အလ်-အန်အာမ် · 7/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَلَوْ نَزَّلْنَا عَلَيْكَ كِتَابًا فِي قِرْطَاسٍ فَلَمَسُوهُ بِأَيْدِيهِمْ لَقَالَ الَّذِينَ كَفَرُوا إِنْ هَٰذَا إِلَّا سِحْرٌ مُّبِينٌ ۝٧
Wa law nazzalnaa `alaika Kitaaban fee qirtaasin falamasoohu bi aideehim laqaalal lazeena kafarooo in haazaaa illaa sihrum mubeen
📖 မြန်မာဘာသာ
၎င်းပြင် အကယ်၍ ငါအရှင်မြတ်သည် အသင်၏အပေါ်သို့ စာရွက်တွင် ရေးသားထားသော ကျမ်းတစ်စောင်စောင်ကို ထုတ်ပြန်တော်မူခဲ့သော်၊ ထို့နောက် ထိုသူတို့သည်ယင်းကျမ်းကို မိမိတို့၏ လက်များဖြင့် ထိတွေ့ စမ်းသပ်ခဲ ့ကြသည်ရှိသော်၊ သို့တစေလည်း ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့ကမူ ဤသည် အလွန်ထင်ရှား သောစုန်းပယောဂဖြစ်သည် ဟူ၍ပင် မုချ ပြောဆိုကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • قِرْطَاسٍ (ကိရ်သွာစ်) — စာရွက်၊ စက္ကူ။
  • فَلَمَسُوهُ (ဖလမသူဟု) — သူတို့သည် ထို(စာရွက်)ကို လက်ဖြင့် စမ်းသပ်ထိတွေ့ကြသည်။
  • سِحْرٌ مُّبِينٌ (သိဟ်ရုန် မုဗီးန်) — ထင်ရှားသော မှော်ပညာ။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

အို တမန်တော်၊ ငါအရှင်မြတ်သည် သင့်အပေါ် စာရွက်တစ်ခုတွင် ရေးသားထားသော ကျမ်းတော်တစ်စောင်ကို ကောင်းကင်မှ ချပေးတော်မူခဲ့ပါလျှင်၊ ထိုကျမ်းတော်ကို သူတို့ကိုယ်တိုင် မျက်စိဖြင့် မြင်တွေ့ရုံသာမက လက်ဖြင့်ပါ စမ်းသပ်ထိတွေ့၍ စာရွက်ဖြစ်ကြောင်း အခိုင်အမာ သေချာစေခဲ့ပါလျှင်လည်း၊ ကာဖိရ် မယုံကြည်သူတို့သည် မာန်မာနထောင်လွှားမှုနှင့် ခေါင်းမာမာဖြင့် “ဤအရာသည် ထင်ရှားသော မှော်ပညာမှတစ်ပါး အခြားမဟုတ်” ဟု ဆိုကြမည်သာ ဖြစ်သည်။

ဆိုလိုသည်မှာ သက်သေအထောက်အထား မည်မျှပင် ထင်ရှားပြတ်သားစေကာမူ၊ မယုံကြည်လိုသော စိတ်ဆန္ဒရှိသူများအတွက် မည်သည့်သက်သေမျှ အကျိုးမရှိနိုင်ကြောင်း ဖော်ပြခြင်းဖြစ်သည်။ သူတို့သည် အမှန်တရားကို လက်ခံလိုစိတ်မရှိဘဲ၊ အကြောင်းပြချက်များဖြင့် ရှောင်လွှဲရန် ကြိုးစားကြမည်သာ ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အစ္စလာမ်နှင့် ကုရ်အာန်ကျမ်းတော်မြတ်သည် သက်သေအထောက်အထားအပေါ် အခြေခံသော ယုံကြည်မှုကို ဖိတ်ခေါ်သည်။ ကုရ်အာန်ကျမ်းတော်သည် လူသားတို့၏ လမ်းညွှန်အဖြစ် ထင်ရှားသော အထောက်အထားများဖြင့် ရောက်ရှိလာခဲ့သည်။
  • မာန်မာနနှင့် ခေါင်းမာမှုသည် အမှန်တရားကို မြင်တွေ့ရသော်လည်း လက်မခံနိုင်အောင် ပိတ်ဆို့တားဆီးနိုင်သည်။ ထို့ကြောင့် နှိမ့်ချသော စိတ်ထားဖြင့် အမှန်တရားကို ရှာဖွေသင့်သည်။
  • ကုရ်အာန်ကျမ်းတော်မြတ်သည် မှော်ပညာမဟုတ်ဘဲ၊ လူသားတို့၏ ဘဝလမ်းစဉ်ကို ပြုပြင်ပေးသော အလင်းရောင်ဖြစ်သည်။ ထိုကျမ်းတော်ကို ဖတ်ရှုလေ့လာခြင်းဖြင့် စိတ်နှလုံးကို သန့်ရှင်းစေပြီး အမှန်တရားကို မြင်တွေ့နိုင်သည်။
  • အစ္စလာမ်သည် လူသားတို့အား သက်သေအထောက်အထားများဖြင့် ဖိတ်ခေါ်သော ဘာသာဖြစ်သည်။ ကုရ်အာန်ကျမ်းတော်မြတ်ကို လေ့လာခြင်းဖြင့် ယုံကြည်မှု တိုးပွားလာန


📜 အာယာသ် 5-9 — စူရာ အလ်-အန်အာမ်

5فَقَدْ كَذَّبُوا بِالْحَقِّ لَمَّا جَاءَهُمْ ۖ فَسَوْفَ يَأْتِيهِمْ أَنبَاءُ مَا كَانُوا بِهِ يَسْتَهْزِئُونَ
သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့ထံ အမှန်ရောက်ရှိလာသောအခါ၊ ထိုအမှန်ကိုလည်း ငြင်းပယ် လိုက်ကြလေသည်။ သို့ဖြစ်၍ ၎င်းတို့ထံ မကြာမြင့်မီ ကာလအတွင်းအကြင်အရာ၏ သတင်းမှန်သည် ရောက်လာပေမည်။ ထိုအရာ နှင့်စပ်လျဉ်း၍ ၎င်းတို့ သည် ပြက်ချော် ပြောင်လှောင်လေ့ရှိခဲ့ကြ၏။
6أَلَمْ يَرَوْا كَمْ أَهْلَكْنَا مِن قَبْلِهِم مِّن قَرْنٍ مَّكَّنَّاهُمْ فِي الْأَرْضِ مَا لَمْ نُمَكِّن لَّكُمْ وَأَرْسَلْنَا السَّمَاءَ عَلَيْهِم مِّدْرَارًا وَجَعَلْنَا الْأَنْهَارَ تَجْرِي مِن تَحْتِهِمْ فَأَهْلَكْنَاهُم بِذُنُوبِهِمْ وَأَنشَأْنَا مِن بَعْدِهِمْ قَرْنًا آخَرِينَ
ငါအရှင်မြတ်သည် ၎င်းတို့အလျင် အဘယ်မျှလောက်သော လူမျိုးတို့ကို ပျက်စီးစေတော်မူခဲ့သည်ကို ထိုသူတို့သည် မမြင်ခဲ့ကြသလော။ ငါအရှင်မြတ်သည် ထိုလူမျိုးတို့အား ကမ္ဘာမြေပြင်ဝယ် အခြေစိုက် တည်မြဲစေတော်မူခဲ့သည့်နည်းမျိုးဖြင့် အသင်တို့အား အခြေစိုက် တည်မြဲစေတော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင်တဝ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးကို သည်းထန်စွာ ရွာသွန်းစေတော်မူခဲ့၏။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူတို့၏ဥယျာဉ်များ၊ အိမ်များအောက်မှစမ်းချောင်းများကိုလည်း စီးဆင်းစေတော်မူခဲ့၏။ ထို့နောက်ငါအရှင်မြတ်သည် ယင်းသူတို့အား ယင်းသူတို့၏ပြစ်မှုဒုစရိုက်များကြောင့် ပျက်စီးစေတော်မူခဲ့လေသည်။ ၎င်းပြင်ငါအ�ျှင်မြတ် သည် ထိုသူတို့၏နောက်တွင် အခြားလူမျိုးတို့ကိုဖန်ဆင်းတော်မူခဲ့လေသတည်း။
7وَلَوْ نَزَّلْنَا عَلَيْكَ كِتَابًا فِي قِرْطَاسٍ فَلَمَسُوهُ بِأَيْدِيهِمْ لَقَالَ الَّذِينَ كَفَرُوا إِنْ هَٰذَا إِلَّا سِحْرٌ مُّبِينٌ
၎င်းပြင် အကယ်၍ ငါအရှင်မြတ်သည် အသင်၏အပေါ်သို့ စာရွက်တွင် ရေးသားထားသော ကျမ်းတစ်စောင်စောင်ကို ထုတ်ပြန်တော်မူခဲ့သော်၊ ထို့နောက် ထိုသူတို့သည်ယင်းကျမ်းကို မိမိတို့၏ လက်များဖြင့် ထိတွေ့ စမ်းသပ်ခဲ ့ကြသည်ရှိသော်၊ သို့တစေလည်း ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့ကမူ ဤသည် အလွန်ထင်ရှား သောစုန်းပယောဂဖြစ်သည် ဟူ၍ပင် မုချ ပြောဆိုကြပေမည်။
8وَقَالُوا لَوْلَا أُنزِلَ عَلَيْهِ مَلَكٌ ۖ وَلَوْ أَنزَلْنَا مَلَكًا لَّقُضِيَ الْأَمْرُ ثُمَّ لَا يُنظَرُونَ
၎င်းပြင် ထိုသူတို့က အဘယ်ကြောင့် ၎င်း (နဗီတမန်တော်)၏အထံသို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ထားခြင်း မရှိပါသနည်း ဟု ပြောဆိုကြကုန်၏။ စင်စစ်မှာမူအကယ်၍သာ ငါအရှင်မြတ်သည် ကောင်းကင်တမန်တစ်ပါးပါးကို စေလွှတ်တော်မူခဲ့ပါလျှင် အရေးကိစ္စမှာ မုချဧကန်ပြီးဆုံးသွားမည် သာဖြစ်၏။ ထို့နောက်ပိုင်းတွင် ၎င်းတို့သည်(အပြစ်ပေးခြင်းမှ အနည်းငယ်မျှ) ရွှေ့ဆိုင်းခွင့်ကို ရရှိကြလိမ့်မည် မဟုတ်ပေ။
9وَلَوْ جَعَلْنَاهُ مَلَكًا لَّجَعَلْنَاهُ رَجُلًا وَلَلَبَسْنَا عَلَيْهِم مَّا يَلْبِسُونَ
ထိုမှတစ်ပါး အကယ်၍သာ ငါအရှင်မြတ်သည်၎င်း(ရစူလ်တမန်တော်)အား ကောင်းကင်တမန် တစ်ပါးပြုလုပ်တော်မူခဲ့ပါလျှင် မုချဧကန် ငါအရှင်မြတ်သည် ထိုကောင်းကင်တမန်ကိုလည်း (ရုပ်ဆင်းသဏ္ဍာန်အားဖြင့်လူ)ယောက်ျားသာလျှင် ပြုလုပ်တော်မူမည်ဖြစ်သည်။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူတို့အား (ယခု) ထိုသူများ ယုံမှားသံသယ ဖြစ်သကဲ့သို့ပင် (ထပ်မံ၍) မုချ ယုံမှားသံသယ ဖြစ်စေတော်မူမည် ဖြစ်၏။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
7အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 7

စူရာ အလ်-အန်အာမ် အာယာသ် 7 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အကယ်၍ ငါအရှင်မြတ်သည် အသင်၏အပေါ်သို့ စာရွက်တွင် ရေးသားထားသော ကျမ်းတစ်စောင်စောင်ကို ထုတ်ပြန်တော်မူခဲ့သော်၊ ထို့နောက် ထိုသူတို့သည်ယင်းကျမ်းကို…

စူရာ အာယာသ် 7/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 5–9. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers