အလ်-မမ်တဟီနာ · 6/13
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မမ်တဟီနာ
لَقَدْ كَانَ لَكُمْ فِيهِمْ أُسْوَةٌ حَسَنَةٌ لِّمَن كَانَ يَرْجُو اللَّهَ وَالْيَوْمَ الْآخِرَ ۚ وَمَن يَتَوَلَّ فَإِنَّ اللَّهَ هُوَ الْغَنِيُّ الْحَمِيدُ ۝٦
Laqad kaana lakum feehim uswatunhasanatul liman kaana yarjul laaha wal yawmal aakhir; wa many yatawalla fa innal laaha huwal ghaniyyul hameed
📖 မြန်မာဘာသာ
ဧကန်မလွဲ အသင်တို့အဖို့ (ဝါ) အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်သူ၏အဖို့ ထို( ဆိုခဲ့ပြီး ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်)တို့၌ မွန်မြတ်လှစွာသော စံနမူနာသည်ရှိ၏။ သို့ရာတွင် မည်သူမဆို မျက်နှာလွှဲ၍ ထွက်သွားသည်ရှိသော် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်မှာမူကား လိုလားတောင့်တမှု ကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းအပ်သော ဂုဏ်ဝိသေသအပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ
  • أُسْوَةٌ (အုစ်ဝသွန်) — လိုက်နာစရာ စံပြပုံသက်သေ၊ အတုယူဖွယ်ရာ စံနမူနာ။
  • حَسَنَةٌ (ဟာစနသွန်) — ကောင်းမြတ်သော၊ လှပသော။
  • يَرْجُو (ယရ်ဂျူ) — မျှော်လင့်သည်၊ မျှော်ကိုးသည်။
  • يَتَوَلَّ (ယတဝလ္လာ) — လှည့်ထွက်သွားသည်၊ ကျောခိုင်းထွက်သွားသည်။
  • الْغَنِيُّ (အလ်ဂနီယျု) — ကြွယ်ဝတော်မူသော၊ လိုအပ်ချက်ကင်းတော်မူသော။
  • الْحَمِيدُ (အလ်ဟမီးဒု) — ချီးမွမ်းခံထိုက်တော်မူသော။
  1. အာယသ်တော်၏ အနက်အဓိပ္ပာယ်

အို မုအ်မင်န်တို့၊ တမန်တော် အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) နှင့် သူနှင့်အတူရှိသော မုအ်မင်န်များတွင် သင်တို့အတွက် ကောင်းမြတ်သော စံပြပုံသက်သေတစ်ခု ဧကန်အမှန်ရှိခဲ့သည်။ ထိုစံပြပုံသက်သေကို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို မျှော်လင့်ယုံကြည်သူများသာ အတုယူလိုက်နာကြသည်။ အကြင်သူသည် ဤကောင်းမြတ်သော စံပြပုံသက်သေမှ လှည့်ထွက်သွားပြီး အလ္လာဟ်အရှင်မြတ်၏ ရန်သူများကို မိတ်ဆွေဖွဲ့အံ့၊ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိဖန်ဆင်းထားသော ကျေးကျွန်များ၏ နာခံမှုကို လုံးဝလိုအပ်တော်မူသည် မဟုတ်ဘဲ ကြွယ်ဝလုံလောက်တော်မူသောအရှင်၊ မိမိ၏ ဇာတ်တော်နှင့် ဂုဏ်တော်များတွင်လည်းကောင်း၊ မိမိ၏ လုပ်ဆောင်ချက်တော်များတွင်လည်းကောင်း အမြဲချီးမွမ်းခံထိုက်တော်မူသောအရှင် ဖြစ်တော်မူသည်။ ကာဖိရ်တစ်ဦး၏ မယုံကြည်မှုသည်လည်းကောင်း၊ မုနာဖိက် (အယောင်ဆောင်သူ) တစ်ဦး၏ အယောင်ဆောင်မှုသည်လည်းကောင်း အလ္လာဟ်အရှင်မြတ်၏ ကြွယ်ဝပြည့်စုံတော်မူမှုကို မည်သည့်နည်းနှင့်မျှ လျော့နည်းစေနိုင်မည် မဟုတ်ပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • တမန်တော် အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) နှင့် သူ၏ အပေါင်းအဖော်များသည် မုအ်မင်န်များအတွက် အတုယူဖွယ်ရာ စံပြပုဂ္ဂိုလ်များဖြစ်ကြောင်း ဤအာယသ်တော်က သွန်သင်ပေးသည်။ သူတို့၏ ဇွဲလုံ့လ၊ စွန့်လွှတ်မှုနှင့် အလ္လာဟ်အရှင်မြတ်အပေါ် သစ္စာရှိမှုသည် ကျွန်ုပ်တို့အတွက် စံနမူနာကောင်းများ ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို မျှော်လင့်ယုံကြည်သူများသာ ဤစံပြပုံ


📜 အာယာသ် 4-8 — စူရာ အလ်-မမ်တဟီနာ

4قَدْ كَانَتْ لَكُمْ أُسْوَةٌ حَسَنَةٌ فِي إِبْرَاهِيمَ وَالَّذِينَ مَعَهُ إِذْ قَالُوا لِقَوْمِهِمْ إِنَّا بُرَآءُ مِنكُمْ وَمِمَّا تَعْبُدُونَ مِن دُونِ اللَّهِ كَفَرْنَا بِكُمْ وَبَدَا بَيْنَنَا وَبَيْنَكُمُ الْعَدَاوَةُ وَالْبَغْضَاءُ أَبَدًا حَتَّىٰ تُؤْمِنُوا بِاللَّهِ وَحْدَهُ إِلَّا قَوْلَ إِبْرَاهِيمَ لِأَبِيهِ لَأَسْتَغْفِرَنَّ لَكَ وَمَا أَمْلِكُ لَكَ مِنَ اللَّهِ مِن شَيْءٍ ۖ رَّبَّنَا عَلَيْكَ تَوَكَّلْنَا وَإِلَيْكَ أَنَبْنَا وَإِلَيْكَ الْمَصِيرُ
ဧကန်အမှန် အသင်တို့အဖို့ (နဗီတမန်တော်) `အိဗ်ရာဟီမ်` ၌လည်းကောင်း၊ ထို(နဗီတမန်တော်) အိဗ်ရာဟီမ်နှင့်အတူရှိခဲ့ကြသော သူတို့၌လည်းကောင်း၊ မွန်မြတ်လှစွာသော စံနမူနာသည် ရှိပေသည်။ တစ်ရံရောအခါဝယ် ၎င်းတို့သည် မိမိတို့၏ အမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့ကြကုန်၏။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့နှင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ ဆည်းကပ်ကိုးကွယ်ကြသော အရာများနှင့်လည်းကောင်း၊ မပတ်သက်သူများပင် ဖြစ်ကြ၏။ ကျွန်ုပ်တို့သည် အသင်တို့အား ငြင်းပယ်လိုက်ကြပြီ။ အသင်တို့သည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အား မယုံကြည်သမျှ ကာလပတ်လုံး ကျွန်ုပ်တို့နှင့် အသင်တို့၏အကြား၌ ရန်ငြိုးသည်လည်းကောင်း၊ မုန်းတီးမှုသည်လည်းကောင်း၊ အမြဲမပြတ် ဖြစ်ပေါ်လျက် ရှိနေမည်သာ။ သို့ရာတွင်(နဗီတမန်တော်) အိဗ်ရာဟီဗ်သည် မိမိ၏ဖခင်အား ‘မုချဧကန် ကျွန်ုပ်သည် အသင့်အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် အသင်နှင့်ပတ်သက်၍ ကျွန်ုပ် တစ်စုံတစ်ရာမျှပင် အခွင့်အာဏာပိုင်ဆိုင်ခြင်း မရှိပြီ’ ဟူသော(နဗီတမန်တော်) ‘အိဗ်ရာဟီမ်’၏ ပြောဆို (ကတိပြု)ချက်မှတစ်ပါး(ယင်းသည့်အချက်ကိုမူကား အသင်တို့သည် လိုက်နာခြင်းမပြုကြရ)။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ် အပေါ်၌သာလျှင် ယုံပုံ လွှဲအပ်ကြပါပြီ။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် အရှင်မြတ်ဘက်သို့ သာလျှင် ပြန်လှည့်ကြပါပြီ။ ထိုမှတစ်ပါး နောက်ဆုံး ပြန်လည်ရာစခန်းမှာ အရှင်မြတ်အထံတော်၌ပင် ဖြစ်ပါသည်။
5رَبَّنَا لَا تَجْعَلْنَا فِتْنَةً لِّلَّذِينَ كَفَرُوا وَاغْفِرْ لَنَا رَبَّنَا ۖ إِنَّكَ أَنتَ الْعَزِيزُ الْحَكِيمُ
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့၏ ဖိစီးနှိပ်စက်မှု ခံကြသောသူများ ပြုလုပ်တော်မမူပါနှင့်။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(ပြစ်မှုဒုစရိုက်များ)ကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူပါ။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ အရှင်မြတ်သည်သာလျှင် အလွန်တရာ ခန့်ညားတော်မူသောအရှင်၊ သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပါ၏။
6لَقَدْ كَانَ لَكُمْ فِيهِمْ أُسْوَةٌ حَسَنَةٌ لِّمَن كَانَ يَرْجُو اللَّهَ وَالْيَوْمَ الْآخِرَ ۚ وَمَن يَتَوَلَّ فَإِنَّ اللَّهَ هُوَ الْغَنِيُّ الْحَمِيدُ
ဧကန်မလွဲ အသင်တို့အဖို့ (ဝါ) အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်သူ၏အဖို့ ထို( ဆိုခဲ့ပြီး ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်)တို့၌ မွန်မြတ်လှစွာသော စံနမူနာသည်ရှိ၏။ သို့ရာတွင် မည်သူမဆို မျက်နှာလွှဲ၍ ထွက်သွားသည်ရှိသော် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်မှာမူကား လိုလားတောင့်တမှု ကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းအပ်သော ဂုဏ်ဝိသေသအပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
7۞ عَسَى اللَّهُ أَن يَجْعَلَ بَيْنَكُمْ وَبَيْنَ الَّذِينَ عَادَيْتُم مِّنْهُم مَّوَدَّةً ۚ وَاللَّهُ قَدِيرٌ ۚ وَاللَّهُ غَفُورٌ رَّحِيمٌ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှင့် အသင်တို့၏ရန်ဘက်များဖြစ်ကြသော သူတို့၏အကြားဝယ် ချစ်ခင်မှုကို စီမံဖန်တီးပေးတော်မူမည် ဖြစ်တန်ရာ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာရာကို အကြွင်းမဲ့ စွမ်းနိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။
8لَّا يَنْهَاكُمُ اللَّهُ عَنِ الَّذِينَ لَمْ يُقَاتِلُوكُمْ فِي الدِّينِ وَلَمْ يُخْرِجُوكُم مِّن دِيَارِكُمْ أَن تَبَرُّوهُمْ وَتُقْسِطُوا إِلَيْهِمْ ۚ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သူတို့ကို ကျေးဇူးပြုခြင်းမှလည်းကောင်း၊ တရားမျှတစွာ ဆက်ဆံခြင်းမှလည်းကောင်း၊ တားမြစ်တော်မူသည် မဟုတ်ပေ။ထိုသူတို့သည် အသင်တို့အား "ဒီန်" သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည်လည်း မဟုတ်ပေ။ အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြသည်လည်း မဟုတ်ပေ။ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူတို့အား နှစ်သက်ချစ်တော်မူ၏။
အလ်-မမ်တဟီနာကုရ်အာန် ညွှန်းကိန်း
13အာယာသ်
MedinanRevelation
6အာယာသ်

ဘာသာပြန် — အလ်-မမ်တဟီနာ 6

စူရာ အလ်-မမ်တဟီနာ အာယာသ် 6 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်မလွဲ အသင်တို့အဖို့ (ဝါ) အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်သူ၏အဖို့ ထို( ဆိုခဲ့ပြီး ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်)တို့၌…

စူရာ အာယာသ် 6/13 — စူရာ အလ်-မမ်တဟီနာ الممتحنة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မမ်တဟီနာ နားထောင်, စူရာ အလ်-မမ်တဟီနာ ဘာသာပြန်, စူရာ အလ်-မမ်တဟီနာ mp3, စူရာ အလ်-မမ်တဟီနာ pdf. အာယာသ် 4–8. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers