အလ်-မမ်တဟီနာ · 5/13
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မမ်တဟီနာ
رَبَّنَا لَا تَجْعَلْنَا فِتْنَةً لِّلَّذِينَ كَفَرُوا وَاغْفِرْ لَنَا رَبَّنَا ۖ إِنَّكَ أَنتَ الْعَزِيزُ الْحَكِيمُ ۝٥
Rabbana laa taj`alnaa fitnatal lillazeena kafaroo waghfir lanaa rabbanaa innaka antal azeezul hakeem
📖 မြန်မာဘာသာ
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့၏ ဖိစီးနှိပ်စက်မှု ခံကြသောသူများ ပြုလုပ်တော်မမူပါနှင့်။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(ပြစ်မှုဒုစရိုက်များ)ကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူပါ။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ အရှင်မြတ်သည်သာလျှင် အလွန်တရာ ခန့်ညားတော်မူသောအရှင်၊ သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပါ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • فِتْنَةً (ဖိတ်နသ်): စမ်းသပ်မှု၊ ဒုက္ခအခက်အခဲ၊ လမ်းလွဲစေသောအရာ၊ သူတစ်ပါးအတွက် သင်ခန်းစာဖြစ်စေသောအရာ။ ဤနေရာတွင် မွတ်စ်လင်မ်များသည် ကာဖိရ်များ၏ လက်အောက်ခံဖြစ်ရခြင်း၊ သူတို့၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံရခြင်းအားဖြင့် ကာဖိရ်များက "ဤမွတ်စ်လင်မ်များသည် အကယ်၍ အမှန်တရားပေါ်တွင်ရှိပါက ဤကဲ့သို့ အရေးနိမ့်ခံရမည်မဟုတ်" ဟု ဆိုကာ သူတို့၏ ကုဖ်ရ်ကို တိုးပွားစေသော အကြောင်းအရာကို ဆိုလိုသည်။
  • وَاغْفِرْ لَنَا (ဝဂ်ဖိရ် လနာ): ကျွန်ုပ်တို့၏ အပြစ်များကို ဖုံးအုပ်ခွင့်လွှတ်ပေးပါ။
  • الْعَزِيزُ (အလ်အဇီဇ်): မည်သူမျှ အနိုင်မယူနိုင်သော၊ အလွန်တန်ခိုးကြီးသော။
  • الْحَكِيمُ (အလ်ဟကီမ်): ဉာဏ်ပညာနှင့်ပြည့်စုံသော၊ အရာခပ်သိမ်းကို မှန်ကန်စွာ စီမံခန့်ခွဲသော။
  1. အာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်သည် အီမာန်ရှင်များက သူတို့၏ အရှင်သခင်ထံ ဆုတောင်းပန်ကြားသော စကားဖြစ်သည်။ သူတို့က "အို ကျွန်ုပ်တို့၏ အရှင်၊ ကျွန်ုပ်တို့အား ကာဖိရ်များအတွက် စမ်းသပ်မှုတစ်ခု မဖြစ်စေပါနှင့်" ဟု ဆိုကြသည်။ ဆိုလိုသည်မှာ ကာဖိရ်များသည် မွတ်စ်လင်မ်များအပေါ် အောင်ပွဲရကာ သူတို့အား နှိပ်စက်ညှဉ်းပန်းခြင်း၊ သို့မဟုတ် သူတို့၏ ဒီန်သာသနာမှ လမ်းလွဲစေခြင်းများ မဖြစ်စေရန် ဖြစ်သည်။ အကယ်၍ ကာဖိရ်များသည် မွတ်စ်လင်မ်များအပေါ် အောင်ပွဲရပါက "ဤသူများသည် အကယ်၍ အမှန်တရားပေါ်တွင်ရှိပါက ငါတို့၏ လက်အောက်သို့ ရောက်ရှိမည်မဟုတ်" ဟု ဆိုကာ သူတို့၏ ကုဖ်ရ်နှင့် မောက်မာမှုကို ပို၍ တိုးပွားစေမည်ဖြစ်သည်။ ထို့ကြောင့် မွတ်စ်လင်မ်များသည် ဤကဲ့သို့သော အခြေအနေမျိုး မဖြစ်ပေါ်စေရန် အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံကြသည်။

ထို့နောက် သူတို့က "အို ကျွန်ုပ်တို့၏ အရှင်၊ ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ" ဟု ဆုတောင်းကြသည်။ အကြောင်းမှာ အပြစ်များသည် ကပ်ဘေးနှင့် ရန်သူများ၏ လွှမ်းမိုးမှုကို ဖြစ်စေသော အကြောင်းရင်းများဖြစ်သည်။ ထို့နောက် သူတို့က အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်နှစ်ပါးဖြစ်သော "အလ်အဇီဇ်" (မည်သူမျှ အနိုင်မယူနိုင်သော၊ တန်ခိုးကြီးသော) နှင့် "အလ်ဟကီမ်" (ဉာဏ်ပည



📜 အာယာသ် 3-7 — စူရာ အလ်-မမ်တဟီနာ

3لَن تَنفَعَكُمْ أَرْحَامُكُمْ وَلَا أَوْلَادُكُمْ ۚ يَوْمَ الْقِيَامَةِ يَفْصِلُ بَيْنَكُمْ ۚ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
အသင်တို့၏ ဆွေမျိုးနီးစပ်မှုတို့သည် လည်းကောင်း၊ အသင်တို့၏ သားသမီးတို့သည် လည်းကောင်း၊’ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် အသင်တို့အား အလျှင်း အကျိုးပေးကြမည်မဟုတ်ပေ။ ထိုအရှင်မြတ်သည် အသင်တို့၏အကြား၌ စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
4قَدْ كَانَتْ لَكُمْ أُسْوَةٌ حَسَنَةٌ فِي إِبْرَاهِيمَ وَالَّذِينَ مَعَهُ إِذْ قَالُوا لِقَوْمِهِمْ إِنَّا بُرَآءُ مِنكُمْ وَمِمَّا تَعْبُدُونَ مِن دُونِ اللَّهِ كَفَرْنَا بِكُمْ وَبَدَا بَيْنَنَا وَبَيْنَكُمُ الْعَدَاوَةُ وَالْبَغْضَاءُ أَبَدًا حَتَّىٰ تُؤْمِنُوا بِاللَّهِ وَحْدَهُ إِلَّا قَوْلَ إِبْرَاهِيمَ لِأَبِيهِ لَأَسْتَغْفِرَنَّ لَكَ وَمَا أَمْلِكُ لَكَ مِنَ اللَّهِ مِن شَيْءٍ ۖ رَّبَّنَا عَلَيْكَ تَوَكَّلْنَا وَإِلَيْكَ أَنَبْنَا وَإِلَيْكَ الْمَصِيرُ
ဧကန်အမှန် အသင်တို့အဖို့ (နဗီတမန်တော်) `အိဗ်ရာဟီမ်` ၌လည်းကောင်း၊ ထို(နဗီတမန်တော်) အိဗ်ရာဟီမ်နှင့်အတူရှိခဲ့ကြသော သူတို့၌လည်းကောင်း၊ မွန်မြတ်လှစွာသော စံနမူနာသည် ရှိပေသည်။ တစ်ရံရောအခါဝယ် ၎င်းတို့သည် မိမိတို့၏ အမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့ကြကုန်၏။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့နှင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ ဆည်းကပ်ကိုးကွယ်ကြသော အရာများနှင့်လည်းကောင်း၊ မပတ်သက်သူများပင် ဖြစ်ကြ၏။ ကျွန်ုပ်တို့သည် အသင်တို့အား ငြင်းပယ်လိုက်ကြပြီ။ အသင်တို့သည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အား မယုံကြည်သမျှ ကာလပတ်လုံး ကျွန်ုပ်တို့နှင့် အသင်တို့၏အကြား၌ ရန်ငြိုးသည်လည်းကောင်း၊ မုန်းတီးမှုသည်လည်းကောင်း၊ အမြဲမပြတ် ဖြစ်ပေါ်လျက် ရှိနေမည်သာ။ သို့ရာတွင်(နဗီတမန်တော်) အိဗ်ရာဟီဗ်သည် မိမိ၏ဖခင်အား ‘မုချဧကန် ကျွန်ုပ်သည် အသင့်အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် အသင်နှင့်ပတ်သက်၍ ကျွန်ုပ် တစ်စုံတစ်ရာမျှပင် အခွင့်အာဏာပိုင်ဆိုင်ခြင်း မရှိပြီ’ ဟူသော(နဗီတမန်တော်) ‘အိဗ်ရာဟီမ်’၏ ပြောဆို (ကတိပြု)ချက်မှတစ်ပါး(ယင်းသည့်အချက်ကိုမူကား အသင်တို့သည် လိုက်နာခြင်းမပြုကြရ)။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် အရှင်မြတ် အပေါ်၌သာလျှင် ယုံပုံ လွှဲအပ်ကြပါပြီ။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် အရှင်မြတ်ဘက်သို့ သာလျှင် ပြန်လှည့်ကြပါပြီ။ ထိုမှတစ်ပါး နောက်ဆုံး ပြန်လည်ရာစခန်းမှာ အရှင်မြတ်အထံတော်၌ပင် ဖြစ်ပါသည်။
5رَبَّنَا لَا تَجْعَلْنَا فِتْنَةً لِّلَّذِينَ كَفَرُوا وَاغْفِرْ لَنَا رَبَّنَا ۖ إِنَّكَ أَنتَ الْعَزِيزُ الْحَكِيمُ
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့၏ ဖိစီးနှိပ်စက်မှု ခံကြသောသူများ ပြုလုပ်တော်မမူပါနှင့်။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏(ပြစ်မှုဒုစရိုက်များ)ကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူပါ။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ အရှင်မြတ်သည်သာလျှင် အလွန်တရာ ခန့်ညားတော်မူသောအရှင်၊ သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပါ၏။
6لَقَدْ كَانَ لَكُمْ فِيهِمْ أُسْوَةٌ حَسَنَةٌ لِّمَن كَانَ يَرْجُو اللَّهَ وَالْيَوْمَ الْآخِرَ ۚ وَمَن يَتَوَلَّ فَإِنَّ اللَّهَ هُوَ الْغَنِيُّ الْحَمِيدُ
ဧကန်မလွဲ အသင်တို့အဖို့ (ဝါ) အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်သူ၏အဖို့ ထို( ဆိုခဲ့ပြီး ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်)တို့၌ မွန်မြတ်လှစွာသော စံနမူနာသည်ရှိ၏။ သို့ရာတွင် မည်သူမဆို မျက်နှာလွှဲ၍ ထွက်သွားသည်ရှိသော် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်မှာမူကား လိုလားတောင့်တမှု ကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းအပ်သော ဂုဏ်ဝိသေသအပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
7۞ عَسَى اللَّهُ أَن يَجْعَلَ بَيْنَكُمْ وَبَيْنَ الَّذِينَ عَادَيْتُم مِّنْهُم مَّوَدَّةً ۚ وَاللَّهُ قَدِيرٌ ۚ وَاللَّهُ غَفُورٌ رَّحِيمٌ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှင့် အသင်တို့၏ရန်ဘက်များဖြစ်ကြသော သူတို့၏အကြားဝယ် ချစ်ခင်မှုကို စီမံဖန်တီးပေးတော်မူမည် ဖြစ်တန်ရာ၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာရာကို အကြွင်းမဲ့ စွမ်းနိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။
အလ်-မမ်တဟီနာကုရ်အာန် ညွှန်းကိန်း
13အာယာသ်
MedinanRevelation
5အာယာသ်

ဘာသာပြန် — အလ်-မမ်တဟီနာ 5

စူရာ အလ်-မမ်တဟီနာ အာယာသ် 5 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့၏ ဖိစီးနှိပ်စက်မှု ခံကြသောသူများ ပြုလုပ်တော်မမူပါနှင့်။ ထိုမှတစ်ပါး…

စူရာ အာယာသ် 5/13 — စူရာ အလ်-မမ်တဟီနာ الممتحنة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မမ်တဟီနာ နားထောင်, စူရာ အလ်-မမ်တဟီနာ ဘာသာပြန်, စူရာ အလ်-မမ်တဟီနာ mp3, စူရာ အလ်-မမ်တဟီနာ pdf. အာယာသ် 3–7. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers