وَبَيْنَهُمَا حِجَابٌ ۚ وَعَلَى الْأَعْرَافِ رِجَالٌ يَعْرِفُونَ كُلًّا بِسِيمَاهُمْ ۚ وَنَادَوْا أَصْحَابَ الْجَنَّةِ أَن سَلَامٌ عَلَيْكُمْ ۚ لَمْ يَدْخُلُوهَا وَهُمْ يَطْمَعُونَ ٤٦
🔤 Transliteration
Wa bainahumaa hijaab; wa `alal A`raafi rijaaluny ya`rifoona kullam biseemaahum; wa naadaw Ashaabal jannati an salaamun `alaikum; lam yadkhuloohaa wa hum yatma`oon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် ယင်း(ဂျန္နတ်အမတသုခဘုံနှင့် ဂျဟန္နမ်ငရဲဘုံ) 2 ခုတို့၏ စပ်ကြားတွင် အကွယ်အကာ တစ်ခုသည်တည်ရှိအံ့။ ထိုမှတစ်ပါး (အအ်ရာဖ်) အမြင့်၌လည်း လူများစွာရှိကြမည်။ ထိုသူများသည် (ဂျန္နတ်အမတ သုခဘုံသားတို့နှင့်ဂျဟန္နမ်ဘုံသား) အားလုံးတို့ကို ၎င်းတို့၏အမှတ်အသားဖြင့်မှတ်မိကြလိမ့်မည်။ ၎င်းပြင် ထိုလူများသည် ဂျန္နတ်အမတသုခဘုံသားတို့အား (စလာမွန်အလိုင်ကွန်မ်) ချမ်းမြေ့ သာယာခြင်းသည် သင်တို့အပေါ်၌ရှိပါစေသားဟု ဟစ်အော် (ပြောဆို)ကြလိမ့်မည်။ ၎င်းတို့သည် ဂျန္နတ်အမတသုခဘုံသို့ မဝင်ရောက်ကြရသေးသော်ငြားလည်း (ဝင်ရောက်ကြရလိမ့်မည်ဟု)မျှော်လင့်တောင့်တလျက် ရှိကြလိမ့်မည်။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ် ဟိဂျာဗ် (حِجَابٌ ) — ကာဆီးထားသော အတားအဆီး၊ လူတစ်စုနှင့်တစ်စုကြား ခွဲခြားထားသော အတားအဆီးကို ဆိုလိုသည်။အအ်ရာဖ် (الْأَعْرَافِ ) — “အုရ်ဖ်” ဟူသော ဝေါဟာရ၏ ဗဟုဝုစ်ပုံစံဖြစ်ပြီး “မြင့်သောအရာ” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် ဂျန္နသ်နှင့် နရက်ကြား မြင့်မားစွာ တည်ရှိသော အတားအဆီးနံရံကို ဆိုလိုသည်။ဆီမာ (بِسِيمَاهُمْ ) — လက္ခဏာ၊ အမှတ်အသား ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် မျက်နှာဖြူခြင်း၊ မျက်နှာမည်းခြင်း စသည့် လက္ခဏာများကို ဆိုလိုသည်။သွာမိအွူန် (يَطْمَعُونَ ) — မျှော်လင့်ခြင်း၊ ရရှိရန် ဆန္ဒပြင်းပြခြင်း ဟု အဓိပ္ပာယ်ရသည်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဂျန္နသ်သားများနှင့် နရက်သားများ၏ အကြားတွင် ကြီးမားသော အတားအဆီးတစ်ခု ရှိသည်။ ထိုအတားအဆီးကို “အအ်ရာဖ်” ဟု ခေါ်သည်။ ထိုအအ်ရာဖ်၏ အပေါ်တွင် လူအချို့ ရှိကြသည်။ သူတို့သည် ဂျန္နသ်သားများကိုလည်းကောင်း၊ နရက်သားများကိုလည်းကောင်း သူတို့၏ လက္ခဏာများဖြင့် မှတ်မိကြသည်။ ဂျန္နသ်သားများ၏ လက္ခဏာမှာ မျက်နှာဖြူခြင်းဖြစ်ပြီး၊ နရက်သားများ၏ လက္ခဏာမှာ မျက်နှာမည်းခြင်း ဖြစ်သည်။
ထိုအအ်ရာဖ်ပေါ်ရှိ လူများသည် ကောင်းမှုနှင့် မကောင်းမှု ညီမျှနေသူများ ဖြစ်ကြသည်။ သူတို့၏ ကောင်းမှုများသည် နရက်မှ ကယ်တင်နိုင်လောက်သော်လည်း ဂျန္နသ်သို့ တိုက်ရိုက်ဝင်ရန် မလုံလောက်သေးပေ။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မျှော်လင့်လျက် ထိုနေရာတွင် ရပ်နေကြရသည်။
ထို့နောက် သူတို့သည် ဂျန္နသ်သားများကို လှမ်း၍ “သင်တို့အပေါ် ငြိမ်းချမ်းမှု သက်ရောက်ပါစေ” ဟု နှုတ်ခွန်းဆက်ကြသည်။ ဤသည်မှာ ဂျန္နသ်သားများကို ဂုဏ်ပြုသော အနေဖြင့် ဆက်သော နှုတ်ခွန်းဆက်ခြင်း ဖြစ်သည်။ အအ်ရာဖ်ပေါ်ရှိ လူများသည် ဂျန္နသ်သို့ မဝင်ရသေးဘဲ ဝင်ရန် မျှော်လင့်တောင့်တလျက် ရှိကြသည်။ နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ဖြင့် သူတို့သည် ဂျန္နသ်သို့ ဝင်ခွင့်ရမည့်သူများထဲတွင် နောက်ဆုံးဝင်ရမည့်သူများ ဖ
وَبَيۡنَهُمَا حِجَابٌۚ وَعَلَى ٱلۡأَعۡرَافِ رِجَالٌ يَعۡرِفُونَ كُلَّۢا بِسِيمَىٰهُمۡۚ وَنَادَوۡاْ أَصۡحَٰبَ ٱلۡجَنَّةِ أَن سَلَٰمٌ عَلَيۡكُمۡۚ لَمۡ يَدۡخُلُوهَا وَهُمۡ يَطۡمَعُونَ ٤٦
၎င်းပြင် ယင်း(ဂျန္နတ်အမတသုခဘုံနှင့် ဂျဟန္နမ်ငရဲဘုံ) 2 ခုတို့၏ စပ်ကြားတွင် အကွယ်အကာ တစ်ခုသည်တည်ရှိအံ့။ ထိုမှတစ်ပါး (အအ်ရာဖ်) အမြင့်၌လည်း လူများစွာရှိကြမည်။ ထိုသူများသည် (ဂျန္နတ်အမတ သုခဘုံသားတို့နှင့်ဂျဟန္နမ်ဘုံသား) အားလုံးတို့ကို ၎င်းတို့၏အမှတ်အသားဖြင့်မှတ်မိကြလိမ့်မည်။ ၎င်းပြင် ထိုလူများသည် ဂျန္နတ်အမတသုခဘုံသားတို့အား (စလာမွန်အလိုင်ကွန်မ်) ချမ်းမြေ့ သာယာခြင်းသည် သင်တို့အပေါ်၌ရှိပါစေသားဟု ဟစ်အော် (ပြောဆို)ကြလိမ့်မည်။ ၎င်းတို့သည် ဂျန္နတ်အမတသုခဘုံသို့ မဝင်ရောက်ကြရသေးသော်ငြားလည်း (ဝင်ရောက်ကြရလိမ့်မည်ဟု)မျှော်လင့်တောင့်တလျက် ရှိကြလိမ့်မည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 44-48 — စူရာ အလ်-အာအ်ရာဖ်
44 وَنَادَىٰ أَصْحَابُ الْجَنَّةِ أَصْحَابَ النَّارِ أَن قَدْ وَجَدْنَا مَا وَعَدَنَا رَبُّنَا حَقًّا فَهَلْ وَجَدتُّم مَّا وَعَدَ رَبُّكُمْ حَقًّا ۖ قَالُوا نَعَمْ ۚ فَأَذَّنَ مُؤَذِّنٌ بَيْنَهُمْ أَن لَّعْنَةُ اللَّهِ عَلَى الظَّالِمِينَ
ထို့ပြင်တဝ ဂျန္နတ်အမတ သုခဘုံသားတို့သည်ဂျဟန္နမ်ငရဲသားတို့အား (ဤသို့)ဟစ်ခေါ် (ပြောဆို)ကြကုန်အံ့။ငါတို့သည် ငါတို့၏အရှင်မြတ် က ငါတို့နှင့်ထားရှိတော်မူခဲ့သော ကတိတော်အတိုင်း မှန်ကန်စွာရရှိကြပြီ။ အသင်တို့သည်လည်း အသင်တို့၏အရှင်မြတ်က အသင်တို့နှင့် ထားရှိတော်မူသော ကတိတော်အတိုင်း မှန်ကန်စွာရရှိကြပြီလော၊ထိုအခါ ၎င်း(ဂျဟန္နမ် ငရဲသား)တို့က ဟုတ်ကဲ့ (ရရှိကြပါပြီ)ဟု ဖြေကြားကြလတ္တံ့။ ထိုနောက် ဟစ်အော်သူတစ်ဦးက၎င်းတို့၏ စပ်ကြားတွင် (ဤသို့)ဟစ်အော်ပြောဆိုအံ့၊ မတရားကျူးလွန်သောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးကြစေသား။
45 الَّذِينَ يَصُدُّونَ عَن سَبِيلِ اللَّهِ وَيَبْغُونَهَا عِوَجًا وَهُم بِالْآخِرَةِ كَافِرُونَ
အကြင် (မတရား ကျူးလွန်သော) သူတို့ သည်အလ္လာဟ်အသျှင်မြတ်၏လမ်းတော်မှ တိမ်းရှောင်ခဲ့ကြသည့်ပြင် ထိုလမ်းတော်၌ အကွေ့အကောက်ကို ရှာဖွေစူးစမ်းခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် နောင်တမလွန်ဘဝကိုလည်း ငြင်းပယ်သူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
46 وَبَيْنَهُمَا حِجَابٌ ۚ وَعَلَى الْأَعْرَافِ رِجَالٌ يَعْرِفُونَ كُلًّا بِسِيمَاهُمْ ۚ وَنَادَوْا أَصْحَابَ الْجَنَّةِ أَن سَلَامٌ عَلَيْكُمْ ۚ لَمْ يَدْخُلُوهَا وَهُمْ يَطْمَعُونَ
၎င်းပြင် ယင်း(ဂျန္နတ်အမတသုခဘုံနှင့် ဂျဟန္နမ်ငရဲဘုံ) 2 ခုတို့၏ စပ်ကြားတွင် အကွယ်အကာ တစ်ခုသည်တည်ရှိအံ့။ ထိုမှတစ်ပါး (အအ်ရာဖ်) အမြင့်၌လည်း လူများစွာရှိကြမည်။ ထိုသူများသည် (ဂျန္နတ်အမတ သုခဘုံသားတို့နှင့်ဂျဟန္နမ်ဘုံသား) အားလုံးတို့ကို ၎င်းတို့၏အမှတ်အသားဖြင့်မှတ်မိကြလိမ့်မည်။ ၎င်းပြင် ထိုလူများသည် ဂျန္နတ်အမတသုခဘုံသားတို့အား (စလာမွန်အလိုင်ကွန်မ်) ချမ်းမြေ့ သာယာခြင်းသည် သင်တို့အပေါ်၌ရှိပါစေသားဟု ဟစ်အော် (ပြောဆို)ကြလိမ့်မည်။ ၎င်းတို့သည် ဂျန္နတ်အမတသုခဘုံသို့ မဝင်ရောက်ကြရသေးသော်ငြားလည်း (ဝင်ရောက်ကြရလိမ့်မည်ဟု)မျှော်လင့်တောင့်တလျက် ရှိကြလိမ့်မည်။
47 ۞ وَإِذَا صُرِفَتْ أَبْصَارُهُمْ تِلْقَاءَ أَصْحَابِ النَّارِ قَالُوا رَبَّنَا لَا تَجْعَلْنَا مَعَ الْقَوْمِ الظَّالِمِينَ
တဖန် ၎င်းတို့၏ မျက်စိများကို ဂျဟန္နမ်ငရဲသားတို့ဘက်သို့ လှည့်လိုက်သောအခါ ထိုသူများက အိုကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤမတရားကျူးလွန်သော သူတို့နှင့်အတူ ထားတော်မမူပါနှင့် ဟု လျှောက်ထားပန်ကြား ကြလိမ့်မည်။(ရကူ)
48 وَنَادَىٰ أَصْحَابُ الْأَعْرَافِ رِجَالًا يَعْرِفُونَهُم بِسِيمَاهُمْ قَالُوا مَا أَغْنَىٰ عَنكُمْ جَمْعُكُمْ وَمَا كُنتُمْ تَسْتَكْبِرُونَ
၎င်းပြင် အအ်ရာဖ် ၌ ရှိသူတို့က အကြင်(များပြားစွာသော) သူတို့ကို ဟစ်ခေါ်ကြကုန်အံ့။ ၎င်းတို့သည်ထိုသူတို့အား ထိုသူတို့၏အမှတ်အသားဖြင့် မှတ်မိကြကုန်အံ့။(ထို့နောက်) ၎င်း(အမြင့်၌ရှိသူ) တို့က (ဤသို့)ပြောဆိုကြလတ္တံ့။အသင်တို့၏အသင်းအဖွဲ့ လူစုများပြားခြင်းသည်လည်းကောင်း၊ အသင်တို့ မာန်မာနထောင်လွှားခြင်းသည်လည်းကောင်း အသင်တို့အဖို့ အသုံးမဝင်ခဲ့ချေပြီတကား။
ဘာသာပြန် — အလ်-အာအ်ရာဖ် 46 စူရာ အလ်-အာအ်ရာဖ် အာယာသ် 46 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ယင်း(ဂျန္နတ်အမတသုခဘုံနှင့် ဂျဟန္နမ်ငရဲဘုံ) 2 ခုတို့၏ စပ်ကြားတွင် အကွယ်အကာ တစ်ခုသည်တည်ရှိအံ့။ ထိုမှတစ်ပါး (အအ်ရာဖ်)…
စူရာ အာယာသ် 46/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 44–48. မြန်မာဘာသာ: ภาษาไทย.