အလ်-အာအ်ရာဖ် · 194/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
إِنَّ الَّذِينَ تَدْعُونَ مِن دُونِ اللَّهِ عِبَادٌ أَمْثَالُكُمْ ۖ فَادْعُوهُمْ فَلْيَسْتَجِيبُوا لَكُمْ إِن كُنتُمْ صَادِقِينَ ۝١٩٤
Innal lazeena tad`oona min doonil laahi `ibaadun amsaalukum fad`oohum fal yastajeeboo lakum in kuntum saadiqeen
📖 မြန်မာဘာသာ
ဧကန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှအပ ဟစ်ခေါ် (ကိုးကွယ်ဆည်းကပ်) ကြကုန်သောအရာတို့မှာလည်း အသင်တို့ကဲ့သို့ပင် ကျွန်များ(အဖန်ဆင်းခံများ)သာလျှင်ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ အသင်တို့သည် အကယ်၍သာ ဟုတ်တိုင်းမှန်ရာ ပြောဆိုသူများဖြစ်ကြပါလျှင် အသင်တို့သည် ၎င်းတို့အားဟစ်ခေါ်ကြလေကုန်။ တစ်ဖန်4င်းတို့သည် (လည်း)အသင်တို့အား ပြန်၍ထူးကြပါစေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်

  • تَدْعُونَ (တဒ်အူန) — သင်တို့ ဟစ်ခေါ်ကိုးကွယ်ကြသည်။
  • مِن دُونِ اللَّهِ (မိန်ဒူနိလ္လာဟ်) — အလ္လာဟ်အရှင်မြတ်ကို စွန့်၍ အခြားအရာများကို ဆိုလိုသည်။
  • عِبَادٌ (အိဗာဒုန်) — ကျေးကျွန်များ၊ ဖန်ဆင်းခံများ။
  • أَمْثَالُكُمْ (အမ်စာလုကုမ်) — သင်တို့နှင့် တူညီသူများ။
  • فَادْعُوهُمْ (ဖဒ်အူဟုမ်) — သို့ဖြစ်လျှင် သင်တို့သည် ထိုအရာများကို ဟစ်ခေါ်ကြပါ။
  • فَلْيَسْتَجِيبُوا لَكُمْ (ဖလ်ယပ်စ်သဂျီဗူလကုမ်) — သူတို့သည် သင်တို့အား တုံ့ပြန်ဖြေကြားကြပါစေ။
  • إِن كُنتُمْ صَادِقِينَ (အင်ကုန်တုမ် ဆွာဒိကီးန) — အကယ်၍ သင်တို့သည် မှန်ကန်သူများဖြစ်ကြလျှင်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို ရုပ်တုကိုးကွယ်သူများတို့၊ အလ္လာဟ်အရှင်မြတ်ကို စွန့်၍ သင်တို့ ဟစ်ခေါ်ကိုးကွယ်နေကြသော ရုပ်တုများ၊ ဆင်းတုများသည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခံ ကျေးကျွန်များသာ ဖြစ်ကြသည်။ သူတို့သည် သင်တို့နှင့် တူညီသော ဖန်ဆင်းခံများပင် ဖြစ်ကြသည်။ ထို့ပြင် သင်တို့သည် သူတို့ထက် ပို၍ မြင့်မြတ်သေးသည်။ အကြောင်းမှာ သင်တို့သည် အသက်ရှင်လျက် စကားပြောနိုင်သည်၊ လမ်းလျှောက်နိုင်သည်၊ ကြားနိုင်သည်၊ မြင်နိုင်သည်။ သို့သော် ရုပ်တုများမှာမူ ထိုသို့ မဟုတ်ကြပေ။ သို့ဖြစ်လျှင် သင်တို့သည် ထိုရုပ်တုများကို ဟစ်ခေါ်ကြည့်ပါ။ သူတို့သည် သင်တို့၏ ဟစ်ခေါ်သံကို တုံ့ပြန်ဖြေကြားကြပါစေ။ အကယ်၍ သင်တို့သည် ထိုရုပ်တုများတွင် တစ်စုံတစ်ရာ အကျိုးရှိသည်ဟု ယုံကြည်ပြောဆိုနေကြသည့်အတိုင်း မှန်ကန်သူများ ဖြစ်ကြလျှင် သူတို့သည် သင်တို့အား ဖြေကြားကြပါစေ။ သို့သော် သူတို့သည် မည်သည့်အခါမျှ ဖြေကြားနိုင်ကြမည် မဟုတ်ပေ။ ထိုအခါ သင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ် အကြီးမားဆုံး မုသားကို လုပ်ကြံဖန်တီးနေကြသူများ ဖြစ်ကြောင်း ထင်ရှားလာပေမည်။

၃။ ရရှိအပ်သော အကျိုးကျေးဇူးများ

  • အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားအရာများကို ကိုးကွယ်ခြင်းသည် အခြေအမြစ်မရှိသော မိုက်မဲမှုဖြစ်ကြောင်း သိရှိစေသည်။ ရုပ်တုများသည် ဖန်ဆင်းခံများသာဖြစ်၍ မည်သည့်အရာကိုမျှ ဖန်တီးနိုင်စွမ်းမရှိပေ။
  • လူသားသည် ရုပ်တုထက် များစွာမြင့်မြတ်သော ဂုဏ်သတ္တိများ ပ


📜 အာယာသ် 192-196 — စူရာ အလ်-အာအ်ရာဖ်

192وَلَا يَسْتَطِيعُونَ لَهُمْ نَصْرًا وَلَا أَنفُسَهُمْ يَنصُرُونَ
ထိုမှတစ်ပါး ယင်းတို့သည် ထိုသူတို့အား မည်သည့်အကူအညီမျှ မပေးနိုင်ကြသည်သာမက မိမိတို့ ကိုယ်တိုင်လည်း(လုံးဝ) ကူညီရိုင်းပင်း နိုင်ကြသည် မဟုတ်ပေ။
193وَإِن تَدْعُوهُمْ إِلَى الْهُدَىٰ لَا يَتَّبِعُوكُمْ ۚ سَوَاءٌ عَلَيْكُمْ أَدَعَوْتُمُوهُمْ أَمْ أَنتُمْ صَامِتُونَ
ထို့ပြင် အကယ်၍ အသင်တို့သည် ၎င်းတို့အားမှန်ကန်သောတရားလမ်းသို့ ဖိတ်ခေါ်ကြလျှင်လည်း ၎င်းတို့သည် အသင်တို့နောက်သို့ လိုက်နိုင်ကြမည် မဟုတ်ပေ။ (သို့ဖြစ်ပေရာ) အသင်တို့သည် ၎င်းတို့အား ဟစ်ခေါ်ကြသည်ဖြစ်စေ၊ ဆိတ်ဆိတ်နေကြသည်ဖြစ်စေ၊ (မည်သို့မျှ) အကြောင်းမထူးပေ။
194إِنَّ الَّذِينَ تَدْعُونَ مِن دُونِ اللَّهِ عِبَادٌ أَمْثَالُكُمْ ۖ فَادْعُوهُمْ فَلْيَسْتَجِيبُوا لَكُمْ إِن كُنتُمْ صَادِقِينَ
ဧကန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှအပ ဟစ်ခေါ် (ကိုးကွယ်ဆည်းကပ်) ကြကုန်သောအရာတို့မှာလည်း အသင်တို့ကဲ့သို့ပင် ကျွန်များ(အဖန်ဆင်းခံများ)သာလျှင်ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ အသင်တို့သည် အကယ်၍သာ ဟုတ်တိုင်းမှန်ရာ ပြောဆိုသူများဖြစ်ကြပါလျှင် အသင်တို့သည် ၎င်းတို့အားဟစ်ခေါ်ကြလေကုန်။ တစ်ဖန်4င်းတို့သည် (လည်း)အသင်တို့အား ပြန်၍ထူးကြပါစေ။
195أَلَهُمْ أَرْجُلٌ يَمْشُونَ بِهَا ۖ أَمْ لَهُمْ أَيْدٍ يَبْطِشُونَ بِهَا ۖ أَمْ لَهُمْ أَعْيُنٌ يُبْصِرُونَ بِهَا ۖ أَمْ لَهُمْ آذَانٌ يَسْمَعُونَ بِهَا ۗ قُلِ ادْعُوا شُرَكَاءَكُمْ ثُمَّ كِيدُونِ فَلَا تُنظِرُونِ
၄င်းတို့၌ လမ်းလျှောက်နိုင်ကြရန် ခြေများရှိကြကြလေသလော။ သို့မဟုတ် ၎င်းတို့တွင် (တစ်စုံတစ်ရာ)ကိုကိုင်တွယ်နိုင်ကြရန် လက်များရှိကြလေသလော။ သို့တည်းမဟုတ် 4င်းတို့၌ ကြည့်မြင်နိုင်ကြရန် မျက်စိများရှိကြလေသလော။ သို့တည်းမဟုတ် 4င်းတို့၌ ကြားနိုင်ရန် နားများရှိကြလေသလော။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့) အသင်တို့သည်(အလ္လာဟ်အရှင်မြတ်နှင့် နှိုင်းယှဉ်တွဲဖက်ကိုးကွယ်လျက် ရှိကြကုန်သော) မိမိတို့၏တွဲဖက်ကိုးကွယ် ရာတို့ကို ခေါ်ယူကြလေကုန်။ ထို့နောက် အသင်တို့သည် ငါ့အားဆိုင်းငံ့ခွင့်မပေးပဲ(၎င်းတို့နှင့်ပူးပေါင်းကာ) ငါနှင့်ဆန့်ကျင်၍ ကြံစည်ကြလေကုန်။
196إِنَّ وَلِيِّيَ اللَّهُ الَّذِي نَزَّلَ الْكِتَابَ ۖ وَهُوَ يَتَوَلَّى الصَّالِحِينَ
ဧကန်စင်စစ် (ငါ့ထံသို့)ကျမ်းဂန်ဒေသနာတော်ကို ချပေးသနားတော်မူသော အလ္လာဟ်အရှင်မြတ်သည်ပင်ငါ့အား ကာကွယ်စောင့်ရှောက်တော်မူသော အဆွေခင်ပွန်းဖြစ်တော်မူပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် သူတော်ကောင်းအပေါင်းတို့ အားလည်း ကာကွယ်စောင့်ရှောက်တော်မူပေသတည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
194အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 194

စူရာ အလ်-အာအ်ရာဖ် အာယာသ် 194 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှအပ ဟစ်ခေါ် (ကိုးကွယ်ဆည်းကပ်) ကြကုန်သောအရာတို့မှာလည်း အသင်တို့ကဲ့သို့ပင် ကျွန်များ(အဖန်ဆင်းခံများ)သာလျှင်ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ အသင်တို့သည်…

စူရာ အာယာသ် 194/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 192–196. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers