အလ်-အန်ဖာလ် · 50/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
وَلَوْ تَرَىٰ إِذْ يَتَوَفَّى الَّذِينَ كَفَرُوا ۙ الْمَلَائِكَةُ يَضْرِبُونَ وُجُوهَهُمْ وَأَدْبَارَهُمْ وَذُوقُوا عَذَابَ الْحَرِيقِ ۝٥٠
Wa law taraaa iz yatawaf fal lazeena kafarul malaaa`ikatu yadriboona wujoohahum wa adbaarahum wa zooqoo `azaabal hareeq
📖 မြန်မာဘာသာ
ထို့ပြင် (အို-နဗီတမန်တော်) အကယ်၍သာ’မလာအိကဟ်’ ကောင်းကင်တမန်များသည် ‘ကာဖိရ်’ မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့၏အသက် ဇီဝိန်ကိုနှုတ်ယူသောအချိန်တွင် ယင်းတို့၏မျက်နှာများကိုလည်းကောင်း၊ ယင်းတို့၏ ကျောက်ကုန်းများကိုလည်းကောင်း၊ ရိုက်နှက်ကြ၍အသင်တို့သည် (ငရဲ)မီး၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန်ဟု ပြောဆိုကြသည့် စက်ဆုပ်ရွံ့ရှာဖွယ်ရာအဖြစ်ကို (အသင်)မုချ တွေ့မြင်ခဲ့ရပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 48-52 — စူရာ အလ်-အန်ဖာလ်

48وَإِذْ زَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ وَقَالَ لَا غَالِبَ لَكُمُ الْيَوْمَ مِنَ النَّاسِ وَإِنِّي جَارٌ لَّكُمْ ۖ فَلَمَّا تَرَاءَتِ الْفِئَتَانِ نَكَصَ عَلَىٰ عَقِبَيْهِ وَقَالَ إِنِّي بَرِيءٌ مِّنكُمْ إِنِّي أَرَىٰ مَا لَا تَرَوْنَ إِنِّي أَخَافُ اللَّهَ ۚ وَاللَّهُ شَدِيدُ الْعِقَابِ
ထို့ပြင်(ပြန်လည်အောက်မေ့သတိရကြလေကုန်)။ အကြင်အခါဝယ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့၏အပြုအမူတို့ကို ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် ပြုခဲ့လေသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများတွင်ရှိသည်တို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပေတည်း။၎င်းပြင် ထိုရှိုင်တွာန်မိစ္ဆာကောင်က ယနေ့ လူတို့အနက်မှအသင်တို့အား အောင်နိုင်မည့်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။ ငါသည် အသင်တို့အား ကာကွယ်စောင့်ရှောက်မည့်သူဖြစ်သည် ဟူ၍လည်း ပြောဆိုခဲ့လေသည်။ထို့နောက် အုပ်စုနှစ်စုသည် ရင်ဆိုင်ကြလေသောအခါ ယင်းရှိုင်တွာန် မိစ္ဆာကောင်သည် (နောက်ဆုတ်၍ )ထွက်ပြေးသွားခဲ့လေသည်။ ၎င်းပြင် ယင်း ရှိုင်တွာန် မိစ္ဆာကောင်က ဟယ်အချင်းတို့၊ ငါသည် အသင်တို့နှင့်မပတ်သက်၊ တာဝန်ကင်းသည်။ ငါသည် အသင်တို့မမြင်ရသောအရာများကိုမြင်၏။ ငါသည် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။(ရကူ)
49إِذْ يَقُولُ الْمُنَافِقُونَ وَالَّذِينَ فِي قُلُوبِهِم مَّرَضٌ غَرَّ هَٰؤُلَاءِ دِينُهُمْ ۗ وَمَن يَتَوَكَّلْ عَلَى اللَّهِ فَإِنَّ اللَّهَ عَزِيزٌ حَكِيمٌ
(ပြန်လည်၍သတိရရှိကြလေကုန်)။ အကြင်အခါ၌မုနာဖစ်က်မုစ်လင်မ် အယောင်ဆောင်တို့ကလည်းကောင်း၊စိတ်နှလုံးတွင်း၌ ရောဂါစွဲကပ်လျက် ရှိသူတို့ကလည်းကောင်း၊(မုစ်လင်မ်များနှင့်ပတ်သက်၍) ဤသူတို့အား 4င်းတို့၏ ဒီန်သာသနာက လှည့်စား၍ထားလေသည်ဟုပြောဆိုကြကုန်၏။အမှန်စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်စိတ်ချလွှဲအပ်သည်ရှိသော် (ထိုသူသည်အောင်မြင်မည်သာဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော်) ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသောကြောင့်ပင် ဖြစ်ပေသတည်း။
50وَلَوْ تَرَىٰ إِذْ يَتَوَفَّى الَّذِينَ كَفَرُوا ۙ الْمَلَائِكَةُ يَضْرِبُونَ وُجُوهَهُمْ وَأَدْبَارَهُمْ وَذُوقُوا عَذَابَ الْحَرِيقِ
ထို့ပြင် (အို-နဗီတမန်တော်) အကယ်၍သာ’မလာအိကဟ်’ ကောင်းကင်တမန်များသည် ‘ကာဖိရ်’ မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့၏အသက် ဇီဝိန်ကိုနှုတ်ယူသောအချိန်တွင် ယင်းတို့၏မျက်နှာများကိုလည်းကောင်း၊ ယင်းတို့၏ ကျောက်ကုန်းများကိုလည်းကောင်း၊ ရိုက်နှက်ကြ၍အသင်တို့သည် (ငရဲ)မီး၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန်ဟု ပြောဆိုကြသည့် စက်ဆုပ်ရွံ့ရှာဖွယ်ရာအဖြစ်ကို (အသင်)မုချ တွေ့မြင်ခဲ့ရပေမည်။
51ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ اللَّهَ لَيْسَ بِظَلَّامٍ لِّلْعَبِيدِ
ဤ(ပြစ်ဒဏ်)သည် အသင်တို့၏ လက်များကတင်ကြို၍ ပို့ထားနှင့်ပြီးဖြစ်သော (အကုသိုလ်ဒုစရိုက်များ)ကြောင့်ပင်ဖြစ်ချေသည်။ အမှန်စင်စစ်�ူကား အလ္လာဟ်အရှင်မြတ်သည်(မိမိ)၏ကျွန်များအား နှိပ်စက်ညှဉ်းပန်းတော်မူသောအရှင်အလျင်းမဟုတ်ပေ၊
52كَدَأْبِ آلِ فِرْعَوْنَ ۙ وَالَّذِينَ مِن قَبْلِهِمْ ۚ كَفَرُوا بِآيَاتِ اللَّهِ فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ ۗ إِنَّ اللَّهَ قَوِيٌّ شَدِيدُ الْعِقَابِ
(ကုဖ်ရ် သွေဖည်မှုကြောင့် ပြစ်ဒဏ်ခံစားရရာ၌ အဆိုပါကာဖိရ်များ၏အခြေအနေကား) ဖစ်ရ်အောင်န်၏အခြွေအရံများ၏အခြေအနေကဲ့သို့ လည်းကောင်း၊ ယင်း(ဖစ်ရ်အောင်န်၏အခြွေအရံများ)၏အလျင် ရှေးအထက်ကျော်ကာရီက ရှိခဲ့ကြသော သူတို့၏အခြေအနေကဲ့သို့လည်းကောင်း၊ဖြစ်ချေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ဒေသနာတော်များကို မယုံကြည်ငြင်းပယ်ခဲ့ကြလေသည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ထိုသူတို့၏ ပြစ်မှုဒုစရိုက်များကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့လေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အင်အားနှင့်အလွန်ပြည့်စုံတော်မူသောအရှင်၊ ပြင်းထန်စွာပြစ်ဒဏ်ပေးတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသည်။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
50အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 50

စူရာ အလ်-အန်ဖာလ် အာယာသ် 50 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် (အို-နဗီတမန်တော်) အကယ်၍သာ’မလာအိကဟ်’ ကောင်းကင်တမန်များသည် ‘ကာဖိရ်’ မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့၏အသက် ဇီဝိန်ကိုနှုတ်ယူသောအချိန်တွင် ယင်းတို့၏မျက်နှာများကိုလည်းကောင်း၊ ယင်းတို့၏…

စူရာ အာယာသ် 50/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 48–52. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers