ျှင်မြတ် သည် ထိုသူတို့၏နောက်တွင် အခြားလူမျိုးတို့ကိုဖန်ဆင်းတော်မူခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်

  • ကရ်န် (قَرْن): ခေတ်တစ်ခေတ်၏ လူအုပ်စုတစ်စုကို ဆိုလိုသည်။ မျိုးဆက်တစ်ခု၊ ခေတ်ပြိုင်လူအုပ်စုဟု ဆိုနိုင်သည်။
  • မက္ကာနာဟွမ် (مَكَّنَّاهُمْ): ငါအရှင်မြတ်သည် သူတို့အား အာဏာ၊ စွမ်းအား၊ ချမ်းသာကြွယ်ဝမှုနှင့် တည်ငြိမ်မှုကို ပေးအပ်ခဲ့သည်။
  • မိဒ်ရာရန် (مِدْرَارًا): အဆက်မပြတ် ရွာသွန်းသော၊ များစွာရွာသွန်းသော မိုးကို ဆိုလိုသည်။
  • အန်ရှာအ်နာ (أَنشَأْنَا): ငါအရှင်မြတ်သည် အသစ်တဖန် ဖန်ဆင်းခဲ့သည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် တမန်တော်မုဟမ္မဒ် (ဆွ) ကို ငြင်းပယ်သော မက္ကာမြို့သား ကာဖိရ်များအား သတိပေးနှိုးဆော်နေခြင်း ဖြစ်သည်။ သူတို့သည် မိမိတို့ထက် ခွန်အားကြီးမား၍ ချမ်းသာကြွယ်ဝသော ရှေးခေတ်လူမျိုးများ မည်သို့ ပျက်စီးခဲ့ရသည်ကို မတွေးမဆင်ခြင်ကြသလော။

ထိုရှေးလူမျိုးများအား ငါအရှင်မြတ်သည် ဤမက္ကာသားများအား မပေးအပ်ခဲ့သော အာဏာ၊ စွမ်းအား၊ ကြွယ်ဝမှုနှင့် တည်ငြိမ်မှုကို ပေးအပ်ခဲ့သည်။ သူတို့အပေါ် မိုးကို အဆက်မပြတ် ရွာသွန်းစေခဲ့ပြီး သူတို့၏ နေအိမ်များ၊ ဥယျာဉ်များ၏ အောက်မှ မြစ်ချောင်းများ စီးဆင်းစေခဲ့သည်။ သို့သော် သူတို့သည် ထိုကျေးဇူးတော်များကို မသိမကျေး ပြစ်မှားခဲ့ကြသည်။ ထို့ကြောင့် ငါအရှင်မြတ်သည် သူတို့၏ အပြစ်များကြောင့် သူတို့အား ဖျက်ဆီးခဲ့သည်။ ထို့နောက် သူတို့နေရာတွင် အခြားမျိုးဆက်သစ်များကို ဖန်ဆင်းခဲ့သည်။

ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ ထာဝရနိယာမတော် ဖြစ်သည်။ ကျေးဇူးတော်များကို ရရှိပြီး မာန်မာနတက်ကာ အရှင်မြတ်ကို ငြင်းပယ်သော လူမျိုးတိုင်း ပျက်စီးခြင်းသို့ ရောက်ရမည် ဖြစ်သည်။ ဤအာယသ်တော်သည် ကာဖိရ်များအား သတိရှိရန်၊ မိမိတို့၏ အနေအထားကို ပြန်လည်သုံးသပ်ရန် ဖိတ်ခေါ်နေခြင်း ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးတော်များကို ပေးအပ်ပြီး လူသားတို့၏ တုံ့ပြန်မှုကို စောင့်ကြည့်တော်မူသည်။ ကျေးဇူးကို သိသော လူမျိုးသည် ရှင်သန်ထွန်းကားမည်။ ကျေးဇူးကို ငြင်းပယ်သော လူမျိုးသည် ပျက်စီးမည်။
  • ဤအာယသ်တော်သည် လူသားတို့အား မိမိတို့


📜 အာယာသ် 4-8 — စူရာ အလ်-အန်အာမ်

4وَمَا تَأْتِيهِم مِّنْ آيَةٍ مِّنْ آيَاتِ رَبِّهِمْ إِلَّا كَانُوا عَنْهَا مُعْرِضِينَ
၎င်းပြင် ထိုသူတို့ထံ ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ မည်သည့် သက်သေသာဓကလက္ခဏာမျိုးမဆို ဆိုက်ရောက်လာခဲ့သည်ရှိသော်ထိုသူတို့သည် ထိုသက်သေသာဓက လက္ခဏာတော်များမှမျက်နှာလွှဲဖယ် ကျောခိုင်းသွားကြသည်ချည်းသာတည်း။
5فَقَدْ كَذَّبُوا بِالْحَقِّ لَمَّا جَاءَهُمْ ۖ فَسَوْفَ يَأْتِيهِمْ أَنبَاءُ مَا كَانُوا بِهِ يَسْتَهْزِئُونَ
သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့ထံ အမှန်ရောက်ရှိလာသောအခါ၊ ထိုအမှန်ကိုလည်း ငြင်းပယ် လိုက်ကြလေသည်။ သို့ဖြစ်၍ ၎င်းတို့ထံ မကြာမြင့်မီ ကာလအတွင်းအကြင်အရာ၏ သတင်းမှန်သည် ရောက်လာပေမည်။ ထိုအရာ နှင့်စပ်လျဉ်း၍ ၎င်းတို့ သည် ပြက်ချော် ပြောင်လှောင်လေ့ရှိခဲ့ကြ၏။
6أَلَمْ يَرَوْا كَمْ أَهْلَكْنَا مِن قَبْلِهِم مِّن قَرْنٍ مَّكَّنَّاهُمْ فِي الْأَرْضِ مَا لَمْ نُمَكِّن لَّكُمْ وَأَرْسَلْنَا السَّمَاءَ عَلَيْهِم مِّدْرَارًا وَجَعَلْنَا الْأَنْهَارَ تَجْرِي مِن تَحْتِهِمْ فَأَهْلَكْنَاهُم بِذُنُوبِهِمْ وَأَنشَأْنَا مِن بَعْدِهِمْ قَرْنًا آخَرِينَ
ငါအရှင်မြတ်သည် ၎င်းတို့အလျင် အဘယ်မျှလောက်သော လူမျိုးတို့ကို ပျက်စီးစေတော်မူခဲ့သည်ကို ထိုသူတို့သည် မမြင်ခဲ့ကြသလော။ ငါအရှင်မြတ်သည် ထိုလူမျိုးတို့အား ကမ္ဘာမြေပြင်ဝယ် အခြေစိုက် တည်မြဲစေတော်မူခဲ့သည့်နည်းမျိုးဖြင့် အသင်တို့အား အခြေစိုက် တည်မြဲစေတော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင်တဝ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးကို သည်းထန်စွာ ရွာသွန်းစေတော်မူခဲ့၏။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူတို့၏ဥယျာဉ်များ၊ အိမ်များအောက်မှစမ်းချောင်းများကိုလည်း စီးဆင်းစေတော်မူခဲ့၏။ ထို့နောက်ငါအရှင်မြတ်သည် ယင်းသူတို့အား ယင်းသူတို့၏ပြစ်မှုဒုစရိုက်များကြောင့် ပျက်စီးစေတော်မူခဲ့လေသည်။ ၎င်းပြင်ငါအ�ျှင်မြတ် သည် ထိုသူတို့၏နောက်တွင် အခြားလူမျိုးတို့ကိုဖန်ဆင်းတော်မူခဲ့လေသတည်း။
7وَلَوْ نَزَّلْنَا عَلَيْكَ كِتَابًا فِي قِرْطَاسٍ فَلَمَسُوهُ بِأَيْدِيهِمْ لَقَالَ الَّذِينَ كَفَرُوا إِنْ هَٰذَا إِلَّا سِحْرٌ مُّبِينٌ
၎င်းပြင် အကယ်၍ ငါအရှင်မြတ်သည် အသင်၏အပေါ်သို့ စာရွက်တွင် ရေးသားထားသော ကျမ်းတစ်စောင်စောင်ကို ထုတ်ပြန်တော်မူခဲ့သော်၊ ထို့နောက် ထိုသူတို့သည်ယင်းကျမ်းကို မိမိတို့၏ လက်များဖြင့် ထိတွေ့ စမ်းသပ်ခဲ ့ကြသည်ရှိသော်၊ သို့တစေလည်း ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့ကမူ ဤသည် အလွန်ထင်ရှား သောစုန်းပယောဂဖြစ်သည် ဟူ၍ပင် မုချ ပြောဆိုကြပေမည်။
8وَقَالُوا لَوْلَا أُنزِلَ عَلَيْهِ مَلَكٌ ۖ وَلَوْ أَنزَلْنَا مَلَكًا لَّقُضِيَ الْأَمْرُ ثُمَّ لَا يُنظَرُونَ
၎င်းပြင် ထိုသူတို့က အဘယ်ကြောင့် ၎င်း (နဗီတမန်တော်)၏အထံသို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ထားခြင်း မရှိပါသနည်း ဟု ပြောဆိုကြကုန်၏။ စင်စစ်မှာမူအကယ်၍သာ ငါအရှင်မြတ်သည် ကောင်းကင်တမန်တစ်ပါးပါးကို စေလွှတ်တော်မူခဲ့ပါလျှင် အရေးကိစ္စမှာ မုချဧကန်ပြီးဆုံးသွားမည် သာဖြစ်၏။ ထို့နောက်ပိုင်းတွင် ၎င်းတို့သည်(အပြစ်ပေးခြင်းမှ အနည်းငယ်မျှ) ရွှေ့ဆိုင်းခွင့်ကို ရရှိကြလိမ့်မည် မဟုတ်ပေ။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
6အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 6

စူရာ အလ်-အန်အာမ် အာယာသ် 6 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ငါအရှင်မြတ်သည် ၎င်းတို့အလျင် အဘယ်မျှလောက်သော လူမျိုးတို့ကို ပျက်စီးစေတော်မူခဲ့သည်ကို ထိုသူတို့သည် မမြင်ခဲ့ကြသလော။ ငါအရှင်မြတ်သည် ထိုလူမျိုးတို့အား ကမ္ဘာမြေပြင်ဝယ်…

စူရာ အာယာသ် 6/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 4–8. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers