အတ်-တဟ်ရီးမ် · 6/12
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တဟ်ရီးမ်
يَا أَيُّهَا الَّذِينَ آمَنُوا قُوا أَنفُسَكُمْ وَأَهْلِيكُمْ نَارًا وَقُودُهَا النَّاسُ وَالْحِجَارَةُ عَلَيْهَا مَلَائِكَةٌ غِلَاظٌ شِدَادٌ لَّا يَعْصُونَ اللَّهَ مَا أَمَرَهُمْ وَيَفْعَلُونَ مَا يُؤْمَرُونَ ۝٦
Yaaa ayyuhal lazeena samanoo qooo anfusakum wa ahleekum naaranw waqoodu han naasu wal hijaaratu `alaihaa malaaa`ikatun ghilaazun shidaadul laa ya`soonal laaha maa amarahum wa yaf`aloona maa yu`maroon
📖 မြန်မာဘာသာ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ကိုယ်များကိုလည်းကောင်း၊ မိမိတို့၏ အိမ်သူအိမ်သားတို့ကိုလည်းကောင်း၊ (ငရဲ)မီး (ဘေး)မှ ကင်းလွတ်စေကြလေကုန်။ ယင်း(ငရဲ)မီး၏ လောင်စာများမှာ လူများနှင့်ကျောက်တုံးများ ဖြစ်ကြ၏။ ယင်း(ငရဲ)မီး၌ ညှာတာမှုကင်းမဲ့၊ စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသော၊ လွန်စွာပြင်းထန် ကြံ့ခိုင်သော "မလာအိကဟ်" ကောင်းကင်တမန်များသည် (စောင့်ကြပ်လျက်)ရှိကြကုန်၏။ ထို "မလာအိကဟ်" ကောင်းကင်တမန်တို့မှာ အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်က ၎င်းတို့ကို ပေးတော်မူသော အမိန့်တော်နှင့်စပ်လျဉ်း၍ ဖီဆန်ကြသည် မရှိသည့်အပြင် မိမိတို့ အမိန့်ပေးတော်မူခြင်း ခံကြရသည်ကို (မဆိုင်း မတွ) ပြုလုပ် ဆောင်ရွက်လေ့ရှိကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းစကားလုံးများ၏ အဓိပ္ပာယ်များ
  • ကُوا (ကူး) — ကာကွယ်ကြပါ၊ လွတ်မြောက်စေကြပါ။
  • အန္ဖုသကုမ် (အန်ဖုစကုမ်) — မိမိတို့ကိုယ်ကို။
  • အဟ်လီကုမ် (အဟ်လီကုမ်) — မိမိတို့၏ မိသားစု၊ သားမယားအဆွေအမျိုး။
  • ဝကူဒုဟာ (ဝကူဒုဟာ) — ထင်းလောင်စာ။
  • ဟိဂျာရဟ် (ဟိဂျာရဟ်) — ကျောက်တုံးများ။
  • မာလာအိကဟ် (မာလာအိကဟ်) — ကောင်းကင်တမန်များ။
  • ဂိလာဇ် (ဂိလာဇ်) — ကြမ်းတမ်းခက်ထန်သော။
  • ရှိဒါဒ် (ရှိဒါဒ်) — အလွန်ပြင်းထန်သော၊ ခွန်အားကြီးသော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်ကို ယုံကြည်ပြီး ရှရီအသ်တရားတော်အတိုင်း ကျင့်သုံးသူများအနေဖြင့် မိမိတို့ကိုယ်ကိုလည်းကောင်း၊ မိမိတို့၏ မိသားစုဝင်များကိုလည်းကောင်း မီးအန္တရာယ်မှ ကာကွယ်ကြပါ။ ထိုမီးသည် လူသားများနှင့် ကျောက်တုံးများကို ထင်းအဖြစ် အသုံးပြု၍ တောက်လောင်နေသော ငရဲမီးဖြစ်သည်။ ထိုမီးကို ကြီးကြပ်စောင့်ရှောက်ရန် ကောင်းကင်တမန်များရှိကြသည်။ သူတို့သည် ခက်ထန်ကြမ်းတမ်းပြီး ပြင်းထန်သော သဘောရှိကြသည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည့် မည်သည့်အမိန့်ကိုမျှ မဖီဆန်ကြဘဲ၊ မိမိတို့အား ညွှန်ကြားသည့်အတိုင်း အတိအကျ လိုက်နာဆောင်ရွက်ကြသည်။

မိမိကိုယ်ကို ကာကွယ်ခြင်းမှာ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည့် ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်ခြင်း၊ တားမြစ်တော်မူသည့် အပြစ်များကို ရှောင်ကြဉ်ခြင်းဖြင့် ဖြစ်သည်။ မိသားစုကို ကာကွယ်ခြင်းမှာ သူတို့အား အီမာန်နှင့် အစ္စလာမ့်ပညာရေးကို သင်ကြားပေးခြင်း၊ ကောင်းသောအကျင့်ကို လမ်းညွှန်ခြင်း၊ မကောင်းမှုမှ တားဆီးခြင်းဖြင့် ဖြစ်သည်။ ဤအာယသ်တော်သည် အီမာန်သက်ဝင်သူများအား သတိပေးနှိုးဆော်ချက်ဖြစ်ပြီး၊ အီမာန်မှ လွဲချော်ခြင်း၏ အန္တရာယ်ကို ရှင်းလင်းစွာ ဖော်ပြထားသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အစ္စလာမ်သည် တစ်ဦးချင်းသာမက မိသားစုတစ်ခုလုံး၏ ကောင်းကျိုးကို ဂရုစိုက်သော သာသနာဖြစ်ကြောင်း သိရှိရသည်။
  • မိမိကိုယ်ကိုရော မိသားစုကိုပါ ငရဲမီးမှ ကာကွယ်ရန် တာဝန်ရှိကြောင်း နားလည်ရသည်။
  • မိသားစုကို အီမာန်နှင


📜 အာယာသ် 4-8 — စူရာ အတ်-တဟ်ရီးမ်

4إِن تَتُوبَا إِلَى اللَّهِ فَقَدْ صَغَتْ قُلُوبُكُمَا ۖ وَإِن تَظَاهَرَا عَلَيْهِ فَإِنَّ اللَّهَ هُوَ مَوْلَاهُ وَجِبْرِيلُ وَصَالِحُ الْمُؤْمِنِينَ ۖ وَالْمَلَائِكَةُ بَعْدَ ذَٰلِكَ ظَهِيرٌ
အကယ်၍ အသင်(ကြင်ရာတော်)နှစ်ပါး တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ဝန်ချ တောင်းပန်ခဲ့ကြပါလျှင် (အသင်တို့အဖို့ ကောင်း၏။ အဘယ်ကြောင့်ဆိုသော်)စင်စစ်မှာကား အသင်တို့နှစ်ဦး၏ စိတ်နှလုံးမှာ (တမန်တော်မြတ် မနှစ်မြို့သော အရာဘက်သို့) ယိမ်းညွှတ်လျက် ရှိနေခဲ့၏။ သို့ရာတွင် အကယ်၍ အသင်တို့နှစ်ဦးသည် ထိုနဗီတမန်တော်မြတ်နှင့် ဆန့်ကျင်၍ အချင်းချင်း ရိုင်းပင်းကူညီလျက် ရှိကြပါလျှင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား ကာကွယ် စောင့်ရှောက်တော်မူမည့် အဆွေခင်ပွန်း ဖြစ်တော်မူသည်။ ထို့ပြင်တဝ ကောင်းကင်တမန် ‘ဂျစ်ဗ်ရီလ်’သည်လည်းကောင်း၊ ထိုနဗီတမန်တော်မြတ်အား ကာကွယ်စောင့်ရှောက်သော အဆွေခင်ပွန်းများ ဖြစ်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့အပြင် ‘မလာအိကဟ်’ ကောင်းကင်တမန်တို့သည်လည်း ရိုင်းပင်းကူညီသူများပင် ဖြစ်ကြကုန်၏။
5عَسَىٰ رَبُّهُ إِن طَلَّقَكُنَّ أَن يُبْدِلَهُ أَزْوَاجًا خَيْرًا مِّنكُنَّ مُسْلِمَاتٍ مُّؤْمِنَاتٍ قَانِتَاتٍ تَائِبَاتٍ عَابِدَاتٍ سَائِحَاتٍ ثَيِّبَاتٍ وَأَبْكَارًا
အကယ်၍ ထိုနဗီတမန်တော်မြတ်သည် အသင်တို့အား ကွာရှင်းခဲ့ပါလျှင် ထိုနဗီတမန်တော်မြတ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့အစား ထိုနဗီတမန်တော်မြတ်အား အသင်တို့ထက် ပိုမို၍ထွတ်မြတ်သော’မွတ်စ်လင်မ်’ မိန်းမများ၊ ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သော မိန်းမများ၊ အမိန့်ကိုနာခံသော မိန်းမများ၊ ဝန်ချတောင်းပန်ကြသော မိန်းမများ၊ ဝတ်ပြုသောမိန်းမများ၊ ဥပုသ်သီလ ဆောက်တည်သော မိန်းမများ၊ အအိုများနှင့် အပျိုများကို ပေးတော်မူအံ့သတည်း။
6يَا أَيُّهَا الَّذِينَ آمَنُوا قُوا أَنفُسَكُمْ وَأَهْلِيكُمْ نَارًا وَقُودُهَا النَّاسُ وَالْحِجَارَةُ عَلَيْهَا مَلَائِكَةٌ غِلَاظٌ شِدَادٌ لَّا يَعْصُونَ اللَّهَ مَا أَمَرَهُمْ وَيَفْعَلُونَ مَا يُؤْمَرُونَ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ကိုယ်များကိုလည်းကောင်း၊ မိမိတို့၏ အိမ်သူအိမ်သားတို့ကိုလည်းကောင်း၊ (ငရဲ)မီး (ဘေး)မှ ကင်းလွတ်စေကြလေကုန်။ ယင်း(ငရဲ)မီး၏ လောင်စာများမှာ လူများနှင့်ကျောက်တုံးများ ဖြစ်ကြ၏။ ယင်း(ငရဲ)မီး၌ ညှာတာမှုကင်းမဲ့၊ စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသော၊ လွန်စွာပြင်းထန် ကြံ့ခိုင်သော "မလာအိကဟ်" ကောင်းကင်တမန်များသည် (စောင့်ကြပ်လျက်)ရှိကြကုန်၏။ ထို "မလာအိကဟ်" ကောင်းကင်တမန်တို့မှာ အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်က ၎င်းတို့ကို ပေးတော်မူသော အမိန့်တော်နှင့်စပ်လျဉ်း၍ ဖီဆန်ကြသည် မရှိသည့်အပြင် မိမိတို့ အမိန့်ပေးတော်မူခြင်း ခံကြရသည်ကို (မဆိုင်း မတွ) ပြုလုပ် ဆောင်ရွက်လေ့ရှိကြကုန်၏။
7يَا أَيُّهَا الَّذِينَ كَفَرُوا لَا تَعْتَذِرُوا الْيَوْمَ ۖ إِنَّمَا تُجْزَوْنَ مَا كُنتُمْ تَعْمَلُونَ
အို-"ကာဖိရ်" သွေဖည်ငြင်းပယ်သူအပေါင်းတို့၊ ယနေ့ အသင်တို့သည် (မည်သို့မျှ) အကြောင်း မပြကြကုန်လင့်။ အသင်တို့သည် မိမိတို့ ကျင့်မူနေခဲ့ကြသော (အမှုကိစ္စ)နှင့် စပ်လျဉ်း၍သာ အစားပေးခြင်းကို ခံနေကြရခြင်း ဖြစ်သည်။
8يَا أَيُّهَا الَّذِينَ آمَنُوا تُوبُوا إِلَى اللَّهِ تَوْبَةً نَّصُوحًا عَسَىٰ رَبُّكُمْ أَن يُكَفِّرَ عَنكُمْ سَيِّئَاتِكُمْ وَيُدْخِلَكُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ يَوْمَ لَا يُخْزِي اللَّهُ النَّبِيَّ وَالَّذِينَ آمَنُوا مَعَهُ ۖ نُورُهُمْ يَسْعَىٰ بَيْنَ أَيْدِيهِمْ وَبِأَيْمَانِهِمْ يَقُولُونَ رَبَّنَا أَتْمِمْ لَنَا نُورَنَا وَاغْفِرْ لَنَا ۖ إِنَّكَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ စစ်မှန်သော ဝန်ချ တောင်းပန်ခြင်းမျိုးဖြင့် ဝန်ချ တောင်းပန်ကြလေကုန်။ (သို့ပြုလုပ်ခြင်းအားဖြင့်)အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့၏ ပြစ်မှုဒုစရိုက်များကို အသင်တို့မှ ပပျောက်စေတော်မူမည့်ပြင် အသင်တို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူတန်ရာ၏။ ယင်းဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ အကြင်နေ့ကို(သတိရရှိကြလေကုန်၊) ထိုနေ့တွင်အလ္လာဟ်အရှင်မြတ်သည် နဗီ တမန်တော်မြတ်အား လည်းကောင်း၊ ထိုနဗီတမန်တော်မြတ်နှင့်အတူ သက်ဝင် ယုံကြည်ခဲ့ကြသောသူတို့အား လည်းကောင်း၊ ကျိုးယုတ်ရှက်ရ ဖြစ်စေတော်မူမည် မဟုတ်ပေ။ ၎င်းတို့၏ အလင်းရောင်မှာ ၎င်းတို့၏ ရှေ့၌လည်းကောင်း၊ လယ်ယာဘက်များ၌လည်း ကောင်း၊ ပြေးလျက် ရှိပေမည်။ ၎င်းတို့မှာ(ဤသို့)လျှောက်ထား ပန်ကြားလျက်ရှိကြမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ကျွန်တော်မျိုးတို့၏အလင်းရောင်ကို အဆုံးတိုင်အောင် ထားရှိတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ခွင့်လွှတ်တော်မူပါ၊ ဧကန်မလွဲ အရှင်မြတ်သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။
အတ်-တဟ်ရီးမ်ကုရ်အာန် ညွှန်းကိန်း
12အာယာသ်
MedinanRevelation
6အာယာသ်

ဘာသာပြန် — အတ်-တဟ်ရီးမ် 6

စူရာ အတ်-တဟ်ရီးမ် အာယာသ် 6 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ကိုယ်များကိုလည်းကောင်း၊ မိမိတို့၏ အိမ်သူအိမ်သားတို့ကိုလည်းကောင်း၊ (ငရဲ)မီး (ဘေး)မှ ကင်းလွတ်စေကြလေကုန်။ ယင်း(ငရဲ)မီး၏…

စူရာ အာယာသ် 6/12 — စူရာ အတ်-တဟ်ရီးမ် التحريم (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တဟ်ရီးမ် နားထောင်, စူရာ အတ်-တဟ်ရီးမ် ဘာသာပြန်, စူရာ အတ်-တဟ်ရီးမ် mp3, စူရာ အတ်-တဟ်ရီးမ် pdf. အာယာသ် 4–8. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers