အလ်-အန်ဖာလ် · 63/75
ဘာသာပြန် အသံနိုင်ငံ — အလ်-အန်ဖာလ်
وَأَلَّفَ بَيْنَ قُلُوبِهِمْ ۚ لَوْ أَنفَقْتَ مَا فِي الْأَرْضِ جَمِيعًا مَّا أَلَّفْتَ بَيْنَ قُلُوبِهِمْ وَلَٰكِنَّ اللَّهَ أَلَّفَ بَيْنَهُمْ ۚ إِنَّهُ عَزِيزٌ حَكِيمٌ ۝٦٣
Wa allafa baina quloobihim; law anfaqta maa fil ardi jamee`am maaa allafta baina quloobihim wa laakinnallaaha allafa bainahum; innaahoo `Azeezun Hakeem
📖 မြန်မာဘာသာ
၎င်းပြင် ထိုအရှင်မြတ်သည် ထိုမုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများစပ်ကြားတွင်(သမစိတ္တ ဖြစ်စေခြင်းငှာ) ညီညွတ်စေတော်မူခဲ့လေသည်။ အကယ်၍အသင်သည် ကမ္ဘာမြေ၌ ရှှိသမျှ(ပစ္စည်း)အားလုံးကို သုံးစွဲသည့်တိုင်အောင်၊ ထိုသူတို့ ၏ စိတ်နှလုံးများစပ်ကြားဝယ် ညီညွတ်စေနိုင်မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်(မိမိတန်ခိုးတော်ဖြင့်) ၎င်းတို့၏စပ်ကြားတွင် (သမစိတ္တဖြစ်စေ၍)ညီညွတ်စေတော်မူခဲ့လေသည်။ မုချဧကန် ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော် မူသောအရှင်၊ နက်နဲသိမ်မွေ့သောဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

🎧 နားထောင်


📜 အာယာသ် 61-65 — အလ်-အန်ဖာလ်

61۞ وَإِن جَنَحُوا لِلسَّلْمِ فَاجْنَحْ لَهَا وَتَوَكَّلْ عَلَى اللَّهِ ۚ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ
၎င်းပြင် အကယ်၍ ထိုသူတို့သည် စစ်ငြိမ်းရန်အလို့ငှာ ယိမ်းညွှတ်ကြပါမူ အသင်သည်လည်း ထို စစ်ငြိမ်းရန်ယိမ်းညွှတ်ပါလေ၊ သို့ရာတွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်စိတ်ချလွှဲအပ်ပါလေ။ ဧကန်မလွဲထိုအရှင်မြတ်သည်ပင်လျှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
62وَإِن يُرِيدُوا أَن يَخْدَعُوكَ فَإِنَّ حَسْبَكَ اللَّهُ ۚ هُوَ الَّذِي أَيَّدَكَ بِنَصْرِهِ وَبِالْمُؤْمِنِينَ
သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင့်အားလိမ်လည်လှည့်ဖြားရန် ရည်စူးကြပါမူ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင့်အဖို့ လုံလောက်တော်မူပေသည်။ ထိုအရှင်မြတ်သည်ပင်လျှင် အသင့်အား မိမိအကူအညီဖြင့်လည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ဖြင့်လည်းကောင်း၊အားပေးတော်မူခဲ့လေသတည်း။
63وَأَلَّفَ بَيْنَ قُلُوبِهِمْ ۚ لَوْ أَنفَقْتَ مَا فِي الْأَرْضِ جَمِيعًا مَّا أَلَّفْتَ بَيْنَ قُلُوبِهِمْ وَلَٰكِنَّ اللَّهَ أَلَّفَ بَيْنَهُمْ ۚ إِنَّهُ عَزِيزٌ حَكِيمٌ
၎င်းပြင် ထိုအရှင်မြတ်သည် ထိုမုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများစပ်ကြားတွင်(သမစိတ္တ ဖြစ်စေခြင်းငှာ) ညီညွတ်စေတော်မူခဲ့လေသည်။ အကယ်၍အသင်သည် ကမ္ဘာမြေ၌ ရှှိသမျှ(ပစ္စည်း)အားလုံးကို သုံးစွဲသည့်တိုင်အောင်၊ ထိုသူတို့ ၏ စိတ်နှလုံးများစပ်ကြားဝယ် ညီညွတ်စေနိုင်မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်(မိမိတန်ခိုးတော်ဖြင့်) ၎င်းတို့၏စပ်ကြားတွင် (သမစိတ္တဖြစ်စေ၍)ညီညွတ်စေတော်မူခဲ့လေသည်။ မုချဧကန် ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော် မူသောအရှင်၊ နက်နဲသိမ်မွေ့သောဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
64يَا أَيُّهَا النَّبِيُّ حَسْبُكَ اللَّهُ وَمَنِ اتَّبَعَكَ مِنَ الْمُؤْمِنِينَ
အို-နဗီတမန်တော် အသင်၏အဖို့ အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ အသင်၏နောက်သို့ လိုက်ကြကုန်သော မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ လုံလောက်ကြပေသတည်း။(ရကူ)
65يَا أَيُّهَا النَّبِيُّ حَرِّضِ الْمُؤْمِنِينَ عَلَى الْقِتَالِ ۚ إِن يَكُن مِّنكُمْ عِشْرُونَ صَابِرُونَ يَغْلِبُوا مِائَتَيْنِ ۚ وَإِن يَكُن مِّنكُم مِّائَةٌ يَغْلِبُوا أَلْفًا مِّنَ الَّذِينَ كَفَرُوا بِأَنَّهُمْ قَوْمٌ لَّا يَفْقَهُونَ
အို-နဗီတမန်တော်၊ အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အား စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းငှာတိုက်တွန်းနှိုးဆော်ပါလေ။ အကယ်၍ အသင်တို့အနက် စွဲမြဲကြံ့ခိုင် (စွာတိုက်ခိုက်မည့်) သူနှစ်ဆယ်ရှိကြပါမူ၊ ၎င်းတို့သည်(ကာဖိရ်တို့ဘက်မှလူ)နှစ်ရာကို နှိမ်နင်းနိုင်ကြကုန်အံ့။ ထိုနည်းတူစွာ အကယ်၍ အသင်တို့အနက် (ကြံ့ခိုင်စွာတိုက်ခိုက်မည့်သူ)တစ်ရာရှိကြလျှင် ၎င်းတို့သည် ကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့အနက်မှ (လူ)တစ်ထောင်ကို နှိမ်နင်း နိုင်ကြပေအံ့။အကြောင်းမူကား ၎င်းတို့သည် (လုံးဝ) နားမလည်သောသူများဖြစ်ကြသောကြောင့်ပင်တည်း။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
63အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 63

စူရာ အလ်-အန်ဖာလ် အာယာသ် 63 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုအရှင်မြတ်သည် ထိုမုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ စိတ်နှလုံးများစပ်ကြားတွင်(သမစိတ္တ ဖြစ်စေခြင်းငှာ) ညီညွတ်စေတော်မူခဲ့လေသည်။ အကယ်၍အသင်သည် ကမ္ဘာမြေ၌ ရှှိသမျှ(ပစ္စည်း)အားလုံးကို သုံးစွဲသည့်တိုင်အောင်၊…

စူရာ အာယာသ် 63/75 — အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အန်ဖာလ် နားထောင်, အလ်-အန်ဖာလ် ဘာသာပြန်, အလ်-အန်ဖာလ် mp3, အလ်-အန်ဖာလ် pdf. အာယာသ် 61–65. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers