အလ်-အန်ဖာလ် · 62/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
وَإِن يُرِيدُوا أَن يَخْدَعُوكَ فَإِنَّ حَسْبَكَ اللَّهُ ۚ هُوَ الَّذِي أَيَّدَكَ بِنَصْرِهِ وَبِالْمُؤْمِنِينَ ۝٦٢
Wa iny yureedooo any-yakhda`ooka fainna hasbakal laah; Huwal lazeee aiyadaka binasrihee wa bilmu`mineen
📖 မြန်မာဘာသာ
သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင့်အားလိမ်လည်လှည့်ဖြားရန် ရည်စူးကြပါမူ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင့်အဖို့ လုံလောက်တော်မူပေသည်။ ထိုအရှင်မြတ်သည်ပင်လျှင် အသင့်အား မိမိအကူအညီဖြင့်လည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ဖြင့်လည်းကောင်း၊အားပေးတော်မူခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မတ္တာန်ပါဒ်နှင့် ဝေါဟာရအနက်ဖွင့်ဆိုချက်များ
  • ယခ်ဒါအွန် (يَخْدَعُوكَ) — သင့်ကို လှည့်ဖြားရန်၊ သင့်ကို ပရိယာယ်ဖြင့် လှည့်စားရန်။
  • ဟပ်စ်ဗကာ (حَسْبَكَ) — သင့်အတွက် လုံလောက်သော၊ သင့်ကို ကာကွယ်စောင့်ရှောက်ရန် လုံလောက်သော။
  • အယျဒကာ (أَيَّدَكَ) — သင့်ကို အားဖြည့်ပေးခဲ့သည်၊ ခွန်အားပေးခဲ့သည်။
  • ဗိနဆ်ွရိဟိ (بِنَصْرِهِ) — သူ၏အကူအညီဖြင့်၊ သူ၏အောင်မြင်မှုပေးသနားခြင်းဖြင့်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အကယ်၍ သင့်အား ငြိမ်းချမ်းရေးပြုရန် သဘောတူညီမှုပြုလုပ်ခြင်းဖြင့် သင့်ကို လှည့်ဖြားရန်၊ စစ်တိုက်ရန် အခွင့်အလမ်းရရှိရန် ရည်ရွယ်ချက်ဖြင့် လှည့်စားလိုကြလျှင်၊ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သင့်အတွက် လုံလောက်တော်မူသောအရှင်ဖြစ်သည်။ သူတို့၏ လှည့်ဖြားမှုမှ သင့်ကို အလ္လာဟ်အရှင်မြတ်သည် ကာကွယ်စောင့်ရှောက်တော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် သင့်အား မိမိ၏အကူအညီဖြင့် အားဖြည့်ပေးတော်မူခဲ့သောအရှင်၊ မုအ်မင်န်များဖြစ်သော မုဟာဂျိရ်နှင့် အန်ဆွာရ်တို့ဖြင့်လည်း သင့်ကို ခွန်အားဖြည့်ပေးတော်မူခဲ့သောအရှင် ဖြစ်တော်မူသည်။ သူသည် မုအ်မင်န်တို့၏ စိတ်နှလုံးများကို စုစည်းပေးတော်မူခဲ့သည်။ အကယ်၍ သင် (တမန်တော်မုဟမ္မဒ်) သည် ကမ္ဘာလောက၏ ဥစ္စာပစ္စည်းအားလုံးကို အသုံးပြု၍ သူတို့၏ စိတ်နှလုံးများကို စုစည်းရန် ကြိုးပမ်းခဲ့လျှင်လည်း မစုစည်းနိုင်ခဲ့ပေ။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သူတို့ကို အီမာန်ယုံကြည်မှုအပေါ် စုစည်းပေးတော်မူခဲ့သဖြင့် သူတို့သည် ညီအစ်ကိုအဖြစ် ချစ်ခင်စွာ ပေါင်းသင်းနိုင်ခဲ့ကြသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အားလုံးကို နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ချစ်မြတ်နိုးအပ်သော ကျေးကျွန်များကို ရန်သူတို့၏ လှည့်ဖြားမှုမှ အမြဲကာကွယ်စောင့်ရှောက်ပေးတော်မူကြောင်း ဤအာယသ်တော်က သွန်သင်ပေးသည်။
  • အလ္လာဟ


📜 အာယာသ် 60-64 — စူရာ အလ်-အန်ဖာလ်

60وَأَعِدُّوا لَهُم مَّا اسْتَطَعْتُم مِّن قُوَّةٍ وَمِن رِّبَاطِ الْخَيْلِ تُرْهِبُونَ بِهِ عَدُوَّ اللَّهِ وَعَدُوَّكُمْ وَآخَرِينَ مِن دُونِهِمْ لَا تَعْلَمُونَهُمُ اللَّهُ يَعْلَمُهُمْ ۚ وَمَا تُنفِقُوا مِن شَيْءٍ فِي سَبِيلِ اللَّهِ يُوَفَّ إِلَيْكُمْ وَأَنتُمْ لَا تُظْلَمُونَ
ထို့ပြင် အသင်တို့သည် ထိုကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့နှင့် ပြိုင်ဆိုင်(တိုက်ခိုက်)ရန် အလို့ငှာ မိမိတို့တတ်စွမ်းသမျှ(လက်နက်အစရှိသော)အင်အားကိုလည်းကောင်း၊မွေးမြူထားသောမြင်းများကို လည်းကောင်း၊ အဆင်သင့် စုဆောင်း၍ ထားရှိကြလေကုန်။ (သို့မှသာလျှင်) အသင်တို့သည်ထိုလက်နက်အင်အားဖြင့် အလ္လာဟ်အရှင်မြတ်၏ရန်သူများကိုလည်းကောင်း၊ မိမိတို့၏ရန်သူများကိုလည်းကောင်း၊ ထိုသူတို့အပြင် အခြားအကြင်သူတို့ကို လည်းကောင်း ခြောက်လှန့်၍ထားနိုင်ကြပေမည်။ ထိုသူတို့အား အသင်တို့သည် မသိကြချေ။(သို့ရာတွင်) အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား သိရှိတော်မူ၏။ ထို့ပြင်တဝ အသင်တို့ အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌သုံးစွဲသမျှတို့ကို (ထိုအရှင်မြတ်သည်) အသင်တို့အား ပြည်စုံစွာချီးမြှင့်တော်မူအံ့။ စင်စစ်သော်ကား အသင်တို့သည် (အနည်းငယ်မျှ) ယုတ်လျော့၍ပေးခြင်းကို ခံကြရလိမ့်မည် မဟုတ်ပေ။
61۞ وَإِن جَنَحُوا لِلسَّلْمِ فَاجْنَحْ لَهَا وَتَوَكَّلْ عَلَى اللَّهِ ۚ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ
၎င်းပြင် အကယ်၍ ထိုသူတို့သည် စစ်ငြိမ်းရန်အလို့ငှာ ယိမ်းညွှတ်ကြပါမူ အသင်သည်လည်း ထို စစ်ငြိမ်းရန်ယိမ်းညွှတ်ပါလေ၊ သို့ရာတွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်စိတ်ချလွှဲအပ်ပါလေ။ ဧကန်မလွဲထိုအရှင်မြတ်သည်ပင်လျှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
62وَإِن يُرِيدُوا أَن يَخْدَعُوكَ فَإِنَّ حَسْبَكَ اللَّهُ ۚ هُوَ الَّذِي أَيَّدَكَ بِنَصْرِهِ وَبِالْمُؤْمِنِينَ
သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင့်အားလိမ်လည်လှည့်ဖြားရန် ရည်စူးကြပါမူ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင့်အဖို့ လုံလောက်တော်မူပေသည်။ ထိုအရှင်မြတ်သည်ပင်လျှင် အသင့်အား မိမိအကူအညီဖြင့်လည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ဖြင့်လည်းကောင်း၊အားပေးတော်မူခဲ့လေသတည်း။
63وَأَلَّفَ بَيْنَ قُلُوبِهِمْ ۚ لَوْ أَنفَقْتَ مَا فِي الْأَرْضِ جَمِيعًا مَّا أَلَّفْتَ بَيْنَ قُلُوبِهِمْ وَلَٰكِنَّ اللَّهَ أَلَّفَ بَيْنَهُمْ ۚ إِنَّهُ عَزِيزٌ حَكِيمٌ
၎င်းပြင် ထိုအရှင်မြတ်သည် ထိုမုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများစပ်ကြားတွင်(သမစိတ္တ ဖြစ်စေခြင်းငှာ) ညီညွတ်စေတော်မူခဲ့လေသည်။ အကယ်၍အသင်သည် ကမ္ဘာမြေ၌ ရှှိသမျှ(ပစ္စည်း)အားလုံးကို သုံးစွဲသည့်တိုင်အောင်၊ ထိုသူတို့ ၏ စိတ်နှလုံးများစပ်ကြားဝယ် ညီညွတ်စေနိုင်မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်(မိမိတန်ခိုးတော်ဖြင့်) ၎င်းတို့၏စပ်ကြားတွင် (သမစိတ္တဖြစ်စေ၍)ညီညွတ်စေတော်မူခဲ့လေသည်။ မုချဧကန် ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော် မူသောအရှင်၊ နက်နဲသိမ်မွေ့သောဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
64يَا أَيُّهَا النَّبِيُّ حَسْبُكَ اللَّهُ وَمَنِ اتَّبَعَكَ مِنَ الْمُؤْمِنِينَ
အို-နဗီတမန်တော် အသင်၏အဖို့ အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ အသင်၏နောက်သို့ လိုက်ကြကုန်သော မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ လုံလောက်ကြပေသတည်း။(ရကူ)
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
62အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 62

စူရာ အလ်-အန်ဖာလ် အာယာသ် 62 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင့်အားလိမ်လည်လှည့်ဖြားရန် ရည်စူးကြပါမူ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင့်အဖို့ လုံလောက်တော်မူပေသည်။ ထိုအရှင်မြတ်သည်ပင်လျှင်…

စူရာ အာယာသ် 62/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 60–64. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers