အလ်-အာအ်ရာဖ် · 45/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
الَّذِينَ يَصُدُّونَ عَن سَبِيلِ اللَّهِ وَيَبْغُونَهَا عِوَجًا وَهُم بِالْآخِرَةِ كَافِرُونَ ۝٤٥
Allazeena yasuddoona `an sabeelil laahi wa yabghoo nahaa `iwajanw wa hum bil Aakhirati kaafiroon
📖 မြန်မာဘာသာ
အကြင် (မတရား ကျူးလွန်သော) သူတို့ သည်အလ္လာဟ်အသျှင်မြတ်၏လမ်းတော်မှ တိမ်းရှောင်ခဲ့ကြသည့်ပြင် ထိုလမ်းတော်၌ အကွေ့အကောက်ကို ရှာဖွေစူးစမ်းခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် နောင်တမလွန်ဘဝကိုလည်း ငြင်းပယ်သူများပင် ဖြစ်ခဲ့ကြကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းဖြစ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
  • ယဆုဒ္ဒူန (يَصُدُّونَ) — တားဆီးကြသည်၊ လမ်းလွှဲစေကြသည်။
  • ဆဗီလိလ္လာဟ် (سَبِيلِ اللَّهِ) — အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်၊ ဖြောင့်မတ်သော အစ္စလာမ်လမ်းစဉ်။
  • ယဗ်ဂူနဟာ အိဝဂျန် (وَيَبْغُونَهَا عِوَجًا) — ထိုလမ်းစဉ်ကို ကောက်ကွေးစေလိုကြသည်၊ အကောက်အခွေးဖြစ်စေလိုကြသည်။
  • ဗိလ်အာခိရတိ ကာဖိရူန (بِالْآخِرَةِ كَافِرُونَ) — နောင်တမလွန်ဘဝကို ငြင်းပယ်ကြသူများ။
  1. ဤအာယတ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယတ်တော်သည် မတရားသူများ၊ ငြင်းပယ်သူများ၏ ဂုဏ်လက္ခဏာများကို ဖော်ပြထားပါသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ဖြောင့်မတ်သော လမ်းစဉ်တော်မှ မိမိတို့ကိုယ်တိုင်လည်း လွှဲဖယ်ကြပြီး အခြားသူများကိုလည်း ထိုလမ်းစဉ်မှ တားဆီးပိတ်ပင်ကြပါသည်။ ထို့အပြင် ထိုဖြောင့်မတ်သော လမ်းစဉ်သည် ကောက်ကွေးနေပါစေ၊ လူအများ မလိုက်နာနိုင်ပါစေဟု ဆန္ဒရှိကြပြီး ထိုလမ်းစဉ်ကို ကဲ့ရဲ့ရှုတ်ချကြပါသည်။ သူတို့သည် နောင်တမလွန်ဘဝနှင့် ထိုဘဝတွင် ရှိသော အကျိုးအပြစ်များကို လုံးဝ ငြင်းပယ်ကြသူများဖြစ်ပြီး ထိုဘဝအတွက် မည်သည့် ပြင်ဆင်မှုမျှ မပြုလုပ်ကြပါ။

  1. ဤအာယတ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်တော်သည် ဖြောင့်မတ်ပြီး ရှင်းလင်းသော လမ်းစဉ်ဖြစ်ကြောင်း သိရှိစေပါသည်။ ထိုလမ်းစဉ်ကို ကောက်ကွေးစေလိုခြင်းသည် မတရားမှု၏ လက္ခဏာဖြစ်ပါသည်။
  • အခြားသူများကို အမှန်တရားလမ်းစဉ်မှ တားဆီးခြင်းသည် ကြီးလေးသော အပြစ်ဖြစ်ကြောင်း သတိပေးထားပါသည်။
  • နောင်တမလွန်ဘဝကို ယုံကြည်ခြင်းသည် အစ္စလာမ်လမ်းစဉ်၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ထင်ရှားစေပါသည်။
  • အစ္စလာမ်လမ်းစဉ်သည် လူသားအားလုံးအတွက် ဖြောင့်မတ်သော လမ်းညွှန်ဖြစ်ပြီး ထိုလမ်းစဉ်ကို လိုက်နာခြင်းဖြင့် ဤဘဝနှင့် နောင်ဘဝ နှစ်ဌာနစလုံးတွင် အောင်မြင်မှု ရရှိနိုင်ကြောင်း သိရှိစေပါသည်။
  • ဖြောင့်မတ်သော လမ်းစဉ်ကို လိုက်နာရန် ဖိတ်ခေါ်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်တော်ကို ချစ်မြတ်နိုးခြင်း၏ လက္ခဏာဖြစ်ပြီး ထိုလမ်းစဉ်တော်သည် လူသားအားလုံးအတွက် ကရုဏာတော်နှ


📜 အာယာသ် 43-47 — စူရာ အလ်-အာအ်ရာဖ်

43وَنَزَعْنَا مَا فِي صُدُورِهِم مِّنْ غِلٍّ تَجْرِي مِن تَحْتِهِمُ الْأَنْهَارُ ۖ وَقَالُوا الْحَمْدُ لِلَّهِ الَّذِي هَدَانَا لِهَٰذَا وَمَا كُنَّا لِنَهْتَدِيَ لَوْلَا أَنْ هَدَانَا اللَّهُ ۖ لَقَدْ جَاءَتْ رُسُلُ رَبِّنَا بِالْحَقِّ ۖ وَنُودُوا أَن تِلْكُمُ الْجَنَّةُ أُورِثْتُمُوهَا بِمَا كُنتُمْ تَعْمَلُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့၏ စိတ်တွင်းဝယ် (ကျန်)ရှိနေသေးသော ရန်ငြိုးရန်စ အာဃာတကိုလည်း ထုတ်ပစ်တော်မူအံ့။ ၎င်းတို့၏အောက်တွင် စမ်းရေချောင်းများ စီးတွေလျက်ရှိအံ့။ ၎င်းပြင် ထိုသူတို့သည်(ဤသို့) ပြောဆို(ချီးကျူး)ကြလတ္တံ့။ ချီးမွမ်း ထောမနာအပေါင်းတို့ကို ကျွန်ုပ်တို့အား ဤသည့် (နေရာ) သို့ ပို့တော်မူသောအလ္လာဟ်အရှင်မြတ်သည်သာလျှင် ဆိုင်တော်မူ၏။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သာလျှင် ကျွန်ုပ်တို့အားပို့တော်မမူပါလျှင် ကျွန်ုပ်တို့သည် (ဤနေရာသို့အလျင်း) ရောက်ရှိကြမည်မဟုတ်ပေ။ ဧကန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်၏ ရစူလ်တမန်တော်များသည်အမှန်တရားကိုပင် ယူဆောင်ခဲ့ကြကုန်သည်။ ၎င်းပြင် ထိုသူတို့သည် (ဤသို့)အသံပေးခြင်းကိုကြားကြရလတ္တံ့၊ ဤသည်အကြင်ဂျန္နတ် အမတသုခဘုံတည်း။ ထိုဂျန္နတ်အမတ သုခဘုံကို အသင်တို့သည် မိမိတို့ ပြုခဲ့ကြသည့် (ကောင်းမှု)များကြောင့်အမွေ ရရှိခဲ့ကြချေပြီ။
44وَنَادَىٰ أَصْحَابُ الْجَنَّةِ أَصْحَابَ النَّارِ أَن قَدْ وَجَدْنَا مَا وَعَدَنَا رَبُّنَا حَقًّا فَهَلْ وَجَدتُّم مَّا وَعَدَ رَبُّكُمْ حَقًّا ۖ قَالُوا نَعَمْ ۚ فَأَذَّنَ مُؤَذِّنٌ بَيْنَهُمْ أَن لَّعْنَةُ اللَّهِ عَلَى الظَّالِمِينَ
ထို့ပြင်တဝ ဂျန္နတ်အမတ သုခဘုံသားတို့သည်ဂျဟန္နမ်ငရဲသားတို့အား (ဤသို့)ဟစ်ခေါ် (ပြောဆို)ကြကုန်အံ့။ငါတို့သည် ငါတို့၏အရှင်မြတ် က ငါတို့နှင့်ထားရှိတော်မူခဲ့သော ကတိတော်အတိုင်း မှန်ကန်စွာရရှိကြပြီ။ အသင်တို့သည်လည်း အသင်တို့၏အရှင်မြတ်က အသင်တို့နှင့် ထားရှိတော်မူသော ကတိတော်အတိုင်း မှန်ကန်စွာရရှိကြပြီလော၊ထိုအခါ ၎င်း(ဂျဟန္နမ် ငရဲသား)တို့က ဟုတ်ကဲ့ (ရရှိကြပါပြီ)ဟု ဖြေကြားကြလတ္တံ့။ ထိုနောက် ဟစ်အော်သူတစ်ဦးက၎င်းတို့၏ စပ်ကြားတွင် (ဤသို့)ဟစ်အော်ပြောဆိုအံ့၊ မတရားကျူးလွန်သောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးကြစေသား။
45الَّذِينَ يَصُدُّونَ عَن سَبِيلِ اللَّهِ وَيَبْغُونَهَا عِوَجًا وَهُم بِالْآخِرَةِ كَافِرُونَ
အကြင် (မတရား ကျူးလွန်သော) သူတို့ သည်အလ္လာဟ်အသျှင်မြတ်၏လမ်းတော်မှ တိမ်းရှောင်ခဲ့ကြသည့်ပြင် ထိုလမ်းတော်၌ အကွေ့အကောက်ကို ရှာဖွေစူးစမ်းခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် နောင်တမလွန်ဘဝကိုလည်း ငြင်းပယ်သူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
46وَبَيْنَهُمَا حِجَابٌ ۚ وَعَلَى الْأَعْرَافِ رِجَالٌ يَعْرِفُونَ كُلًّا بِسِيمَاهُمْ ۚ وَنَادَوْا أَصْحَابَ الْجَنَّةِ أَن سَلَامٌ عَلَيْكُمْ ۚ لَمْ يَدْخُلُوهَا وَهُمْ يَطْمَعُونَ
၎င်းပြင် ယင်း(ဂျန္နတ်အမတသုခဘုံနှင့် ဂျဟန္နမ်ငရဲဘုံ) 2 ခုတို့၏ စပ်ကြားတွင် အကွယ်အကာ တစ်ခုသည်တည်ရှိအံ့။ ထိုမှတစ်ပါး (အအ်ရာဖ်) အမြင့်၌လည်း လူများစွာရှိကြမည်။ ထိုသူများသည် (ဂျန္နတ်အမတ သုခဘုံသားတို့နှင့်ဂျဟန္နမ်ဘုံသား) အားလုံးတို့ကို ၎င်းတို့၏အမှတ်အသားဖြင့်မှတ်မိကြလိမ့်မည်။ ၎င်းပြင် ထိုလူများသည် ဂျန္နတ်အမတသုခဘုံသားတို့အား (စလာမွန်အလိုင်ကွန်မ်) ချမ်းမြေ့ သာယာခြင်းသည် သင်တို့အပေါ်၌ရှိပါစေသားဟု ဟစ်အော် (ပြောဆို)ကြလိမ့်မည်။ ၎င်းတို့သည် ဂျန္နတ်အမတသုခဘုံသို့ မဝင်ရောက်ကြရသေးသော်ငြားလည်း (ဝင်ရောက်ကြရလိမ့်မည်ဟု)မျှော်လင့်တောင့်တလျက် ရှိကြလိမ့်မည်။
47۞ وَإِذَا صُرِفَتْ أَبْصَارُهُمْ تِلْقَاءَ أَصْحَابِ النَّارِ قَالُوا رَبَّنَا لَا تَجْعَلْنَا مَعَ الْقَوْمِ الظَّالِمِينَ
တဖန် ၎င်းတို့၏ မျက်စိများကို ဂျဟန္နမ်ငရဲသားတို့ဘက်သို့ လှည့်လိုက်သောအခါ ထိုသူများက အိုကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤမတရားကျူးလွန်သော သူတို့နှင့်အတူ ထားတော်မမူပါနှင့် ဟု လျှောက်ထားပန်ကြား ကြလိမ့်မည်။(ရကူ)
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
45အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 45

စူရာ အလ်-အာအ်ရာဖ် အာယာသ် 45 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင် (မတရား ကျူးလွန်သော) သူတို့ သည်အလ္လာဟ်အသျှင်မြတ်၏လမ်းတော်မှ တိမ်းရှောင်ခဲ့ကြသည့်ပြင် ထိုလမ်းတော်၌ အကွေ့အကောက်ကို ရှာဖွေစူးစမ်းခဲ့ကြကုန်၏။ ၎င်းပြင်…

စူရာ အာယာသ် 45/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 43–47. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers